ကို႐ိုနာဗိုင္းရပ္စ္ - ပိုးကူးၿပီးရင္ ျပန္ေကာင္းဖို႔ ဘယ္ေလာက္ၾကာတတ္လဲ

တူရကီေဆး႐ုံမွာ ျပန္ေကာင္းလာတဲ့ လူနာနဲ႔ ေဆးဝန္ထမ္းေတြ
(Zawgyi)⤵⤵⤵
ကိုဗစ္- ၁၉ ကို စေတြ႕ခဲ့ရတာ ၂၀၁၉ ခုႏွစ္အကုန္ကမွပါ။ တိတိက်က်ေျပာရရင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ဒီဇင္ဘာလေႏွာင္းပိုင္းေလာက္က စေပၚလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဗိုင္းရပ္စ္ပိုး ကူးစက္ခံလိုက္ရတဲ့ တခ်ိဳ႕ လူနာေတြကေတာ့ ျပန္ေကာင္းလာဖို႔ အခ်ိန္အၾကာႀကီး ယူရႏိုင္ပါတယ္။

ျပန္ေကာင္းဖို႔ ဘယ္ေလာက္ အခ်ိန္ယူရမလဲဆိုတာကေတာ့ ကိုယ္စဖ်ားခ်ိန္ ေရာဂါက ဘယ္ေလာက္ ျပင္းထန္သလဲဆိုတဲ့အေပၚလည္း မူတည္ပါတယ္။ တခ်ိဳ႕အတြက္ေတာ့ သာမန္ ဖ်ားနာတာေလာက္ပဲ ျဖစ္ၿပီး ျပန္ေကာင္းသြားတတ္ပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ဒီေရာဂါရဲ႕ ဒဏ္ကို ဆိုးဆိုးဝါးဝါးႀကီးကို ခံလိုက္ရၿပီး ေရာဂါလကၡဏာေတြက်န္ခဲ့လို႔ ကာလတာရွည္ ေဝဒနာခံရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အသက္၊ က်ား၊မနဲ႔ တျခား က်န္းမာေရးျပႆနာေတြအားလုံးက ကိုဗစ္ေရာဂါေၾကာင့္ ဘယ္ေလာက္ နာမက်န္းျဖစ္သြားႏိုင္သလဲဆိုတဲ့ အေပၚ သက္ေရာက္မႈေတြ ရွိၾကပါတယ္။

ကုသမႈ ခံယူရခ်ိန္မွာ ခႏၶာကိုယ္တြင္းထဲထိ အႀကိမ္မ်ားမ်ားနဲ႔ အခ်ိန္ၾကာၾကာ ကုသမႈခံယူခဲ့ရရင္ ျပန္ ေကာင္းဖို႔ အခ်ိန္ ပိုယူရတတ္တယ္လို႔ ဆိုရပါမယ္။

ကိုယ့္မွာ ေရာဂါလကၡဏာ နည္းနည္းပဲျပခဲ့ရင္ေရာ

ကိုဗစ္-၁၉ ကူးစက္ေရာဂါရခဲ့သူအမ်ားစုမွာ ေခ်ာင္းဆိုးတာနဲ႔ ဖ်ားတာလို အဓိက ေရာဂါလကၡဏာေတြေလာက္ပဲ ျပတတ္ပါတယ္။ ဒါေပမယ့္ သူတို႔မွာ ခႏၶာကိုယ္ကိုက္ခဲတာ၊ ပင္ပန္းႏြယ္နယ္တာ၊ လည္ေခ်ာင္းနာ၊ ေခါင္းကိုက္တာမ်ိဳးလည္း ခံစားရႏိုင္ပါတယ္။ ေခ်ာင္းဆိုးရင္ အစမွာေတာ့ ေခ်ာင္းေျခာက္ပဲ ဆိုးတတ္ၿပီး တခ်ိဳ႕လူေတြမွာေတာ့ အခ်ိန္နည္းနည္းၾကာလာရင္ သလိပ္ေတြပါ ပါလာတတ္ပါတယ္။ အဲဒီသလိပ္ထဲမွာ ဗိုင္းရပ္စ္က သတ္လိုက္တဲ့ အဆုတ္ထဲက ပ်က္စီးသြားတဲ့ ဆဲလ္ေတြပါလာတတ္ပါတယ္။

ဒီေရာဂါေတြေလာက္ကိုေတာ့ အိပ္ရာထဲမွာ နားနားေနေနေနရင္၊ အရည္အမ်ားႀကီးေသာက္ရင္၊ ေနာက္ ပါရာစီတေမာလို အကိုက္အခဲေပ်ာက္ေဆး ေသာက္ရင္ သက္သာသြားတတ္ပါတယ္။
တခ်ိဳ႕မွာေတာ့ ျပင္းထန္တဲ့ ေဝဒနာေတြ ခံစားရတတ္ပါတယ္။
ဒီလို ေရာဂါလကၡဏာ သိပ္မျပင္းထန္တဲ့သူေတြက မၾကာခင္မွာပဲ အျပည့္အဝျပန္ေကာင္းသြားတတ္ပါတယ္။ အဖ်ားက တစ္ပတ္ေလာက္အတြင္း ျပန္က်သြားႏိုင္ၿပီး ေခ်ာင္းဆိုးတာကေတာ့ နည္းနည္း ပိုၾကာတတ္ပါတယ္။

