COVID-19 ကာကြယ္ေရး ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေရး လႈပ္ရွားသူေတြ တုိက္တြန္း

ျမန္မာလုပ္သား ၄၀၀ ခန္႔ အလုပ္ျဖဳတ္ခံလိုက္ရသည့္ ထုိင္းစက္႐ုံမွ အလုပ္သမားမ်ား။ (ဓာတ္ပုံ - AAC)

(Zawgyi / Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ ထုိင္းႏုိင္ငံကေန သိန္းနဲ႔ခ်ီတဲ့ ျမန္မာႏုိင္ငံသားေတြ ျပန္လာဖုိ႔ ရွိေနတာေၾကာင့္ ျမန္မာအစုိးရ တာ၀န္ရွိသူေတြ ႀကိဳတင္ျပင္ဆင္ထားဖုိ႔ အလုပ္သမားေရး လႈပ္ရွားသူေတြက သတိေပးေနၾကပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏုိင္ငံေရာက္ အလုပ္သမားေတြ ဒီလ ဧၿပီလ ၁၅ ရက္ေန႔ ေနာက္ပုိင္း ေနရပ္ျပန္ႏုိင္ေၾကာင္း ျမန္မာႏုိင္ငံျခားေရးဌာနက အေစာပုိင္းမွာ သတင္းထုတ္ျပန္ခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဧၿပီလကုန္ ေနာက္ပုိင္းမွသာ ျပန္လာဖုိ႔ ျပင္ဆင္ခ်က္ ထပ္မံထုတ္ျပန္ခဲ့တာပါ။ ဒါေပမယ့္လည္း ထုိင္းႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ေနၾကရတဲ့ ျမန္မာအလုပ္သမားေတြ အေနနဲ႔ ေနရပ္ျပန္ဖုိ႔ အခ်ိန္ၾကာၾကာ ေစာင့္ဆုိင္းႏုိင္မယ့္ အေျခအေန မရွိဘူးလုိ႔လည္း ျမန္မာအလုပ္သမားေတြကုိ အကူညီေပးေနတဲ့ AAC အလုပ္သမားကူညီေရးအဖ႔ဲြ တာ၀န္ခံ ကိုရဲမင္းက အခုလိုေျပာပါတယ္။

“၃၀ ရက္ေန႔ ေနာက္ပုိင္းက်မွ ျပန္လာၾကဖို႔ ပန္ၾကားစာ ထပ္ထုတ္တယ္။ မွန္တယ္ ဒီဘက္က အေျခအေနအရ မျပန္လာနဲ႔ဦး၊ ခနေနဦး ေျပာေနေပမယ့္ ထုိင္းထဲမွာက အလုပ္သမားေတြက တအားကို ဒုကၡေရာက္ေနၾကၿပီေလ။ ဘယ္လိုမွ ေတာင့္မခံႏုိင္ဘဲ ၁၅ ရက္ေနာက္ပိုင္းမွာ ရတဲ့နည္းနဲ႔ နယ္စပ္ကုိ ျပန္ဆင္းလာမယ္ဆုိရင္ က်ေနာ္တို႔ဘက္က ဘယ္လိုျပင္ဆင္မလဲ၊ တရား၀င္ထြက္ေပါက္ မရွိဘူးဆိုရင္ ခိုး၀င္တဲ့အေပါက္ေတြကေန ၀င္လာရင္ စိမ့္၀င္လာရင္ ထိန္းထိန္းသိမ္းသိမ္းနဲ႔ က်န္းမာေရးကိစၥေတြကို ဘယ္လို ေလ့လာေစာင့္ၾကည့္မလဲ၊ ဘယ္လို သူတို႔ကုိ စစ္ေဆးတိုင္းထြာႏိုင္မလဲ၊ ဒါေတြကို က်ေနာ္တို႔ အစုိးရဘက္က ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။”

