၀ူဟန္မွာ အသြားအလာကန္႔သတ္မႈ တရုတ္အစုိးရ ျပန္ရုပ္သိမ္း


(Zawgyi/Unicode)

လူဦးေရ ၁၁ သန္းေနထိုင္တဲ့ ဝူဟန္ၿမိဳ႕မွာ ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ ဒီဇင္ဘာ လကုန္ ေလာက္ကစၿပီး အသြားအလာ ပိတ္ထားရာ ကေန အဂၤါေန႔မွာေတာ့ ဒီကန္႔သတ္ခ်က္ေတြ အဆံုးသတ္သြားၿပီ ျဖစ္ေၾကာင္း တရုတ္ အစိုးရက ေၾကညာပါတယ္။

ေနာက္ထပ္ ေရာဂါ ကူးစက္ခံရသူ ထပ္မေတြ႔ေတာ့ဘူးလို႔ အစိုးရက သတင္းထုတ္ျပန္ခဲ့တဲ့ ေနာက္ အဂၤါေန႔ ညသန္းေကာင္ အခ်ိန္က စၿပီး ၇၆ ရက္ၾကာ အသြားအလာ ပိတ္ဆို႔ထားမႈကို ရုတ္သိမ္းလိုက္တာပါ။ ဒါေပမယ့္ အခုလို ေနာက္ထပ္ ကူးစက္မႈ မရွိဘူး ဆိုတဲ့ တရုတ္ အစိုးရရဲ႕ ထုတ္ျပန္ခ်က္ အေပၚမွာေတာ့ ေမးခြန္းေတြ ထုတ္ေနၾကဆဲ ျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ ဂ်ပန္ႏုိင္ငံမွာေတာ့ အဂၤါေန႔က ခရို္င္ တခ်ိဳ႕ အတြက္ ဒီေရာဂါ ဆိုင္ရာ အေရးေပၚ အေျခေနေတြ ထုတ္ျပန္ခဲ့သလို စီးပြါးေရး က်ားကန္ေပးမယ့္ အစီအစဥ္ အရ ေဒၚလာ ၁ ထရီလီယံ ခ်ထား ေပးမွာလည္း ျဖစ္ပါတယ္။ တိုက်ိဳနဲ႔ ေနာက္ထပ္ခရိုင္ ၆ ခုမွာ ေနထုိင္သူေတြအတြက္ လိုအပ္လို႔ ထုတ္ျပန္ရတာ ျဖစ္ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe ကေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံမွာ ကိုရိုနာဗို္င္းရပ္စ္ပိုး အကူးစက္ခံေနရတဲ့ ဝန္ႀကီးခ်ဳပ္ Boris Johnson ေဆးရံုမွာပဲ ေဆးကုသမႈ ခံယူေနရဆဲပါ။ အဂၤါေန႔မွာပဲ ၂၄ နာရီ အတြင္း ေသဆံုးသူ ၇၅၀ ေက်ာ္သြားခဲ့တာပါ။

အေမရိကန္ ျပည္ေထာင္စုမွာေတာ့ ဒီေရာဂါဒဏ္ အလူးအလဲ ခံခဲ့ရတဲ့ ျပည္နယ္ တခ်ိဳ႕ အေျခေန တေျဖးေျဖး ျပန္ေကာင္းတဲ့ အရိပ္လကၡဏာ ေတြ ေတြ႔လိုေတြ႕ျငား အစိုးရ တာဝန္ရွိသူေတြ ေစာင့္ၾကည့္ ေနၾကပါတယ္။ အခုဆို အေမရိကန္မွာ ေသဆံုးသူ ၁၂၀၀၀ ေလာက္ ရွိလာၿပီျဖစ္ၿပီး အီတလီနဲ႔ စပိန္ၿပီးရင္ ေသဆံုးရသူ တတိယ အမ်ားဆံုး ျဖစ္ေနပါၿပီ။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------------

ဝူဟန်မှာ အသွားအလာကန့်သတ်မှု တရုတ်အစိုးရ ပြန်ရုပ်သိမ်း

(Unicode)

လူဦးရေ ၁၁ သန်းနေထိုင်တဲ့ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာ လကုန် လောက်ကစပြီး အသွားအလာ ပိတ်ထားရာ ကနေ အင်္ဂါနေ့မှာတော့ ဒီကန့်သတ်ချက်တွေ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း တရုတ် အစိုးရက ကြေညာပါတယ်။

နောက်ထပ် ရောဂါ ကူးစက်ခံရသူ ထပ်မတွေ့တော့ဘူးလို့ အစိုးရက သတင်းထုတ်ပြန်ခဲ့တဲ့ နောက် အင်္ဂါနေ့ ညသန်းကောင် အချိန်က စပြီး ၇၆ ရက်ကြာ အသွားအလာ ပိတ်ဆို့ထားမှုကို ရုတ်သိမ်းလိုက်တာပါ။ ဒါပေမယ့် အခုလို နောက်ထပ် ကူးစက်မှု မရှိဘူး ဆိုတဲ့ တရုတ် အစိုးရရဲ့ ထုတ်ပြန်ချက် အပေါ်မှာတော့ မေးခွန်းတွေ ထုတ်နေကြဆဲ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဂျပန်နိုင်ငံမှာတော့ အင်္ဂါနေ့က ခရိုင် တချို့ အတွက် ဒီရောဂါ ဆိုင်ရာ အရေးပေါ် အခြေနေတွေ ထုတ်ပြန်ခဲ့သလို စီးပွါးရေး ကျားကန်ပေးမယ့် အစီအစဉ် အရ ဒေါ်လာ ၁ ထရီလီယံ ချထား ပေးမှာလည်း ဖြစ်ပါတယ်။ တိုကျိုနဲ့ နောက်ထပ်ခရိုင် ၆ ခုမှာ နေထိုင်သူတွေအတွက် လိုအပ်လို့ ထုတ်ပြန်ရတာ ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကပြောပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံနေရတဲ့ ဝန်ကြီးချုပ် Boris Johnson ဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေရဆဲပါ။ အင်္ဂါနေ့မှာပဲ ၂၄ နာရီ အတွင်း သေဆုံးသူ ၇၅၀ ကျော်သွားခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုမှာတော့ ဒီရောဂါဒဏ် အလူးအလဲ ခံခဲ့ရတဲ့ ပြည်နယ် တချို့ အခြေနေ တဖြေးဖြေး ပြန်ကောင်းတဲ့ အရိပ်လက္ခဏာ တွေ တွေ့လိုတွေ့ငြား အစိုးရ တာဝန်ရှိသူတွေ စောင့်ကြည့် နေကြပါတယ်။ အခုဆို အမေရိကန်မှာ သေဆုံးသူ ၁၂၀၀၀ လောက် ရှိလာပြီဖြစ်ပြီး အီတလီနဲ့ စပိန်ပြီးရင် သေဆုံးရသူ တတိယ အများဆုံး ဖြစ်နေပါပြီ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/wuhan-ending-11-week-lockdown-/5363881.html
၀ူဟန္မွာ အသြားအလာကန္႔သတ္မႈ တရုတ္အစုိးရ ျပန္ရုပ္သိမ္း ၀ူဟန္မွာ အသြားအလာကန္႔သတ္မႈ တရုတ္အစုိးရ ျပန္ရုပ္သိမ္း Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.