လူစုလူေဝးျဖစ္ေစခဲ့တဲ့ တရားေဟာဆရာအပါအဝင္ ၄ ဦးကို သဘာဝေဘးဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္

တရားေဟာပြဲျပဳလုပ္ခဲ့တာနဲ႔ဆက္စပ္ၿပီး အင္းစိန္ၿမိဳ႕နယ္ကေန ပိုးေတြ႕လူနာ အမ်ားစုေတြ႕ခဲ့ရ
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းအတြင္းမွာ ေရာဂါျဖစ္ပြားေစႏိုင္တဲ့ လူစုလူေဝးျပဳလုပ္ေဆာင္႐ြက္ခဲ့တဲ့အတြက္ တရားေဟာ ဆရာ ဦးေစာေဒးဗစ္(ခ)ေစာေဒးဗစ္လား နဲ႔ ဦးေဝထြန္း (နဝရတ္ ေတးသံသြင္း)တို႔ကို မရမ္းကုန္းၿမိဳ႕မရဲစခန္း မွာလည္းေကာင္း၊ ဦးေစာကြယ္ဝါး(သင္းအုပ္ဆရာ)နဲ႔ အမႈေတာ္ေဆာင္ဦးေစာေရဂန္ဒီ တို႔ကို အင္းစိန္ၿမိဳ႕မရဲစခန္းမွာလည္းေကာင္း သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ အသီးသီးအမႈဖြင့္ထားၿပီလို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ဘီဘီစီကိုေျပာပါတယ္။

အမႈဖြင့္ထားၿပီျဖစ္တဲ့ တရားေဟာဆရာဦးေဆာင္တဲ့ ေဟာေျပာပြဲကိုတက္ေရာက္ခဲ့သူေတြထဲက ဧၿပီ ၁၂ ရက္နဲ႔ ၁၃ ရက္အတြင္း ထုတ္ျပန္ခ်က္ေတြအရ ၅ ဦးေတြ႕ရွိခဲ့ၿပီး ဧၿပီ ၁၄ ရက္ေန႔မွာ လည္း ပိုးေတြ႕လူနာေတြ ထပ္မံေတြ႕ရွိခဲ့ပါတယ္။

' ' တရားေဟာပြဲမွာက လူစုလူေဝးနဲ႔မလုပ္ရဘူးဆိုတာထုတ္ျပန္ခ်က္ေတြထုတ္ထားၿပီးသား မလိုက္နာတဲ့အတြက္ေဆာင္႐ြက္ရတာပါ။ အင္းစိန္ေရာ မရမ္းကုန္းမွာေရာ တရားေဟာပြဲနဲ႔ ဆက္စပ္ၿပီးေတာ့ပဲ အမႈဖြင့္ထားတာပါ''လို႔ ဦးႏိုင္ငံလင္းက ေျပာပါတယ္။
ဗဟန္းၿမိဳ႕နယ္က အဆိုေတာ္ဇနီးေမာင္ႏွံေနထိုင္ရာတိုက္ကို အဝင္အထြက္ပိတ္စဥ္
အဆိုပါ လူစုလူေဝးနဲ႔ ျပဳလုပ္ခဲ့တဲ့တရားပြဲက အမႈဖြင့္ခံထားရသူ တရားေဟာဆရာမွာ ဧၿပီ ၁၃ ရက္ေန႔ညပိုင္းက ထုတ္ျပန္ခဲ့တဲ့ ပိုးေတြ႕လူနာစာရင္းမွာ ပါဝင္သူတစ္ဦးျဖစ္တယ္လို႔လည္း က်န္းမာေရး အသိုင္းအဝိုင္းမွာ ေျပာဆိုေနၾကပါတယ္။

' ' မေန႔ညက ေတာ့ အဆိုေတာ္ ဇနီးေမာင္ႏွံ ေနတဲ့ တိုက္ကိုေတာ့ ေလာ့ေဒါင္းသြားခ်ခဲ့တယ္။ နာမည္ကို ေတာ့ ဝန္ႀကီးဌာနကလည္း ထုတ္မေျပာတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔လည္း ထုတ္ေျပာဖို႔ကခက္ပါတယ္။ ပုလဲကြန္ဒိုက အဲဒီတိုက္မွာ ဘယ္သူေနတယ္ဆိုတာေတာ့ သိၾကပါတယ္''လို႔ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က မေန႔က ပိုးေတြ႕လူနာထဲ အဆိုေတာ္မ်ိဳးႀကီးတို႔ဇနီးေမာင္ႏွံ ပါဝင္တယ္ဆိုတဲ့သတင္းအေပၚ ျပန္လည္ေျဖဆိုပါတယ္။

