ေတာင္ႀကီးၿမိဳ႕နယ္ ညအမိန႔္မထြက္ရ မလိုက္နာသူ ၈ဦး ေထာင္ဒဏ္ ၃လ

Photo by SHAN/ ေတာင္ႀကီးၿမိဳ႕ ကိုဗစ္-၁၉ ကာလ ညျမင္ကြင္း
သွ်မ္းျပည္နယ္တြင္ ည မထြက္ရ အမိန႔္ကို ထုတ္ျပန္ၿပီးေနာက္ စည္းကမ္းမလိုက္နာသည့္ သူ ၈ ဦးကို ဥပေဒ အရ ေထာင္ဒဏ္ ၃လ အမိန႔္ခ်မွတ္ လိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါ သူမ်ားမွာ ဧၿပီ ၂၁ရက္ တြင္ သက္ဆိုင္ရာက ညကင္းလွည့္ေနခ်ိန္ စည္းကမ္းမလိုက္နာသည့္ ေအးသာယာၿမိဳ႕မွ ၅ ဦး ႏွင့္ ေတာင္ႀကီးၿမိဳ႕ရွိ အိမ္ေတာ္ေရွ႕ ထင္းရႈးေတာမွ ၃ ဦး ေတြ႕ရွိခဲ့ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးၿဖိဳးမင္းထိုက္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

“ေအးသာယာက မေန႔ တစ္ခါတည္း အၿပီးပ်က္ တရား႐ုံး ကေနၿပီးေတာ့ ေထာင္ဒဏ္ ၃လ အမိန႔္ခ်မွတ္ ၿပီးျဖစ္ပါတယ္။ အိမ္ေတာ္ေရွ႕မွာ တစ္ေယာက္ကေတာ့ အသက္မျပည့္တာ ပါေနတဲ့အတြက္ သူ႔အသက္ကို စိစစ္ေနတယ္” ဟု ဦးၿဖိဳးမင္းထိုက္ က ဆိုသည္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္သည့္ ကာလ အတြင္း သွ်မ္းျပည္ ၿမိဳ႕နယ္ အတြင္း ည ၁၀နာရီ မွ မနက္ ၄နာရီ အတြင္း အျပင္ မထြက္ရ အမိန႔္ကို ဧၿပီ ၂၀ရက္တြင္ ေၾကညာခ်က္ထုတ္ခဲ့သည္။
Photo by SHAN/ ေတာင္ႀကီးၿမိဳ႕ ကိုဗစ္-၁၉ ကာလ ညျမင္ကြင္း
ထိုေၾကညာခ်က္ ေနာက္ပိုင္း ဧၿပီ ၂၁ရက္ေန႔တြင္ ထိုသူမ်ားသည္ စုေပါင္းကာ မူးယစ္ေသာက္စားမႈျပဳလုပ္သျဖင့္ ပုဒ္မ ၁၈၈ ျဖင့္ ေထာင္ဒဏ္ ၃လ အမိန႔္ခ် ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုထဲတြင္ ေအးသာယာမွ အမ်ိဳးသမီး ၂ဦး ႏွင့္ အမ်ိဳးသား ၃ဦး ျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕ အိမ္ေတာ္ေရွ႕ ထင္းရႉးေတာ တြင္ အမ်ိဳးသား ၂ဦး ႏွင့္ အမ်ိဳးသမီး ၁ဦး တို႔ ပါဝင္ေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက တရားလို ျပဳလုပ္ကာ တိုင္ၾကားထားျခင္းျဖစ္သည္။

“အမႈကို တရားစြဲ တိုင္ၾကားသူက က်ေနာ္ပါ။ တရားစြဲပုဒ္မကေတာ့ ညမထြက္ရ အမိန႔္ ကို ဖီဆန္တာျဖစ္တဲ့အတြက္ လိုက္နာျခင္းမရွိတဲ့အတြက္ အိမ္ကမထြက္ရအမိန႔္ကို ေဖာက္ဖ်က္တဲ့ ဥပေဒနဲ႔ ၿငိစြန္းတာျဖစ္တယ္။”ဟု ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးၿဖိဳးမင္းထိုက္ ကေျပာသည္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္မႈ ကာလအတြင္း ညမထြက္ရ အမိန႔္သည္ COVID-19လူနာ အေျခအေနေပၚၾကည့္ကာ တိုး၊ေလ်ာ့ရွိလာႏိုင္ေၾကာင္းလည္း သွ်မ္းျပည္ အစိုးရ အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ စီမံကိန္း ႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးစိုးၫႊန႔္လြင္က သွ်မ္းသံေတာ္ဆင့္ကို ေျပာၾကားခဲ့သည္။

“ ဒါက အစိုးရ အေနနဲ႔ စံျပ တရားစြဲ ေထာင္ဒဏ္ခ်လိုက္တဲ့သေဘာပါ။ ျပည္သူေတြက မလုပ္ဘူးထင္လို႔ အရက္ကို ဝိုင္းေသာက္ေနၾကတာ။ ေနာက္မလုပ္ရဲေအာင္ တရားစြဲဆိုလိုက္တာ” ဟု ေတာင္ႀကီး ေဒသခံ အမ်ိဳးသား တဦးက သုံးသပ္ေျပာသည္။

ႏိုင္ငံေတာ္ အစိုးရ မွ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ျပည္သူမ်ားအေနျဖင့္ လိုက္နာေဆာင္႐ြက္သင့္ေၾကာင္း၊ ယခုကာလသည္ အလြန္အေရးႀကီးသည့္ ကာလျဖစ္သလို ျပည္သူမ်ားကိုယ္တိုင္ကလည္း ထိန္းသိမ္းေနသင့္သည့္ အခ်ိန္ျဖစ္ေၾကာင္းလည္း ၎ အမ်ိဳးသား ကဆိုသည္။

