ေပါက္ေခါင္းမွ COVID- 19 လူနာ ေသဆုံး

(Zawgyi)⤵⤵⤵
မုံ႐ြာ၊ ဧၿပီ - ၈

COVID-19 ေရာဂါကူးစက္ခံထားရသူ ၊ ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕နယ္မွ အမ်ိဳးသားသည္ ယေန႔ မနက္ အေစာပိုင္း ၃ နာရီခြဲ ဝန္းက်င္က ျပည္ေဆး႐ုံတြင္ ကြယ္လြန္သြားေၾကာင္း အဆိုပါသတင္းကို သြားေရာက္ သတင္းယူေနသည့္ ျပည္ေဒသခံ သတင္းေထာက္တစ္ဦးက အတည္ျပဳသည္။

အသက္ ၄၇ ႏွစ္ ရွိ ၊ အဆိုပါ လူနာ အမွတ္ (၁၇) သည္ ေပါက္ေခါင္းၿမိဳ႕နယ္ ၊ ဒုတိယအေထြေထြ အုပ္ခ်ဳပ္ေရးမႉးျဖစ္သည္။

ယခု ေသဆုံးလူနာ သည္ ၎၏ အမ်ိဳးသမီးျဖစ္သူ လူနာအမွတ္ ၁၅ ( case 15 ) ႏွင့္ ထိေတြ႕မႈရွိခဲ့သည္။ ယင္းေနာက္ ၄င္း၏ မိသားစုဝင္ ၄ ဦး ပိုးကူးစက္ခံရေၾကာင္း ဧၿပီ ၂ ရက္က က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

ယခုလူနာေသဆုံးမႈသည္ COVID-19 ေၾကာင့္ ေသြးဆိပ္တက္ျခင္းႏွင့္ ျပင္းထန္ အသက္ရႉလမ္းေၾကာင္း ေရာဂါေၾကာင့္ ျဖစ္ေၾကာင္းလည္း ေဒါက္တာခင္ခင္ႀကီးက ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္ခံထားရသူ ၂၂ ဦးရွိၿပီး၊ ႏွစ္ဦးေသဆုံးထားသည္။

Monywa Gazette
https://www.facebook.com/monywagazette/
-----------
(Unicode)⤵⤵⤵
ပေါက်ခေါင်းမှ COVID- 19 လူနာ သေဆုံး
============================
မုံရွာဂေဇက်
မုံရွာ၊ ဧပြီ - ၈

COVID-19 ရောဂါကူးစက်ခံထားရသူ ၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်မှ အမျိုးသားသည် ယနေ့ မနက် အစောပိုင်း ၃ နာရီခွဲ ဝန်းကျင်က ပြည်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း အဆိုပါသတင်းကို သွားရောက် သတင်းယူနေသည့် ပြည်ဒေသခံ သတင်းထောက်တစ်ဦးက အတည်ပြုသည်။

အသက် ၄၇ နှစ် ရှိ ၊ အဆိုပါ လူနာ အမှတ် (၁၇) သည် ပေါက်ခေါင်းမြို့နယ် ၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူးဖြစ်သည်။

ယခု သေဆုံးလူနာ သည် ၎င်း၏ အမျိုးသမီးဖြစ်သူ လူနာအမှတ် ၁၅ ( case 15 ) နှင့် ထိတွေ့မှုရှိခဲ့သည်။ ယင်းနောက် ၎င်း၏ မိသားစုဝင် ၄ ဦး ပိုးကူးစက်ခံရကြောင်း ဧပြီ ၂ ရက်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုလူနာသေဆုံးမှုသည် COVID-19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါကြောင့် ဖြစ်ကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ ၂၂ ဦးရှိပြီး၊ နှစ်ဦးသေဆုံးထားသည်။

Monywa Gazette
https://www.facebook.com/monywagazette/
ေပါက္ေခါင္းမွ COVID- 19 လူနာ ေသဆုံး ေပါက္ေခါင္းမွ COVID- 19 လူနာ ေသဆုံး Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.