စီးပြားေရးထိခိုက္မႈ သက္သာေစမယ့္ ျမန္မာအစုိးရရဲ႕ CERP အစီအစဥ္

COVID-19 ေၾကာင့္ ဗိုလ္ခ်ဳပ္ေစ်း ပိတ္ထားရ
(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈ သက္သာေစေရး အစိုးရထုတ္ျပန္လိုက္တဲ့ အစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး မစုျမတ္မြန္က ဆက္ တင္ျပပါမယ္။

ရည္မွန္းခ်က္ ၇ ခု၊ မဟာျဗဴဟာ ၁၀ ခု၊ ေဆာင္႐ြက္ရမယ့္ အစီအစဥ္ ၃၆ ခု၊ ေဆာင္႐ြက္ေနတဲ့ အစီအစဥ္ ၇၆ ခုပါဝင္တဲ့ စီးပြားေရးဆိုင္ရာ အစီအစဥ္ေတြကို ဧၿပီလ ၂၇ ရက္ေန႔စြဲနဲ႔ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ အစီအစဥ္ေတြထဲမွာ ဘ႑ာေရး ေထာက္ပံံ့မႈေပးၿပီး၊ စီးပြားေရးလုပ္ငန္းေတြ တိုးတက္ေအာင္လုပ္ေရး၊ ထိခိုက္ေနတဲ့ အလုပ္သမားေတြ၊ အိမ္ေထာင္စုေတြအတြက္ ေငြေၾကးအပါအဝင္ ပံ့ပုိးကူညီမႈေတြေပးေရး၊ က်န္းမာေရးစနစ္ အားေကာင္းခုိင္မာေအာင္လုပ္ေရး စသျဖင့္ က႑ ၇ ခုခဲြထားပါတယ္။ အဲဒီထဲက စီးပြားေရးလုပ္ငန္းေတြကို အတုိးႏႈန္းနည္းနည္းနဲ႔ ေငြေခ်းတာအပါအဝင္ တခ်ဳိ႕အစီအစဥ္ေတြကို စတင္ေဆာင္႐ြက္ေနၿပီး၊ က်န္တဲ့အစီအစဥ္ေတြကို သတ္မွတ္ခ်ိန္ထား ေဆာင္႐ြက္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။

COVID-19 ေၾကာင့္ စီးပြားေရးအေပၚ ေ႐ွာင္လြဲလို႔ မရတဲ့ ထိခိုက္မႈေတြ သက္သာေစေရးနဲ႔ ျမန္မာ့စီးပြားေရး ျမန္ျမန္ဆန္ဆန္ ျပန္လည္ နာလန္ထူလာႏိုင္ေရးအတြက္ အေထာက္အကူျဖစ္မယ့္ အစီအစဥ္ေတြျဖစ္တယ္လို႔ ႏိ္္ုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။ အစိုးရထုတ္ျပန္တဲ့ စီးပြားေရးအစီအစဥ္ေတြအေပၚ စီးပြားေရးလုပ္ငန္း႐ွင္ ဦးေက်ာ္နီခင္က ႀကိဳဆိုေပမဲ့ လက္ေတြ႔ထိေရာက္ႏိုင္ေရးအတြက္ ဒီထက္မက ေငြေၾကးသံုးစြဲဖုိ႔ ေမ ွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။

“ တခ်ိဳ႕ Plan ေတြကလည္း လုပ္ေနဆဲျဖစ္တယ္။ တခ်ိဳ႕ Plan ေတြကလည္း လုပ္ၿပီးသားေတြျဖစ္တယ္။ တခ်ိဳ႕ကလည္း ဆက္လုပ္မယ္ဆိုတဲ့ Plan ေတြကလည္း အမ်ားႀကီးေတြ႔ရတယ္။ တခုပဲေပါ့ေနာ္ က်ေနာ္တို႔ စီးပြားေရး ေလာကကေန ေမွ်ာ္လင့္တာကေတာ့ ဒီ ဟာႀကီး တခုလံုးမွာ US ၂- ၃ ဘီလီယံေလာက္ေတာ့ ရွိတယ္လို႔ေတာ့ အျပင္မွာေတာ့ ေျပာေနတာၾကားရတာေပါ့ေနာ္။ ဒီအထဲမွာေတာ့ မေတြ႔ရဘူးဆိုေတာ့ ၂- ၃ ဘီလီယံေလာက္ကို project ထဲကေနတဆင့္ market ထဲကို ေရာက္လာမယ္ဆိုရင္ က်ေနာ္တို႔ ျမန္ျမန္ဆန္ဆန္ relief ရမယ္။ အဲဒီေတာ့ အစိုးရကိုု က်ေနာ္တို႔အေနနဲ႔ တိုက္တြန္းရမယ္ဆိုရင္ေတာ့ ေစ်းကြက္ထဲကို မ်ားမ်ားေလး ထည့္ေပးဖို႔ က်ေနာ္တိုက္တြန္းခ်င္တာေပါ့ေနာ္။”

