စကၤာပူမွာ COVID-19 ကူးစက္သူႏုိင္ငံျခားသားမ်ားလာတာေၾကာင့္ ျမန္မာေတြပါ အခက္ေတြ႔ေန

စကၤာပူရွိ ႏုိင္ငံျခားသားအလုပ္သမားအေဆာင္
(Zawgyi/Unicode)

ႏုိင္ငံျခားသားအလုပ္သမားေတြၾကား ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ တိုးလာေနတဲ့့အတြက္ စင္ကာပူႏုိင္ငံမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ အခက္ႀကံဳေနရတဲ့အေၾကာင္း မဆုမြန္က ေျပာျပေပးမွာပါ။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၁ ေသာင္းခဲြေလာက္ ရွိေနတဲ့ စကၤာပူႏုိင္ငံမွာ အခုေနာက္ဆုံး ကူးစက္မႈအသစ္ေတြဟာ အလုပ္သမားေဆာင္ေတြမွာ ေနထုိင္ၾကတဲ့ ႏုိင္ငံျခားသားေတြ ျဖစ္ၾကသလုိ၊ ဒီအထဲမွာ ျမန္မာႏုိင္ငံသားေတြလည္း ပါ၀င္ေနၾကတာပါ။ ဒီအတြက္လည္း စကၤာပူေရာက္ ျမန္မာေတြၾကား အခက္အခဲေတြ၊ စုိးရိမ္မႈေတြ ရွိေနၾကတဲ့အေၾကာင္း ကမ္းလြန္ေရနံ တည္ေဆာက္ေရးလုပ္ငန္းက လုပ္ငန္းခြင္ ေဘးကင္းလံုျခံဳေရးဆိုင္ရာ ဌာနမွဴး ဦးတင္မင္း ကဗီြအိုေအကိုေျပာျပပါတယ္။

“က်န္းမာေရးဝန္ၾကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရေတာ့ ကူးစက္ခံရသူျမန္မာစုစုေပါင္း ၁၃၆ ေယာက္ကူးစက္ခံထားရ ျမန္မာေတြထဲPRတို႔ႏုိင္ငံသားတို႔ေတာ့ မပါဘူး။ ျမန္မာအလုပ္သမားေတြထဲမွာ အေဆာင္ေနအလုပ္သမားေတြရွိတယ္ ျပင္ပမွာေနတဲ့အလုပ္သမားေတြရွိတယ္ လုပ္ငန္းခြင္ကေန သီးသန္႔ခြဲၿပီး ေနရာခ်ထားေပးတဲ့သူေတြရွိတယ္။ အေဆာင္မွာေနတဲ့အလုပ္သမားေတြကိုေတာ့ အခုအခ်ိန္မွာ အစိုးရက အဓိက အာရံုစိုက္ၿပီး အနီးကပ္ေစာင့္ၾကည့္ၿပီး ေဆးအဖြဲ႔ေတြ က်န္းမာေရးအဖြဲ႔ေတြရွိေနတဲ့အတြက္ လတ္တေလာမွာေတာ့ အေဆာင္ကသိပ္စိတ္မပူရဘူး။ အဓိကျပသနာက ဘာလဲဆိုေတာ့ အလုပ္ရွင္ေတြက သီးသန္႔ထားေပးတဲ့အလုပ္သမားေလးေတြရွိတယ္။ အဲ့ဒီ့အလုပ္သမားေတြအေၾကာင္း က်ေနာ္တို႔ၾကားရတာက အဲ့ဒီ့အလုပ္သမားေလးေတြက ျပင္ပအဆက္အသြယ္လည္းမရွိဘူး။ အျပင္လည္းမထြက္ရဘူး ေနာက္ၿပီးေတာ့ သူတို႔က အစိုးရက အနီးကပ္ေစာင့္ၾကည့္ေပးေနတဲ့အေဆာင္ေတြမွာလည္း ရွိမေနတဲ့အတြက္ သူတို႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ေနေရးထုိင္ေရး အေတာ္ေလးအခက္ခဲရွိတယ္။ ျမန္မာအလုပ္သမားအမ်ားစုက အခုအခ်ိန္အထိ အဲ့ဒီ့အခက္အခဲေတြကို ၾကိတ္ၿပီးေတာ့ ခံေနၾကတဲ့ပံုစံမ်ိဳးျဖစ္ေနတယ္။’’