ျမန္မာအစုိးရရဲ႕ ထုတ္ျပန္ခ်က္ဟာ အေျဖမဟုတ္ေၾကာင္းနဲ႔ ျပန္လာမယ့္ ႏုိင္ငံသားေတြအတြက္ ဘယ္လိုျပင္ဆင္ထားမလဲ ဆိုတာသာ အဓိကျဖစ္တယ္လို႔ ဆိုပါတယ္။

“အလုပ္သမားေတြက လံုး၀ငတ္ၿပီ၊ လံုး၀မခံႏုိင္ဘူးဆုိရင္ သူတို႔ ျပန္လာၾကမယ့္ အေနအထားမွာ ရွိတယ္။ မျပန္လာနဲ႔ဦးဆုိတာ အေျဖမွန္မဟုတ္ေသးဘူး။ ျပန္လာခဲ့ရင္ ဘယ္လိုလုပ္မလဲဆိုတာ အေကာင္းဆုံး ကိုင္တြယ္မလဲဆိုတာ အဓိကအေျဖပါ။ အေလးထားၿပီး ျပင္ဆင္ထားရပါတယ္။ ထုိင္းမွာ အလုပ္သမား သန္းနဲ႔ခ်ီရွိတယ္။ အခုျပန္လာမွာ ဒီတေခါက္ သိန္းနဲ႔ခ်ီရွွိႏိုင္တယ္။ ဒါ က်ေနာ္တုိ႔ အလုပ္သမားေရး လုပ္တဲ့သူေတြ အၾကမ္းဖ်င္း ခန္႔မွန္းစာရင္းပါ။ ဒီထက္လည္း ပုိမ်ားႏုိင္တယ္။ ဒီကိစၥက ေပါ့ေပါ့တန္တန္မထားဘဲ အေလးထားၿပီး ျပည္သူေတြ ပံုစံမ်ိဳးစံုနဲ႔ နယ္စပ္ကုိ၀င္လာရင္ ဘယ္လိုတားဆီးမလဲ၊ Camp ေတြ သြင္းမလဲဆိုတာ ႀကိဳတင္စဥ္းစားပါလုိ႔ ႏုိင္ငံေတာ္အစိုးရကို ေျပာခ်င္ပါတယ္။”

စက္႐ုံပိတ္လိုက္လို႔ အလုပ္ျပဳတ္ေနတဲ့ ျမန္မာအလုပ္သမား ကုိေက်ာ္ေဇယ်ကေတာ့ ထုိင္းမွာ ရတဲ့အလုပ္ ရွာေနသလို မရရင္လည္း မျဖစ္မေနမို႔လို႔ ေနရပ္ျပန္ရမွာ ျဖစ္တဲ့အေၾကာင္း၊ ေနရပ္ျပန္တာေတာင္ အခက္အခဲေတြနဲ႔ ျပန္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

“က်ေနာ္တို႔ အခု အလုပ္႐ုံပိတ္ၿပီဆိုရင္ မျဖစ္မေန သြားရမယ္ဆုိရင္ေတာင္ ျမန္မာျပည္မွာ အလုပ္လုပ္ဖို႔ အလုပ္ရွာဖို႔က ဇဲြရွိရိွလုပ္ရင္ေတာင္ တႏွစ္ေလာက္ထိ အခက္အခဲရွိပါတယ္။ လုိအပ္ခ်က္ေတြက တႏွစ္အထိလည္း မေစာင့္ႏုိင္ဘူး။ တခ်ိဳ႕က မိအိုဖအိုေတြရွိတယ္၊ မွီခိုေနရသူေတြ၊ တခ်ိဳ႕ကေတာ့ ကေလးေတြ မိသားစုေတြရဲ႕ ကေလးေတြရဲ႕ ေက်ာင္းတက္ေရး စား၀တ္ေနေရး ဘက္စံုလိုအပ္ခ်က္ ရွိပါတယ္။”

