သတင္းလြတ္လပ္ခြင့္ကို မဟန႔္တားဖို႔ ျမန္မာအစိုးရကို A.I အဖြဲ႕တိုက္တြန္း

(Zawgyi)⤵⤵⤵

 ျမန္မာအာဏာပိုင္ေတြအေနနဲ႔ အစိုးရရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကာကြယ္ေရးလုပ္ငန္းေတြအေပၚ ေဝဖန္ေျပာဆိုတဲ့ သတင္းသမားေတြ၊ လူ႔အခြင့္အေရးကာကြယ္သူေတြနဲ႔ တက္ႂကြ လႈပ္ရွားသူေတြကို အျပစ္ေပးအေရးယူတာ၊ ၿခိမ္းေျခာက္တာ၊ ဖိႏွပ္ခ်ဳပ္ျခယ္တာ၊ အေႏွာင့္အယွက္ေပးတာေတြ အားလုံးကို ရပ္တန႔္ၿပီး၊ ေရာဂါနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ လြတ္လြတ္လပ္လပ္ ျဖန႔္ျဖဴးႏိုင္ဖို႔ လုပ္ေပးသင့္တယ္လို႔ Amnesty International ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ရဲ႕ မေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာအစိုးရဟာ ၿပီးခဲ့တဲ့ မတ္ ၁၉ရက္နဲ႔ ၃၁ရက္အတြင္းမွာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၇၇ ကို သုံးၿပီး၊ ကရင္၊ ရွမ္း၊ ရခိုင္နဲ႔ ႐ိုဟင္ဂ်ာနဲ႔ လြတ္လပ္တဲ့သတင္း ၀က္ဘ္ဆိုဒ္ေတြ အပါအဝင္ အင္တာနက္၀က္ဘ္ဆိုဒ္ေပါင္း ၂၁၄၇ ခုကို ပိတ္လိုက္တဲ့အတြက္ ဆင္းရဲႏြမ္းပါးၿပီး ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ တိုင္းရင္းသားျပည္သူ သိန္းဂဏန္းေလာက္အတြက္ အေရးႀကီးတဲ့ သတင္းရင္းျမစ္ေတြ ေပ်ာက္သြားၿပီး ထိခိုက္နစ္နာေစခဲ့တယ္လို႔ ေၾကညာခ်က္မွာပါရွိပါတယ္။

အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားတဲ့ ရခိုင့္တပ္ေတာ္AAက ေျပာခြင့္ရပုဂၢိဳလ္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္ကို ေဖာ္ျပခဲ့တဲ့အတြက္ Voice of Myanmar မီဒီယာ၊ ေခတ္သစ္မီဒီယာနဲ႔ နိရၪၥရာ သတင္းဌာနက အယ္ဒီတာေတြကို အၾကမ္းဖ်က္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲဆိုခဲ့တာ၊ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျဖစ္ပြားေနခ်ိန္အတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္း နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္ေတြမွာ အင္တာနက္ ျဖတ္ေတာက္ထားတာကို ျပန္ဖြင့္ေပးဖို႔ အရပ္ဖက္အဖြဲ႕အစည္းေတြက ေတာင္းဆိုတာေတြကို လ်စ္လ်ဴရႈခဲ့တာ၊ ကခ်င္ျပည္နယ္နဲ႔ ရန္ကုန္တိုင္းမွာ အစိုးရရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ တိုက္ဖ်က္ေရးလုပ္ငန္းေတြအေပၚ ေဝဖန္တဲ့ အႏုပညာရွင္တစ္ဦးနဲ႔ ဆႏၵျပေတာင္းဆိုတဲ့ အလုပ္သမားေခါင္းေဆာင္တစ္ဦးကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒေတြနဲ႔ တရားစြဲဆိုခဲ့တာေတြကိုလည္း Amnesty အဖြဲ႕က ေထာက္ျပထားပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ ပိတ္ထားတာကို ျပန္ဖြင့္ေပးဖို႔၊ သတင္းသမားေတြ၊ အႏုပညာရွင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြကို ဖမ္းဆီး တရားစြဲဆို ထားတာေတြကို ျပန္႐ုပ္သိမ္းေပးဖို႔နဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ခြင့္ျပဳထားတဲ့ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၇၇ ကို ျပင္ဆင္ ႐ုပ္သိမ္းေပးဖို႔အတြက္ Amnesty International ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က ေတာင္းဆိုထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
-----------
(Unicode)⤵⤵⤵

သတင်းလွတ်လပ်ခွင့်ကို မဟန့်တားဖို့ မြန်မာအစိုးရကို A.I အဖွဲ့တိုက်တွန်း

 မြန်မာအာဏာပိုင်တွေအနေနဲ့ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးလုပ်ငန်းတွေအပေါ် ဝေဖန်ပြောဆိုတဲ့ သတင်းသမားတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို အပြစ်ပေးအရေးယူတာ၊ ခြိမ်းခြောက်တာ၊ ဖိနှပ်ချုပ်ခြယ်တာ၊ အနှောင့်အယှက်ပေးတာတွေ အားလုံးကို ရပ်တန့်ပြီး၊ ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လွတ်လွတ်လပ်လပ် ဖြန့်ဖြူးနိုင်ဖို့ လုပ်ပေးသင့်တယ်လို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ မတ် ၁၉ရက်နဲ့ ၃၁ရက်အတွင်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ ကို သုံးပြီး၊ ကရင်၊ ရှမ်း၊ ရခိုင်နဲ့ ရိုဟင်ဂျာနဲ့ လွတ်လပ်တဲ့သတင်း ဝက်ဘ်ဆိုဒ်တွေ အပါအဝင် အင်တာနက်ဝက်ဘ်ဆိုဒ်ပေါင်း ၂၁၄၇ ခုကို ပိတ်လိုက်တဲ့အတွက် ဆင်းရဲနွမ်းပါးပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ တိုင်းရင်းသားပြည်သူ သိန်းဂဏန်းလောက်အတွက် အရေးကြီးတဲ့ သတင်းရင်းမြစ်တွေ ပျောက်သွားပြီး ထိခိုက်နစ်နာစေခဲ့တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရခိုင့်တပ်တော်AAက ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြခဲ့တဲ့အတွက် Voice of Myanmar မီဒီယာ၊ ခေတ်သစ်မီဒီယာနဲ့ နိရဉ္စရာ သတင်းဌာနက အယ်ဒီတာတွေကို အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခဲ့တာ၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေချိန်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ချင်းပြည်နယ်က မြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုတာတွေကို လျစ်လျူရှုခဲ့တာ၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေအပေါ် ဝေဖန်တဲ့ အနုပညာရှင်တစ်ဦးနဲ့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာတွေကိုလည်း Amnesty အဖွဲ့က ထောက်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့၊ သတင်းသမားတွေ၊ အနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲဆို ထားတာတွေကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခွင့်ပြုထားတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ ကို ပြင်ဆင် ရုပ်သိမ်းပေးဖို့အတွက် Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သတင္းလြတ္လပ္ခြင့္ကို မဟန႔္တားဖို႔ ျမန္မာအစိုးရကို A.I အဖြဲ႕တိုက္တြန္း သတင္းလြတ္လပ္ခြင့္ကို မဟန႔္တားဖို႔ ျမန္မာအစိုးရကို A.I အဖြဲ႕တိုက္တြန္း Reviewed by THITHTOOLWIN on 07:10 Rating: 5
Powered by Blogger.