COVID-19 ကပ္ေရာဂါေၾကာင့္ လုပ္ငန္းခြင္ေတြ ရပ္နားထားရခ်ိန္မွာ လုပ္ခလစာမရဘဲ အခက္ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံသားေတြလည္း အမ်ားအျပား ရွိေနတယ္လုိ႔ ဦးတင္မင္းက ေျာပပါတယ္။ စကၤာပူအစုိးရ တာ၀န္ရွိသူေတြက ေရာဂါပုိးကူးစက္မႈ ထိန္းခ်ဳပ္ဖုိ႔ အစီအမံေတြခ် ေဆာင္ရြက္ေနေပမဲ့ လုိအပ္ခ်က္ေတြ ရွိေနတုန္းပဲလုိ႔လည္း သူက ေျပာပါတယ္။

"အခု စင္ကာပူမွာက အလုပ္သမားအေဆာင္ခ်ည္းေပါင္းက ၄၀ေက်ာ္တယ္။ ၄၃ေဆာင္ရွိတယ္။ အစိုးရဘက္ကေတာ့ အေဆာင္ေတြထဲက ကူးစက္မႈေတြကိုေလ်ာ့ခ်ႏိုင္ဖို႔ အေတာ္ေလးလုပ္ေနတယ္။ အဓိကကေတာ့ ျမန္မာအစိုးရဘက္က ျပင္ဆင္ထားသင့္တယ္ ။ ျမန္မာေတြက ေတာင္းဆိုလို႔မဟုတ္ပဲ သက္ဆိုင္ရာျမန္မာသံရံုးေတြဘက္ကေန အျမဲတမ္းအသင့္အေနထားနဲ႔လံႈ႕ေဆာ္တာမ်ိဳးရွိသင့္တယ္။ အခုဆိုရင္ျမန္မာကေလးေတြ အေဆာင္မွာ ပိတ္မိေနတာေတြရွိတယ္ ေဆးရံုတက္ေနရတဲ့ကေလးေတြရွိတယ္ Isolate Quarantine သီးျခားခြဲထားခံရတဲ့ကေလးေတြရွိတယ္ ဒီကေလးေတြကို ကိုယ္တိုင္ေတြ႔ဖို႔က ဘယ္လိုမွမျဖစ္ႏုိင္ဘူး။ သက္ဆုိင္ရာအာဏာပိုင္က တုိက္ရိုက္သြားမွပဲျဖစ္တယ္ အဲ့ဒီေတာ့မွ အျပင္မွာရွိတဲ့ျမန္မာအဖြဲ႔အစည္းေတြက ကူညီေပးႏုိင္တဲ့ အေနအထားကိုေရာက္မယ္။ အခုလက္ရွိမွာေတာ့ ကုိဗစ္၁၉နဲ႔ပတ္သက္ၿပီးေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈကိုေတာ့ စင္ကာပူအစိုးရက အားလံုးအခမဲ့ေပးထားတယ္ အလုပ္လုပ္ခြင့္ပါမစ္ကိုင္ေဆာင္သူျမန္မာအလုပ္သမားေတြ ပိုးရွိ-မရွိလည္းသြားစစ္လို႔ရေေနတယ္။ စင္ကာပူအစိုးရကေတာ့ ဖန္တီးေပးထားတယ္ အေကာင္းဆံုးျဖစ္ေအာင္ ဒါေပမဲ့ လိုအပ္ခ်က္ေတြက ေထာင့္မေစ့ေသးဘူး လိုအပ္ခ်က္ေတြက အမ်ားၾကီးပါ။’’

ျမန္မာအစုိးရကေတာ့ စကၤာပူႏုိင္ငံ အပါအ၀င္ ျပည္ပႏုိင္ငံေတြမွာေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတ ထဲက ေနရပ္ျပန္ခ်င္သူေတြ အေနနဲ႔ သက္ဆုိင္ရာ သံ႐ုံးေတြကုိ ဆက္သြယ္ၾကဖုိ႔လည္း ႏႈိးေဆာ္ ထားပါတယ္။ ဒါေပမဲ့လည္း ေရာဂါကူးစက္သူေတြအတြက္ ဘယ္လုိစီစဥ္မလဲ ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

စင္ကာပူျမန္မာကလပ္က ဦးတင္ေမာင္ဝင္း ကေတာ့ ေနရပ္ျပန္မယ့္ ျမန္မာႏုိင္ငံသားေတြ သံ႐ုံးကို ဆက္သြယ္ၾကဖုိ႔နဲ႔ အခက္အခဲ ႀကံဳေနရသူေတြအတြက္ လူမႈေရးအသင္းအဖဲြ႔ေတြက ကူညီဖုိ႔ စီစဥ္ထားေၾကာင္းလည္း ေျပာပါတယ္။