ႏိုင္ငံတကာစီးပြားေရးဆိုင္ရာပညာ႐ွင္ ေဒါက္တာေဇာ္ႏိုင္ကေတာ့ အခုအစိုးရထုတ္ျပန္တဲ့ အစီအစဥ္ေတြက ေယဘူယ်ဆန္တဲ့အတြက္ အလံုးစံု မျပည့္စံုဘူးလို႔ျမင္ပါတယ္။

COVID-19 ေၾကာင့္တႏုိင္ငံလံုးက စီးပြားေရးလုပ္ငန္းေတြကို တႏုိင္ငံလံုးမွာရွိတဲ့ ပုဂၢလိက လုပ္ငန္းေတြကို ၊ ေနာက္တခါ လူေတြကို ၊ ေနာက္တခါ ၀န္ထမ္းေတြကို အလုပ္သမားေတြကို သက္ေရာက္မႈရွိတယ္ အဲဒါေတြကို အစိုးရက သိပါတယ္ ဆိုၿပီးေတာ့ တု႔ံျပန္လိုက္တဲ့ တံု႔ျပန္ခ်က္တခုလို႔ ျမင္မိပါတယ္။ ဒီထက္ပိုၿပီး က်ယ္ျပန္႔တဲ့၊ ပိုၿပီး ျပည့္စံုတဲ့ ဒီထက္ပိုၿပီးလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္တဲ့ ေနာက္ထပ္ plan ေတြ အေသးစိတ္ စီမံခ်က္ေတြအမ်ားႀကီးလိုဦးမယ္။ အခုက ၁၅ မ်က္ႏွာ plan ဆိုေတာ့ ဒီေလာက္ပဲ ရမွာေပါ့။ သူတို႔ကိုယ္တိုင္လည္း အားရလိမ့္မွာ မဟုတ္ဘူးလို႔ ထင္ပါတယ္။”

Overcoming as One ဆိုၿပီးအစိုးရက အဂၤလိပ္လို ထုတ္ျပန္တ့ဲ CERP အစီအစဥ္ေတြထဲမွာ ႏိုိင္ငံျခားရင္းႏွီးျမႈပ္ႏွံမႈေတြ ပိုရ႐ွိေအာင္၊ ကုန္သြယ္ေရးပိုင္း ပိုတိုးတက္ေအာင္လုပ္သြားမယ့္ အစီအစဥ္ေတြလည္း ပါဝင္ပါတယ္။ ရင္းႏွီးျမွပ္ႏွံမႈေတြကို ျမွင့္တင္မယ္ဆိုက႑ကို ေဆာင္႐ြက္တဲ့အခါ အစိုးရအေနနဲ႔ သတိထားသင့္တာကိုလည္း ေဒါက္တာေဇာ္ႏိုင္က ခုလိုေထာက္ျပပါတယ္။

