ခရီးသြားေထာက္ခံစာပါၿပီး က်န္းမာေရးေကာင္းရင္ ေနျပည္ေတာ္ကို ဝင္ခြင့္ရမည္

(Zawgyi)⤵⤵⤵
ေဒသအသီးသီးကေန လာေရာက္သူေတြအေနနဲ႔၊ ခရီးသြားေထာက္ခံစာပါၿပီး က်န္းမာေရးေကာင္းမြန္ရင္ ေနျပည္ ေတာ္ကို ဝင္ေရာက္ခြင့္ျပဳမယ့္ ေၾကညာခ်က္ဟာ၊ အစိုးရဌာနဆိုင္ရာ လုပ္ငန္းေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႔ တင္းၾကပ္မႈတခ်ိဳ႕ကို ေျဖေလွ်ာ့ေပးလိုက္တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတ္ာကို လာေရာက္သူေတြအေနနဲ႔ ဧၿပီလ ၃၀ ရက္ေန႔ကစလို႔ ခရီးသြားေထာက္ခံစာ ပါရင္ ေနျပည္ေတာ္ကို ဝင္ခြင့္ရရွိမွာျဖစ္ၿပီး၊ က်န္းမာေရးအရ သံသယရွိရင္ေတ့ာ သတ္မွတ္ထားတဲ့ ေဆး႐ုံေတြမွာ Quaratine ၂၁ ရက္ဝင္ရမယ္လို႔ ေနျပည္ေတာ္ေကာင္စီက ထုတ္ျပန္ေၾကညာခဲ့တဲ့အေၾကာင္း RFA က သတင္း ထုတ္လႊင့္ခဲ့ၿပီးျဖစ္ပါတယ္။

ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္ လက္မွတ္နဲ႔ ဧၿပီလ ၂၈ ရက္ေန႔က ထုတ္ျပန္တဲ့ အဲဒီေၾကညာ ခ်က္ဟာ မနက္ျဖန္ ဧၿပီလ ၃၀ ရက္ေန႔ကစၿပီး အသက္ဝင္မွာျဖစ္ပါတယ္။

ဒီေၾကညာခ်က္ မထုတ္ခင္အခ်ိန္အထိ ေနျပည္ေတာ္ကို ျပန္လာတဲ့ အစိုးရဝန္ထမ္းေတြ အေနနဲ႔ စည္ပင္ဧည့္ ရိပ္သာက အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရး စခန္းမွာ ၂၁ ရက္မျဖစ္မေန သြားေရာက္ေနထိုင္ရပါတယ္။

ေနျပည္ေတာ္ ေကာင္စီဝင္တစ္ဦးျဖစ္တဲ့ ဦးတင္ထြန္း က အခုလို ထုတ္ျပန္တာက ေနျပည္ေတာ္ကိုလာရင္ လိုအပ္တာေတြကို ႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။ 

“ဒါကေတာ့ တိတိက်က် ပိုၿပီးေတာ့မွ သူတို႔ လိုက္နာလို႔ရေအာင္ေလ။ ျပင္ဆင္လာလို႔ရေအာင္။ ဟုတ္တယ္ မလား အေထာက္အထားေတြ ယူခိုင္းတဲ့ သေဘာပါပဲ။ ပိုၿပီးမွ ရွင္းရွင္းလင္းလင္း သိေအာင္မို႔လို႔ ထပ္ထုတ္ ျပန္ေပးတာပါ။ ဘာေတြလိုတယ္ ျပင္ဆင္လာလို႔ ရေအာင္ေပါ့ေနာ္ ဒီကိုလာလို႔ရွိရင္”

ဒီထုတ္ျပန္ခ်က္အရ ေရာဂါျဖစ္ပြားတဲ့ တိုင္းနဲ႔ ျပည္နယ္ေတြက Stay at Home အိမ္မွာပဲေနဖို႔ ၫႊန္ၾကားခ်က္ ထုတ္ထားတဲ့ ၿမိဳ႕နယ္က လာတဲ့သူေတြဟာ တာဝန္ရွိသူေတြရဲ႕ ခြင့္ျပဳစာ ဒါမွမဟုတ္ ေနျပည္ေတာ္ကို လာေရာက္ဖို႔ ေခၚထားတဲ့ အေၾကာင္းၾကားစာကို ျပရမွာျဖစ္ၿပီး၊ မျပႏိုင္ရင္ အသြားအလာကန႔္သတ္ ေစာင့္ၾကည့္စခန္းမွာ ၂၁ ရက္ ေနထိုင္ရမွာပါ။