အဆိုေတာ္မ်ိဳးႀကီးဟာ အခုအမႈဖြင့္ခံထားရသူ တရားေဟာဆရာ ဦးေစာေဒးဗစ္လားနဲ႔အတူ တရားေဟာပြဲမွာ ဓမၼသီခ်င္းသီဆိုတာေတြကိုလည္းျပဳလုပ္ခဲ့ပါတယ္။
ပိုးေတြ႕လူနာေတြရွိလာၿပီးေနာက္ အင္းစိန္ေဆး႐ုံကို ပိုးသတ္ေဆးဖ်န္း
ဧၿပီ ၁၃ ရက္ေန႔က ပိုးေတြ႕လူနာ ၂၁ဦး ထပ္မံေတြ႕ရွိတဲ့ထဲမွာ ရန္ကုန္တိုင္းအတြင္းက အမ်ားဆုံးေတြ႕ရွိခဲ့ၿပီး မေကြးတိုင္းေဒသႀကီးက တစ္ဦး ပါဝင္လာခဲ့ပါတယ္။

'' မေန႔ကေတြ႕တဲ့ထဲမွာ ရန္ကုန္တိုင္းကအမ်ားဆုံးဆိုေပမယ့္ အသက္ ၇ႏွစ္အ႐ြယ္ကေလးငယ္က ရန္ကုန္ကပဲလား ဘယ္ကလဲဆိုတာကိုေတာ့ကြၽန္ေတာ္တို႔လည္း မသိရေသးပါဘူး''လို႔ ရန္ကုန္တိုင္းလူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဧၿပီ ၁၃ ရက္က ထုတ္ျပန္ခ်က္ထဲမွာ ယခင္လို ေရာဂါပိုးေတြ႕ရွိသူေတြရဲ႕ေနရပ္နဲ႔ လက္ရွိတက္ေရာက္ကုသတဲ့ေဆး႐ုံကို ေဖာ္ျပေပးထားမ်ိဳး မရွိေတာ့ပါဘူး။

ရန္ကုန္တိုင္းမွာ ထပ္မံေတြ႕ရွိခဲ့တဲ့ ပိုးေတြ႕လူနာေတြနဲ႔ ဆက္စပ္ၿပီး ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ဗဟန္းၿမိဳ႕နယ္အတြင္းက ေနအိမ္အခ်ိဳ႕နဲ႔အတူ အင္းစိန္ ၿမိဳ႕နယ္အတြင္းက ေဗသလႏွစ္ျခင္းခရစ္ယာန္ဘုရားရွိခိုးေက်ာင္းကိုလည္း အဝင္အထြက္ပိတ္ထားလိုက္ၿပီလို႔ ရန္ကုန္တိုင္း ေဒသႀကီး ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီကေန သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စုစုေပါင္း ပိုးေတြ႕လူနာ ၆၂ ဦးနဲ႔ ေသဆုံးသူ ၄ ဦးရွိလာၿပီ ျဖစ္ပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
လူစုလူဝေးဖြစ်စေခဲ့တဲ့ တရားဟောဆရာအပါအဝင် ၄ ဦးကို သဘာဝဘေးဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်

ရန်ကုန်တိုင်းအတွင်းမှာ ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက် တရားဟော ဆရာ ဦးစောဒေးဗစ်(ခ)စောဒေးဗစ်လား နဲ့ ဦးဝေထွန်း (နဝရတ် တေးသံသွင်း)တို့ကို မရမ်းကုန်းမြို့မရဲစခန်း မှာလည်းကောင်း၊ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင်ဦးစောရေဂန်ဒီ တို့ကို အင်းစိန်မြို့မရဲစခန်းမှာလည်းကောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အသီးသီးအမှုဖွင့်ထားပြီလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဘီဘီစီကိုပြောပါတယ်။