“တခ်ိဳ႕အေျခခံ အေဆာက္အအံု စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ဖိို႔ရန္အတြက္ အေျခအေနအရပ္ရပ္ကို သံုးသပ္ဖို႔ ႏိႈင္းယွဥ္ဖို႔ ေနာက္ၿပီးေတာ့ အဲဒီလို project ေတြမွာ လုပ္ေနတဲ့ အဖြဲ႔အစည္းေတြ ကုမၸဏီေတြ ၿပိဳင္ဆိုင္ဖို႔အတြက္ကို အခ်ိန္ေပးၿပီး လုပ္ရတာေတြရွိတယ္။ ျမန္ျမန္လုပ္ဆိုၿပီးေတာ့ တခ်ိဳ႕ကိစၥေတြက လုပ္လို႔မရဘူး။ အဲဒီေတာ့ အဲလိုဟာမ်ိဳးေတြမွာ အစိုးရဌာနဆိုင္ရာ အဖြဲ႔အစည္းေတြကေသာ္လည္းေကာင္း တခ်ိဳ႕ေသာ အစိုးရဌာနဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ နီးစပ္တဲ့ ကုမၸဏီေတြက ေသာ္လည္းေကာင္း ျမန္ျမန္လုပ္ဆိုတာမ်ိဳးကို လိုခ်င္တဲ့အခါက်ေတာ့ အခု လိုမ်ိဳး COVID-19 economic relief plan ထဲမွာ တေၾကာင္းထည့္လိုက္တယ္။ အေျခခံအေဆာက္အအံု စီမံကိန္းေတြကို အျမန္ဆံုးအေကာင္အထည္ေဖာ္ပါ ဆိုတဲ့ ေခါင္းစဥ္ေလး တခု တပ္လိုက္တာနဲ႔ ဘာျဖစ္သြားလဲဆိုေတာ့ ခုနကေျပာတဲ့ ၿပိဳင္ဆိုင္မႈေတြ မရွိေတာ့ဘူး ေနာက္တခါ တျခား ယွဥ္ၿပိဳင္ဘက္ေတြ အဆင္သင့္မျဖစ္တဲ့အခ်ိန္မွာ ေရာ့လုပ္ဆိုၿပီးေတာ့ ခ်က္ခ်င္း လုပ္ပိုင္ခြင့္ေတြ ခ်ေပးလိုက္ဖို႔အတြက္ကို ျဖစ္သြားႏိုင္တယ္ ဆိုေတာ့ အဲဒါမ်ိဳးေတြကို သတိထားေစခ်င္တယ္ အစိုးရကိုေလ။ ဒီလို အေျခခံအေဆာက္အအံု စီမံကိန္းေတြကို ခ်က္ခ်င္း အေကာင္အထည္ေဖာ္တယ္ ဆိုတာမ်ိဳးကေတာ့ နည္းနည္း သတိထားေစခ်င္တယ္။”

အစိုးရဌာနတိုင္းက ၂၀၁၉ - ၂၀၂၀ ဘတ္ဂ်က္အသံုးစရိတ္ကုိ ၁၀% စီေလ ွ်ာ့ခ်ၿပီး COVID-19 အသံုးစရိတ္ထဲ ထည့္ဝင္သံုးစြဲသြားေရးပါဝင္တဲ့ CERP အစီအစဥ္အားလံုးကို ခ်က္ခ်င္း၊ အျမန္ဆံုး ဒါမွမဟုတ္ ၂၀၂၀ ခုႏွစ္ မကုန္ခင္ေဆာင္႐ြက္ရမယ္လို႔ သတ္မွတ္ထားပါတယ္။

မစုုျမတ္မြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

စီးပွားရေးထိခိုက်မှု သက်သာစေမယ့် မြန်မာအစိုးရရဲ့ CERP အစီအစဉ်

(Unicode)

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး အစိုးရထုတ်ပြန်လိုက်တဲ့ အစီအစဉ်တွေနဲ့ပါတ်သက်ပြီး မစုမြတ်မွန်က ဆက် တင်ပြပါမယ်။

