WHO ကား ပစ္ခတ္ခံရၿပီး ယာဥ္ေမာင္း ေသဆုံးမႈ တပ္မေတာ္နဲ႔ ေအေအ အျပန္အလွန္ စြပ္စြဲ

 ေသဆုံးသူအေလာင္းကို စစ္ေတြေဆး႐ုံကို ပို႔ေဆာင္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ ဧၿပီလ ၂၀ ရက္ေန႔က ကမာၻ႔က်န္းမာေရး အဖြဲ႕ WHO အမွတ္တံဆိပ္ပါ ေမာ္ေတာ္ယာဥ္ တစ္စီးတိုက္ခိုက္ခံရၿပီး ကားေပၚက WHO ဝန္ထမ္းႏွစ္ဦးလုံးဒဏ္ရာရခဲ့တာမွာ ယာဥ္ေမာင္းျဖစ္သူကေတာ့ ဧၿပီလ ၂၁ ရက္ေန႔ မနက္မွာ မင္းျပားေဆး႐ုံမွာ ေသဆုံးသြားတယ္လို႔ ယာဥ္ေမာင္းရဲ႕ ဖခင္ျဖစ္သူက ဘီဘီစီကို ေျပာပါတယ္။

"ကြၽန္ေတာ့္သား တင္ပါးမွာ လက္နက္ငယ္မွန္တယ္၊ အေပါက္ႀကီးတယ္၊ ေက်ာမွာလည္း မွန္တယ္၊ မင္းျပားေဆး႐ုံမွာ တစ္ညလုံး ေဆးသြင္းေနရတာတဲ့..သတိမရဘူး၊ ေသြးလြန္သြားတယ္လို႔ ထင္ပါတယ္၊ မနက္က်ေတာ့ အဲ့ဒီမင္းျပားေဆး႐ုံမွာပဲ ဆုံးသြားတယ္" လို႔ ဒဏ္ရာေတြေၾကာင့္ ယာဥ္ေမာင္းရဲ႕ ဖခင္ ဦးေဌးဝင္းေမာင္က ေျပာပါတယ္။

WHO ဝန္ထမ္း ၂ ဦးဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေစာင့္ၾကည့္ခံလူနာေတြရဲ႕ ဓာတ္ခြဲခန္းပစၥည္းေတြ ရန္ကုန္ကို အခ်ိန္မီပို႔ဖို႔ မင္းျပားကေန သြားၿပီး၊ မေကြးက တဆင့္ ေနျပည္ေတာ္လမ္းကေန ရန္ကုန္ကို တက္ဖို႔ အသြားမွာ အခုလို ႀကဳံရတာျဖစ္ပါတယ္။

အစိုးရ ထုတ္ျပန္ခ်က္မွာေတာ့ သူတို႔ေတြဟာ ကိုဗစ္-၁၉ ေရာဂါပိုး ေစာင့္ၾကည့္ခံရသူေတြရဲ႕ ႏွာေခါင္း၊ အာေခါင္တို႔ဖတ္ နမူနာေတြကို ရန္ကုန္ကို ပို႔ေဆာင္ဖို႔ WHO ပိုင္ UN တံဆိပ္ကပ္ထားတဲ့ ေမာ္ေတာ္ယာဥ္နဲ႔ ထြက္ခြာလာစဥ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအလြန္ ရာေမာင္ဇက္ဆိပ္အနီးမွာ ဧၿပီ ၂၀ ရက္ေန႔ ညေန ၅ နာရီေလာက္မွာ ULA/AA အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေဖာ္ျပပါတယ္။
ယာဥ္ေမာင္းကို ထိမွန္ခဲ့တဲ့ က်ည္ထိပ္ဖူးလို႔ တပ္မေတာ္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထား
ရကၡိဳင့္တပ္ေတာ္ ေအေအ ရဲ႕ ဝဘ္ဆိုက္က ထုတ္ျပန္ခ်က္မွာေတာ့ WHO ေမာ္ေတာ္ယာဥ္ဟာ ရာေမာင္ တံတားကို ကားနဲ႔ ျဖတ္သန္းဖို႔ တံတားထိပ္ရွိ ျမန္မာ့တပ္မေတာ္ရဲ႕ တပ္စခန္းမွာ ခြင့္ျပဳခ်က္ေတာင္းခံခဲ့ၿပီး ခြင့္ျပဳခ်က္ ရလို႔ ျဖတ္သန္းခ်ိန္မွာ ခြင့္ျပဳခဲ့တဲ့ ျမန္မာ့ တပ္မေတာ္ တပ္စခန္းကပဲ လက္နက္ငယ္ေတြ နဲ႔ ပစ္ခတ္ခဲ့တယ္လို႔ တန္ျပန္ စြပ္စြဲ ထားပါတယ္။