အမှုဖွင့်ထားပြီဖြစ်တဲ့ တရားဟောဆရာဦးဆောင်တဲ့ ဟောပြောပွဲကိုတက်ရောက်ခဲ့သူတွေထဲက ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်အတွင်း ထုတ်ပြန်ချက်တွေအရ ၅ ဦးတွေ့ရှိခဲ့ပြီး ဧပြီ ၁၄ ရက်နေ့မှာ လည်း ပိုးတွေ့လူနာတွေ ထပ်မံတွေ့ရှိခဲ့ပါတယ်။

' ' တရားဟောပွဲမှာက လူစုလူဝေးနဲ့မလုပ်ရဘူးဆိုတာထုတ်ပြန်ချက်တွေထုတ်ထားပြီးသား မလိုက်နာတဲ့အတွက်ဆောင်ရွက်ရတာပါ။ အင်းစိန်ရော မရမ်းကုန်းမှာရော တရားဟောပွဲနဲ့ ဆက်စပ်ပြီးတော့ပဲ အမှုဖွင့်ထားတာပါ''လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

အဆိုပါ လူစုလူဝေးနဲ့ ပြုလုပ်ခဲ့တဲ့တရားပွဲက အမှုဖွင့်ခံထားရသူ တရားဟောဆရာမှာ ဧပြီ ၁၃ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာစာရင်းမှာ ပါဝင်သူတစ်ဦးဖြစ်တယ်လို့လည်း ကျန်းမာရေး အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။

' ' မနေ့ညက တော့ အဆိုတော် ဇနီးမောင်နှံ နေတဲ့ တိုက်ကိုတော့ လော့ဒေါင်းသွားချခဲ့တယ်။ နာမည်ကို တော့ ဝန်ကြီးဌာနကလည်း ထုတ်မပြောတဲ့အခါကျတော့ ကျွန်တော်တို့လည်း ထုတ်ပြောဖို့ကခက်ပါတယ်။ ပုလဲကွန်ဒိုက အဲဒီတိုက်မှာ ဘယ်သူနေတယ်ဆိုတာတော့ သိကြပါတယ်''လို့ ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က မနေ့က ပိုးတွေ့လူနာထဲ အဆိုတော်မျိုးကြီးတို့ဇနီးမောင်နှံ ပါဝင်တယ်ဆိုတဲ့သတင်းအပေါ် ပြန်လည်ဖြေဆိုပါတယ်။

အဆိုတော်မျိုးကြီးဟာ အခုအမှုဖွင့်ခံထားရသူ တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့အတူ တရားဟောပွဲမှာ ဓမ္မသီချင်းသီဆိုတာတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၁၃ ရက်နေ့က ပိုးတွေ့လူနာ ၂၁ဦး ထပ်မံတွေ့ရှိတဲ့ထဲမှာ ရန်ကုန်တိုင်းအတွင်းက အများဆုံးတွေ့ရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးက တစ်ဦး ပါဝင်လာခဲ့ပါတယ်။

'' မနေ့ကတွေ့တဲ့ထဲမှာ ရန်ကုန်တိုင်းကအများဆုံးဆိုပေမယ့် အသက် ၇နှစ်အရွယ်ကလေးငယ်က ရန်ကုန်ကပဲလား ဘယ်ကလဲဆိုတာကိုတော့ကျွန်တော်တို့လည်း မသိရသေးပါဘူး''လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၁၃ ရက်က ထုတ်ပြန်ချက်ထဲမှာ ယခင်လို ရောဂါပိုးတွေ့ရှိသူတွေရဲ့နေရပ်နဲ့ လက်ရှိတက်ရောက်ကုသတဲ့ဆေးရုံကို ဖော်ပြပေးထားမျိုး မရှိတော့ပါဘူး။

ရန်ကုန်တိုင်းမှာ ထပ်မံတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်ပြီး တောင်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်အတွင်းက နေအိမ်အချို့နဲ့အတူ အင်းစိန် မြို့နယ်အတွင်းက ဗေသလနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်း အဝင်အထွက်ပိတ်ထားလိုက်ပြီလို့ ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီကနေ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စုစုပေါင်း ပိုးတွေ့လူနာ ၆၂ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိလာပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52255205
လူစုလူေဝးျဖစ္ေစခဲ့တဲ့ တရားေဟာဆရာအပါအဝင္ ၄ ဦးကို သဘာဝေဘးဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္ လူစုလူေဝးျဖစ္ေစခဲ့တဲ့ တရားေဟာဆရာအပါအဝင္ ၄ ဦးကို သဘာဝေဘးဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.