ေနျပည္ေတာ္ကို လာေရာက္တဲ့သူတိုင္းကေတာ့ ဘယ္ေဒသက လာတယ္ဆိုတာ ေထာက္ခံစာ ျပရမွာျဖစ္ပါတယ္။

အလားတူပဲ ေရာဂါကူးစက္မူမရွိေသးတဲ့ ၿမိဳ႕နယ္ကလာတဲ့သူေတြကိုလည္း ၿမိဳ႕အဝင္ဂိတ္မွာ က်န္းမာေရး စစ္ေဆးမွာျဖစ္ၿပီး သံသယျဖစ္စရာ ေရာဂါလကၡဏာ မရွိရင္ ေနျပည္ေတာ္ကို ဝင္ေရာက္ခြင့္ျပဳမွာျဖစ္ပါတယ္။

ေနျပည္ေတာ္အဝင္ စီလမ္းဆုံဂိတ္ တာဝန္ရွိသူ ဒုရဲမႉး သိန္းႂကြယ္က ေထာက္ခံခ်က္ပါရင္ ဝင္ခြင့္ျပဳတယ္ ဆိုတာက တင္းၾကပ္မႈကို ေျဖေလွ်ာ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

“ေထာက္ခံစာေတြနဲ႔ သက္ဆိုင္ရာ ဝန္ႀကီးဌာနခ်င္း ဆိုတဲ့စာေတြ၊ ေနာက္ရပ္ကြက္ကေနၿပီးေတာ့ မည္သည့္ ေဒသက လာလာ အဲဒီရပ္ကြက္ေထာက္ခံစာေတြ ပါလာလို႔ရွိရင္ က်ေတာ္တို႔ ခြင့္ျပဳမွာပါ။ သူတို႔ဆီက ေထာက္ခံစာ ေတာင္းမယ္ေလ။ သက္ဆိုင္ရာ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ေထာက္ခံစာ ပါရင္ေတာ့ ခြင့္ျပဳမွာေပါ့။ ပိုးေတြ႕တဲ့ ေဒသကလာလာ၊ ဘယ္ကလာလာ။ တင္းၾကပ္တာမဟုတ္ဘူး၊ ေျဖေလွ်ာ့သြား တာေလ။ ေျဖေလွ်ာ့လိုက္တာ။ တင္းၾကပ္တာ မဟုတ္ဘူး။ အရင္တုန္းက က်ေတာ္တို႔က ဝင္ခြင့္မျပဳတာကို ခုေထာက္ခံစာနဲ႔ေပးၿပီး ဝင္ခြင့္ျပဳေနၿပီဆိုတာ ေျဖေလွ်ာ့တာေပါ့ေနာ္”

ေနျပည္ေတာ္မွာ ေနထိုင္ၿပီး တျခားေဒသက ျပန္လာတဲ့သူေတြဟာ သူတို႔သြားေရာက္ခဲ့တဲ့ ေဒသက ေထာက္ခံစာ တင္ျပရမွာျဖစ္ၿပီး ေထာက္ခံစာ မတင္ျပႏိုင္သူနဲ႔ ေထာက္ခံစာတင္ျပဖို႔ ျငင္းဆန္သူ၊ အိမ္မွာပဲေနဖို႔ အမိန႔္ထုတ္ ျပန္ထားတဲ့ေဒသကို သြားေရာက္ခဲ့သူေတြဟာ ေစာင့္ၾကည့္ေရး စခန္းမွာ ၂၁ ရက္ ေနထိုင္ရမွာျဖစ္ပါတယ္။