တ႐ုတ္မွာ ျဖစ္ခဲ့တဲ့ အေျခအေနေတြကို အခ်က္အလက္ရယူၿပီး ေလ့လာထားတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကေတာ့ ပုံမွန္အား ႏွစ္ပတ္ေလာက္ဆို ေရာဂါသက္သာသြားတတ္တယ္လို႔ ဆိုပါတယ္။

ေရာဂါလကၡဏာက ပိုပိုဆိုးလာေနရင္ေရာ

ကိုဗစ္-၁၉ ေရာဂါရဲ႕ လကၡဏာက တခ်ိဳ႕အတြက္ေတာ့ ဆိုးေနတတ္ပါတယ္။ ဒါကလည္း ပိုးစကူးခံရလို႔ ၇ ရက္က ၁၀ ရက္အတြင္းမွာ ျဖစ္လာတတ္ပါတယ္။ ေရာဂါျပင္းထန္လာတာက ႐ုတ္တရက္ျဖစ္လာတတ္ပါတယ္။ အသက္ရႈရခက္လာၿပီး အဆုတ္ကလည္း ေရာင္ရမ္းလာမယ္။ ဒါကလည္း ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္က အသစ္ဝင္လာတဲ့ ဗိုင္းရပ္စ္ကို တိုက္ဖို႔ အျပင္းအထန္ ႀကိဳးစားတဲ့အခ်ိန္ ခႏၶာကိုယ္တြင္းက တျခားအစိတ္အပိုင္းေတြကိုပါ လိုက္ၿပီး ထိခိုက္သြားတာမ်ိဳးပါ။

အဲဒီအခ်ိန္မ်ိဳးဆိုရင္ တခ်ိဳ႕အတြက္ ေဆး႐ုံတက္ၿပီး ေအာက္စီဂ်င္ေပးရတဲ့ ကုသမႈမ်ိဳး လိုတတ္ပါတယ္။

အသက္ရႈၾကပ္တဲ့ မဝတဲ့ ေရာဂါက ျပန္ေကာင္းဖို႔ အခ်ိန္အေတာ္ယူရတတ္တယ္လို႔ ယူေကက အေထြေထြကုဆရာဝန္ ေဒါက္တာ ဆာရာဂ်ာဗစ္က ေျပာပါတယ္။ ကိုယ့္ ခႏၶာကိုယ္တြင္း အစိတ္အပိုင္းေတြမွာ ဒဏ္ရာရတာ ေရာင္ရမ္းတာမ်ိဳးကို ခႏၶာကိုယ္က ျပန္ကုစားဖို႔ ႀကိဳးစားရတယ္လို႔ သူက ဆိုပါတယ္။

ျပန္ေကာင္းဖို႔ဆို ႏွစ္ပတ္က ႏွစ္လအထိ ၾကာႏိုင္ၿပီး ပင္ပန္းႏြမ္းနယ္မႈက ဆက္ရွိေန က်န္ေနႏိုင္တယ္လို႔လည္း ေျပာပါတယ္။

အေရးေပၚခန္းထဲဝင္ၿပီး အထူးၾကပ္မတ္ကုသမႈ ခံယူရတဲ့အထိ ျဖစ္ႏိုင္မလား

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ ခန္႔မွန္းခ်က္အရ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ အေယာက္ ၂၀ မွာ တစ္ေယာက္က အေရးေပၚၾကပ္မတ္ကုသမႈ ခံရသူေတြ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ အဲဒီလို ကုသမႈခံယူသူေတြဟာ ေမ့ေဆးေပးထားၿပီး သူတို႔ကိုလည္း အသက္ရႉစက္တပ္ၿပီး အသက္ရႈေနေစရပါတယ္။

အိုင္စီယူလို႔ အတိုေကာက္ေခၚတဲ့ အထူးၾကပ္မတ္ကုသေဆာင္ထဲသြင္းရၿပီဆိုရင္ေတာ့ ဘယ္လို ေရာဂါေဝဒနာမ်ိဳးပဲ ျဖစ္ျဖစ္ ျပန္ နာလန္ထူဖို႔ အခ်ိန္ယူရတာခ်ည္းပါပဲ။ အထူးၾကပ္မတ္ကုသေဆာင္ထဲက ထြက္ႏိုင္ၿပီဆိုရင္ေတာင္ အိမ္မျပန္ရေသးဘဲ ေဆး႐ုံမွာ ဆက္ေန ဆက္ကုသမႈ ခံယူၾကရတတ္ပါတယ္။

အထူးၾကပ္မတ္ကုသမႈ ေဆးပညာဆိုင္ရာဌာနက ပါေမာကၡခ်ဳပ္ ေဒါက္တာ အလီဆင္ပစ္တာ့ဒ္ကေတာ့ အထူးၾကပ္မတ္ကုသခန္းထဲ သြင္းၿပီး ကုခဲ့ရတဲ့ လူနာတစ္ေယာက္ လူေကာင္းတစ္ေယာက္လို ျပန္ျဖစ္လာဖို႔က အခ်ိန္ တစ္ႏွစ္က တစ္ႏွစ္ခြဲအထိ ယူရႏိုင္တယ္လို႔ ေျပာပါတယ္။

