လူနာ ၂၄ နဲ႔ ထိေတြ႕မိသူ စုစုေပါင္း အတည္ျပဳလူနာ ၁၇ ဦးထိ ရွိ

ကိုဗစ္လူနာ တရားေဟာဆရာနဲ႔ ေဖေဖာ္ဝါရီလဆန္းပိုင္းက ထိေတြ႕မႈရွိထားလို႔ ဒုသမၼတကိုလည္း ေဆးစစ္ေပးမွာျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵
အစိုးရက ဧၿပီ ၁၃ ရက္က ထုတ္ျပန္ခဲ့တဲ့ ကိုဗစ္အတည္ျပဳလူနာ ၂၁ ဦးအနက္ ၁၂ ဦးဟာ လူနာနံပါတ္ ၂၄ နဲ႔ ထိေတြ႕မႈရွိခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီလူနာ ၁၂ ဦးထဲက ၁၁ ဦးဟာ လူနာနံပါတ္ ၂၄ ၊ လူနာနံပါတ္ ၂၆ ရဲ႕ ခင္ပြန္းတို႔နဲ႔ ထိေတြ႕မႈရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

လူနာနံပါတ္ ၂၄ ဟာ ဘာသာေရးအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့တဲ့ ရာဇဝင္ရွိၿပီး သူ႔ကို ဧၿပီ ၁၀ ရက္မွာ အတည္ျပဳလူနာအျဖစ္ ထုတ္ျပန္ခဲ့တာပါ။

စတင္ထုတ္ျပန္စဥ္က ေနမေကာင္းဖ်ားနာလို႔ ေဆး႐ုံသြားျပရာက ေစာင့္ၾကည့္လူနာအျဖစ္ ဓာတ္ခြဲနမူနာယူၿပီး ေဆးစစ္ခဲ့ရာက အတည္ျပဳလူနာျဖစ္ခဲ့တယ္လို႔ပဲ ပါဝင္ခဲ့ပါတယ္။

အဲဒီေနာက္ သူ႔ေနာက္မွာ ထပ္ေတြ႕လာတဲ့ လူနာေတြထဲက လူနာနံပါတ္ ၄၁ ရဲ႕ ရာဇဝင္ထုတ္ျပန္ခ်က္မွာေတာ့ လူနာနံပါတ္ ၂၄ နဲ႔ပတ္သက္တာ စတင္ပါဝင္လာတာေတြ႕ရပါတယ္။

အင္းစိန္ၿမိဳ႕နယ္ထဲက လူနာနံပါတ္ ၄၁ အပါအဝင္ တစ္အိမ္တည္းအတူေနထိုင္တဲ့ လူနာ နံပါတ္ ၃၄၊ ၃၅၊ ၃၆ နဲ႔ ၃၇ တို႔ ငါးဦး တက္ေရာက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားကို လူနာနံပါတ္ ၂၄ လည္း တက္ေရာက္ခဲ့တဲ့ ရာဇဝင္ရွိတယ္လို႔ ဧၿပီ ၁၃ ရက္ထုတ္ျပန္ခ်က္မွာ ပါဝင္လာတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဘာသာေရးပြဲကေနတစ္ဆင့္ သူနဲ႔ ထိေတြ႕မိသူဟာ ဧၿပီ ၁၃ ရက္ေန႔အထိ ၅ ဦး ရွိခဲ့ပါတယ္။

တစ္ခါ ဒီကေန႔ ဧၿပီ ၁၄ ရက္ ညေနပိုင္းမွာေတာ့ အစိုးရထုတ္ျပန္ခ်က္အရ အသစ္ထပ္တိုးလာတဲ့ လူနာနံပါတ္ ၄၂ ကေန ၅၂ အထိ စုစုေပါင္း ၁၁ ဦးဟာ လူနာနံပါတ္ ၂၄ ၊ ၂၆ တို႔ရဲ႕ခင္ပြန္းနဲ႔ ထိေတြ႕မႈရွိတယ္လို႔ ပါရွိထားပါတယ္။

