

(Zawgyi)⤵⤵⤵





One News Myanmar
-------------------------------
(Unicode)⤵⤵⤵
မင်းပြား ရာမောင်တံတားအနီး အရပ်သားတစ်ဦး ထပ်မံပစ်ခတ်ခံရ

WHO ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းက အရပ်သားတစ်ဦး ထပ်မံပစ်ခတ်ခံရပါတယ်။

ပဲခူးမြို့ ဆေးလိပ်ဖိုတစ်ခုကနေ ဆေးပေါ့လိပ်တွေ စစ်တွေမြို့ကို ပို့ဆောင်ဖို့လာရောက်တဲ့ ဟီးနိုး၁၂ ဘီးယာဉ်မောင်း ပစ်ခတ်ခံခဲ့ရတာပါ။

ဖြစ်စဉ်ကတော့ ဇက်ကူးဖို့ စောင့်ဆိုင်းနေတဲ့ အဲဒီ ယာဉ်မောင်းဟာ အနောက်ဘက်ရှိ တောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားသံတွေ ကြားလို့ ကားအောက်ကို ဝင်ရောက်ပုန်းအောင်းနေခဲ့ပါတယ်။

အသံတွေငြိမ်သွားချိန်မှာ အပြင်ကိုထွက်ပြီး ကားဘေးထိုင်နေတုန်း လက်မောင်းကို လက်နက်ငယ် ကျည်ထိမှန်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီ ယာဉ်မောင်းကို အမ်းမြို့တပ်မတော်ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး AA လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan/
မင်းပြား ရာမောင်တံတားအနီး အရပ်သားတစ်ဦး ထပ်မံပစ်ခတ်ခံရ မင်းပြား ရာမောင်တံတားအနီး အရပ်သားတစ်ဦး ထပ်မံပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 05:08 Rating: 5
Powered by Blogger.