ေဆး႐ုံက လူနာကုတင္ေပၚ အၾကာႀကီးေနရၿပီဆိုရင္လည္း ႂကြက္သားေတြေပ်ာ့ၿပီး လာတတ္ပါတယ္။ လူနာက အားနည္းေနၿပီး ႂကြက္သားေတြကလည္း ျပန္ႀကံ့ခိုင္လာဖို႔ အခ်ိန္ယူရပါတယ္။

တခ်ိဳ႕ဆို ျပန္လမ္းေလွ်ာက္ႏိုင္ဖို႔ ထူထူေထာင္ေထာင္ျဖစ္လာဖို႔ ေလ့က်င့္ခန္းလုပ္တဲ့ ကုထုံး ဖီဆီယိုသာရပီ ယူရပါတယ္။
 ျပင္သစ္က ကို႐ိုနာ နာလန္ထလူနာေတြ ျပန္လည္ထူေထာင္ေရးဌာန
အိုင္စီယူထဲမွာ ကုသမႈခံယူခဲ့ရတဲ့ အဆင့္ေတြေၾကာင့္ လူနာဟာ စိတ္ေတြမၿငိမ္တာ၊ စိတ္ဂေယာက္ဂယက္ ျဖစ္တာမ်ိဳးေတြလည္း ႀကဳံရတတ္ပါတယ္။

အခု ကိုဗစ္- ၁၉ ကေတာ့ ပိုၿပီးဆိုးတဲ့ ေဝဒနာတစ္ခုကို ထပ္ေဆာင္းေပးတတ္တယ္။ ဗိုင္းရပ္စ္ပိုးက လူကို တအား ႏုံးသြားေစတတ္တယ္လို႔ ကားဒစ္နဲ႔ ေဗးလ္တကၠသိုလ္ေဆးကုသေရးဌာနက အသည္းအသန္လူနာျပဳစုေစာင့္ေရွာက္ေရး ပညာရွင္ ေပါလ္တို႔စ္က ဆိုပါတယ္။

တ႐ုတ္နဲ႔ အီတလီက လူနာေတြ ႀကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အႀကဳံအရ တစ္ကိုယ္လုံးအားေပ်ာ့ ႏုံးခ်ိတာ၊ နည္းနည္းေလး လႈပ္ရွားတာနဲ႔ အသက္ရႈမဝတာ၊ ေတာက္ေလွ်ာက္ ေခ်ာင္းဆိုးေနတာနဲ႔ အသက္ရႈႏႈန္းမမွန္တာေတြ ခံစားရတယ္လို႔ ဆိုပါတယ္။ တခ်ိန္လုံးလည္း အိပ္ခ်င္ေနတယ္လို႔ ဆိုပါတယ္။

လူနာေတြဟာ ျပန္ေကာင္းလာဖို႔ အခ်ိန္အၾကာႀကီး လိုတယ္၊ လနဲ႔ခ်ီၿပီးေတာင္ ၾကာႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔ သိထားပါတယ္လို႔ ေဒါက္တာတို႔စ္က ေျပာပါတယ္။ ဒါေပမယ့္ အားလုံးကို ေယဘုယ်သေဘာ ၿခဳံၿပီး ေျပာဖို႔ကေတာ့ ခက္ပါတယ္။ တခ်ိဳ႕က အေရးေပၚကုသခန္းထဲ ခဏပဲ ေနလိုက္ရၿပီး တခ်ိဳ႕က်ေတာ့ ရက္သတၱပတ္ေတာ္ေတာ္ၾကာေအာင္ အသက္ရႉစက္တပ္ထားရတာမ်ိဳး ရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ က်န္းမာေရးကို ေရရွည္ ထိခိုက္သြားႏိုင္မွာလား

အခုအထိေတာ့ ဗိုင္းရပ္စ္ကို စေတြ႕ရတာ သိပ္မၾကာေသးလို႔ ပိုးကူးခံရသူေတြရဲ႕ က်န္းမာေရးကို ေရရွည္ထိခိုက္သြားႏိုင္မွာလား ဆိုတာ အေသအခ်ာ မေျပာႏိုင္ပါဘူး။

ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္က ဗိုင္းရပ္စ္ကို တစ္မဟုတ္ခ်င္းတိုက္ထုတ္ဖို႔ ႀကိဳးစားတာမ်ိဳး ျဖစ္တဲ့ လူေတြမွာ အသက္ရႉလမ္းေၾကာင္းထိခိုက္ၿပီး အဆုတ္ေတြလည္း ပ်က္စီးသြားတတ္ပါတယ္။

ရထားသမွ် အခ်က္အလက္ေတြကို ၾကည့္ရင္ ပိုးကူးခံရတဲ့ လူေတြဟာ ေနာက္ငါးႏွစ္ေလာက္အထိ ကိုယ္ခႏၶာေရာ စိတ္ပိုင္းဆိုင္ရာပါ ထိခိုက္ခံစားရတာေတြ၊ အခက္အခဲေတြ ဆက္ေတြ႕ရႏိုင္ပါေသးတယ္လို႔ ေဒါက္တာ တို႔စ္က ဆိုပါတယ္။

