႐ုရွားေရာက္ ျမန္မာစစ္အရာရွိသုံးဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိ


(Zawgyi)⤵⤵⤵
 ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာ သင္တန္းတက္ေနတဲ့ ျမန္မာ့တပ္မေတာ္က ပညာေတာ္သင္ စစ္အရာရွိသုံးဦးကို ေဆးစစ္ရာမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိရေၾကာင္း ႐ုရွားႏိုင္ငံက ျမန္မာစစ္သံ႐ုံးရဲ႕ အေၾကာင္းၾကားခ်က္အရ သိရတယ္လို႔ ျမန္မာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

ေရာဂါပိုးေတြ႕တဲ့ တပ္မေတာ္အရာရွိသုံးဦးဟာ ေမာ္စကိုၿမိဳ႕ Russian University of Transport သယ္ယူပို႔ေဆာင္ေရး တကၠသိုလ္မွာ တက္ေရာက္ေနတဲ့ အရာရွိႏွစ္ဦးနဲ႔ Moscow Power Engineering Institute အင္ဂ်င္နီယာေက်ာင္းမွာ တက္ေနတဲ့ အရာရွိတဦးတို႔ျဖစ္ပါတယ္။

အဲ့ဒီေက်ာင္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ၿပီးခဲ့တဲ့ မတ္လ ၁၉ ရက္ေန႔ကစၿပီး သင္တန္းသားေတြ အေဆာင္မွာသာေနၿပီး အေဝးသင္စနစ္နဲ႔ သင္တန္းေတြကို ပို႔ခ်ေနတာပါ။ ဒါေပမယ့္ ဧၿပီလ ၈ ရက္ေန႔မွာ ႏိုင္ဂ်ီးရီးယားေက်ာင္းသားတဦးဆီမွာ ေရာဂါပိုးေတြ႕တာေၾကာင့္ အဲ့ဒီေက်ာင္းသားေနထိုင္တဲ့ ၅ လႊာနဲ႔ သူသြားေရာက္ေလ့ရွိတဲ့ ၆ လႊာတို႔ကို သီးသန႔္ထားၿပီး က်န္းမာေရးဌာနက ေဆးစစ္ခဲ့ရာမွာ ျမန္မာစစ္အရာရွိေက်ာင္းသားေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိေနေၾကာင္း ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေလာေလာဆယ္ သူတို႔သုံးဦးရဲ႕ က်န္းမာေရးအေျခအေနက ေကာင္းမြန္ေနၿပီး ႐ုရွားက်န္းမာေရးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ေနထိုင္ေနတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

RFA Burmese
-------------------------------------
(Unicode)⤵⤵⤵
ရုရှားရောက် မြန်မာစစ်အရာရှိသုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

 ရုရှားနိုင်ငံ မော်စကိုမြို့မှာ သင်တန်းတက်နေတဲ့ မြန်မာ့တပ်မတော်က ပညာတော်သင် စစ်အရာရှိသုံးဦးကို ဆေးစစ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရကြောင်း ရုရှားနိုင်ငံက မြန်မာစစ်သံရုံးရဲ့ အကြောင်းကြားချက်အရ သိရတယ်လို့ မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရောဂါပိုးတွေ့တဲ့ တပ်မတော်အရာရှိသုံးဦးဟာ မော်စကိုမြို့ Russian University of Transport သယ်ယူပို့ဆောင်ရေး တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အရာရှိနှစ်ဦးနဲ့ Moscow Power Engineering Institute အင်ဂျင်နီယာကျောင်းမှာ တက်နေတဲ့ အရာရှိတဦးတို့ဖြစ်ပါတယ်။

အဲ့ဒီကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစပြီး သင်တန်းသားတွေ အဆောင်မှာသာနေပြီး အဝေးသင်စနစ်နဲ့ သင်တန်းတွေကို ပို့ချနေတာပါ။ ဒါပေမယ့် ဧပြီလ ၈ ရက်နေ့မှာ နိုင်ဂျီးရီးယားကျောင်းသားတဦးဆီမှာ ရောဂါပိုးတွေ့တာကြောင့် အဲ့ဒီကျောင်းသားနေထိုင်တဲ့ ၅ လွှာနဲ့ သူသွားရောက်လေ့ရှိတဲ့ ၆ လွှာတို့ကို သီးသန့်ထားပြီး ကျန်းမာရေးဌာနက ဆေးစစ်ခဲ့ရာမှာ မြန်မာစစ်အရာရှိကျောင်းသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လောလောဆယ် သူတို့သုံးဦးရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီး ရုရှားကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့ နေထိုင်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
႐ုရွားေရာက္ ျမန္မာစစ္အရာရွိသုံးဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိ ႐ုရွားေရာက္ ျမန္မာစစ္အရာရွိသုံးဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိ Reviewed by THITHTOOLWIN on 07:57 Rating: 5
Powered by Blogger.