တ႐ုတ္ႏိုင္ငံ ၿမိဳ႕ႀကီးအခ်ိဳ႕မွာ ေက်ာင္းေတြျပန္ဖြင့္ၿပီ

(Zawgyi)⤵⤵⤵

 ျမန္မာႏိုင္ငံမွာ မေန႔ည ၈ နာရီထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၄၆ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေၾကညာပါတယ္။ ၅ ဦးေသဆုံးၿပီး မြန္းတည့္ခ်ိန္ထိ ေစာင့္ၾကည့္လူနာသစ္ ၈၆ ေယာက္ရွိပါတယ္။

ကမာၻတဝန္းမွာေတာ့ ျမန္မာစံေတာ္ခ်ိန္ ဒီမနက္ တနာရီခြဲထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၃ သန္း ၄ ေသာင္းခြဲေက်ာ္ရွိၿပီး ၂ သိန္း တေသာင္း ေက်ာ္္ေသဆုံးရတယ္လို႔ WorldoMeter (world do meter) အင္တာနက္ စာမ်က္ႏွာမွာ ေဖာ္ျပပါတယ္။

အာရွမွာေတာ့ ေဒသတြင္းက လူဦးေရအနည္းဆုံး တႏိုင္ငံျဖစ္တဲ့ စင္ကာပူဟာ ကမာၻ႔လူဦးေရအမ်ားဆုံးႏွစ္ႏိုင္ငံျဖစ္တဲ့ တ႐ုတ္နဲ႔ အိႏၵိယၿပီးရင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့သူ အမ်ားဆုံးႏိုင္ငံျဖစ္ေနပါတယ္။ လူဦးေရ ၅.၇ သန္းရွိတဲ့ စင္ကာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏႈန္းထိန္းဖို႔ ၿပီးခဲ့တဲ့သီတင္းပတ္ကပဲ အသြား-အလာ အဝင္အထြက္ ကန႔္သတ္လိုက္ပါတယ္။ေနာက္ထပ္တစုံတရာ မေၾကညာမခ်င္း ဇြန္ ၁ ရက္ထိ ေက်ာင္းေတြပိတ္ထားၿပီး မရွိမျဖစ္ လုပ္ငန္းေတြကလြဲလို႔ က်န္လုပ္ငန္းေတြ ရပ္ဆိုင္းထားပါတယ္။

ျပည္ပကလာေရာက္လုပ္ကိုင္သူေတြလည္း အေဆာင္တြင္းက အေဆာင္ျပင္မထြက္ရ ကန႔္သတ္ပါတယ္။ ဒီၾကားထဲ ျမန္မာစံေတာ္ခ်ိန္ မေန႔က ည ၁၀ နာရီ ၅၀ စာရင္းအရ လူနာသစ္ ၈၀၀ နီးပါးရွိၿပီး လူ ႏွစ္ေယာက္ထပ္္ေသဆုံးရတာမို႔ လူတေသာင္း ေလးေထာင္ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ စင္ကာပူမွာ စုစုေပါင္း လူ ၁၄ ေယာက္ေသဆုံးရပါတယ္။ SUTD လို႔ အတိုေကာက္ေခၚတဲ့ Singapore University of Technology and Design စင္ကာပူနည္းပညာနဲ႔ ဒီဇိုင္းဌာနက ခန႔္မွန္းခ်က္ ပုံျပမ်ဥ္းေကြးမွာေတာ့ ဧၿပီ ၃၀ ရက္မွာ စင္ကာပူက ကူးစက္ႏႈန္း ၉၇ ရာခိုင္ႏႈန္း က်ဆင္းမယ္လို႔ ျပထားပါတယ္။

