လူနာ အမွတ္ ၁၂၁၊ ရႈပ္ေထြးလွတဲ့ ထိေတြ႕မႈ


ကိုဗစ္ လူနာ အမွတ္ (၁၂၁) နဲ႔ ထိေတြ႕ခဲ့တဲ့ လူေတြ ဟာ အလြန္မ်ားျပားၿပီး လက္ရွိမွာ သက္ဆိုင္ရာက ရႈပ္ေထြးမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ဧၿပီ ၂၁ရက္ ည ၈နာရီ တြင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ကိုဗစ္ လူနာ ၂ဦးတိုးေၾကာင္းထုတ္ျပန္ေၾကညာခဲ့ၿပီး အဲဒီအထဲမွာ ေတာင္ႀကီးက ကိုဗစ္လူနာ အမွတ္ ၁၂၁ တဦးပါလာပါတယ္။

သူကေတာ့ မတ္ ၂၂ရက္ေန႔က အဂၤလန္ကေန ရန္ကုန္ၿမိဳ႕ ကိုျပန္ေရာက္လာၿပီး Yangon Airport Hotel တြင္ Quarantine ခံယူခဲ့သူတဦးပါ။

ရန္ကုန္ Quarantine ဝင္ခ်ိန္ကတည္းက ခံတြင္း အရသာနဲ႔ အနံ႔ မရရွိခဲ့ဘူးလို႔ သိပါတယ္။

ထို႔ျပင္ quarantine ျပည့္ၿပီး ဧၿပီ ၅ ရက္ေန႔က ရန္ကုန္ မွ ဟဲဟိုး ကို Golden Myanmar Airline ျဖင့္ ခရီးသည္ ၂၈ နဲ႔ အတူ လိုက္ပါခဲ့ပါတယ္။

ယမန္ေန႔ တြင္ သက္ဆိုင္ရာ စာရင္းအရ လူနာအမွတ္(၁၂၁) ထိေတြ႕ခဲ့သူဟာ ၁၂ဦးသာ ရွိေၾကာင္းသိရၿပီး လက္ေတြ႕မွာေတာ့ ၅၀ ေက်ာ္ရွိေနပါတယ္။

ဒါ့အျပင္ Second contant ထိေတြ႕မႈေတြ ကလည္း ဆက္လက္ရွိေတာ့ လက္ရွိ လူနာအမွတ္ ၁၂၁ ရဲ႕ထိေတြမႈဟာ ရႈပ္ေထြးေနေၾကာင္းလည္း သက္ဆိုင္ရာ ဌာနေတြက ေျပာဆိုလိုက္ပါတယ္။

“သူ နဲ႔ ထိေတြ႕တဲ့သူ အားလုံး ပွ်မ္းမွ် ၅၀ ေလာက္ရွိမယ္။ သူ႔မိသားစုဝင္ေတြပါတယ္ ၿပီးေတာ့ သြားေဆးခန္း သြားဆရာဝန္ လဲပါတယ္။ ေလယာဥ္ တူတူစီးတဲ့ သူေတြလဲ ပါမယ္” လို႔ ျပည္နယ္အထူးေရာဂါ နိမ္နင္းေရးဌာန လက္ေထာက္ၫြန္ၾကားေရးမႉး ေဒါက္တာႏွင္းအိျဖဴ ကေျပာပါတယ္။

လူနာအမွတ္ (၁၂၁) နဲ႔ထိေတြ႕တဲ့သူအားလုံးကို လိုက္ရွာထားၿပီး၊ သူသြားတဲ့ေနရာေတြ၊ ထိေတြ႕တဲ့သူေတြအားလုံးကိုလည္း ဓာတ္ခြဲနမူနာ ပို႔ထားေၾကာင္း ေဒါက္တာႏွင္းအိျဖဴ က ေျပာျပပါတယ္။

“သူ သြားထားတဲ့ေနရာကိုလဲ သူေသခ်ာေျပာျပထားတယ္။ ဒီေန႔ေတာ့ သူ သြားထားတဲ့ေနရာ ထိေတြ႕တဲ့သူေတြကိုေတာ့ ဓါတ္ခြဲနမူနာ ယူထားၿပီးၿပီ”လို႔ ေဒါက္တာႏွင္းအိျဖဴ ကေျပာပါတယ္။