ရည်မှန်းချက် ၇ ခု၊ မဟာဗြူဟာ ၁၀ ခု၊ ဆောင်ရွက်ရမယ့် အစီအစဉ် ၃၆ ခု၊ ဆောင်ရွက်နေတဲ့ အစီအစဉ် ၇၆ ခုပါဝင်တဲ့ စီးပွားရေးဆိုင်ရာ အစီအစဉ်တွေကို ဧပြီလ ၂၇ ရက်နေ့စွဲနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အစီအစဉ်တွေထဲမှာ ဘဏ္ဍာရေး ထောက်ပံံ့မှုပေးပြီး၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်လုပ်ရေး၊ ထိခိုက်နေတဲ့ အလုပ်သမားတွေ၊ အိမ်ထောင်စုတွေအတွက် ငွေကြေးအပါအဝင် ပံ့ပိုးကူညီမှုတွေပေးရေး၊ ကျန်းမာရေးစနစ် အားကောင်းခိုင်မာအောင်လုပ်ရေး စသဖြင့် ကဏ္ဍ ၇ ခုခွဲထားပါတယ်။ အဲဒီထဲက စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးတာအပါအဝင် တချို့အစီအစဉ်တွေကို စတင်ဆောင်ရွက်နေပြီး၊ ကျန်တဲ့အစီအစဉ်တွေကို သတ်မှတ်ချိန်ထား ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

COVID-19 ကြောင့် စီးပွားရေးအပေါ် ရှောင်လွဲလို့ မရတဲ့ ထိခိုက်မှုတွေ သက်သာစေရေးနဲ့ မြန်မာ့စီးပွားရေး မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူလာနိုင်ရေးအတွက် အထောက်အကူဖြစ်မယ့် အစီအစဉ်တွေဖြစ်တယ်လို့ နိ်ုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ အစိုးရထုတ်ပြန်တဲ့ စီးပွားရေးအစီအစဉ်တွေအပေါ် စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နီခင်က ကြိုဆိုပေမဲ့ လက်တွေ့ထိရောက်နိုင်ရေးအတွက် ဒီထက်မက ငွေကြေးသုံးစွဲဖို့ မေ ျှာ်လင့်တယ်လို့ ပြောပါတယ်။

“ တချို့ Plan တွေကလည်း လုပ်နေဆဲဖြစ်တယ်။ တချို့ Plan တွေကလည်း လုပ်ပြီးသားတွေဖြစ်တယ်။ တချို့ကလည်း ဆက်လုပ်မယ်ဆိုတဲ့ Plan တွေကလည်း အများကြီးတွေ့ရတယ်။ တခုပဲပေါ့နော် ကျနော်တို့ စီးပွားရေး လောကကနေ မျှော်လင့်တာကတော့ ဒီ ဟာကြီး တခုလုံးမှာ US ၂- ၃ ဘီလီယံလောက်တော့ ရှိတယ်လို့တော့ အပြင်မှာတော့ ပြောနေတာကြားရတာပေါ့နော်။ ဒီအထဲမှာတော့ မတွေ့ရဘူးဆိုတော့ ၂- ၃ ဘီလီယံလောက်ကို project ထဲကနေတဆင့် market ထဲကို ရောက်လာမယ်ဆိုရင် ကျနော်တို့ မြန်မြန်ဆန်ဆန် relief ရမယ်။ အဲဒီတော့ အစိုးရကို ကျနော်တို့အနေနဲ့ တိုက်တွန်းရမယ်ဆိုရင်တော့ ဈေးကွက်ထဲကို များများလေး ထည့်ပေးဖို့ ကျနော်တိုက်တွန်းချင်တာပေါ့နော်။”

နိုင်ငံတကာစီးပွားရေးဆိုင်ရာပညာရှင် ဒေါက်တာဇော်နိုင်ကတော့ အခုအစိုးရထုတ်ပြန်တဲ့ အစီအစဉ်တွေက ယေဘူယျဆန်တဲ့အတွက် အလုံးစုံ မပြည့်စုံဘူးလို့မြင်ပါတယ်။

COVID-19 ကြောင့်တနိုင်ငံလုံးက စီးပွားရေးလုပ်ငန်းတွေကို တနိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကို ၊ နောက်တခါ လူတွေကို ၊ နောက်တခါ ဝန်ထမ်းတွေကို အလုပ်သမားတွေကို သက်ရောက်မှုရှိတယ် အဲဒါတွေကို အစိုးရက သိပါတယ် ဆိုပြီးတော့ တုံ့ပြန်လိုက်တဲ့ တုံ့ပြန်ချက်တခုလို့ မြင်မိပါတယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့၊ ပိုပြီး ပြည့်စုံတဲ့ ဒီထက်ပိုပြီးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ နောက်ထပ် plan တွေ အသေးစိတ် စီမံချက်တွေအများကြီးလိုဦးမယ်။ အခုက ၁၅ မျက်နှာ plan ဆိုတော့ ဒီလောက်ပဲ ရမှာပေါ့။ သူတို့ကိုယ်တိုင်လည်း အားရလိမ့်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”