“ ဒီကအဖြဲ႔ေတြ အားလံုးက ဘာလုပ္ေပးလဲဆိုေတာ့ ဒီက စာရင္းေတြျပဳစုၿပီးေတာ့ သံရံုးကိုပို႔ေပးတယ္။ သူတို႔လူမႈအသင္းအဖြဲ႔ေတြက သံရံုးနဲ႔ အဓိက ခ်ိတ္ဆက္ေပးပါတယ္ အဲ့တာကိုသံရံုးကေနတဆင့္ ဘယ္ေလယာဥ္ပ်ံနဲ႔ျပန္ဖို႔စီစဥ္ေပးတယ္ ျပန္မယ့္သူေတြအတြက္ ေနာက္ ဒီကေနသြားလို႔ ဟိုဘက္မွာ ကြာရမ္တင္းဝင္ရင္ အစိုးရအေနနဲ႔ စားရိတ္ေထာင္းမွာစိုးလို႔ ဒီဘက္ကေန တတ္နိုင္သေလာက္ အလွဴခံေပးၿပီးေတာ့ အဲ့ဒီ့ကိုပို႔ေပးဖို႔ လိုအပ္မယ့္ေငြအလွဴေတြကို လွဴေပးေနၾကတယ္ အခက္အခဲရွိသူေတြ သံရံူးကို အျမန္ဆက္သြယ္ၾကပါ အခုလာလည္တဲ့သူေတြထဲကလည္း ကိုယ္ဝန္ေဆာင္မိခင္ေတြရွိတယ္။ ေဆးလာကုၿပီး ျပန္ၿပီးေတာ့ ပိတ္ေနတဲ့သူေတြရွိတယ္။ အဲ့ဒီ့လို ဒုကၡျဖစ္ေနတဲ့သူေတြကို က်ေနာ္တို႔က သံရံုးကို အကုန္စာရင္းျပဳစုၿပီးေပးေတာ့ သံရံုးက ဆက္စီစဥ္ေပးလိုက္မွာေပါ့ေလ။’’

စကၤာပူက်န္းမာေရး ၀န္ႀကီးဌာနရဲ႕ အဂၤါေန႔က ထုတ္ျပန္ခ်က္အရ အေဆာင္ေန ႏုိင္ငံျခားသား အလုပ္သမား အမ်ားစု အပါအ၀င္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးကူးစက္သူ တေသာင္းခဲြနီးပါးအထိ ရွိေနပါတယ္။ စကၤာပူႏုိင္ငံမွာ ေရာဂါပုိးကူးစက္သူ ၅၂၈ ေယာက္ကုိ အဂၤါေန႔က ထပ္မံအတည္ျပဳလုိက္ေပမဲ့ ဒါဟာ သီတင္း ၂ ပတ္နီးပါးအတြင္း အနည္းဆုံးလည္း ျဖစ္ပါတယ္။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------

စင်္ကာပူမှာ COVID-19 ကူးစက်သူနိုင်ငံခြားသားများလာတာကြောင့် မြန်မာတွေပါ အခက်တွေ့နေ

(Unicode)