ဆက္လက္ၿပီး ေတြ႕တဲ့သူေတြစာရင္း အရ ဆိုရင္ “ သူ႔ေမာင္ေလး လဲပါတယ္။ သူ ေခါက္ဆြဲ စားတဲ့ ေနာင္မြန္ ေခါက္ဆြဲ ဆိုင္လည္း ပါတယ္။ သူ႔ေမာင္ေလးရဲ႕ ပရဟိတ ေက်ာင္းက အားလုံးကို ဓါတ္ခြဲနမူနာ ယူထားၿပီး စစ္ေဆးသြားမယ္” လို႔ ေဒါက္တာႏွင္းအိျဖဴ ကေျပာပါတယ္။

လူနာ အမွတ္ (၁၂၁) သည္ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မ ရပ္ကြက္ေနထိုင္သူ ျဖစ္ၿပီး ဘုရားျဖဴတြင္ေနထိုင္သည့္ ကိုယ္ဝန္ေဆာင္ေနတဲ့ မိခင္ကို မၾကာခဏ သြားလည္ပတ္ခဲ့ပါတယ္။

သူမဟာ သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြနဲ႔ ေတာင္ႀကီးေဈး ၊ ေတာင္ေပၚစခန္း ပရဟိတေက်ာင္း ၊ ဘုရားျဖဴရပ္ကြက္၊ သြားေဆးခန္း၊ ေ႐ႊဘုန္းပြင့္ဘုရား၊ ေတာင္ႀကီး ေတာင္ေပၚ ၊ Royal TGI Hotel ႏွင့္ VX Bar တို႔မွာလည္းသြားေရာက္လည္ပတ္ခဲ့ေသးပါတယ္။
Photo by Sai Moe/ ေတာင္ႀကီးၿမိဳ႕ အေပၚျမင္ကြင္း
ဒါ့အျပင္ လူနာအမွတ္ (၁၂၁)ရဲ႕ ရႈပ္ေထြးလွတဲ့ ထိေတြ႕မႈ အေၾကာင္းကို စုံစမ္းရသေလာက္ကေတာ့ ေတာင္ႀကီးၿမိဳ႕ ရဲစခန္း နဲ႔ ၿမိဳ႕မ တရားသူႀကီး တို႔ကို တိုက္႐ိုက္ထိေတြ႕ခဲ့ျခင္းမရွိေသာ္လည္း Secondary Contant ဆိုတဲ့ထိေတြ႕မႈရွိေၾကာင္း သက္ဆိုင္ရာက ေျပာဆိုလိုက္ပါတယ္။

ဒါေၾကာင့္ ေတာင္ႀကီးၿမိဳ႕မ ရဲစခန္း နဲ႔ ၿမိဳ႕နယ္ တရားသူႀကီးတို႔ က လူ Secondary Contant ျဖစ္တဲ့အေလ်ာက္ အိမ္မွာပဲ အသြားအလာ ကန႔္သတ္ထားေၾကာင္း ( Home Quarantine) ပဲ လုပ္ထားေၾကာင္း ေဒါက္တာ ႏွင္းအိျဖဴ က ရွင္းျပပါတယ္။

“ၿမိဳ႕နယ္ တရားသူႀကီးေတြ ရဲစခန္းက ဝန္ထမ္းေတြက အတည္ျပဳလူနာ နဲ႔ တိုက္႐ိုက္ထိေတြ႕တာ မရွိဘူး။ အတည္ျပဳ လူနာကို ထိ႐ိုက္ထိေတြ႕ခဲ့သူ ၊ေနာက္ထပ္ ထိေတြ႕ထပ္ၿပီး ထိေတြ႕တဲ့မ်ိဳး Secondary Contant လို႔ေခၚတာေပါ့” လို႔ ေဒါက္တာႏွင္းအိျဖဴ က အေသးစိတ္ရွင္းျပပါတယ္။

လက္တေလာ အေျခအေနမွာေတာ့ သူမ တိုက္႐ိုက္ထိေတြ႕သူ ၅၀ ဦးကို ဓါတ္ခြဲနမူနာ ယူထားၿပီး ေရာဂါပိုးရွိမွသာ Secondary Contant မ်ားကို ဆက္လက္ၿပီး ဓါတ္ခြဲ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

“အခုက သူုတို႔က secondary contant ပဲ ရွိေနေသးတာေၾကာင့္ သူတို႔ကို အိမ္မွာပဲ Home Quarantine ပဲ ထားထားပါတယ္။ အေျဖထြက္တဲ့ထိေတာ့ သူတို႔ကို အိမ္မွာ ေနေပးပါလို႔ ေျပာထားပါတယ္”လို႔ ေဒါက္တာႏွင္းအိျဖဴ က ဆိုပါတယ္။