ထိုင္းႏုိင္ငံမွာ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္း ရွိေနၿပီး ကုိ႐ုိနာဗိုင္းရပ္စ္ျဖစ္အၿပီး ကုန္ၾကမ္းမရလို႔ စက္႐ုံေတြ ပိတ္လိုက္တာေတြ၊ ကုန္ေခ်ာေတြ ၀ယ္မယ့္ႏုိင္ငံမရွိလို႔ အလုပ္႐ုံေတြက အလုပ္သမား ေလွ်ာ့ခ်ရာမွာ ျမန္မာအလုပ္သမားေတြ အမ်ားအျပား ပါ၀င္ပါတယ္။ အလုပ္အကုိင္မရွိ၊ နစ္နာေၾကးမရ၊ ေနထိုင္စားေသာက္ဖို႔ အခက္အခဲေတြေၾကာင့္ ေနရပ္ကိုျပန္ဖို႔ ဆံုးျဖတ္ၾကတာ ျဖစ္ပါတယ္။

--------------------------------------

(Unicode)

COVID-19 ကာကွယ်ရေး မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားသူတွေ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ထိုင်းနိုင်ငံကနေ သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ရှိနေတာကြောင့် မြန်မာအစိုးရ တာဝန်ရှိသူတွေ ကြိုတင်ပြင်ဆင်ထားဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ ဒီလ ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်း နေရပ်ပြန်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဌာနက အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဧပြီလကုန် နောက်ပိုင်းမှသာ ပြန်လာဖို့ ပြင်ဆင်ချက် ထပ်မံထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြရတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ နေရပ်ပြန်ဖို့ အချိန်ကြာကြာ စောင့်ဆိုင်းနိုင်မယ့် အခြေအနေ မရှိဘူးလို့လည်း မြန်မာအလုပ်သမားတွေကို အကူညီပေးနေတဲ့ AAC အလုပ်သမားကူညီရေးအဖဲ့ွ တာဝန်ခံ ကိုရဲမင်းက အခုလိုပြောပါတယ်။

“၃၀ ရက်နေ့ နောက်ပိုင်းကျမှ ပြန်လာကြဖို့ ပန်ကြားစာ ထပ်ထုတ်တယ်။ မှန်တယ် ဒီဘက်က အခြေအနေအရ မပြန်လာနဲ့ဦး၊ ခနနေဦး ပြောနေပေမယ့် ထိုင်းထဲမှာက အလုပ်သမားတွေက တအားကို ဒုက္ခရောက်နေကြပြီလေ။ ဘယ်လိုမှ တောင့်မခံနိုင်ဘဲ ၁၅ ရက်နောက်ပိုင်းမှာ ရတဲ့နည်းနဲ့ နယ်စပ်ကို ပြန်ဆင်းလာမယ်ဆိုရင် ကျနော်တို့ဘက်က ဘယ်လိုပြင်ဆင်မလဲ၊ တရားဝင်ထွက်ပေါက် မရှိဘူးဆိုရင် ခိုးဝင်တဲ့အပေါက်တွေကနေ ဝင်လာရင် စိမ့်ဝင်လာရင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ကျန်းမာရေးကိစ္စတွေကို ဘယ်လို လေ့လာစောင့်ကြည့်မလဲ၊ ဘယ်လို သူတို့ကို စစ်ဆေးတိုင်းထွာနိုင်မလဲ၊ ဒါတွေကို ကျနော်တို့ အစိုးရဘက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။”

မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်ဟာ အဖြေမဟုတ်ကြောင်းနဲ့ ပြန်လာမယ့် နိုင်ငံသားတွေအတွက် ဘယ်လိုပြင်ဆင်ထားမလဲ ဆိုတာသာ အဓိကဖြစ်တယ်လို့ ဆိုပါတယ်။