ေနရပ္ေဒသကို လိမ္လည္သူေတြ၊ သြားေရာက္ခဲ့တဲ့ အရပ္ေဒသကို မမွန္မကန္ေျပာသူေတြ၊ စစ္ေဆးမႈကို ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိသူေတြကို ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူမယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္ဟန္က အရင္က ထုတ္ျပန္ခ်က္နဲ႔ အခု ထုတ္ျပန္ခ်က္ ကြာျခားပုံကို ရွင္းျပပါတယ္။

“အရင္က က်ေတာ့ ရန္ကုန္ကေနၿပီးေတာ့မွ ရွိတဲ့ဧရိယာေတြက လာလို႔ရွိရင္ ဒီမွာ Quarantine ဝင္ရမယ္ ေပါ့ေနာ္။ အခုကေတာ့ စာထဲမွာပါတဲ့ အတိုင္းဆိုရင္ေတာ့ Stay Home ထားထားတဲ့ ၿမိဳ႕နယ္ေတြက လာရင္လည္း စာထဲမွာပါတဲ့ သတ္မွတ္ခ်က္ေတြအတိုင္းရွိတယ္၊ က်န္းမာေရးဆိုင္ရာ စစ္ေဆးခ်က္ေတြမွာ ထူးျခားမူမရွိဘူးဆိုရင္ ဝင္ထြက္သြားလာခြင့္ရမယ့္ ပုံစံမ်ိဳး စာသားေတြ ပါတယ္ေလ။ ဖတ္ရတဲ့သူက လာေရာက္မယ့္သူ ဒါမွမဟုတ္ ေနျပည္ေတာ္ထဲကေနၿပီး ျပန္ဝင္ရမယ့္သူဆိုရင္ သူလုပ္ရမယ့္ လုပ္ငန္းစဥ္ အေသးစိတ္ပါတာေပါ့”

ေနျပည္ေတာ္ အဝင္ဂိတ္က ဝင္လာသူ အားလုံးကို လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျမန္မာ ႏိုင္ငံ ရဲတပ္ဖြဲ႕၊ က်န္းမာေရး၊ တပ္မေတာ္ စတဲ့ဌာနဆိုင္ရာ အဖြဲ႕ေပါင္းစုံပါတဲ့ ပူးေပါင္းအဖြဲ႕က က်န္းမာေရး စစ္ေဆးတာေတြ၊ ေနရပ္လိပ္စာ အခ်က္အလက္ ေကာက္ယူတာေတြကို ဧၿပီလ ၁၄ ရက္ေန႔ကတည္းက ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။

စည္ပင္ဧည့္ရိပ္သာက ေစာင့္ၾကည့္ေရး စင္တာမွာ ေနျပည္ေတာ္ကို ျပန္လာတဲ့ အစိုးရဝန္ထမ္းေတြ ၆၀၀ နီးပါးရွိေနတယ္လို႔ Covid 19 Volunteer Team နာယက ဦးေမာင္ေမာင္ေဆြက ေျပာပါတယ္။

သီဟထြန္း၊ သက္စုေအာင္ / RFA Burmese
----------------------------------------------

(Unicode)⤵⤵⤵
ခရီးသွားထောက်ခံစာပါပြီး ကျန်းမာရေးကောင်းရင် နေပြည်တော်ကို ဝင်ခွင့်ရမည်

ဒေသအသီးသီးကနေ လာရောက်သူတွေအနေနဲ့၊ ခရီးသွားထောက်ခံစာပါပြီး ကျန်းမာရေးကောင်းမွန်ရင် နေပြည် တော်ကို ဝင်ရောက်ခွင့်ပြုမယ့် ကြေညာချက်ဟာ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ တင်းကြပ်မှုတချို့ကို ဖြေလျှော့ပေးလိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တေ်ာကို လာရောက်သူတွေအနေနဲ့ ဧပြီလ ၃၀ ရက်နေ့ကစလို့ ခရီးသွားထောက်ခံစာ ပါရင် နေပြည်တော်ကို ဝင်ခွင့်ရရှိမှာဖြစ်ပြီး၊ ကျန်းမာရေးအရ သံသယရှိရင်တေ့ာ သတ်မှတ်ထားတဲ့ ဆေးရုံတွေမှာ Quaratine ၂၁ ရက်ဝင်ရမယ်လို့ နေပြည်တော်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တဲ့အကြောင်း RFA က သတင်း ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် လက်မှတ်နဲ့ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီကြေညာ ချက်ဟာ မနက်ဖြန် ဧပြီလ ၃၀ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပါတယ်။

