အသြားအလာကန႔္သတ္တဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ ေဒသခံေတြ အခက္အခဲနဲ႔ရင္ဆိုင္ရ

(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ မ်ားလာတာေၾကာင့္  ေနအိမ္မွာပဲ ေနထိုင္ၾကေရး အစီအစဥ္မွာ ထည့္သြင္းလိုက္တဲ့ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္မွာ အဝင္အထြက္ ပိတ္ဆို႔တာေတြေၾကာင့္ သြားလာေရးနဲ႔ စားေသာက္ေရး မွာ အခက္အခဲေတြနဲ႔ ႀကဳံေနရပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေန႔ ဧၿပီ ၂၉ ရက္ မနက္အထိ အတည္ျပဳလူနာ အေယာက္ ၁၅၀ ရွိေနၿပီး အဲဒီထဲမွာ ရန္ကုန္တိုင္း က ၁၁၆ ေယာက္ ပါဝင္တဲ့အတြက္ အေရအတြက္  အမ်ားဆုံးျဖစ္ပါတယ္။

အဲဒီလိုေတြ႕ရွိခဲ့တဲ့ ရန္ကုန္ ၂၆ ၿမိဳ႕နယ္ထဲက လူနာအမ်ားဆုံး ၁ဝ ၿမိဳ႕နယ္ျဖစ္တဲ့ ေတာင္ဥကၠလာ၊ ပန္းဘဲတန္း၊ ဗဟန္း၊ မရမ္းကုန္း ၊ အင္းစိန္၊ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ မဂၤလာဒုံ၊ တာေမြနဲ႔ ဗိုလ္တေထာင္တို႔ကို  အသြားအလာ ကန႔္သတ္ပိတ္ဆို႔တဲ့အမိန႔္ အစိုးရကထုတ္ျပန္ၿပီး ပိုးကူးစက္ျပန႔္ပြားမႈ ကာကြယ္ထိန္းခ်ဳပ္ေနပါတယ္။

ရပ္ကြက္တခ်ိဳ႕မွာ လမ္းေတြကို လုံးဝပိတ္လိုက္တာ၊ ျပင္ပကေန အစားအေသာက္ လာပို႔တာေတြကိုေတာင္ အဝင္မခံတာ၊ အျခားရပ္ကြက္ကလူေတြကို အဝင္မခံတာမ်ိဳးေတြေၾကာင့္ ရပ္ကြက္ေနျပည္သူေတြ အခက္အခဲျဖစ္ေနပါတယ္။

တာေမြၿမိဳ႕နယ္မွာေနထိုင္တဲ့ ကိုသက္ေဆြဝင္းက သူတို႔ဆီမွာ အလားတူ ရင္ဆိုင္ေနတယ္လို႔  ေျပာပါတယ္။

လမ္းထဲဝင္ထြက္ဖို႔ ဝင္ေပါက္တခုပဲ ဖြင့္ထားတဲ့ တာေမြၿမိဳ႕နယ္ ဗ်ိဳင္းကြက္သစ္ရပ္ကြက္ထဲက လမ္းတစ္လမ္းမွာ ဆိုရင္ အဲဒီဝင္ေပါက္မွာ လူေတြ တခါတရံ စုၿပဳံေနတတ္တာေၾကာင့္ ပိုးကူးစက္ဖို႔ လြယ္ကူတဲ့အေျခအေန ျဖစ္ေနတယ္လို႔ ရပ္ကြက္ေနထိုင္သူတစ္ဦးက ေထာက္ျပပါတယ္။

တာေမြၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေက်ာ္ေအးက ၿမိဳ႕နယ္ထဲမွာ လမ္းပိတ္ဆို႔တာ မရွိဘူးလို႔ ျငင္းဆိုပါတယ္။ ၿမိဳ႕နယ္အတြင္း ေနထိုင္သူေတြကေတာ့ ရပ္ကြက္ေတြထဲမွာ လမ္းပိတ္ဆို႔ထားတာေတြေၾကာင့္ အခက္ေတြ႕ေနရပါတယ္။

တာေမြၿမိဳ႕နယ္ ျပည့္သူကြန္ရက္ ေဖ့စ္ဘြတ္လူမႈကြန္ရက္စာမ်က္ႏွာမွာဆိုရင္ လမ္းေတြပိတ္တာ၊ ေရသန႔္ အပါအဝင္ စားေသာက္ကုန္ေတြ လာပို႔တဲ့လူေတြကို အဝင္မခံတာ၊ အျပင္ကေန လာသူေတြကို  ေပးမဝင္တာ၊ ရပ္ကြက္တစ္ခုကေန ေနာက္ရပ္ကြက္ထဲ အိမ္ေျပာင္းတာကို ေထာက္ခံစာေတြ ေတာင္းတာေၾကာင့္ အခက္ အခဲျဖစ္တာ စတဲ့ မေက်နပ္တာေတြ ေရးသားထားတာ ေတြ႕ရပါတယ္။