ဒီ covid-19 –ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ ၿမိဳ႕ႀကီး တစတစ ပုံမွန္အေနအထားျပန္ေရာက္စျဖစ္လာတာနဲ႔ ရွန္ဟိုင္းနဲ႔ ေပဂ်င္းက ေက်ာင္းသား ေထာင္ေသာင္းခ်ီလို႔ ေက်ာင္းေတြ ျပန္တက္ၾကပါတယ္။ တေန႔တည္းမွာပဲ တ႐ုတ္ႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားတဲ့အေၾကာင္းနဲ႔ ဆက္စပ္ၿပီး လူႏွစ္ေယာက္ဖမ္းဆီးခံရတဲ့ သတင္းထြက္လာပါတယ္။ စာေပစိစစ္ေရးနဲ႔ ၿငိလို႔ ေဖာ္ျပခြင့္မရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာ ေဆာင္းပါးေတြကို စုေဆာင္းတဲ့ အြန္လိုင္းေမာ္ကြန္းကို စာမူေတြေပးပို႔တဲ့ လူႏွစ္ေယာက္ကို တ႐ုတ္ရဲတပ္ဖြဲ႕က ဖမ္းဆီးထားတယ္လို႔ အဖမ္းဆီးခံရသူႏွစ္ဦးရဲ႕ မိတ္ေဆြနဲ႔ မိသားစုဝင္ေတြက ေျပာပါတယ္။ သူတို႔နဲ႔ ဧၿပီ ၁၉ ရက္ကတည္းက အဆက္အသြယ္မရဘူးလို႔ဆိုပါတယ္။

လူ ၁၃ဝဝဝ ေက်ာ္ ကူးစက္ခံရၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ လူ ၃၇၂ ေယာက္ေသဆုံးရတဲ့ ဂ်ပန္ႏိုင္ငံမွာ မေန႔က ေရာဂါပိုးထပ္ေတြ႕သူ ၃၉ ဦးရွိေပမဲ့ ဒီဦးေရဟာ မတ္လ ၃၀ ကစလို႔ အနည္းဆုံးျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလို တနလၤာေန႔ေတြမွာ ေရာဂါပိုးရွိ-မရွိ စစ္ေဆးၾကည့္တဲ့အေရအတြက္ နည္းေလ့ရွိတာမို႔ အေကာင္းျမင္လို႔မရပါဘူးလို႔ တိုက်ိဳၿမိဳ႕ေတာ္ဝန္ အမ်ိဳးသမီး Yuriko Koike ယူ႐ိုကို ကိုအိေက က ေျပာပါတယ္။ သတိထားၿမဲထားရပါမယ္လို႔လည္း ေျပာပါတယ္။

ျမန္မာ့အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၉၃၁ ေယာက္ရွိၿပီး ၅၇ ေယာက္ေသဆုံးပါတယ္။ ကူးစက္ခံရသူ ၂၅၉ဝ ေက်ာ္က ထိုင္းႏိုင္ငံသားေတြျဖစ္ၿပီး ဒုတိယအမ်ားဆုံးကူးစက္ခံရသူက ျမန္မာႏိုင္ငံသားေတြျဖစ္ပါတယ္။ ျမန္မာ ၅၂ ေယာက္ကူးစက္ခံထားရၿပီး သူ႔ေနာက္မွာ တ႐ုတ္ ၃၄ ေယာက္နဲ႔ ျပင္သစ္ ၂၇ ေယာက္ကူးစက္ခံထားရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရလို႔ အထူးၾကပ္မတ္ကုသေဆာင္မွာ ေဆးကုသခံယူရၿပီး သီတင္း သုံးပတ္ၾကာ အလုပ္ကနားခဲ့ရတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Borris Johnson မေန႔က ႐ုံးျပန္တက္ပါတယ္။ ၿဗိတိန္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္းကိုေရွာင္ႏိုင္ဖို႔ အသြားအလာ အဝင္အထြက္ေတြ ကန႔္သတ္ထားၿမဲ ကန႔္သတ္ထားဖို႔လိုတယ္လို႔ ေျပာပါတယ္။