ဒါ့အျပင္ လူနာနံပါတ္ ၆၂ ဟာ ၂၄ တစ္ဦးတည္းနဲ႔ ထိေတြ႕မႈရွိတယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ စင္ကာပူကျပန္လာၿပီး ဘာသာေရးအခမ္းအနားကို တက္ခဲ့တဲ့ လူနာ နံပါတ္ ၂၄ နဲ႔ ထိေတြ႕ခဲ့သူ ကိုဗစ္အတည္ျပဳလူနာဟာ စုစုေပါင္း ၁၇ ဦးထိ ရွိေနတာျဖစ္ပါတယ္။
လူနာနံပါတ္ ၂၄ ဘယ္သူလဲ

လူနာနံပါတ္ ၂၄ ဟာ မရမ္းကုန္းၿမိဳ႕နယ္မွာ ေနထိုင္သူ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ၿပီး သူဟာ စင္ကာပူႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။
လူနာ ၂၄ ဟာ မတ္လ ၁၉ ရက္က စင္ကာပူကေန ျပန္လာခဲ့သူျဖစ္ပါတယ္။
မတ္လ ၁၉ ရက္မွာ စင္ကာပူကေန ျပန္ေရာက္လာခဲ့ၿပီးတဲ့ေနာက္ ဧၿပီ ၁ ရက္မွာ ဖ်ားျခင္း၊ ေမာပန္းျခင္း တို႔ ခံစားခဲ့ရၿပီး ဧၿပီ ၆ ရက္မွာ လည္ေခ်ာင္းနာျခင္းနဲ႔ ေခ်ာင္းဆိုးျခင္း တို႔ ျဖစ္ပြားခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဧၿပီ ၁၀ ရက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

သူက ဧၿပီ ၈ ရက္မွာ မရမ္းကုန္းၿမိဳ႕နယ္၊ ေဒသႏၲရက်န္းမာေရးဌာနကို သြားျပခဲ့ၿပီးေနာက္ အဲဒီကေန ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ၿပီး ေစာင့္ၾကည့္လူနာအျဖစ္ ဓာတ္ခြဲနမူနာ ယူၿပီး ေဆးစစ္ခဲ့တာ ျဖစ္ပါတယ္။

သူဟာ ေရာဂါျဖစ္ေစတဲ့လူစုလူေဝးျပဳလုပ္မႈနဲ႔ အခုအမႈဖြင့္ခံရတဲ့ ကိုဗစ္အတည္ျပဳလူနာ ေတးသံသြင္းပိုင္ရွင္ရဲ႕ တူေတာ္စပ္သူလို႔ သိရပါတယ္။

ဘာသာေရးအခမ္းအနားကို ဘယ္လိုက်င္းပခဲ့လဲ

ဘာသာေရးအခမ္းအနားကေတာ့ တရားေဟာဆရာတစ္ဦး ဦးေဆာင္က်င္းပတာျဖစ္ၿပီး အဲဒီအခမ္းအနားကို မူလက လူႏွစ္ေထာင္ေလာက္နဲ႔ က်င္းပဖို႔ စီစဥ္ထားေပမယ့္ လူစုလူေဝးမလုပ္ဖို႔ အစိုးရက ထုတ္ျပန္ခဲ့တာေၾကာင့္ တရားပြဲကို live streaming ပုံစံနဲ႔ လႊင့္ခဲ့တာ ျဖစ္တယ္လို႔ အဲဒီတရားပြဲကို တက္ေရာက္ခဲ့တဲ့ အဆိုေတာ္နီတာက ဘီဘီစီကိုေျပာပါတယ္။

သူဟာ ဧၿပီ ၁၄ ရက္မွာ အင္းစိန္ျပည္သူ႔ေဆး႐ုံကို ေရာက္ရွိၿပီး ကြာရန္တင္း စဝင္ေနၿပီျဖစ္ပါတယ္။

အဲဒီလိုက္ဖ္အခမ္းအနားကို မတ္ ၁၆ ရက္ကေန ဧၿပီ ၆ ရက္အထိ က်င္းပခဲ့တာျဖစ္ၿပီး အဲဒီရက္ေတြအတြင္း နီတာကေတာ့ မတ္လ ၂၉ ရက္တစ္ရက္တည္း သြားေရာက္ခဲ့တယ္လို႔ ဘီဘီစီကိုေျပာပါတယ္။