ပစ္ခတ္မႈေၾကာင့္ ကား မွာ လမ္းေဘး ထိုးက် သြားခဲ့ၿပီး ျဖစ္စဥ္ အၿပီး ၁ နာရီ ေလာက္ အၾကာမွ ေအေအဘက္က ေတြ႕ရွိလို႔ WHO ဝန္ထမ္း ၂ ဦးကို ကယ္တင္ ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေသဆုံးခဲ့တဲ့ ယာဥ္ေမာင္းရဲ႕ဖခင္ ဦးေဌးဝင္းေမာင္ကေတာ့ "လက္နက္ႀကီးက ပထမ ကားကိုမွန္တယ္၊ ဒဏ္ရာရသူတဲ့ ၂ ဦးလုံးကို တိုက္ပြဲၾကားကေန ဆြဲထုတ္ရတယ္လို႔လည္း ၾကားတယ္" လို႔ ေျပာပါတယ္။
ဓာတ္ပုံ မူပိုင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး
"ကြၽန္ေတာ့္သားပဲ ဒဏ္ရာမ်ားၿပီး ေသတာ၊ ေနာက္တစ္ေယာက္ ႀကီးၾကပ္ေရးမႉးက လက္မွာပဲ ဒဏ္ရာရတာ" လို႔ ဆက္ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ခဲ့တဲ့ ရာေမာင္တံတားအနီးဟာ မင္းျပားၿမိဳနဲ႔ဆို ၅ မိုင္ေလာက္ပဲ ကြာေဝးတာျဖစ္ပါတယ္။

ဒဏ္ရာ ရရွိသူ ႀကီးၾကပ္ေရးမႉးကိုေတာ့ စစ္ေတြေဆး႐ုံကို ပို႔ေဆာင္ၿပီး ေဆးကုသမႈ ေပးေနရတယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ခဲ့တဲ့ မင္းျပားအနီးတဝိုက္မွာ တိုက္ပြဲေတြ ရွိေနသလို လုံၿခဳံေရးေစာင့္ၾကပ္ၾကည့္ရႈေနတဲ့ တပ္မေတာ္တပ္ဖြဲ႕ဝင္ေတြ ရွိေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

"လက္နက္ႀကီးေတြ ပစ္ခတ္မႈေတြ တေန႔လုံးရွိခဲ့တယ္၊ ဒီေန႔လည္း ပစ္ေနတုန္းပဲ၊ တပ္လုံၿခဳံေရး အျပည့္ရွိေနတဲ့ၾကားက ခုလို တိုက္ခိုက္ခံရတာ" လို႔ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

"ကိုဗစ္ေၾကာင့္လည္း မင္းျပားၿမိဳ႕ထဲမွာ တိတ္ဆိတ္မႈရွိတယ္၊ ေနရာတကာ ေစာင့္ၾကပ္စစ္ေဆးတာေတြ လုပ္ေနတယ္" လို႔ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ဆက္ေျပာပါတယ္။

ကိုဗစ္ေစာင့္ၾကည့္လူနာေတြရဲ႕ ေဆးစစ္ခ်က္ေတြပါတဲ့ WHO ယာဥ္ဟာ ရခိုင္က စထြက္လာတုန္းကေတာ့ ယာဥ္ေမာင္းနဲ႔အတူ လက္ေထာက္ဆရာဝန္တစ္ေယာက္နဲ႔ ႀကီးၾကပ္ေရးမႉးတို႔ လိုက္ပါလာတာျဖစ္ၿပီး လက္ေထာက္ဆရာဝန္ကေတာ့ မင္းျပားေဆး႐ုံမွာ က်န္ေနရစ္ခဲ့တာလို႔ ေသဆုံးခဲ့သူရဲ႕ ဖခင္က ေျပာပါတယ္။