Overcoming as One ဆိုပြီးအစိုးရက အင်္ဂလိပ်လို ထုတ်ပြန်တဲ့ CERP အစီအစဉ်တွေထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရရှိအောင်၊ ကုန်သွယ်ရေးပိုင်း ပိုတိုးတက်အောင်လုပ်သွားမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ရင်းနှီးမြှပ်နှံမှုတွေကို မြှင့်တင်မယ်ဆိုကဏ္ဍကို ဆောင်ရွက်တဲ့အခါ အစိုးရအနေနဲ့ သတိထားသင့်တာကိုလည်း ဒေါက်တာဇော်နိုင်က ခုလိုထောက်ပြပါတယ်။

“တချို့အခြေခံ အဆောက်အအုံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ရန်အတွက် အခြေအနေအရပ်ရပ်ကို သုံးသပ်ဖို့ နှိုင်းယှဉ်ဖို့ နောက်ပြီးတော့ အဲဒီလို project တွေမှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေ ကုမ္ပဏီတွေ ပြိုင်ဆိုင်ဖို့အတွက်ကို အချိန်ပေးပြီး လုပ်ရတာတွေရှိတယ်။ မြန်မြန်လုပ်ဆိုပြီးတော့ တချို့ကိစ္စတွေက လုပ်လို့မရဘူး။ အဲဒီတော့ အဲလိုဟာမျိုးတွေမှာ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေကသော်လည်းကောင်း တချို့သော အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက သော်လည်းကောင်း မြန်မြန်လုပ်ဆိုတာမျိုးကို လိုချင်တဲ့အခါကျတော့ အခု လိုမျိုး COVID-19 economic relief plan ထဲမှာ တကြောင်းထည့်လိုက်တယ်။ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်ပါ ဆိုတဲ့ ခေါင်းစဉ်လေး တခု တပ်လိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ခုနကပြောတဲ့ ပြိုင်ဆိုင်မှုတွေ မရှိတော့ဘူး နောက်တခါ တခြား ယှဉ်ပြိုင်ဘက်တွေ အဆင်သင့်မဖြစ်တဲ့အချိန်မှာ ရော့လုပ်ဆိုပြီးတော့ ချက်ချင်း လုပ်ပိုင်ခွင့်တွေ ချပေးလိုက်ဖို့အတွက်ကို ဖြစ်သွားနိုင်တယ် ဆိုတော့ အဲဒါမျိုးတွေကို သတိထားစေချင်တယ် အစိုးရကိုလေ။ ဒီလို အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ချက်ချင်း အကောင်အထည်ဖော်တယ် ဆိုတာမျိုးကတော့ နည်းနည်း သတိထားစေချင်တယ်။”

အစိုးရဌာနတိုင်းက ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်အသုံးစရိတ်ကို ၁၀% စီလေ ျှာ့ချပြီး COVID-19 အသုံးစရိတ်ထဲ ထည့်ဝင်သုံးစွဲသွားရေးပါဝင်တဲ့ CERP အစီအစဉ်အားလုံးကို ချက်ချင်း၊ အမြန်ဆုံး ဒါမှမဟုတ် ၂၀၂၀ ခုနှစ် မကုန်ခင်ဆောင်ရွက်ရမယ်လို့ သတ်မှတ်ထားပါတယ်။

မစုမြတ်မွန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-business-/5397939.html
စီးပြားေရးထိခိုက္မႈ သက္သာေစမယ့္ ျမန္မာအစုိးရရဲ႕ CERP အစီအစဥ္ စီးပြားေရးထိခိုက္မႈ သက္သာေစမယ့္ ျမန္မာအစုိးရရဲ႕ CERP အစီအစဥ္ Reviewed by THITHTOOLWIN on 07:58 Rating: 5
Powered by Blogger.