“အလုပ်သမားတွေက လုံးဝငတ်ပြီ၊ လုံးဝမခံနိုင်ဘူးဆိုရင် သူတို့ ပြန်လာကြမယ့် အနေအထားမှာ ရှိတယ်။ မပြန်လာနဲ့ဦးဆိုတာ အဖြေမှန်မဟုတ်သေးဘူး။ ပြန်လာခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ အကောင်းဆုံး ကိုင်တွယ်မလဲဆိုတာ အဓိကအဖြေပါ။ အလေးထားပြီး ပြင်ဆင်ထားရပါတယ်။ ထိုင်းမှာ အလုပ်သမား သန်းနဲ့ချီရှိတယ်။ အခုပြန်လာမှာ ဒီတခေါက် သိန်းနဲ့ချီရှိနိုင်တယ်။ ဒါ ကျနော်တို့ အလုပ်သမားရေး လုပ်တဲ့သူတွေ အကြမ်းဖျင်း ခန့်မှန်းစာရင်းပါ။ ဒီထက်လည်း ပိုများနိုင်တယ်။ ဒီကိစ္စက ပေါ့ပေါ့တန်တန်မထားဘဲ အလေးထားပြီး ပြည်သူတွေ ပုံစံမျိုးစုံနဲ့ နယ်စပ်ကိုဝင်လာရင် ဘယ်လိုတားဆီးမလဲ၊ Camp တွေ သွင်းမလဲဆိုတာ ကြိုတင်စဉ်းစားပါလို့ နိုင်ငံတော်အစိုးရကို ပြောချင်ပါတယ်။”

စက်ရုံပိတ်လိုက်လို့ အလုပ်ပြုတ်နေတဲ့ မြန်မာအလုပ်သမား ကိုကျော်ဇေယျကတော့ ထိုင်းမှာ ရတဲ့အလုပ် ရှာနေသလို မရရင်လည်း မဖြစ်မနေမို့လို့ နေရပ်ပြန်ရမှာ ဖြစ်တဲ့အကြောင်း၊ နေရပ်ပြန်တာတောင် အခက်အခဲတွေနဲ့ ပြန်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခု အလုပ်ရုံပိတ်ပြီဆိုရင် မဖြစ်မနေ သွားရမယ်ဆိုရင်တောင် မြန်မာပြည်မှာ အလုပ်လုပ်ဖို့ အလုပ်ရှာဖို့က ဇွဲရှိရှိလုပ်ရင်တောင် တနှစ်လောက်ထိ အခက်အခဲရှိပါတယ်။ လိုအပ်ချက်တွေက တနှစ်အထိလည်း မစောင့်နိုင်ဘူး။ တချို့က မိအိုဖအိုတွေရှိတယ်၊ မှီခိုနေရသူတွေ၊ တချို့ကတော့ ကလေးတွေ မိသားစုတွေရဲ့ ကလေးတွေရဲ့ ကျောင်းတက်ရေး စားဝတ်နေရေး ဘက်စုံလိုအပ်ချက် ရှိပါတယ်။”

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်အပြီး ကုန်ကြမ်းမရလို့ စက်ရုံတွေ ပိတ်လိုက်တာတွေ၊ ကုန်ချောတွေ ဝယ်မယ့်နိုင်ငံမရှိလို့ အလုပ်ရုံတွေက အလုပ်သမား လျှော့ချရာမှာ မြန်မာအလုပ်သမားတွေ အများအပြား ပါဝင်ပါတယ်။ အလုပ်အကိုင်မရှိ၊ နစ်နာကြေးမရ၊ နေထိုင်စားသောက်ဖို့ အခက်အခဲတွေကြောင့် နေရပ်ကိုပြန်ဖို့ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com/a/covid19-myanmar-migrant-workers-in-thailand/5369031.html
COVID-19 ကာကြယ္ေရး ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေရး လႈပ္ရွားသူေတြ တုိက္တြန္း COVID-19 ကာကြယ္ေရး ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေရး လႈပ္ရွားသူေတြ တုိက္တြန္း Reviewed by THITHTOOLWIN on 02:20 Rating: 5
Powered by Blogger.