အခုလိုလမ္းပိတ္တာေတြဟာ အုပ္ခ်ဳပ္ေရးမႉးေတြ နားလည္မႈလြဲၿပီး ေဆာင္႐ြက္ေနတာေၾကာင့္ ျပန္ဖြင့္ႏိုင္ၾကဖို႔ စီစဥ္ေနတယ္လို႔ တာေမြၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းျမင့္က ေျပာပါတယ္။

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၫႊန္ၾကားခ်က္ထဲမွာ လမ္းပိတ္ဆို႔ဖို႔မပါဘူးလို႔ ေက်ာက္ေျမာင္း အေရွ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေဝေက်ာ္ေအာင္က ေျပာပါတယ္။

ဧၿပီ ၂၉ ဒီေန႔မနက္အထိ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စာရင္းေတြအရ ရန္ကုန္တိုင္းထဲမွာဆိုရင္ အင္းစိန္က ၂၃ ေယာက္၊ ေတာင္ဥကၠလာက ၁၃ ေယာက္၊ မရမ္းကုန္းက  ၁၂ ေယာက္၊ ဗဟန္းက ကိုးေယာက္၊ ပန္းဘဲတန္းနဲ႔ တာေမြၿမိဳ႕နယ္က ခုႏွစ္ေယာက္စီ၊ ဗိုလ္တေထာင္နဲ႔ လႈိင္သာယာမွာေတာ့ ငါးေယာက္စီ၊ ကမာ႐ြတ္က ေလးေယာက္၊ မဂၤလာဒုံနဲ႔ ေ႐ႊျပည္သာက သုံးေယာက္စီ၊ မဂၤလာေတာင္ၫြန႔္၊ စမ္းေခ်ာင္း၊ ေျမာက္ဥကၠလာ၊ ေျမာက္ဒဂုံ၊ ေဒါပုံ၊ အေရွ႕ဒဂုံ၊ သာေကတ၊ ေက်ာက္တံတား၊ လႈိင္ၿမိဳ႕နယ္ေတြမွာ ႏွစ္ေယာက္စီ၊ ေမွာ္ဘီ၊ လွည္းကူး၊ အလုံ၊ ပုဇြန္ေတာင္၊ ေတာင္ဒဂုံ၊ သဃၤန္းကြၽန္းနဲ႔ ဒဂုံၿမိဳ႕နယ္ေတြမွာက တစ္ေယာက္စီ ပိုးေတြ႕လူနာရွိေနတာျဖစ္ပါတယ္။

တျခားၿမိဳ႕နယ္တခ်ိဳ႕မွာလည္း အလားတူ အခက္အခဲေတြ ႀကဳံေနရသူေတြလည္း ရွိပါတယ္။ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းကို RFA က ေမးျမန္းဖို႔ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

တိုင္းေဒသႀကီးၫႊန္ၾကားခ်က္မရွိဘဲ ရပ္ကြက္အလိုက္ အပိုင္းအလိုက္ ပိတ္ဆို႔တာေတြ၊ ကန႔္သတ္တားဆီးတာေတြ မလုပ္ဖို႔ ၿပီးခဲ့တဲ့ဧၿပီလ ၂ ရက္ ေန႔ရက္စြဲနဲ႔ အစိုးရက ၫႊန္ၾကားခ်က္ ထုတ္ထားပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
------------------------------------------

RFA Burmese
အသွားအလာကန့်သတ်တဲ့ မြို့နယ်တချို့မှာ ဒေသခံတွေ အခက်အခဲနဲ့ရင်ဆိုင်ရ

ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ များလာတာကြောင့်  နေအိမ်မှာပဲ နေထိုင်ကြရေး အစီအစဉ်မှာ ထည့်သွင်းလိုက်တဲ့ မြို့နယ် ၁၀ မြို့နယ်မှာ အဝင်အထွက် ပိတ်ဆို့တာတွေကြောင့် သွားလာရေးနဲ့ စားသောက်ရေး မှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ ဧပြီ ၂၉ ရက် မနက်အထိ အတည်ပြုလူနာ အယောက် ၁၅၀ ရှိနေပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း က ၁၁၆ ယောက် ပါဝင်တဲ့အတွက် အရေအတွက်  အများဆုံးဖြစ်ပါတယ်။

အဲဒီလိုတွေ့ရှိခဲ့တဲ့ ရန်ကုန် ၂၆ မြို့နယ်ထဲက လူနာအများဆုံး ၁ဝ မြို့နယ်ဖြစ်တဲ့ တောင်ဥက္ကလာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တာမွေနဲ့ ဗိုလ်တထောင်တို့ကို  အသွားအလာ ကန့်သတ်ပိတ်ဆို့တဲ့အမိန့် အစိုးရကထုတ်ပြန်ပြီး ပိုးကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နေပါတယ်။