အီတလီႏိုင္ငံမွာ လူ ၁၉၉ဝဝဝ ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီး လူ ၂၆၉ဝဝ ေက်ာ္ေသဆုံးရပါတယ္။ သီတင္း ၇ ပတ္ ၾကာ အသြားအလာ ကန႔္သတ္ၿပီးတဲ့ေနာက္ မတ္လ လယ္ကစလို႔ ေသဆုံးႏႈန္းက်ဆင္းတဲ့အတြက္ ကန႔္သတ္ခ်က္ေတြေလွ်ာ့ေပါ့မယ့္ အစီအစဥ္ေတြကို လူထုကိုအသိေပးေပမဲ့ ထပ္ကူးစက္ႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔ အီတလီဝန္ႀကီးခ်ဳပ္က သတိေပးပါတယ္။ အီတလီကိုခ်စ္ရင္ တေယာက္နဲ႔ တေယာက္ ခပ္ေဝးေဝးေနပါလို႔လည္း လူထုကိုေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ ၿမိဳ႕ေတာ္ဝန္ေတြမွာ စီမံပိုင္ခြင့္ရွိတဲ့အတြက္ တေနရာနဲ႔ တေနရာ ပုံစံမတူပါဘူး။ သမၼတထရမ့္က စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္လိုတဲ့ ဆႏၵရွိေပမဲ့ သူ႐ုံးစိုက္တဲ့ ဝါရွင္တန္ဒီစီမွာတင္ ေမလ ၁၅ ရက္ထိ အသြားအလာ ကန႔္သတ္ထားပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ျပည္နယ္ေတြကေတာ့ ေလွ်ာ့ေပါ့လိုက္ပါၿပီ။ ျမန္မာ စာဖတ္ပရိသတ္ေတြ သိေနၾကတဲ့ ဆရာျမသန္းတင့္ ဘာသာျပန္ ေလ႐ူးသုန္သုန္ Gone With The Wind ဝတၱဳက အဓိကဇာတ္ေဆာင္ စကားလက္အိုဟာရာ ေနထိုင္တဲ့ ေဂ်ာ္ဂ်ီယာျပည္နယ္နဲ႔ အခ်ိဳ႕ျပည္နယ္ေတြမွာ ကန႔္သတ္ခ်က္တခ်ိဳ႕ ေလွ်ာ့ေပါ့လိုက္တာပါ။ ဒီလိုျပည္နယ္တခ်ိဳ႕ ေလွ်ာ့ေပါ့လိုက္ေပမဲ့ အေမရိကန္က ကူးစက္ႏႈန္းက က်မသြားေသးပါဘူး။

ျမန္မာစံေတာ္ခ်ိန္ ဒီမနက္ တနာရီခြဲစာရင္းအရ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရလို႔ လူ ၇၇၆ ေယာက္ထပ္မံေသဆုံးတာေတြ႕ရပါတယ္။ လူ ၁၂၅ဝဝ ေက်ာ္ ထပ္ကူးစက္ခံရပါတယ္။ တျပည္လုံး ကူးစက္ခံရသူ ၉ သိန္း ၉ ေသာင္းေက်ာ္ၿပီမို႔ တသန္းနားလည္း ကပ္ေနပါၿပီ။ ေသဆုံးသူဦးေရက ၅၆ဝဝဝ ေက်ာ္ရွိပါတယ္။ ဒီစာရင္းေတြၾကည့္ရင္ ကမာၻမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတာေရာ ေသဆုံးတဲ့အရာမွာပါ အေမရိကန္က အမ်ားဆုံးျဖစ္ေနပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
----------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ မြို့ကြီးအချို့မှာ ကျောင်းတွေပြန်ဖွင့်ပြီ

 မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ ၅ ဦးသေဆုံးပြီး မွန်းတည့်ချိန်ထိ စောင့်ကြည့်လူနာသစ် ၈၆ ယောက်ရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ မြန်မာစံတော်ချိန် ဒီမနက် တနာရီခွဲထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃ သန်း ၄ သောင်းခွဲကျော်ရှိပြီး ၂ သိန်း တသောင်း ကျော်သေဆုံးရတယ်လို့ WorldoMeter (world do meter) အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။

အာရှမှာတော့ ဒေသတွင်းက လူဦးရေအနည်းဆုံး တနိုင်ငံဖြစ်တဲ့ စင်ကာပူဟာ ကမ္ဘာ့လူဦးရေအများဆုံးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူ အများဆုံးနိုင်ငံဖြစ်နေပါတယ်။ လူဦးရေ ၅.၇ သန်းရှိတဲ့ စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းထိန်းဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အသွား-အလာ အဝင်အထွက် ကန့်သတ်လိုက်ပါတယ်။နောက်ထပ်တစုံတရာ မကြေညာမချင်း ဇွန် ၁ ရက်ထိ ကျောင်းတွေပိတ်ထားပြီး မရှိမဖြစ် လုပ်ငန်းတွေကလွဲလို့ ကျန်လုပ်ငန်းတွေ ရပ်ဆိုင်းထားပါတယ်။

