တုိင္းရင္းေဒသ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြနဲ႔ ေကာ္မတီဖြဲ႔

သမၼတ ဦး၀င္းျမင့္

(Zawgyi/Unicode)

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆုိင္ရာ လုပ္ငန္းေတြကုိ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းေတြ အေျချပဳရာ ေဒသေတြမွာ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ေရးအတြက္ “COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္စပ္လ်ဥ္း၍ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီ” ကုိ ဖြဲ႔စည္းလုိက္ေၾကာင္း ျမန္မာသမၼတရုံးက ဧၿပီလ ၂၇ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။


ဒီေကာ္မတီမွာ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟုိဌာနက ဒုတိယဥကၠ႒ (၂) ေဒါက္တာ တင္မ်ဳိး၀င္းက ဥကၠ႒အျဖစ္ တာ၀န္ယူသြားမွာျဖစ္ၿပီး၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အတြင္းေရးမွဴး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး (ၿငိမ္း) က ဒုတိယဥကၠ႒အျဖစ္ တာ၀န္ယူသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ တုိင္းရင္းသားလူမ်ဳိးမ်ားေရးရာ ဒုတိယ၀န္ႀကီး ဦးလွေမာ္ဦးက အတြင္းေရးမွဴး၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အႀကံေပးအဖြဲ႔၀င္ ဦးမုိးေဇာ္ဦးက အဖြဲ႔၀င္အျဖစ္ ပါ၀င္မယ္လုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေကာ္မတီရဲ႕ လုပ္ငန္းတာ၀န္ေတြကေတာ့ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆုိင္ရာ သတင္းအခ်က္အလက္မ်ား ဖလွယ္ျခင္း၊ နယ္စပ္၀င္ေပါက္မ်ားက၀င္လာတဲ့သူေတြကုိ စစ္ေဆး၊ ေစာင့္ၾကည့္ျခင္း၊ သံသယလူနာေတြနဲ႔ ထိေတြ႔သူေတြကုိ ရွာေဖြ ေဖာ္ထုတ္ျခင္း၊ ေရာဂါလကၡဏာျပသူေတြကုိ ကုသေပးျခင္း၊ COVID-19 ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ ဟန္ခ်က္ညီေစေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ျခင္း၊ တုိင္းရင္းသားေဒသေတြမွာ COVID-19 ဆုိင္ရာ အေရးေပးေဆာင္ရြက္ေရးကိစၥရပ္ေတြ ေပၚေပါက္လာရင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာနရဲ႕လမ္းညြန္ခ်က္နဲ႔အညီ ပူးေပါင္းေဆာင္ရြက္ျခင္း စတာေတြ ပါ၀င္ပါတယ္။

ဧၿပီလ ၂၇ ရက္၊ တနလၤာေန႔ ရက္စြဲတပ္ထားတဲ့ သမၼတ ဦး၀င္းျမင့္ လက္မွတ္ထုိးထုတ္ျပန္တဲ့ ဒီေၾကညာခ်က္ကုိ ဧၿပီလ ၂၈ ရက္၊ အဂၤါေန႔မနက္မွာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

................

တိုင်းရင်းဒေသ COVID-19 ကာကွယ်ထိန်းချုပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကော်မတီဖွဲ့

(Unicode)

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေပြုရာ ဒေသတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် “COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာသမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီကော်မတီမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များကဝင်လာတဲ့သူတွေကို စစ်ဆေး၊ စောင့်ကြည့်ခြင်း၊ သံသယလူနာတွေနဲ့ ထိတွေ့သူတွေကို ရှာဖွေ ဖော်ထုတ်ခြင်း၊ ရောဂါလက္ခဏာပြသူတွေကို ကုသပေးခြင်း၊ COVID-19 ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားဒေသတွေမှာ COVID-19 ဆိုင်ရာ အရေးပေးဆောင်ရွက်ရေးကိစ္စရပ်တွေ ပေါ်ပေါက်လာရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့လမ်းညွန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ခြင်း စတာတွေ ပါဝင်ပါတယ်။

ဧပြီလ ၂၇ ရက်၊ တနင်္လာနေ့ ရက်စွဲတပ်ထားတဲ့ သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးထုတ်ပြန်တဲ့ ဒီကြေညာချက်ကို ဧပြီလ ၂၈ ရက်၊ အင်္ဂါနေ့မနက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/myanmar-covid-19-ethnic-arm-group-area-/5395068.html
တုိင္းရင္းေဒသ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြနဲ႔ ေကာ္မတီဖြဲ႔ တုိင္းရင္းေဒသ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြနဲ႔ ေကာ္မတီဖြဲ႔ Reviewed by THITHTOOLWIN on 07:15 Rating: 5
Powered by Blogger.