နိုင်ငံခြားသားအလုပ်သမားတွေကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု တိုးလာနေတဲ့အတွက် စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အခက်ကြုံနေရတဲ့အကြောင်း မဆုမွန်က ပြောပြပေးမှာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သောင်းခွဲလောက် ရှိနေတဲ့ စင်္ကာပူနိုင်ငံမှာ အခုနောက်ဆုံး ကူးစက်မှုအသစ်တွေဟာ အလုပ်သမားဆောင်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြသလို၊ ဒီအထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေကြတာပါ။ ဒီအတွက်လည်း စင်္ကာပူရောက် မြန်မာတွေကြား အခက်အခဲတွေ၊ စိုးရိမ်မှုတွေ ရှိနေကြတဲ့အကြောင်း ကမ်းလွန်ရေနံ တည်ဆောက်ရေးလုပ်ငန်းက လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဌာနမှူး ဦးတင်မင်း ကဗွီအိုအေကိုပြောပြပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ကူးစက်ခံရသူမြန်မာစုစုပေါင်း ၁၃၆ ယောက်ကူးစက်ခံထားရ မြန်မာတွေထဲPRတို့နိုင်ငံသားတို့တော့ မပါဘူး။ မြန်မာအလုပ်သမားတွေထဲမှာ အဆောင်နေအလုပ်သမားတွေရှိတယ် ပြင်ပမှာနေတဲ့အလုပ်သမားတွေရှိတယ် လုပ်ငန်းခွင်ကနေ သီးသန့်ခွဲပြီး နေရာချထားပေးတဲ့သူတွေရှိတယ်။ အဆောင်မှာနေတဲ့အလုပ်သမားတွေကိုတော့ အခုအချိန်မှာ အစိုးရက အဓိက အာရုံစိုက်ပြီး အနီးကပ်စောင့်ကြည့်ပြီး ဆေးအဖွဲ့တွေ ကျန်းမာရေးအဖွဲ့တွေရှိနေတဲ့အတွက် လတ်တလောမှာတော့ အဆောင်ကသိပ်စိတ်မပူရဘူး။ အဓိကပြသနာက ဘာလဲဆိုတော့ အလုပ်ရှင်တွေက သီးသန့်ထားပေးတဲ့အလုပ်သမားလေးတွေရှိတယ်။ အဲ့ဒီ့အလုပ်သမားတွေအကြောင်း ကျနော်တို့ကြားရတာက အဲ့ဒီ့အလုပ်သမားလေးတွေက ပြင်ပအဆက်အသွယ်လည်းမရှိဘူး။ အပြင်လည်းမထွက်ရဘူး နောက်ပြီးတော့ သူတို့က အစိုးရက အနီးကပ်စောင့်ကြည့်ပေးနေတဲ့အဆောင်တွေမှာလည်း ရှိမနေတဲ့အတွက် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့နေရေးထိုင်ရေး အတော်လေးအခက်ခဲရှိတယ်။ မြန်မာအလုပ်သမားအများစုက အခုအချိန်အထိ အဲ့ဒီ့အခက်အခဲတွေကို ကြိတ်ပြီးတော့ ခံနေကြတဲ့ပုံစံမျိုးဖြစ်နေတယ်။’’

COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းခွင်တွေ ရပ်နားထားရချိန်မှာ လုပ်ခလစာမရဘဲ အခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေလည်း အများအပြား ရှိနေတယ်လို့ ဦးတင်မင်းက ေြာပပါတယ်။ စင်္ကာပူအစိုးရ တာဝန်ရှိသူတွေက ရောဂါပိုးကူးစက်မှု ထိန်းချုပ်ဖို့ အစီအမံတွေချ ဆောင်ရွက်နေပေမဲ့ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့လည်း သူက ပြောပါတယ်။

"အခု စင်ကာပူမှာက အလုပ်သမားအဆောင်ချည်းပေါင်းက ၄၀ကျော်တယ်။ ၄၃ဆောင်ရှိတယ်။ အစိုးရဘက်ကတော့ အဆောင်တွေထဲက ကူးစက်မှုတွေကိုလျော့ချနိုင်ဖို့ အတော်လေးလုပ်နေတယ်။ အဓိကကတော့ မြန်မာအစိုးရဘက်က ပြင်ဆင်ထားသင့်တယ် ။ မြန်မာတွေက တောင်းဆိုလို့မဟုတ်ပဲ သက်ဆိုင်ရာမြန်မာသံရုံးတွေဘက်ကနေ အမြဲတမ်းအသင့်အနေထားနဲ့လှုံ့ဆော်တာမျိုးရှိသင့်တယ်။ အခုဆိုရင်မြန်မာကလေးတွေ အဆောင်မှာ ပိတ်မိနေတာတွေရှိတယ် ဆေးရုံတက်နေရတဲ့ကလေးတွေရှိတယ် Isolate Quarantine သီးခြားခွဲထားခံရတဲ့ကလေးတွေရှိတယ် ဒီကလေးတွေကို ကိုယ်တိုင်တွေ့ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ သက်ဆိုင်ရာအာဏာပိုင်က တိုက်ရိုက်သွားမှပဲဖြစ်တယ် အဲ့ဒီတော့မှ အပြင်မှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေက ကူညီပေးနိုင်တဲ့ အနေအထားကိုရောက်မယ်။ အခုလက်ရှိမှာတော့ ကိုဗစ်၁၉နဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုကိုတော့ စင်ကာပူအစိုးရက အားလုံးအခမဲ့ပေးထားတယ် အလုပ်လုပ်ခွင့်ပါမစ်ကိုင်ဆောင်သူမြန်မာအလုပ်သမားတွေ ပိုးရှိ-မရှိလည်းသွားစစ်လို့ရေနေတယ်။ စင်ကာပူအစိုးရကတော့ ဖန်တီးပေးထားတယ် အကောင်းဆုံးဖြစ်အောင် ဒါပေမဲ့ လိုအပ်ချက်တွေက ထောင့်မစေ့သေးဘူး လိုအပ်ချက်တွေက အများကြီးပါ။’’