သူဟာ အဲဒီအခမ္းအနားတက္ၿပီးတဲ့ေနာက္ ဧၿပီ ၁ ရက္မွာ အျပင္းအထန္ဖ်ားၿပီး ေနမေကာင္းျဖစ္ခဲ့တဲ့အတြက္ ေဆးခန္းႏွစ္ရက္ေလာက္ျပခဲ့ၿပီး ေဆးထိုးခဲ့တယ္လို႔ ဆိုပါတယ္။

သူတို႔အဖြဲ႕တြင္းက လူနာနံပါတ္ ၂၄ မွာ ခုလို ဗိုင္းရပ္စ္ရွိေၾကာင္းသိရၿပီးတဲ့ေနာက္ သတိထားေနထိုင္မိခဲ့ၿပီး မေန႔က အစိုးရထုတ္ျပန္တဲ့အထဲ တရားေဟာ ဆရာနဲ႔ သူတို႔ထဲက တခ်ိဳ႕ ေဆးစစ္ခ်က္အေျဖေတြပါဝင္တာေၾကာင့္ အစိုးရကို ဆက္သြယ္ၿပီး အခုလို ကြာရန္တင္းဝင္ဖို႔ ဆုံးျဖတ္တာျဖစ္တယ္လို႔ နီတာက ဧၿပီ ၁၄ ရက္ ေန႔လယ္ပိုင္းမွာ ေျပာပါတယ္။

"ဧၿပီ ၁ ရက္ကေန ၈ ရက္အထိ ဖ်ားပါတယ္။ ခုေတာ့နည္းနည္းသက္သာပါၿပီ။ အဖ်ားကေတာ့ ရွိပါေသးတယ္။အခုအင္းစိန္ေဆး႐ုံကို ေရာက္ပါၿပီ။ ေဆးစစ္ဖို႔လည္း စီစဥ္ေပးထားပါၿပီ။ အခန္းနံပါတ္ ၆ မွာေနရပါတယ္။ ကြၽန္ေတာ္နဲ႔အတူ ထိေတြ႕မိသူ တစ္ေယာက္နဲ႔ တစ္ခန္းထားပါတယ္။ ကြၽန္ေတာ္ဖ်ားတုန္းက ျပခဲ့တဲ့ သာေကတေဆးခန္းကိုလည္း အေၾကာင္းၾကားမွာပါ။ စဖ်ားတည္းက သီးသန႔္ေနခဲ့တဲ့အတြက္ ကြၽန္ေတာ္နဲ႔ ထိေတြ႕မိသူအမ်ားႀကီးမရွိပါဘူး" လု႔ိ နီတာကေျပာပါတယ္။

တကယ္ေတာ့ အဲဒီတရားပြဲကို လူႏွစ္ေထာင္ေလာက္နဲ႔ မူလက က်င္းပဖို႔စီစဥ္ခဲ့ေပမယ့္ အစိုးရက မတ္ ၁၃ ရက္ေန႔မွာ လူစုလူေဝးမလုပ္ဖို႔ ၫႊန္ၾကားလိုက္တဲ့အတြက္ အစီအစဥ္ကို ဖ်က္သိမ္းၿပီး ေနအိမ္မွာပဲ တရားေဟာေျပာခ်က္ေတြကို တစ္ကမာၻလုံးက ဘာသာဝင္ေတြ နာယူႏိုင္ေအာင္ အျပင္ပရိသတ္မပါဘဲ လူ ၂၀ ေလာက္နဲ႔ လိုက္ဖ္လႊင့္ခဲ့တာျဖစ္တယ္လို႔ နီတာက ရွင္းျပပါတယ္။

လူနာနံပါတ္ ၂၆ နဲ႔ ဘယ္လိုဆက္စပ္သလဲ

လူနာနံပါတ္ ၂၆ ဟာ လႈိင္သာယာၿမိဳ႕နယ္က အသက္ ၅၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ပတ္အတြင္း ခရီးသြားရာဇဝင္မရွိထားဘူးလို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕ခင္ပြန္းသည္ဟာ စင္ကာပူက ျပန္လာသူ (လူနာနံပါတ္ ၂၄) နဲ႔ ထိေတြ႕မႈရွိခဲ့သူျဖစ္ၿပီး ေနမေကာင္းျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္း ျပန္လည္ေကာင္းမြန္သြားတယ္လို႔ လႈိင္သာယာျပည္သူ႔ေဆး႐ုံက တာဝန္ရွိသူေတြက ဆိုပါတယ္။