ပြည်ပကလာရောက်လုပ်ကိုင်သူတွေလည်း အဆောင်တွင်းက အဆောင်ပြင်မထွက်ရ ကန့်သတ်ပါတယ်။ ဒီကြားထဲ မြန်မာစံတော်ချိန် မနေ့က ည ၁၀ နာရီ ၅၀ စာရင်းအရ လူနာသစ် ၈၀၀ နီးပါးရှိပြီး လူ နှစ်ယောက်ထပ်သေဆုံးရတာမို့ လူတသောင်း လေးထောင်ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ စင်ကာပူမှာ စုစုပေါင်း လူ ၁၄ ယောက်သေဆုံးရပါတယ်။ SUTD လို့ အတိုကောက်ခေါ်တဲ့ Singapore University of Technology and Design စင်ကာပူနည်းပညာနဲ့ ဒီဇိုင်းဌာနက ခန့်မှန်းချက် ပုံပြမျဉ်းကွေးမှာတော့ ဧပြီ ၃၀ ရက်မှာ စင်ကာပူက ကူးစက်နှုန်း ၉၇ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ပြထားပါတယ်။

ဒီ covid-19 –ကိုရိုနာဗိုင်းရပ်စ် စဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာတော့ မြို့ကြီး တစတစ ပုံမှန်အနေအထားပြန်ရောက်စဖြစ်လာတာနဲ့ ရှန်ဟိုင်းနဲ့ ပေဂျင်းက ကျောင်းသား ထောင်သောင်းချီလို့ ကျောင်းတွေ ပြန်တက်ကြပါတယ်။ တနေ့တည်းမှာပဲ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့အကြောင်းနဲ့ ဆက်စပ်ပြီး လူနှစ်ယောက်ဖမ်းဆီးခံရတဲ့ သတင်းထွက်လာပါတယ်။ စာပေစိစစ်ရေးနဲ့ ငြိလို့ ဖော်ပြခွင့်မရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဆောင်းပါးတွေကို စုဆောင်းတဲ့ အွန်လိုင်းမော်ကွန်းကို စာမူတွေပေးပို့တဲ့ လူနှစ်ယောက်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ အဖမ်းဆီးခံရသူနှစ်ဦးရဲ့ မိတ်ဆွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့နဲ့ ဧပြီ ၁၉ ရက်ကတည်းက အဆက်အသွယ်မရဘူးလို့ဆိုပါတယ်။

လူ ၁၃ဝဝဝ ကျော် ကူးစက်ခံရပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လူ ၃၇၂ ယောက်သေဆုံးရတဲ့ ဂျပန်နိုင်ငံမှာ မနေ့က ရောဂါပိုးထပ်တွေ့သူ ၃၉ ဦးရှိပေမဲ့ ဒီဦးရေဟာ မတ်လ ၃၀ ကစလို့ အနည်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တနင်္လာနေ့တွေမှာ ရောဂါပိုးရှိ-မရှိ စစ်ဆေးကြည့်တဲ့အရေအတွက် နည်းလေ့ရှိတာမို့ အကောင်းမြင်လို့မရပါဘူးလို့ တိုကျိုမြို့တော်ဝန် အမျိုးသမီး Yuriko Koike ယူရိုကို ကိုအိကေ က ပြောပါတယ်။ သတိထားမြဲထားရပါမယ်လို့လည်း ပြောပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၃၁ ယောက်ရှိပြီး ၅၇ ယောက်သေဆုံးပါတယ်။ ကူးစက်ခံရသူ ၂၅၉ဝ ကျော်က ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ဒုတိယအများဆုံးကူးစက်ခံရသူက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ မြန်မာ ၅၂ ယောက်ကူးစက်ခံထားရပြီး သူ့နောက်မှာ တရုတ် ၃၄ ယောက်နဲ့ ပြင်သစ် ၂၇ ယောက်ကူးစက်ခံထားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသခံယူရပြီး သီတင်း သုံးပတ်ကြာ အလုပ်ကနားခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Borris Johnson မနေ့က ရုံးပြန်တက်ပါတယ်။ ဗြိတိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကိုရှောင်နိုင်ဖို့ အသွားအလာ အဝင်အထွက်တွေ ကန့်သတ်ထားမြဲ ကန့်သတ်ထားဖို့လိုတယ်လို့ ပြောပါတယ်။