ဒီကြေညာချက် မထုတ်ခင်အချိန်အထိ နေပြည်တော်ကို ပြန်လာတဲ့ အစိုးရဝန်ထမ်းတွေ အနေနဲ့ စည်ပင်ဧည့် ရိပ်သာက အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းမှာ ၂၁ ရက်မဖြစ်မနေ သွားရောက်နေထိုင်ရပါတယ်။

နေပြည်တော် ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဦးတင်ထွန်း က အခုလို ထုတ်ပြန်တာက နေပြည်တော်ကိုလာရင် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ 

“ဒါကတော့ တိတိကျကျ ပိုပြီးတော့မှ သူတို့ လိုက်နာလို့ရအောင်လေ။ ပြင်ဆင်လာလို့ရအောင်။ ဟုတ်တယ် မလား အထောက်အထားတွေ ယူခိုင်းတဲ့ သဘောပါပဲ။ ပိုပြီးမှ ရှင်းရှင်းလင်းလင်း သိအောင်မို့လို့ ထပ်ထုတ် ပြန်ပေးတာပါ။ ဘာတွေလိုတယ် ပြင်ဆင်လာလို့ ရအောင်ပေါ့နော် ဒီကိုလာလို့ရှိရင်”

ဒီထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားတဲ့ တိုင်းနဲ့ ပြည်နယ်တွေက Stay at Home အိမ်မှာပဲနေဖို့ ညွှန်ကြားချက် ထုတ်ထားတဲ့ မြို့နယ်က လာတဲ့သူတွေဟာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုစာ ဒါမှမဟုတ် နေပြည်တော်ကို လာရောက်ဖို့ ခေါ်ထားတဲ့ အကြောင်းကြားစာကို ပြရမှာဖြစ်ပြီး၊ မပြနိုင်ရင် အသွားအလာကန့်သတ် စောင့်ကြည့်စခန်းမှာ ၂၁ ရက် နေထိုင်ရမှာပါ။

နေပြည်တော်ကို လာရောက်တဲ့သူတိုင်းကတော့ ဘယ်ဒေသက လာတယ်ဆိုတာ ထောက်ခံစာ ပြရမှာဖြစ်ပါတယ်။

အလားတူပဲ ရောဂါကူးစက်မူမရှိသေးတဲ့ မြို့နယ်ကလာတဲ့သူတွေကိုလည်း မြို့အဝင်ဂိတ်မှာ ကျန်းမာရေး စစ်ဆေးမှာဖြစ်ပြီး သံသယဖြစ်စရာ ရောဂါလက္ခဏာ မရှိရင် နေပြည်တော်ကို ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

နေပြည်တော်အဝင် စီလမ်းဆုံဂိတ် တာဝန်ရှိသူ ဒုရဲမှူး သိန်းကြွယ်က ထောက်ခံချက်ပါရင် ဝင်ခွင့်ပြုတယ် ဆိုတာက တင်းကြပ်မှုကို ဖြေလျှော့တာဖြစ်တယ်လို့ ပြောပါတယ်။

“ထောက်ခံစာတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ဆိုတဲ့စာတွေ၊ နောက်ရပ်ကွက်ကနေပြီးတော့ မည်သည့် ဒေသက လာလာ အဲဒီရပ်ကွက်ထောက်ခံစာတွေ ပါလာလို့ရှိရင် ကျတော်တို့ ခွင့်ပြုမှာပါ။ သူတို့ဆီက ထောက်ခံစာ တောင်းမယ်လေ။ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ ပါရင်တော့ ခွင့်ပြုမှာပေါ့။ ပိုးတွေ့တဲ့ ဒေသကလာလာ၊ ဘယ်ကလာလာ။ တင်းကြပ်တာမဟုတ်ဘူး၊ ဖြေလျှော့သွား တာလေ။ ဖြေလျှော့လိုက်တာ။ တင်းကြပ်တာ မဟုတ်ဘူး။ အရင်တုန်းက ကျတော်တို့က ဝင်ခွင့်မပြုတာကို ခုထောက်ခံစာနဲ့ပေးပြီး ဝင်ခွင့်ပြုနေပြီဆိုတာ ဖြေလျှော့တာပေါ့နော်”