ဝါးရစ္ေဆးတကၠသိုလ္က ဆရာလည္းျဖစ္ ကိုယ္တိုင္လည္း အေထြေထြကုဆရာဝန္ျဖစ္သူ ေဒါက္တာ ဂ်ိမ္းစ္ဂင္းလ္ကေတာ့ လူနာေတြ ျပန္နာလန္ထူဖို႔ဆိုရင္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ အကူအညီေတြလည္း လိုတယ္လို႔ ေျပာပါတယ္။

"ကိုယ္က အသက္ရႉရတာ အခက္ေတြ႕ေနတယ္၊ ဆရာဝန္က ခင္ဗ်ားကို အသက္ရႉစက္ေပၚတင္ရမယ္လို႔ ေျပာလာတယ္၊ ခင္ဗ်ား အိပ္ေပ်ာ္သြားေအာင္ လုပ္ရမယ္၊ ခင္ဗ်ား မိသားစုကို ႏႈတ္ဆက္ခ်င္ေသးလား၊ ဒါမ်ိဳး ေျပာလာမယ္။

အဲဒီလိုမ်ိဳး ႀကဳံခဲ့ရတဲ့ အေျခအေနဆိုးတဲ့ လူနာေတြမွာ စိတ္ဒဏ္ရာ ႀကီးႀကီးမားမား ရသြားတာ မဆန္းပါဘူး။ ဒီဗိုင္းရပ္စ္ေၾကာင့္ လူနာအမ်ားႀကီးမွာ စိတ္ဒဏ္ရာေတြ ရသြားခဲ့ႏိုင္ပါတယ္။"

တခ်ိဳ႕ ေရာဂါေၾကာင့္ ေဝဒနာ သိပ္ျပင္းျပင္းထန္ထန္ မခံလိုက္ရသူေတြမွာေတာင္ ေရရွည္မွာ လြယ္လြယ္ ပင္ပန္းႏြမ္းနယ္တတ္၊ ႏုံးေနတတ္တဲ့ က်န္းမာေရးျပႆနာမ်ိဳးေတြ အခ်ိန္အၾကာႀကီး ခံစားသြားရတတ္ပါတယ္။

ျပန္ေကာင္းလာသူ ဘယ္ႏွေယာက္ရွိၿပီလဲ

အတိအက်ေတာ့ ေျပာဖို႔ခက္ပါတယ္။ အခု ဗိုင္းရပ္စ္စျဖစ္ကတည္းက သုေတသနျပဳ မွတ္တမ္းတင္တာေတြ လုပ္ေနခဲ့တဲ့ အေမရိကန္ ျပည္ေထာင္စု ဂြၽန္ေဟာ့ပ္ကင္းစ္တကၠသိုလ္ကေတာ့ ဧၿပီလ ၁၅ ရက္ေန႔အထိ သူတို႔ ျပဳစုထားတဲ့ စာရင္းအရ ကူးစက္ခံရသူ ႏွစ္သန္းေက်ာ္ထဲမွာ ျပန္ေကာင္းလာသူက ငါးသိန္းေလာက္ရွိတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ကူးစက္၊ ေသဆုံး၊ ျပန္ေကာင္းသူ စာရင္းေတြကို မွတ္တမ္းတင္ရာမွာ ႏိုင္ငံအလိုက္ သုံးၾကတဲ့ နည္းစနစ္ေတြက မတူၾကပါဘူး။ တခ်ိဳ႕ႏိုင္ငံေတြက ျပန္ေကာင္းသူ စာရင္းကို မထုတ္ျပန္သလို ကူးစက္ခံရၿပီး သာမာန္ေလာက္ပဲ ဖ်ားနာသူေတြဆိုရင္လည္း စာရင္းထဲ မပါၾကျပန္ပါဘူး။

သခ်ၤာနည္းနဲ႔ ပုံစံထုတ္တြက္ခ်က္ၾကတဲ့ စာရင္းေတြမွာေတာ့ ၉၉ ရာခိုင္ႏႈန္းေလာက္အထိက ျပန္ေကာင္းလာၾကတယ္လို႔ ဆိုပါတယ္။
 ေမာ္႐ိုကို ေဆး႐ုံတစ္ခုမွာ ေတြ႕ရတဲ့ ျပန္ေကာင္းလာသူတစ္ေယာက္

ကိုဗစ္က ကူးမိခံရၿပီးရင္ ေနာက္တစ္ႀကိမ္ ထပ္ကူးခံရႏိုင္လား

ကိုယ့္ခႏၶာကိုယ္ရဲ႕ ခုခံစြမ္းအားနဲ႔ ပတ္သက္လို႔ အမ်ိဳးမ်ိဳးတြက္ဆၾက ေလ့လာၾကတာေတြ ရွိေပမယ့္ ဘယ္ေလာက္ခံႏိုင္ရည္ရွိသလဲဆိုတာကို အတိအက်ေျပာႏိုင္ဖို႔ ခက္ပါတယ္။ ပိုးကူးခံခဲ့ရၿပီးပိုးကိုလည္း ေအာင္ေအာင္ျမင္ျမင္ တိုက္ထုတ္ႏိုင္လိုက္ၿပီဆိုရင္ အဲဒီလူနာရဲ႕ ခႏၶာကိုယ္ထဲမွာ ပိုးကို ခုခံႏိုင္တဲ့ အင္အားတစ္ခုေတာ့ ရသြားပါၿပီ။ ပိုးကို သိသြား၊ ဘယ္လိုတိုက္ထုတ္ရမယ္ဆိုတာ ခႏၶာကိုယ္ရဲ႕ ခုခံႏိုင္မႈ စနစ္က နားလည္သြားၿပီ လို႔လည္း ဆိုႏိုင္ပါတယ္။