လူနာ အမွတ္ ၁၂၁ ဟာ ဧၿပီ ၅ ရက္ေန႔တြင္ ေတာင္ႀကီးသို႔ ေရာက္ရွိလာၿပီး ဧၿပီ ၆ ရက္ေန႔တြင္ ေတာင္ႀကီးေဈး ၊ ဧၿပီ ၇ ရက္ေန႔တြင္ လြိဳင္ေကာ္ၿမိဳ႕ရွိ ေတာင္ေပၚစခန္း ပရဟိတေက်ာင္း သို႔ သြားေရာက္ခဲ့ေသးသည္။

ထို႔ျပင္ ဧၿပီ ၈ရက္မွာ ျမေဆးခန္းတြင္ သြားႏႈတ္ရန္ သြားခဲ့ၿပီး ဧၿပီ ၁၉ ရက္ ထိ လူနာအမွတ္ (၁၂၁) ႏွင့္ တိုက္႐ိုက္ထိေတြ႕ခဲ့သူအားလုံးကို ဓာတ္ခြဲခန္းနမူနာပို႔ထားေၾကာင္း သိရပါတယ္။

ဒါေပမယ့္ လူနာအမွတ္ ၁၂၁ ဟာ ဧၿပီ ၆ရက္ေန႔မွာ ေတာင္ႀကီးေဈးတြင္ ထိေတြ႕ခဲ့သူ ႀကဳံခဲ့သူဘယ္ႏွေယာက္ရွိမွာလဲဆိုတာ ေတာင္ႀကီးျပည္သူေတြက စိုးရိမ္စိတ္ေတြ ျဖစ္ေနပါတယ္။
Photo by TAI Programme-NRC/ေတာင္ႀကီးျမင္ကြင္းပုံ
“ ဧၿပီ ၆ရက္ေန႔ က သူ ေတာင္ႀကီးေဈးသြားထားတယ္။ အဲ့မွာ ဘယ္သူေတြ နဲ႔မ်ား ထိေတြ႕ခဲ့လဲ။ ဘယ္ေလာက္မ်ား ကူးေနမလဲ။ ဒါေတြ ေတြးပူေနရတယ္” လို႔ ေတာင္ႀကီး ေနထိုင္တဲ့ နန္းဇင္ က ေျပာပါတယ္။

လူနာ အမွတ္ ၁၂၁ ရဲ႕ ၁၀ရက္ေက်ာ္ ေတာင္ႀကီးၿမိဳ႕ ကို သြားလာ၊ လည္ပတ္မႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕ ေပၚ လူနာမ်ား ထပ္တိုးလာၿပီး အေျခအေန ဆိုး႐ြားလာမွာကို ေဒသခံ ေတြက စိုးရိမ္ပူပန္ေနၾကပါတယ္။

ဒါ့ေၾကာင့္ လက္ရွိအေျခအေနမွာ မိမိေနအိမ္တြင္သာ ေနထိုင္ၾကၿပီး၊ လိုအပ္မွသာ အျပင္ထြက္ေစခ်င္ေၾကာင္းလည္း ေတာင္ႀကီးၿမိဳ႕မွာေနထိုင္သူမ်ားက ေျပာဆိုလိုက္ပါတယ္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
------------------------------------------------
လူနာ အမှတ် ၁၂၁၊ ရှုပ်ထွေးလှတဲ့ ထိတွေ့မှု

ကိုဗစ် လူနာ အမှတ် (၁၂၁) နဲ့ ထိတွေ့ခဲ့တဲ့ လူတွေ ဟာ အလွန်များပြားပြီး လက်ရှိမှာ သက်ဆိုင်ရာက ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဧပြီ ၂၁ရက် ည ၈နာရီ တွင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ် လူနာ ၂ဦးတိုးကြောင်းထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီအထဲမှာ တောင်ကြီးက ကိုဗစ်လူနာ အမှတ် ၁၂၁ တဦးပါလာပါတယ်။

သူကတော့ မတ် ၂၂ရက်နေ့က အင်္ဂလန်ကနေ ရန်ကုန်မြို့ ကိုပြန်ရောက်လာပြီး Yangon Airport Hotel တွင် Quarantine ခံယူခဲ့သူတဦးပါ။

ရန်ကုန် Quarantine ဝင်ချိန်ကတည်းက ခံတွင်း အရသာနဲ့ အနံ့ မရရှိခဲ့ဘူးလို့ သိပါတယ်။

ထို့ပြင် quarantine ပြည့်ပြီး ဧပြီ ၅ ရက်နေ့က ရန်ကုန် မှ ဟဲဟိုး ကို Golden Myanmar Airline ဖြင့် ခရီးသည် ၂၈ နဲ့ အတူ လိုက်ပါခဲ့ပါတယ်။