ျမန္မာႏိုင္ငံတြင္ယေန႔ မနက္ ၇နာရီ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ အရ COVID-19ကူးစက္ခံရသူ ၁၂၇ဦးရွိၿပီး ေသဆုံးသူ ၅ဦးရွိေၾကာင္း သိရသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
----------------------------------------
တောင်ကြီးမြို့နယ် ညအမိန့်မထွက်ရ မလိုက်နာသူ ၈ဦး ထောင်ဒဏ် ၃လ

သျှမ်းပြည်နယ်တွင် ည မထွက်ရ အမိန့်ကို ထုတ်ပြန်ပြီးနောက် စည်းကမ်းမလိုက်နာသည့် သူ ၈ ဦးကို ဥပဒေ အရ ထောင်ဒဏ် ၃လ အမိန့်ချမှတ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ သူများမှာ ဧပြီ ၂၁ရက် တွင် သက်ဆိုင်ရာက ညကင်းလှည့်နေချိန် စည်းကမ်းမလိုက်နာသည့် အေးသာယာမြို့မှ ၅ ဦး နှင့် တောင်ကြီးမြို့ရှိ အိမ်တော်ရှေ့ ထင်းရှုးတောမှ ၃ ဦး တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အေးသာယာက မနေ့ တစ်ခါတည်း အပြီးပျက် တရားရုံး ကနေပြီးတော့ ထောင်ဒဏ် ၃လ အမိန့်ချမှတ် ပြီးဖြစ်ပါတယ်။ အိမ်တော်ရှေ့မှာ တစ်ယောက်ကတော့ အသက်မပြည့်တာ ပါနေတဲ့အတွက် သူ့အသက်ကို စိစစ်နေတယ်” ဟု ဦးဖြိုးမင်းထိုက် က ဆိုသည်။

COVID-19 ကာကွယ်ထိန်းချုပ်သည့် ကာလ အတွင်း သျှမ်းပြည် မြို့နယ် အတွင်း ည ၁၀နာရီ မှ မနက် ၄နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို ဧပြီ ၂၀ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။

ထိုကြေညာချက် နောက်ပိုင်း ဧပြီ ၂၁ရက်နေ့တွင် ထိုသူများသည် စုပေါင်းကာ မူးယစ်သောက်စားမှုပြုလုပ်သဖြင့် ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် ၃လ အမိန့်ချ ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုထဲတွင် အေးသာယာမှ အမျိုးသမီး ၂ဦး နှင့် အမျိုးသား ၃ဦး ဖြစ်ပြီး တောင်ကြီးမြို့ အိမ်တော်ရှေ့ ထင်းရှူးတော တွင် အမျိုးသား ၂ဦး နှင့် အမျိုးသမီး ၁ဦး တို့ ပါဝင်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက တရားလို ပြုလုပ်ကာ တိုင်ကြားထားခြင်းဖြစ်သည်။

“အမှုကို တရားစွဲ တိုင်ကြားသူက ကျနော်ပါ။ တရားစွဲပုဒ်မကတော့ ညမထွက်ရ အမိန့် ကို ဖီဆန်တာဖြစ်တဲ့အတွက် လိုက်နာခြင်းမရှိတဲ့အတွက် အိမ်ကမထွက်ရအမိန့်ကို ဖောက်ဖျက်တဲ့ ဥပဒေနဲ့ ငြိစွန်းတာဖြစ်တယ်။”ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကပြောသည်။

COVID-19 ကာကွယ်ထိန်းချုပ်မှု ကာလအတွင်း ညမထွက်ရ အမိန့်သည် COVID-19လူနာ အခြေအနေပေါ်ကြည့်ကာ တိုး၊လျော့ရှိလာနိုင်ကြောင်းလည်း သျှမ်းပြည် အစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွှန့်လွင်က သျှမ်းသံတော်ဆင့်ကို ပြောကြားခဲ့သည်။

“ ဒါက အစိုးရ အနေနဲ့ စံပြ တရားစွဲ ထောင်ဒဏ်ချလိုက်တဲ့သဘောပါ။ ပြည်သူတွေက မလုပ်ဘူးထင်လို့ အရက်ကို ဝိုင်းသောက်နေကြတာ။ နောက်မလုပ်ရဲအောင် တရားစွဲဆိုလိုက်တာ” ဟု တောင်ကြီး ဒေသခံ အမျိုးသား တဦးက သုံးသပ်ပြောသည်။

နိုင်ငံတော် အစိုးရ မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်သင့်ကြောင်း၊ ယခုကာလသည် အလွန်အရေးကြီးသည့် ကာလဖြစ်သလို ပြည်သူများကိုယ်တိုင်ကလည်း ထိန်းသိမ်းနေသင့်သည့် အချိန်ဖြစ်ကြောင်းလည်း ၎င်း အမျိုးသား ကဆိုသည်။

မြန်မာနိုင်ငံတွင်ယနေ့ မနက် ၇နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ COVID-19ကူးစက်ခံရသူ ၁၂၇ဦးရှိပြီး သေဆုံးသူ ၅ဦးရှိကြောင်း သိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16262
ေတာင္ႀကီးၿမိဳ႕နယ္ ညအမိန႔္မထြက္ရ မလိုက္နာသူ ၈ဦး ေထာင္ဒဏ္ ၃လ ေတာင္ႀကီးၿမိဳ႕နယ္ ညအမိန႔္မထြက္ရ မလိုက္နာသူ ၈ဦး ေထာင္ဒဏ္ ၃လ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.