အီတလီနိုင်ငံမှာ လူ ၁၉၉ဝဝဝ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး လူ ၂၆၉ဝဝ ကျော်သေဆုံးရပါတယ်။ သီတင်း ၇ ပတ် ကြာ အသွားအလာ ကန့်သတ်ပြီးတဲ့နောက် မတ်လ လယ်ကစလို့ သေဆုံးနှုန်းကျဆင်းတဲ့အတွက် ကန့်သတ်ချက်တွေလျှော့ပေါ့မယ့် အစီအစဉ်တွေကို လူထုကိုအသိပေးပေမဲ့ ထပ်ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အီတလီဝန်ကြီးချုပ်က သတိပေးပါတယ်။ အီတလီကိုချစ်ရင် တယောက်နဲ့ တယောက် ခပ်ဝေးဝေးနေပါလို့လည်း လူထုကိုပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန်တွေမှာ စီမံပိုင်ခွင့်ရှိတဲ့အတွက် တနေရာနဲ့ တနေရာ ပုံစံမတူပါဘူး။ သမ္မတထရမ့်က စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လိုတဲ့ ဆန္ဒရှိပေမဲ့ သူရုံးစိုက်တဲ့ ဝါရှင်တန်ဒီစီမှာတင် မေလ ၁၅ ရက်ထိ အသွားအလာ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ တချို့ပြည်နယ်တွေကတော့ လျှော့ပေါ့လိုက်ပါပြီ။ မြန်မာ စာဖတ်ပရိသတ်တွေ သိနေကြတဲ့ ဆရာမြသန်းတင့် ဘာသာပြန် လေရူးသုန်သုန် Gone With The Wind ဝတ္တုက အဓိကဇာတ်ဆောင် စကားလက်အိုဟာရာ နေထိုင်တဲ့ ဂျော်ဂျီယာပြည်နယ်နဲ့ အချို့ပြည်နယ်တွေမှာ ကန့်သတ်ချက်တချို့ လျှော့ပေါ့လိုက်တာပါ။ ဒီလိုပြည်နယ်တချို့ လျှော့ပေါ့လိုက်ပေမဲ့ အမေရိကန်က ကူးစက်နှုန်းက ကျမသွားသေးပါဘူး။

မြန်မာစံတော်ချိန် ဒီမနက် တနာရီခွဲစာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ လူ ၇၇၆ ယောက်ထပ်မံသေဆုံးတာတွေ့ရပါတယ်။ လူ ၁၂၅ဝဝ ကျော် ထပ်ကူးစက်ခံရပါတယ်။ တပြည်လုံး ကူးစက်ခံရသူ ၉ သိန်း ၉ သောင်းကျော်ပြီမို့ တသန်းနားလည်း ကပ်နေပါပြီ။ သေဆုံးသူဦးရေက ၅၆ဝဝဝ ကျော်ရှိပါတယ်။ ဒီစာရင်းတွေကြည့်ရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာရော သေဆုံးတဲ့အရာမှာပါ အမေရိကန်က အများဆုံးဖြစ်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တ႐ုတ္ႏိုင္ငံ ၿမိဳ႕ႀကီးအခ်ိဳ႕မွာ ေက်ာင္းေတြျပန္ဖြင့္ၿပီ တ႐ုတ္ႏိုင္ငံ ၿမိဳ႕ႀကီးအခ်ိဳ႕မွာ ေက်ာင္းေတြျပန္ဖြင့္ၿပီ Reviewed by THITHTOOLWIN on 07:11 Rating: 5
Powered by Blogger.