လူနာနံပါတ္ ၂၆ ကေတာ့ ေသြးတိုးနဲ႔ ဆီးခ်ိဳေရာဂါအခံရွိၿပီး ယခုအခါ ေဝဘာဂီေဆး႐ုံရဲ႕ အထူးၾကပ္မတ္ကုသခန္းထဲမွာ ထားရွိ ကုသေပးေနရေပမယ့္ က်န္းမာေရးအေျခအေန တည္ၿငိမ္တယ္လို႔ အဲဒီေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးေအးေအာင္က ဘီဘီစီကိုေျပာပါတယ္။
အင္းစိန္က အတည္ျပဳလူနာေတြနဲ႔ ဘယ္လိုဆက္စပ္လဲ

အင္းစိန္တစ္ၿမိဳ႕နယ္ထဲမွာ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၁၄ ဦးထိ ရွိလာပါတယ္။

အဲဒီထဲက ၁၁ ေယာက္ဟာ ဘာသာေရးအခမ္းအနားတက္ေရာက္သူေတြနဲ႔ ဆက္စပ္ေနပါတယ္။
လူနာ ၃၄ ကေန ၃၇ ထိဟာ တစ္အိမ္တည္းအတူေနၾကသူေတြပါ။
အေရွ႕ႀကိဳ႕ကုန္းရပ္ကြက္မွာရွိတဲ့ က်မ္းစာသင္ေက်ာင္းက လူနာနံပါတ္ ၃၄၊ ၃၅၊ ၃၆ ၊ ၃၇ တို႔ဟာ တစ္အိမ္တည္းအတူေနသူေတြျဖစ္ၿပီး သူတို႔အားလုံးဟာ ဧၿပီ ၈ ရက္ေန႔မွာ စတင္ဖ်ားနာလာလို႔ အင္းစိန္ေဆး႐ုံကိုသြားျပရာကေန အားလုံး ကိုဗစ္အတည္ျပဳလူနာအျဖစ္ စစ္ေဆးေတြ႕ရွိထားပါတယ္။

လူနာနံပါတ္ ၄၁ ဟာလည္း သူတို႔နဲ႔ နီးစပ္သူေတြျဖစ္ၿပီး ဧၿပီ ၆ ရက္မွာစတင္ဖ်ားနာၿပီးတဲ့ေနာက္ ဧၿပီ ၁၂ ရက္မွာ အင္းစိန္ေဆး႐ုံကို ျပသခဲ့ၿပီးတဲ့ေနာက္ ကိုဗစ္အတည္ျပဳလူနာအျဖစ္ ေတြ႕ရွိထားပါတယ္။
အသက္အငယ္ဆုံး ၇ႏွစ္အ႐ြယ္ကေလးငယ္ဟာ သင္းအုပ္ဆရာရဲ႕ သမီးလို႔ သိရပါတယ္။
ဒီငါးဦးလုံးကေန ဆက္လက္ထိေတြ႕မိသူ စုစုေပါင္း ၈ ဦး ထပ္ရွိခဲ့တယ္လို႔ အစိုးရထုတ္ျပန္ခ်က္က ဆိုပါတယ္။

အဲဒီရွစ္ဦးကေတာ့ လူနာနံပါတ္ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊၅၈၊ ၅၉၊ ၆၀ နဲ႔ ၆၁ တို႔ ျဖစ္ၿပီး အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးဟာ ဒီရွစ္ဦးထဲမွာ ပါဝင္ေနပါတယ္။

ျမန္မာမွာ ဧၿပီ ၁၄ ရက္ ညေနပိုင္းအထိ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆၂ ဦးရွိၿပီး ေလးဦးေသဆုံး၊ ၂ ဦး ပိုးမေတြ႕ျဖစ္ပါတယ္။ က်န္သူေတြထဲက ၄၉ ဦးကို ေဝဘာဂီေဆး႐ုံႀကီးမွာ ကုသမႈေပးေနပါတယ္။

အဲဒီေနာက္ တီးတိန္မွာ သုံးဦး၊ လားရႈိး၊ေမာ္လၿမိဳင္၊ မေကြး၊ ေတာင္ႀကီးတို႔မွာ တစ္ဦးစီ ကုသေပးေနပါတယ္။