ရပ်ကွက်တချို့မှာ လမ်းတွေကို လုံးဝပိတ်လိုက်တာ၊ ပြင်ပကနေ အစားအသောက် လာပို့တာတွေကိုတောင် အဝင်မခံတာ၊ အခြားရပ်ကွက်ကလူတွေကို အဝင်မခံတာမျိုးတွေကြောင့် ရပ်ကွက်နေပြည်သူတွေ အခက်အခဲဖြစ်နေပါတယ်။

တာမွေမြို့နယ်မှာနေထိုင်တဲ့ ကိုသက်ဆွေဝင်းက သူတို့ဆီမှာ အလားတူ ရင်ဆိုင်နေတယ်လို့  ပြောပါတယ်။

လမ်းထဲဝင်ထွက်ဖို့ ဝင်ပေါက်တခုပဲ ဖွင့်ထားတဲ့ တာမွေမြို့နယ် ဗျိုင်းကွက်သစ်ရပ်ကွက်ထဲက လမ်းတစ်လမ်းမှာ ဆိုရင် အဲဒီဝင်ပေါက်မှာ လူတွေ တခါတရံ စုပြုံနေတတ်တာကြောင့် ပိုးကူးစက်ဖို့ လွယ်ကူတဲ့အခြေအနေ ဖြစ်နေတယ်လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ထောက်ပြပါတယ်။

တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက မြို့နယ်ထဲမှာ လမ်းပိတ်ဆို့တာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ မြို့နယ်အတွင်း နေထိုင်သူတွေကတော့ ရပ်ကွက်တွေထဲမှာ လမ်းပိတ်ဆို့ထားတာတွေကြောင့် အခက်တွေ့နေရပါတယ်။

တာမွေမြို့နယ် ပြည့်သူကွန်ရက် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာဆိုရင် လမ်းတွေပိတ်တာ၊ ရေသန့် အပါအဝင် စားသောက်ကုန်တွေ လာပို့တဲ့လူတွေကို အဝင်မခံတာ၊ အပြင်ကနေ လာသူတွေကို  ပေးမဝင်တာ၊ ရပ်ကွက်တစ်ခုကနေ နောက်ရပ်ကွက်ထဲ အိမ်ပြောင်းတာကို ထောက်ခံစာတွေ တောင်းတာကြောင့် အခက် အခဲဖြစ်တာ စတဲ့ မကျေနပ်တာတွေ ရေးသားထားတာ တွေ့ရပါတယ်။

အခုလိုလမ်းပိတ်တာတွေဟာ အုပ်ချုပ်ရေးမှူးတွေ နားလည်မှုလွဲပြီး ဆောင်ရွက်နေတာကြောင့် ပြန်ဖွင့်နိုင်ကြဖို့ စီစဉ်နေတယ်လို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားချက်ထဲမှာ လမ်းပိတ်ဆို့ဖို့မပါဘူးလို့ ကျောက်မြောင်း အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝေကျော်အောင်က ပြောပါတယ်။

ဧပြီ ၂၉ ဒီနေ့မနက်အထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းထဲမှာဆိုရင် အင်းစိန်က ၂၃ ယောက်၊ တောင်ဥက္ကလာက ၁၃ ယောက်၊ မရမ်းကုန်းက  ၁၂ ယောက်၊ ဗဟန်းက ကိုးယောက်၊ ပန်းဘဲတန်းနဲ့ တာမွေမြို့နယ်က ခုနှစ်ယောက်စီ၊ ဗိုလ်တထောင်နဲ့ လှိုင်သာယာမှာတော့ ငါးယောက်စီ၊ ကမာရွတ်က လေးယောက်၊ မင်္ဂလာဒုံနဲ့ ရွှေပြည်သာက သုံးယောက်စီ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒေါပုံ၊ အရှေ့ဒဂုံ၊ သာကေတ၊ ကျောက်တံတား၊ လှိုင်မြို့နယ်တွေမှာ နှစ်ယောက်စီ၊ မှော်ဘီ၊ လှည်းကူး၊ အလုံ၊ ပုဇွန်တောင်၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းနဲ့ ဒဂုံမြို့နယ်တွေမှာက တစ်ယောက်စီ ပိုးတွေ့လူနာရှိနေတာဖြစ်ပါတယ်။

တခြားမြို့နယ်တချို့မှာလည်း အလားတူ အခက်အခဲတွေ ကြုံနေရသူတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို RFA က မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုင်းဒေသကြီးညွှန်ကြားချက်မရှိဘဲ ရပ်ကွက်အလိုက် အပိုင်းအလိုက် ပိတ်ဆို့တာတွေ၊ ကန့်သတ်တားဆီးတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ဧပြီလ ၂ ရက် နေ့ရက်စွဲနဲ့ အစိုးရက ညွှန်ကြားချက် ထုတ်ထားပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/program_2/stay-home-lockdown-township-04292020031608.html
အသြားအလာကန႔္သတ္တဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ ေဒသခံေတြ အခက္အခဲနဲ႔ရင္ဆိုင္ရ အသြားအလာကန႔္သတ္တဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ ေဒသခံေတြ အခက္အခဲနဲ႔ရင္ဆိုင္ရ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.