မြန်မာအစိုးရကတော့ စင်္ကာပူနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတေ ထဲက နေရပ်ပြန်ချင်သူတွေ အနေနဲ့ သက်ဆိုင်ရာ သံရုံးတွေကို ဆက်သွယ်ကြဖို့လည်း နှိုးဆော် ထားပါတယ်။ ဒါပေမဲ့လည်း ရောဂါကူးစက်သူတွေအတွက် ဘယ်လိုစီစဉ်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စင်ကာပူမြန်မာကလပ်က ဦးတင်မောင်ဝင်း ကတော့ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေ သံရုံးကို ဆက်သွယ်ကြဖို့နဲ့ အခက်အခဲ ကြုံနေရသူတွေအတွက် လူမှုရေးအသင်းအဖွဲ့တွေက ကူညီဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။

“ ဒီကအဖွဲ့တွေ အားလုံးက ဘာလုပ်ပေးလဲဆိုတော့ ဒီက စာရင်းတွေပြုစုပြီးတော့ သံရုံးကိုပို့ပေးတယ်။ သူတို့လူမှုအသင်းအဖွဲ့တွေက သံရုံးနဲ့ အဓိက ချိတ်ဆက်ပေးပါတယ် အဲ့တာကိုသံရုံးကနေတဆင့် ဘယ်လေယာဉ်ပျံနဲ့ပြန်ဖို့စီစဉ်ပေးတယ် ပြန်မယ့်သူတွေအတွက် နောက် ဒီကနေသွားလို့ ဟိုဘက်မှာ ကွာရမ်တင်းဝင်ရင် အစိုးရအနေနဲ့ စားရိတ်ထောင်းမှာစိုးလို့ ဒီဘက်ကနေ တတ်နိုင်သလောက် အလှူခံပေးပြီးတော့ အဲ့ဒီ့ကိုပို့ပေးဖို့ လိုအပ်မယ့်ငွေအလှူတွေကို လှူပေးနေကြတယ် အခက်အခဲရှိသူတွေ သံရူံးကို အမြန်ဆက်သွယ်ကြပါ အခုလာလည်တဲ့သူတွေထဲကလည်း ကိုယ်ဝန်ဆောင်မိခင်တွေရှိတယ်။ ဆေးလာကုပြီး ပြန်ပြီးတော့ ပိတ်နေတဲ့သူတွေရှိတယ်။ အဲ့ဒီ့လို ဒုက္ခဖြစ်နေတဲ့သူတွေကို ကျနော်တို့က သံရုံးကို အကုန်စာရင်းပြုစုပြီးပေးတော့ သံရုံးက ဆက်စီစဉ်ပေးလိုက်မှာပေါ့လေ။’’

စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်အရ အဆောင်နေ နိုင်ငံခြားသား အလုပ်သမား အများစု အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်သူ တသောင်းခွဲနီးပါးအထိ ရှိနေပါတယ်။ စင်္ကာပူနိုင်ငံမှာ ရောဂါပိုးကူးစက်သူ ၅၂၈ ယောက်ကို အင်္ဂါနေ့က ထပ်မံအတည်ပြုလိုက်ပေမဲ့ ဒါဟာ သီတင်း ၂ ပတ်နီးပါးအတွင်း အနည်းဆုံးလည်း ဖြစ်ပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-covid-19-foreign-workers-/5396264.html
စကၤာပူမွာ COVID-19 ကူးစက္သူႏုိင္ငံျခားသားမ်ားလာတာေၾကာင့္ ျမန္မာေတြပါ အခက္ေတြ႔ေန စကၤာပူမွာ COVID-19 ကူးစက္သူႏုိင္ငံျခားသားမ်ားလာတာေၾကာင့္ ျမန္မာေတြပါ အခက္ေတြ႔ေန Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.