လူနာ ၆၂ ဦးမွာ အသက္အငယ္ဆုံးက အင္းစိန္က ခုနစ္ႏွစ္အ႐ြယ္ သမီးငယ္ျဖစ္ၿပီး သူဟာ သင္းအုပ္ဆရာရဲ႕ သမီးလို႔လည္း သိရပါတယ္။ လူနာ ၆၂ ဦးထဲမွာ အသက္ ၁၀ ႏွစ္အ႐ြယ္နဲ႔ ၈ ႏွစ္အ႐ြယ္ ကေလးႏွစ္ဦး ရွိၿပီးျဖစ္လို႔ လူနာနံပါတ္ ၅၄ နဲ႔ဆို ကေလးသုံးဦးထိရွိလာပါတယ္။

BBC Burmese
---------------------------------------------------
(Unicode)⤵⤵⤵
လူနာ ၂၄ နဲ့ ထိတွေ့မိသူ စုစုပေါင်း အတည်ပြုလူနာ ၁၇ ဦးထိ ရှိ

အစိုးရက ဧပြီ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးအနက် ၁၂ ဦးဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူနာ ၁၂ ဦးထဲက ၁၁ ဦးဟာ လူနာနံပါတ် ၂၄ ၊ လူနာနံပါတ် ၂၆ ရဲ့ ခင်ပွန်းတို့နဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လူနာနံပါတ် ၂၄ ဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိပြီး သူ့ကို ဧပြီ ၁၀ ရက်မှာ အတည်ပြုလူနာအဖြစ် ထုတ်ပြန်ခဲ့တာပါ။

စတင်ထုတ်ပြန်စဉ်က နေမကောင်းဖျားနာလို့ ဆေးရုံသွားပြရာက စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်ခဲ့ရာက အတည်ပြုလူနာဖြစ်ခဲ့တယ်လို့ပဲ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် သူ့နောက်မှာ ထပ်တွေ့လာတဲ့ လူနာတွေထဲက လူနာနံပါတ် ၄၁ ရဲ့ ရာဇဝင်ထုတ်ပြန်ချက်မှာတော့ လူနာနံပါတ် ၂၄ နဲ့ပတ်သက်တာ စတင်ပါဝင်လာတာတွေ့ရပါတယ်။

အင်းစိန်မြို့နယ်ထဲက လူနာနံပါတ် ၄၁ အပါအဝင် တစ်အိမ်တည်းအတူနေထိုင်တဲ့ လူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တို့ ငါးဦး တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားကို လူနာနံပါတ် ၂၄ လည်း တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ဧပြီ ၁၃ ရက်ထုတ်ပြန်ချက်မှာ ပါဝင်လာတာဖြစ်ပါတယ်။

အဲဒါကြောင့် ဘာသာရေးပွဲကနေတစ်ဆင့် သူနဲ့ ထိတွေ့မိသူဟာ ဧပြီ ၁၃ ရက်နေ့အထိ ၅ ဦး ရှိခဲ့ပါတယ်။

တစ်ခါ ဒီကနေ့ ဧပြီ ၁၄ ရက် ညနေပိုင်းမှာတော့ အစိုးရထုတ်ပြန်ချက်အရ အသစ်ထပ်တိုးလာတဲ့ လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ စုစုပေါင်း ၁၁ ဦးဟာ လူနာနံပါတ် ၂၄ ၊ ၂၆ တို့ရဲ့ခင်ပွန်းနဲ့ ထိတွေ့မှုရှိတယ်လို့ ပါရှိထားပါတယ်။

ဒါ့အပြင် လူနာနံပါတ် ၆၂ ဟာ ၂၄ တစ်ဦးတည်းနဲ့ ထိတွေ့မှုရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် စင်ကာပူကပြန်လာပြီး ဘာသာရေးအခမ်းအနားကို တက်ခဲ့တဲ့ လူနာ နံပါတ် ၂၄ နဲ့ ထိတွေ့ခဲ့သူ ကိုဗစ်အတည်ပြုလူနာဟာ စုစုပေါင်း ၁၇ ဦးထိ ရှိနေတာဖြစ်ပါတယ်။
လူနာနံပါတ် ၂၄ ဘယ်သူလဲ