လူနာတစ္ေယာက္ ပိုး ဒုတိယအႀကိမ္ ထပ္ကူးခံရတယ္ဆိုတဲ့ သတင္းေတြကလည္း သူ႔ကို စစ္တုန္း ပထမအေခါက္က သူ႔မွာ ပိုးမရွိေတာ့ဘူးလို႔ မွားၿပီး အေျဖထြက္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ လူတစ္ေယာက္ကို ပိုးႏွစ္ႀကိမ္ ကူးႏိုင္သလားဆိုတာကို မွန္မွန္ကန္ကန္သိဖို႔ဆိုရင္ ဒီကိုဗစ္- ၁၉ ဗိုင္းရပ္စ္ပိုးကို ခႏၶာကိုယ္ရဲ႕ ခုခံစြမ္းအားစနစ္က ဘယ္လို တိုက္ထုတ္ႏိုင္သလဲဆိုတာသိရဖို႔ လိုပါတယ္။ ဒါမွလည္း ဒီပိုးကို တားဆီးႏိုင္မယ့္ ထိေရာက္တဲ့ ကာကြယ္ေဆးကို ေဖာ္ထုတ္လို႔ရမွာ ျဖစ္ပါတယ္။

ဂ်ိမ္းစ္ ဂါလာဂါ က်န္းမာေရးနဲ႔ သိပၸံသတင္းေထာက္
BBC Burmese
-------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ပိုးကူးပြီးရင် ပြန်ကောင်းဖို့ ဘယ်လောက်ကြာတတ်လဲ

ကိုဗစ်- ၁၉ ကို စတွေ့ခဲ့ရတာ ၂၀၁၉ ခုနှစ်အကုန်ကမှပါ။ တိတိကျကျပြောရရင် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီဇင်ဘာလနှောင်းပိုင်းလောက်က စပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံလိုက်ရတဲ့ တချို့ လူနာတွေကတော့ ပြန်ကောင်းလာဖို့ အချိန်အကြာကြီး ယူရနိုင်ပါတယ်။

ပြန်ကောင်းဖို့ ဘယ်လောက် အချိန်ယူရမလဲဆိုတာကတော့ ကိုယ်စဖျားချိန် ရောဂါက ဘယ်လောက် ပြင်းထန်သလဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။ တချို့အတွက်တော့ သာမန် ဖျားနာတာလောက်ပဲ ဖြစ်ပြီး ပြန်ကောင်းသွားတတ်ပါတယ်။ တချို့ကျတော့လည်း ဒီရောဂါရဲ့ ဒဏ်ကို ဆိုးဆိုးဝါးဝါးကြီးကို ခံလိုက်ရပြီး ရောဂါလက္ခဏာတွေကျန်ခဲ့လို့ ကာလတာရှည် ဝေဒနာခံရတာမျိုး ဖြစ်နိုင်ပါတယ်။

အသက်၊ ကျား၊မနဲ့ တခြား ကျန်းမာရေးပြဿနာတွေအားလုံးက ကိုဗစ်ရောဂါကြောင့် ဘယ်လောက် နာမကျန်းဖြစ်သွားနိုင်သလဲဆိုတဲ့ အပေါ် သက်ရောက်မှုတွေ ရှိကြပါတယ်။

ကုသမှု ခံယူရချိန်မှာ ခန္ဓာကိုယ်တွင်းထဲထိ အကြိမ်များများနဲ့ အချိန်ကြာကြာ ကုသမှုခံယူခဲ့ရရင် ပြန် ကောင်းဖို့ အချိန် ပိုယူရတတ်တယ်လို့ ဆိုရပါမယ်။

ကိုယ့်မှာ ရောဂါလက္ခဏာ နည်းနည်းပဲပြခဲ့ရင်ရော

ကိုဗစ်-၁၉ ကူးစက်ရောဂါရခဲ့သူအများစုမှာ ချောင်းဆိုးတာနဲ့ ဖျားတာလို အဓိက ရောဂါလက္ခဏာတွေလောက်ပဲ ပြတတ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ခန္ဓာကိုယ်ကိုက်ခဲတာ၊ ပင်ပန်းနွယ်နယ်တာ၊ လည်ချောင်းနာ၊ ခေါင်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ ချောင်းဆိုးရင် အစမှာတော့ ချောင်းခြောက်ပဲ ဆိုးတတ်ပြီး တချို့လူတွေမှာတော့ အချိန်နည်းနည်းကြာလာရင် သလိပ်တွေပါ ပါလာတတ်ပါတယ်။ အဲဒီသလိပ်ထဲမှာ ဗိုင်းရပ်စ်က သတ်လိုက်တဲ့ အဆုတ်ထဲက ပျက်စီးသွားတဲ့ ဆဲလ်တွေပါလာတတ်ပါတယ်။