ယမန်နေ့ တွင် သက်ဆိုင်ရာ စာရင်းအရ လူနာအမှတ်(၁၂၁) ထိတွေ့ခဲ့သူဟာ ၁၂ဦးသာ ရှိကြောင်းသိရပြီး လက်တွေ့မှာတော့ ၅၀ ကျော်ရှိနေပါတယ်။

ဒါ့အပြင် Second contant ထိတွေ့မှုတွေ ကလည်း ဆက်လက်ရှိတော့ လက်ရှိ လူနာအမှတ် ၁၂၁ ရဲ့ထိတွေမှုဟာ ရှုပ်ထွေးနေကြောင်းလည်း သက်ဆိုင်ရာ ဌာနတွေက ပြောဆိုလိုက်ပါတယ်။

“သူ နဲ့ ထိတွေ့တဲ့သူ အားလုံး ပျှမ်းမျှ ၅၀ လောက်ရှိမယ်။ သူ့မိသားစုဝင်တွေပါတယ် ပြီးတော့ သွားဆေးခန်း သွားဆရာဝန် လဲပါတယ်။ လေယာဉ် တူတူစီးတဲ့ သူတွေလဲ ပါမယ်” လို့ ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ ကပြောပါတယ်။

လူနာအမှတ် (၁၂၁) နဲ့ထိတွေ့တဲ့သူအားလုံးကို လိုက်ရှာထားပြီး၊ သူသွားတဲ့နေရာတွေ၊ ထိတွေ့တဲ့သူတွေအားလုံးကိုလည်း ဓာတ်ခွဲနမူနာ ပို့ထားကြောင်း ဒေါက်တာနှင်းအိဖြူ က ပြောပြပါတယ်။

“သူ သွားထားတဲ့နေရာကိုလဲ သူသေချာပြောပြထားတယ်။ ဒီနေ့တော့ သူ သွားထားတဲ့နေရာ ထိတွေ့တဲ့သူတွေကိုတော့ ဓါတ်ခွဲနမူနာ ယူထားပြီးပြီ”လို့ ဒေါက်တာနှင်းအိဖြူ ကပြောပါတယ်။

ဆက်လက်ပြီး တွေ့တဲ့သူတွေစာရင်း အရ ဆိုရင် “ သူ့မောင်လေး လဲပါတယ်။ သူ ခေါက်ဆွဲ စားတဲ့ နောင်မွန် ခေါက်ဆွဲ ဆိုင်လည်း ပါတယ်။ သူ့မောင်လေးရဲ့ ပရဟိတ ကျောင်းက အားလုံးကို ဓါတ်ခွဲနမူနာ ယူထားပြီး စစ်ဆေးသွားမယ်” လို့ ဒေါက်တာနှင်းအိဖြူ ကပြောပါတယ်။

လူနာ အမှတ် (၁၂၁) သည် တောင်ကြီးမြို့ မြို့မ ရပ်ကွက်နေထိုင်သူ ဖြစ်ပြီး ဘုရားဖြူတွင်နေထိုင်သည့် ကိုယ်ဝန်ဆောင်နေတဲ့ မိခင်ကို မကြာခဏ သွားလည်ပတ်ခဲ့ပါတယ်။

သူမဟာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ တောင်ကြီးဈေး ၊ တောင်ပေါ်စခန်း ပရဟိတကျောင်း ၊ ဘုရားဖြူရပ်ကွက်၊ သွားဆေးခန်း၊ ရွှေဘုန်းပွင့်ဘုရား၊ တောင်ကြီး တောင်ပေါ် ၊ Royal TGI Hotel နှင့် VX Bar တို့မှာလည်းသွားရောက်လည်ပတ်ခဲ့သေးပါတယ်။

ဒါ့အပြင် လူနာအမှတ် (၁၂၁)ရဲ့ ရှုပ်ထွေးလှတဲ့ ထိတွေ့မှု အကြောင်းကို စုံစမ်းရသလောက်ကတော့ တောင်ကြီးမြို့ ရဲစခန်း နဲ့ မြို့မ တရားသူကြီး တို့ကို တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိသော်လည်း Secondary Contant ဆိုတဲ့ထိတွေ့မှုရှိကြောင်း သက်ဆိုင်ရာက ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် တောင်ကြီးမြို့မ ရဲစခန်း နဲ့ မြို့နယ် တရားသူကြီးတို့ က လူ Secondary Contant ဖြစ်တဲ့အလျောက် အိမ်မှာပဲ အသွားအလာ ကန့်သတ်ထားကြောင်း ( Home Quarantine) ပဲ လုပ်ထားကြောင်း ဒေါက်တာ နှင်းအိဖြူ က ရှင်းပြပါတယ်။

