WHO ရဲ႕ ကုိရုိနာဗုိင္းရပ္စ္ ကုိင္တြယ္ပုံ မေက်နပ္မႈေၾကာင့္ ရန္ပုံေငြျဖတ္ဖုိ႔ သမၼတ Trump ေျပာ


(Zawgyi/Unicode)

လက္ရွိ ျဖစ္ပြါးေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါ ဆိုးနဲ႔ပတ္သက္ၿပီး WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီး ရဲ့ ကိုင္တြယ္ပုံကို ၾကည့္ၿပီး အေမရိကန္က ေပးေနတဲ့ ရန္ပံုေငြကို ျဖတ္ေတာက္ပစ္ဖုိ႔ စဥ္းစားေနတယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အဂၤါေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ WHO ဟာ ဒီေရာဂါရဲ့ ဆိုးဝါးတဲ့ အေျခေနကို ေလ်ွာ့ေပါ့ေျပာေနတဲ့ တရုတ္ဘက္ကပါ လိုက္ပါ ေဆာင္ရြက္ေနတယ္လုိ႔ စြပ္စြဲလုိက္ပါတယ္

အေမရိကန္ျပည္ေထာင္စုက WHO အတြက္ ရန္ပံုေငြ အေတာ္မ်ားမ်ား ေထာက္ပံ့ ေနေပမယ့္ WHO ကေတာ့ တရုတ္ ကိုပဲ သိပ္ ဦးစား ေပးေနတာ ေတြ႔ရတဲ့ အတြက္ အခု ေသေသခ်ာခ်ာ ျပန္စဥ္းစားဖုိ႔ လုိလာၿပီ ျဖစ္ေၾကာင္း သမၼတက သူ႔ တြစ္တာမွာ ေရးပါတယ္။

ဒါ့အျပင္ အေမရိကန္ျပည္ေထာင္စုထဲ တရုတ္ေတြ ဝင္ေရာက္ခြင့္ မပိတ္ပင္ဖို႔ WHO က အေစာပိုင္းမွာ အႀကံေပးခဲ့ေပမယ့္ ကံအားေလ်ာ္စြာပဲ သူက ပယ္ခ်ခဲ့ေၾကာင္းနဲ႔ဘာေၾကာင့္ အခုလိုမ်ိဳး မွားယြင္းတဲ့ အႀကံေပးခ်က္ ေပးရသလဲလို႔လည္း ေမးခြန္း ထုတ္ခဲ့တာပါ။

WHO ဟာ သူ႔ရဲ့ ကိုရိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါဆိုးနဲ႔ပတ္သက္တဲ့ တံု႔ျပန္ေဆာင္ရြက္မႈေတြ အတြက္ ေမးခြန္းထုတ္မႈ ေတြ တေန႔တျခား တိုးၿပီး ရင္ဆိုင္လာေနရတာပါ။ ဒီအထဲမွာ ဇန္နဝါရီလတုန္းက တရုတ္အာဏာပိုင္ေတြရဲ့ ကနဦး ေတြ႔ရွိခ်က္ ေတြကို ကိုးကား ေဖၚျပတဲ့ WHO ရဲ့အခ်က္လက္ တင္ျပခ်က္ထဲမွာ အခု ကမာၻတလႊား လူသားေတြရဲ့ ေန႔စဥ္ လူေနမႈ ဘဝကို ရပ္တံ့သြားေစတဲ့ ဒီေရာဂါကပ္ဆိုးနဲ႔ ပတ္သက္ၿပီး ေလ်ာ့ေပါ့ ေျပာၾကားခဲ့တာပါ ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ လတုန္းကလည္း WHO အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus ကို တရုတ္အစိုးရ ေျပာတာကို ေထာက္ခံၿပီး အႀကီးအက်ယ္ လြဲမွားတဲ့ ေၾကညာခ်က္ေတြ မထုတ္ျပန္ဖုိ႔ အေမရိကန္ အထက္လႊတ္ေတာ္ကေရာ ေအာက္လႊတ္ေတာ္ကပါ ေတာင္းဆိုတဲ့ အဆိုျပဳခ်က္ တရပ္ကို တင္သြင္းခဲ့တာပါ။