"အခုထိ ကြၽန္ေတာ့္သား အေလာင္းေတာင္ မေတြ႕ရေသးဘူး၊ ကြၽန္ေတာ္က ကိုယ့္သားမ်က္ႏွာေလးၾကည့္ၿပီး သၿဂႋဳဟ္ခ်င္တာေပါ့ေနာ္၊ အေလာင္းက မင္းျပားေဆး႐ုံမွာပဲ ရွိေနေသးတယ္" လို႔ ဖခင္ ဦးေဌးဝင္းေမာင္က ေျပာပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
WHO ကား ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးမှု တပ်မတော်နဲ့ အေအေ အပြန်အလှန် စွပ်စွဲ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO အမှတ်တံဆိပ်ပါ မော်တော်ယာဉ် တစ်စီးတိုက်ခိုက်ခံရပြီး ကားပေါ်က WHO ဝန်ထမ်းနှစ်ဦးလုံးဒဏ်ရာရခဲ့တာမှာ ယာဉ်မောင်းဖြစ်သူကတော့ ဧပြီလ ၂၁ ရက်နေ့ မနက်မှာ မင်းပြားဆေးရုံမှာ သေဆုံးသွားတယ်လို့ ယာဉ်မောင်းရဲ့ ဖခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော့်သား တင်ပါးမှာ လက်နက်ငယ်မှန်တယ်၊ အပေါက်ကြီးတယ်၊ ကျောမှာလည်း မှန်တယ်၊ မင်းပြားဆေးရုံမှာ တစ်ညလုံး ဆေးသွင်းနေရတာတဲ့..သတိမရဘူး၊ သွေးလွန်သွားတယ်လို့ ထင်ပါတယ်၊ မနက်ကျတော့ အဲ့ဒီမင်းပြားဆေးရုံမှာပဲ ဆုံးသွားတယ်" လို့ ဒဏ်ရာတွေကြောင့် ယာဉ်မောင်းရဲ့ ဖခင် ဦးဌေးဝင်းမောင်က ပြောပါတယ်။

WHO ဝန်ထမ်း ၂ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစောင့်ကြည့်ခံလူနာတွေရဲ့ ဓာတ်ခွဲခန်းပစ္စည်းတွေ ရန်ကုန်ကို အချိန်မီပို့ဖို့ မင်းပြားကနေ သွားပြီး၊ မကွေးက တဆင့် နေပြည်တော်လမ်းကနေ ရန်ကုန်ကို တက်ဖို့ အသွားမှာ အခုလို ကြုံရတာဖြစ်ပါတယ်။

အစိုးရ ထုတ်ပြန်ချက်မှာတော့ သူတို့တွေဟာ ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာတွေကို ရန်ကုန်ကို ပို့ဆောင်ဖို့ WHO ပိုင် UN တံဆိပ်ကပ်ထားတဲ့ မော်တော်ယာဉ်နဲ့ ထွက်ခွာလာစဉ် မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီးမှာ ဧပြီ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော် အေအေ ရဲ့ ဝဘ်ဆိုက်က ထုတ်ပြန်ချက်မှာတော့ WHO မော်တော်ယာဉ်ဟာ ရာမောင် တံတားကို ကားနဲ့ ဖြတ်သန်းဖို့ တံတားထိပ်ရှိ မြန်မာ့တပ်မတော်ရဲ့ တပ်စခန်းမှာ ခွင့်ပြုချက်တောင်းခံခဲ့ပြီး ခွင့်ပြုချက် ရလို့ ဖြတ်သန်းချိန်မှာ ခွင့်ပြုခဲ့တဲ့ မြန်မာ့ တပ်မတော် တပ်စခန်းကပဲ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ခဲ့တယ်လို့ တန်ပြန် စွပ်စွဲ ထားပါတယ်။