“မြို့နယ် တရားသူကြီးတွေ ရဲစခန်းက ဝန်ထမ်းတွေက အတည်ပြုလူနာ နဲ့ တိုက်ရိုက်ထိတွေ့တာ မရှိဘူး။ အတည်ပြု လူနာကို ထိရိုက်ထိတွေ့ခဲ့သူ ၊နောက်ထပ် ထိတွေ့ထပ်ပြီး ထိတွေ့တဲ့မျိုး Secondary Contant လို့ခေါ်တာပေါ့” လို့ ဒေါက်တာနှင်းအိဖြူ က အသေးစိတ်ရှင်းပြပါတယ်။

လက်တလော အခြေအနေမှာတော့ သူမ တိုက်ရိုက်ထိတွေ့သူ ၅၀ ဦးကို ဓါတ်ခွဲနမူနာ ယူထားပြီး ရောဂါပိုးရှိမှသာ Secondary Contant များကို ဆက်လက်ပြီး ဓါတ်ခွဲ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

“အခုက သူုတို့က secondary contant ပဲ ရှိနေသေးတာကြောင့် သူတို့ကို အိမ်မှာပဲ Home Quarantine ပဲ ထားထားပါတယ်။ အဖြေထွက်တဲ့ထိတော့ သူတို့ကို အိမ်မှာ နေပေးပါလို့ ပြောထားပါတယ်”လို့ ဒေါက်တာနှင်းအိဖြူ က ဆိုပါတယ်။

လူနာ အမှတ် ၁၂၁ ဟာ ဧပြီ ၅ ရက်နေ့တွင် တောင်ကြီးသို့ ရောက်ရှိလာပြီး ဧပြီ ၆ ရက်နေ့တွင် တောင်ကြီးဈေး ၊ ဧပြီ ၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ တောင်ပေါ်စခန်း ပရဟိတကျောင်း သို့ သွားရောက်ခဲ့သေးသည်။

ထို့ပြင် ဧပြီ ၈ရက်မှာ မြဆေးခန်းတွင် သွားနှုတ်ရန် သွားခဲ့ပြီး ဧပြီ ၁၉ ရက် ထိ လူနာအမှတ် (၁၂၁) နှင့် တိုက်ရိုက်ထိတွေ့ခဲ့သူအားလုံးကို ဓာတ်ခွဲခန်းနမူနာပို့ထားကြောင်း သိရပါတယ်။

ဒါပေမယ့် လူနာအမှတ် ၁၂၁ ဟာ ဧပြီ ၆ရက်နေ့မှာ တောင်ကြီးဈေးတွင် ထိတွေ့ခဲ့သူ ကြုံခဲ့သူဘယ်နှယောက်ရှိမှာလဲဆိုတာ တောင်ကြီးပြည်သူတွေက စိုးရိမ်စိတ်တွေ ဖြစ်နေပါတယ်။

“ ဧပြီ ၆ရက်နေ့ က သူ တောင်ကြီးဈေးသွားထားတယ်။ အဲ့မှာ ဘယ်သူတွေ နဲ့များ ထိတွေ့ခဲ့လဲ။ ဘယ်လောက်များ ကူးနေမလဲ။ ဒါတွေ တွေးပူနေရတယ်” လို့ တောင်ကြီး နေထိုင်တဲ့ နန်းဇင် က ပြောပါတယ်။

လူနာ အမှတ် ၁၂၁ ရဲ့ ၁၀ရက်ကျော် တောင်ကြီးမြို့ ကို သွားလာ၊ လည်ပတ်မှုကြောင့် တောင်ကြီးမြို့ ပေါ် လူနာများ ထပ်တိုးလာပြီး အခြေအနေ ဆိုးရွားလာမှာကို ဒေသခံ တွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေမှာ မိမိနေအိမ်တွင်သာ နေထိုင်ကြပြီး၊ လိုအပ်မှသာ အပြင်ထွက်စေချင်ကြောင်းလည်း တောင်ကြီးမြို့မှာနေထိုင်သူများက ပြောဆိုလိုက်ပါတယ်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16268
လူနာ အမွတ္ ၁၂၁၊ ရႈပ္ေထြးလွတဲ့ ထိေတြ႕မႈ လူနာ အမွတ္ ၁၂၁၊ ရႈပ္ေထြးလွတဲ့ ထိေတြ႕မႈ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.