ဒီရောဂါတွေလောက်ကိုတော့ အိပ်ရာထဲမှာ နားနားနေနေနေရင်၊ အရည်အများကြီးသောက်ရင်၊ နောက် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး သောက်ရင် သက်သာသွားတတ်ပါတယ်။

ဒီလို ရောဂါလက္ခဏာ သိပ်မပြင်းထန်တဲ့သူတွေက မကြာခင်မှာပဲ အပြည့်အဝပြန်ကောင်းသွားတတ်ပါတယ်။ အဖျားက တစ်ပတ်လောက်အတွင်း ပြန်ကျသွားနိုင်ပြီး ချောင်းဆိုးတာကတော့ နည်းနည်း ပိုကြာတတ်ပါတယ်။

တရုတ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အချက်အလက်ရယူပြီး လေ့လာထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ပုံမှန်အား နှစ်ပတ်လောက်ဆို ရောဂါသက်သာသွားတတ်တယ်လို့ ဆိုပါတယ်။
ရောဂါလက္ခဏာက ပိုပိုဆိုးလာနေရင်ရော

ကိုဗစ်-၁၉ ရောဂါရဲ့ လက္ခဏာက တချို့အတွက်တော့ ဆိုးနေတတ်ပါတယ်။ ဒါကလည်း ပိုးစကူးခံရလို့ ၇ ရက်က ၁၀ ရက်အတွင်းမှာ ဖြစ်လာတတ်ပါတယ်။ ရောဂါပြင်းထန်လာတာက ရုတ်တရက်ဖြစ်လာတတ်ပါတယ်။ အသက်ရှုရခက်လာပြီး အဆုတ်ကလည်း ရောင်ရမ်းလာမယ်။ ဒါကလည်း ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အသစ်ဝင်လာတဲ့ ဗိုင်းရပ်စ်ကို တိုက်ဖို့ အပြင်းအထန် ကြိုးစားတဲ့အချိန် ခန္ဓာကိုယ်တွင်းက တခြားအစိတ်အပိုင်းတွေကိုပါ လိုက်ပြီး ထိခိုက်သွားတာမျိုးပါ။

အဲဒီအချိန်မျိုးဆိုရင် တချို့အတွက် ဆေးရုံတက်ပြီး အောက်စီဂျင်ပေးရတဲ့ ကုသမှုမျိုး လိုတတ်ပါတယ်။

အသက်ရှုကြပ်တဲ့ မဝတဲ့ ရောဂါက ပြန်ကောင်းဖို့ အချိန်အတော်ယူရတတ်တယ်လို့ ယူကေက အထွေထွေကုဆရာဝန် ဒေါက်တာ ဆာရာဂျာဗစ်က ပြောပါတယ်။ ကိုယ့် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေမှာ ဒဏ်ရာရတာ ရောင်ရမ်းတာမျိုးကို ခန္ဓာကိုယ်က ပြန်ကုစားဖို့ ကြိုးစားရတယ်လို့ သူက ဆိုပါတယ်။

ပြန်ကောင်းဖို့ဆို နှစ်ပတ်က နှစ်လအထိ ကြာနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုက ဆက်ရှိနေ ကျန်နေနိုင်တယ်လို့လည်း ပြောပါတယ်။

အရေးပေါ်ခန်းထဲဝင်ပြီး အထူးကြပ်မတ်ကုသမှု ခံယူရတဲ့အထိ ဖြစ်နိုင်မလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အယောက် ၂၀ မှာ တစ်ယောက်က အရေးပေါ်ကြပ်မတ်ကုသမှု ခံရသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ကုသမှုခံယူသူတွေဟာ မေ့ဆေးပေးထားပြီး သူတို့ကိုလည်း အသက်ရှူစက်တပ်ပြီး အသက်ရှုနေစေရပါတယ်။

အိုင်စီယူလို့ အတိုကောက်ခေါ်တဲ့ အထူးကြပ်မတ်ကုသဆောင်ထဲသွင်းရပြီဆိုရင်တော့ ဘယ်လို ရောဂါဝေဒနာမျိုးပဲ ဖြစ်ဖြစ် ပြန် နာလန်ထူဖို့ အချိန်ယူရတာချည်းပါပဲ။ အထူးကြပ်မတ်ကုသဆောင်ထဲက ထွက်နိုင်ပြီဆိုရင်တောင် အိမ်မပြန်ရသေးဘဲ ဆေးရုံမှာ ဆက်နေ ဆက်ကုသမှု ခံယူကြရတတ်ပါတယ်။

အထူးကြပ်မတ်ကုသမှု ဆေးပညာဆိုင်ရာဌာနက ပါမောက္ခချုပ် ဒေါက်တာ အလီဆင်ပစ်တာ့ဒ်ကတော့ အထူးကြပ်မတ်ကုသခန်းထဲ သွင်းပြီး ကုခဲ့ရတဲ့ လူနာတစ်ယောက် လူကောင်းတစ်ယောက်လို ပြန်ဖြစ်လာဖို့က အချိန် တစ်နှစ်က တစ်နှစ်ခွဲအထိ ယူရနိုင်တယ်လို့ ပြောပါတယ်။