ပစ်ခတ်မှုကြောင့် ကား မှာ လမ်းဘေး ထိုးကျ သွားခဲ့ပြီး ဖြစ်စဉ် အပြီး ၁ နာရီ လောက် အကြာမှ အေအေဘက်က တွေ့ရှိလို့ WHO ဝန်ထမ်း ၂ ဦးကို ကယ်တင် ခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ယာဉ်မောင်းရဲ့ဖခင် ဦးဌေးဝင်းမောင်ကတော့ "လက်နက်ကြီးက ပထမ ကားကိုမှန်တယ်၊ ဒဏ်ရာရသူတဲ့ ၂ ဦးလုံးကို တိုက်ပွဲကြားကနေ ဆွဲထုတ်ရတယ်လို့လည်း ကြားတယ်" လို့ ပြောပါတယ်။

"ကျွန်တော့်သားပဲ ဒဏ်ရာများပြီး သေတာ၊ နောက်တစ်ယောက် ကြီးကြပ်ရေးမှူးက လက်မှာပဲ ဒဏ်ရာရတာ" လို့ ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရာမောင်တံတားအနီးဟာ မင်းပြားမြိုနဲ့ဆို ၅ မိုင်လောက်ပဲ ကွာဝေးတာဖြစ်ပါတယ်။

ဒဏ်ရာ ရရှိသူ ကြီးကြပ်ရေးမှူးကိုတော့ စစ်တွေဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ပေးနေရတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မင်းပြားအနီးတဝိုက်မှာ တိုက်ပွဲတွေ ရှိနေသလို လုံခြုံရေးစောင့်ကြပ်ကြည့်ရှုနေတဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ တနေ့လုံးရှိခဲ့တယ်၊ ဒီနေ့လည်း ပစ်နေတုန်းပဲ၊ တပ်လုံခြုံရေး အပြည့်ရှိနေတဲ့ကြားက ခုလို တိုက်ခိုက်ခံရတာ" လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

"ကိုဗစ်ကြောင့်လည်း မင်းပြားမြို့ထဲမှာ တိတ်ဆိတ်မှုရှိတယ်၊ နေရာတကာ စောင့်ကြပ်စစ်ဆေးတာတွေ လုပ်နေတယ်" လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆက်ပြောပါတယ်။

ကိုဗစ်စောင့်ကြည့်လူနာတွေရဲ့ ဆေးစစ်ချက်တွေပါတဲ့ WHO ယာဉ်ဟာ ရခိုင်က စထွက်လာတုန်းကတော့ ယာဉ်မောင်းနဲ့အတူ လက်ထောက်ဆရာဝန်တစ်ယောက်နဲ့ ကြီးကြပ်ရေးမှူးတို့ လိုက်ပါလာတာဖြစ်ပြီး လက်ထောက်ဆရာဝန်ကတော့ မင်းပြားဆေးရုံမှာ ကျန်နေရစ်ခဲ့တာလို့ သေဆုံးခဲ့သူရဲ့ ဖခင်က ပြောပါတယ်။

"အခုထိ ကျွန်တော့်သား အလောင်းတောင် မတွေ့ရသေးဘူး၊ ကျွန်တော်က ကိုယ့်သားမျက်နှာလေးကြည့်ပြီး သင်္ဂြိုဟ်ချင်တာပေါ့နော်၊ အလောင်းက မင်းပြားဆေးရုံမှာပဲ ရှိနေသေးတယ်" လို့ ဖခင် ဦးဌေးဝင်းမောင်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52374078
WHO ကား ပစ္ခတ္ခံရၿပီး ယာဥ္ေမာင္း ေသဆုံးမႈ တပ္မေတာ္နဲ႔ ေအေအ အျပန္အလွန္ စြပ္စြဲ WHO ကား ပစ္ခတ္ခံရၿပီး ယာဥ္ေမာင္း ေသဆုံးမႈ တပ္မေတာ္နဲ႔ ေအေအ အျပန္အလွန္ စြပ္စြဲ Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.