အထက္လႊတ္ေတာ္ အမတ္ Marco Rubio ကလည္း WHO ဟာ တရုတ္ ဘက္ လိုက္ ၿပီး လုပ္ေဆာင္ ေနတယ္လို႔ စြပ္စြဲခဲ့ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ WHO အႀကီးအကဲ Tedros ႏုတ္ထြက္ ေပးဖုိ႔ ေတာင္းဆိုခဲ့တာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ပုံ မကျေနပ်မှုကြောင့် ရန်ပုံငွေဖြတ်ဖို့ သမ္မတ Trump ပြော

(Unicode)

လက်ရှိ ဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဆိုးနဲ့ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ရဲ့ ကိုင်တွယ်ပုံကို ကြည့်ပြီး အမေရိကန်က ပေးနေတဲ့ ရန်ပုံငွေကို ဖြတ်တောက်ပစ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် WHO ဟာ ဒီရောဂါရဲ့ ဆိုးဝါးတဲ့ အခြေနေကို လျှော့ပေါ့ပြောနေတဲ့ တရုတ်ဘက်ကပါ လိုက်ပါ ဆောင်ရွက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်

အမေရိကန်ပြည်ထောင်စုက WHO အတွက် ရန်ပုံငွေ အတော်များများ ထောက်ပံ့ နေပေမယ့် WHO ကတော့ တရုတ် ကိုပဲ သိပ် ဦးစား ပေးနေတာ တွေ့ရတဲ့ အတွက် အခု သေသေချာချာ ပြန်စဉ်းစားဖို့ လိုလာပြီ ဖြစ်ကြောင်း သမ္မတက သူ့ တွစ်တာမှာ ရေးပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုထဲ တရုတ်တွေ ဝင်ရောက်ခွင့် မပိတ်ပင်ဖို့ WHO က အစောပိုင်းမှာ အကြံပေးခဲ့ပေမယ့် ကံအားလျော်စွာပဲ သူက ပယ်ချခဲ့ကြောင်းနဲ့ဘာကြောင့် အခုလိုမျိုး မှားယွင်းတဲ့ အကြံပေးချက် ပေးရသလဲလို့လည်း မေးခွန်း ထုတ်ခဲ့တာပါ။

WHO ဟာ သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုးနဲ့ပတ်သက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အတွက် မေးခွန်းထုတ်မှု တွေ တနေ့တခြား တိုးပြီး ရင်ဆိုင်လာနေရတာပါ။ ဒီအထဲမှာ ဇန်နဝါရီလတုန်းက တရုတ်အာဏာပိုင်တွေရဲ့ ကနဦး တွေ့ရှိချက် တွေကို ကိုးကား ဖေါ်ပြတဲ့ WHO ရဲ့အချက်လက် တင်ပြချက်ထဲမှာ အခု ကမ္ဘာတလွှား လူသားတွေရဲ့ နေ့စဉ် လူနေမှု ဘဝကို ရပ်တံ့သွားစေတဲ့ ဒီရောဂါကပ်ဆိုးနဲ့ ပတ်သက်ပြီး လျော့ပေါ့ ပြောကြားခဲ့တာပါ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း WHO အကြီးအကဲ Dr. Tedros Adhanom Ghebreyesus ကို တရုတ်အစိုးရ ပြောတာကို ထောက်ခံပြီး အကြီးအကျယ် လွဲမှားတဲ့ ကြေညာချက်တွေ မထုတ်ပြန်ဖို့ အမေရိကန် အထက်လွှတ်တော်ကရော အောက်လွှတ်တော်ကပါ တောင်းဆိုတဲ့ အဆိုပြုချက် တရပ်ကို တင်သွင်းခဲ့တာပါ။

အထက်လွှတ်တော် အမတ် Marco Rubio ကလည်း WHO ဟာ တရုတ် ဘက် လိုက် ပြီး လုပ်ဆောင် နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ WHO အကြီးအကဲ Tedros နုတ်ထွက် ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trump-covid-who-funding-/5363859.html
WHO ရဲ႕ ကုိရုိနာဗုိင္းရပ္စ္ ကုိင္တြယ္ပုံ မေက်နပ္မႈေၾကာင့္ ရန္ပုံေငြျဖတ္ဖုိ႔ သမၼတ Trump ေျပာ WHO ရဲ႕ ကုိရုိနာဗုိင္းရပ္စ္ ကုိင္တြယ္ပုံ မေက်နပ္မႈေၾကာင့္ ရန္ပုံေငြျဖတ္ဖုိ႔ သမၼတ Trump ေျပာ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.