ဆေးရုံက လူနာကုတင်ပေါ် အကြာကြီးနေရပြီဆိုရင်လည်း ကြွက်သားတွေပျော့ပြီး လာတတ်ပါတယ်။ လူနာက အားနည်းနေပြီး ကြွက်သားတွေကလည်း ပြန်ကြံ့ခိုင်လာဖို့ အချိန်ယူရပါတယ်။

တချို့ဆို ပြန်လမ်းလျှောက်နိုင်ဖို့ ထူထူထောင်ထောင်ဖြစ်လာဖို့ လေ့ကျင့်ခန်းလုပ်တဲ့ ကုထုံး ဖီဆီယိုသာရပီ ယူရပါတယ်။

အိုင်စီယူထဲမှာ ကုသမှုခံယူခဲ့ရတဲ့ အဆင့်တွေကြောင့် လူနာဟာ စိတ်တွေမငြိမ်တာ၊ စိတ်ဂယောက်ဂယက် ဖြစ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

အခု ကိုဗစ်- ၁၉ ကတော့ ပိုပြီးဆိုးတဲ့ ဝေဒနာတစ်ခုကို ထပ်ဆောင်းပေးတတ်တယ်။ ဗိုင်းရပ်စ်ပိုးက လူကို တအား နုံးသွားစေတတ်တယ်လို့ ကားဒစ်နဲ့ ဗေးလ်တက္ကသိုလ်ဆေးကုသရေးဌာနက အသည်းအသန်လူနာပြုစုစောင့်ရှောက်ရေး ပညာရှင် ပေါလ်တို့စ်က ဆိုပါတယ်။

တရုတ်နဲ့ အီတလီက လူနာတွေ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရ တစ်ကိုယ်လုံးအားပျော့ နုံးချိတာ၊ နည်းနည်းလေး လှုပ်ရှားတာနဲ့ အသက်ရှုမဝတာ၊ တောက်လျှောက် ချောင်းဆိုးနေတာနဲ့ အသက်ရှုနှုန်းမမှန်တာတွေ ခံစားရတယ်လို့ ဆိုပါတယ်။ တချိန်လုံးလည်း အိပ်ချင်နေတယ်လို့ ဆိုပါတယ်။

လူနာတွေဟာ ပြန်ကောင်းလာဖို့ အချိန်အကြာကြီး လိုတယ်၊ လနဲ့ချီပြီးတောင် ကြာနိုင်တယ်လို့ ကျွန်တော်တို့ သိထားပါတယ်လို့ ဒေါက်တာတို့စ်က ပြောပါတယ်။ ဒါပေမယ့် အားလုံးကို ယေဘုယျသဘော ခြုံပြီး ပြောဖို့ကတော့ ခက်ပါတယ်။ တချို့က အရေးပေါ်ကုသခန်းထဲ ခဏပဲ နေလိုက်ရပြီး တချို့ကျတော့ ရက်သတ္တပတ်တော်တော်ကြာအောင် အသက်ရှူစက်တပ်ထားရတာမျိုး ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးကို ရေရှည် ထိခိုက်သွားနိုင်မှာလား

အခုအထိတော့ ဗိုင်းရပ်စ်ကို စတွေ့ရတာ သိပ်မကြာသေးလို့ ပိုးကူးခံရသူတွေရဲ့ ကျန်းမာရေးကို ရေရှည်ထိခိုက်သွားနိုင်မှာလား ဆိုတာ အသေအချာ မပြောနိုင်ပါဘူး။

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဗိုင်းရပ်စ်ကို တစ်မဟုတ်ချင်းတိုက်ထုတ်ဖို့ ကြိုးစားတာမျိုး ဖြစ်တဲ့ လူတွေမှာ အသက်ရှူလမ်းကြောင်းထိခိုက်ပြီး အဆုတ်တွေလည်း ပျက်စီးသွားတတ်ပါတယ်။

ရထားသမျှ အချက်အလက်တွေကို ကြည့်ရင် ပိုးကူးခံရတဲ့ လူတွေဟာ နောက်ငါးနှစ်လောက်အထိ ကိုယ်ခန္ဓာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားရတာတွေ၊ အခက်အခဲတွေ ဆက်တွေ့ရနိုင်ပါသေးတယ်လို့ ဒေါက်တာ တို့စ်က ဆိုပါတယ်။

ဝါးရစ်ဆေးတက္ကသိုလ်က ဆရာလည်းဖြစ် ကိုယ်တိုင်လည်း အထွေထွေကုဆရာဝန်ဖြစ်သူ ဒေါက်တာ ဂျိမ်းစ်ဂင်းလ်ကတော့ လူနာတွေ ပြန်နာလန်ထူဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကူအညီတွေလည်း လိုတယ်လို့ ပြောပါတယ်။

"ကိုယ်က အသက်ရှူရတာ အခက်တွေ့နေတယ်၊ ဆရာဝန်က ခင်ဗျားကို အသက်ရှူစက်ပေါ်တင်ရမယ်လို့ ပြောလာတယ်၊ ခင်ဗျား အိပ်ပျော်သွားအောင် လုပ်ရမယ်၊ ခင်ဗျား မိသားစုကို နှုတ်ဆက်ချင်သေးလား၊ ဒါမျိုး ပြောလာမယ်။