နေပြည်တော်မှာ နေထိုင်ပြီး တခြားဒေသက ပြန်လာတဲ့သူတွေဟာ သူတို့သွားရောက်ခဲ့တဲ့ ဒေသက ထောက်ခံစာ တင်ပြရမှာဖြစ်ပြီး ထောက်ခံစာ မတင်ပြနိုင်သူနဲ့ ထောက်ခံစာတင်ပြဖို့ ငြင်းဆန်သူ၊ အိမ်မှာပဲနေဖို့ အမိန့်ထုတ် ပြန်ထားတဲ့ဒေသကို သွားရောက်ခဲ့သူတွေဟာ စောင့်ကြည့်ရေး စခန်းမှာ ၂၁ ရက် နေထိုင်ရမှာဖြစ်ပါတယ်။

နေရပ်ဒေသကို လိမ်လည်သူတွေ၊ သွားရောက်ခဲ့တဲ့ အရပ်ဒေသကို မမှန်မကန်ပြောသူတွေ၊ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူတွေကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က အရင်က ထုတ်ပြန်ချက်နဲ့ အခု ထုတ်ပြန်ချက် ကွာခြားပုံကို ရှင်းပြပါတယ်။

“အရင်က ကျတော့ ရန်ကုန်ကနေပြီးတော့မှ ရှိတဲ့ဧရိယာတွေက လာလို့ရှိရင် ဒီမှာ Quarantine ဝင်ရမယ် ပေါ့နော်။ အခုကတော့ စာထဲမှာပါတဲ့ အတိုင်းဆိုရင်တော့ Stay Home ထားထားတဲ့ မြို့နယ်တွေက လာရင်လည်း စာထဲမှာပါတဲ့ သတ်မှတ်ချက်တွေအတိုင်းရှိတယ်၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်တွေမှာ ထူးခြားမူမရှိဘူးဆိုရင် ဝင်ထွက်သွားလာခွင့်ရမယ့် ပုံစံမျိုး စာသားတွေ ပါတယ်လေ။ ဖတ်ရတဲ့သူက လာရောက်မယ့်သူ ဒါမှမဟုတ် နေပြည်တော်ထဲကနေပြီး ပြန်ဝင်ရမယ့်သူဆိုရင် သူလုပ်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်ပါတာပေါ့”

နေပြည်တော် အဝင်ဂိတ်က ဝင်လာသူ အားလုံးကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ တပ်မတော် စတဲ့ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံပါတဲ့ ပူးပေါင်းအဖွဲ့က ကျန်းမာရေး စစ်ဆေးတာတွေ၊ နေရပ်လိပ်စာ အချက်အလက် ကောက်ယူတာတွေကို ဧပြီလ ၁၄ ရက်နေ့ကတည်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။

စည်ပင်ဧည့်ရိပ်သာက စောင့်ကြည့်ရေး စင်တာမှာ နေပြည်တော်ကို ပြန်လာတဲ့ အစိုးရဝန်ထမ်းတွေ ၆၀၀ နီးပါးရှိနေတယ်လို့ Covid 19 Volunteer Team နာယက ဦးမောင်မောင်ဆွေက ပြောပါတယ်။

သီဟထွန်း၊ သက်စုအောင် / RFA Burmese
https://www.rfa.org/burmese/news/naypyitaw-quarantine-04292020065829.html
ခရီးသြားေထာက္ခံစာပါၿပီး က်န္းမာေရးေကာင္းရင္ ေနျပည္ေတာ္ကို ဝင္ခြင့္ရမည္ ခရီးသြားေထာက္ခံစာပါၿပီး က်န္းမာေရးေကာင္းရင္ ေနျပည္ေတာ္ကို ဝင္ခြင့္ရမည္ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.