အဲဒီလိုမျိုး ကြုံခဲ့ရတဲ့ အခြေအနေဆိုးတဲ့ လူနာတွေမှာ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရသွားတာ မဆန်းပါဘူး။ ဒီဗိုင်းရပ်စ်ကြောင့် လူနာအများကြီးမှာ စိတ်ဒဏ်ရာတွေ ရသွားခဲ့နိုင်ပါတယ်။"

တချို့ ရောဂါကြောင့် ဝေဒနာ သိပ်ပြင်းပြင်းထန်ထန် မခံလိုက်ရသူတွေမှာတောင် ရေရှည်မှာ လွယ်လွယ် ပင်ပန်းနွမ်းနယ်တတ်၊ နုံးနေတတ်တဲ့ ကျန်းမာရေးပြဿနာမျိုးတွေ အချိန်အကြာကြီး ခံစားသွားရတတ်ပါတယ်။

ပြန်ကောင်းလာသူ ဘယ်နှယောက်ရှိပြီလဲ

အတိအကျတော့ ပြောဖို့ခက်ပါတယ်။ အခု ဗိုင်းရပ်စ်စဖြစ်ကတည်းက သုတေသနပြု မှတ်တမ်းတင်တာတွေ လုပ်နေခဲ့တဲ့ အမေရိကန် ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်ကတော့ ဧပြီလ ၁၅ ရက်နေ့အထိ သူတို့ ပြုစုထားတဲ့ စာရင်းအရ ကူးစက်ခံရသူ နှစ်သန်းကျော်ထဲမှာ ပြန်ကောင်းလာသူက ငါးသိန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကူးစက်၊ သေဆုံး၊ ပြန်ကောင်းသူ စာရင်းတွေကို မှတ်တမ်းတင်ရာမှာ နိုင်ငံအလိုက် သုံးကြတဲ့ နည်းစနစ်တွေက မတူကြပါဘူး။ တချို့နိုင်ငံတွေက ပြန်ကောင်းသူ စာရင်းကို မထုတ်ပြန်သလို ကူးစက်ခံရပြီး သာမာန်လောက်ပဲ ဖျားနာသူတွေဆိုရင်လည်း စာရင်းထဲ မပါကြပြန်ပါဘူး။

သင်္ချာနည်းနဲ့ ပုံစံထုတ်တွက်ချက်ကြတဲ့ စာရင်းတွေမှာတော့ ၉၉ ရာခိုင်နှုန်းလောက်အထိက ပြန်ကောင်းလာကြတယ်လို့ ဆိုပါတယ်။

ကိုယ့်ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားနဲ့ ပတ်သက်လို့ အမျိုးမျိုးတွက်ဆကြ လေ့လာကြတာတွေ ရှိပေမယ့် ဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာကို အတိအကျပြောနိုင်ဖို့ ခက်ပါတယ်။ ပိုးကူးခံခဲ့ရပြီးပိုးကိုလည်း အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်လိုက်ပြီဆိုရင် အဲဒီလူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ပိုးကို ခုခံနိုင်တဲ့ အင်အားတစ်ခုတော့ ရသွားပါပြီ။ ပိုးကို သိသွား၊ ဘယ်လိုတိုက်ထုတ်ရမယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်မှု စနစ်က နားလည်သွားပြီ လို့လည်း ဆိုနိုင်ပါတယ်။

လူနာတစ်ယောက် ပိုး ဒုတိယအကြိမ် ထပ်ကူးခံရတယ်ဆိုတဲ့ သတင်းတွေကလည်း သူ့ကို စစ်တုန်း ပထမအခေါက်က သူ့မှာ ပိုးမရှိတော့ဘူးလို့ မှားပြီး အဖြေထွက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ကို ပိုးနှစ်ကြိမ် ကူးနိုင်သလားဆိုတာကို မှန်မှန်ကန်ကန်သိဖို့ဆိုရင် ဒီကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်က ဘယ်လို တိုက်ထုတ်နိုင်သလဲဆိုတာသိရဖို့ လိုပါတယ်။ ဒါမှလည်း ဒီပိုးကို တားဆီးနိုင်မယ့် ထိရောက်တဲ့ ကာကွယ်ဆေးကို ဖော်ထုတ်လို့ရမှာ ဖြစ်ပါတယ်။

ဂျိမ်းစ် ဂါလာဂါ ကျန်းမာရေးနဲ့ သိပ္ပံသတင်းထောက်
BBC Burmese
https://www.bbc.com/burmese/world-52348160
ကို႐ိုနာဗိုင္းရပ္စ္ - ပိုးကူးၿပီးရင္ ျပန္ေကာင္းဖို႔ ဘယ္ေလာက္ၾကာတတ္လဲ ကို႐ိုနာဗိုင္းရပ္စ္ - ပိုးကူးၿပီးရင္ ျပန္ေကာင္းဖို႔ ဘယ္ေလာက္ၾကာတတ္လဲ Reviewed by THITHTOOLWIN on 23:07 Rating: 5
Powered by Blogger.