လူနာနံပါတ် ၂၄ ဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မတ်လ ၁၉ ရက်မှာ စင်ကာပူကနေ ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ဧပြီ ၁ ရက်မှာ ဖျားခြင်း၊ မောပန်းခြင်း တို့ ခံစားခဲ့ရပြီး ဧပြီ ၆ ရက်မှာ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်း တို့ ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူက ဧပြီ ၈ ရက်မှာ မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနကို သွားပြခဲ့ပြီးနောက် အဲဒီကနေ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာ ယူပြီး ဆေးစစ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရောဂါဖြစ်စေတဲ့လူစုလူဝေးပြုလုပ်မှုနဲ့ အခုအမှုဖွင့်ခံရတဲ့ ကိုဗစ်အတည်ပြုလူနာ တေးသံသွင်းပိုင်ရှင်ရဲ့ တူတော်စပ်သူလို့ သိရပါတယ်။

ဘာသာရေးအခမ်းအနားကို ဘယ်လိုကျင်းပခဲ့လဲ

ဘာသာရေးအခမ်းအနားကတော့ တရားဟောဆရာတစ်ဦး ဦးဆောင်ကျင်းပတာဖြစ်ပြီး အဲဒီအခမ်းအနားကို မူလက လူနှစ်ထောင်လောက်နဲ့ ကျင်းပဖို့ စီစဉ်ထားပေမယ့် လူစုလူဝေးမလုပ်ဖို့ အစိုးရက ထုတ်ပြန်ခဲ့တာကြောင့် တရားပွဲကို live streaming ပုံစံနဲ့ လွှင့်ခဲ့တာ ဖြစ်တယ်လို့ အဲဒီတရားပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော်နီတာက ဘီဘီစီကိုပြောပါတယ်။

သူဟာ ဧပြီ ၁၄ ရက်မှာ အင်းစိန်ပြည်သူ့ဆေးရုံကို ရောက်ရှိပြီး ကွာရန်တင်း စဝင်နေပြီဖြစ်ပါတယ်။

အဲဒီလိုက်ဖ်အခမ်းအနားကို မတ် ၁၆ ရက်ကနေ ဧပြီ ၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီရက်တွေအတွင်း နီတာကတော့ မတ်လ ၂၉ ရက်တစ်ရက်တည်း သွားရောက်ခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

သူဟာ အဲဒီအခမ်းအနားတက်ပြီးတဲ့နောက် ဧပြီ ၁ ရက်မှာ အပြင်းအထန်ဖျားပြီး နေမကောင်းဖြစ်ခဲ့တဲ့အတွက် ဆေးခန်းနှစ်ရက်လောက်ပြခဲ့ပြီး ဆေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့တွင်းက လူနာနံပါတ် ၂၄ မှာ ခုလို ဗိုင်းရပ်စ်ရှိကြောင်းသိရပြီးတဲ့နောက် သတိထားနေထိုင်မိခဲ့ပြီး မနေ့က အစိုးရထုတ်ပြန်တဲ့အထဲ တရားဟော ဆရာနဲ့ သူတို့ထဲက တချို့ ဆေးစစ်ချက်အဖြေတွေပါဝင်တာကြောင့် အစိုးရကို ဆက်သွယ်ပြီး အခုလို ကွာရန်တင်းဝင်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ နီတာက ဧပြီ ၁၄ ရက် နေ့လယ်ပိုင်းမှာ ပြောပါတယ်။

"ဧပြီ ၁ ရက်ကနေ ၈ ရက်အထိ ဖျားပါတယ်။ ခုတော့နည်းနည်းသက်သာပါပြီ။ အဖျားကတော့ ရှိပါသေးတယ်။အခုအင်းစိန်ဆေးရုံကို ရောက်ပါပြီ။ ဆေးစစ်ဖို့လည်း စီစဉ်ပေးထားပါပြီ။ အခန်းနံပါတ် ၆ မှာနေရပါတယ်။ ကျွန်တော်နဲ့အတူ ထိတွေ့မိသူ တစ်ယောက်နဲ့ တစ်ခန်းထားပါတယ်။ ကျွန်တော်ဖျားတုန်းက ပြခဲ့တဲ့ သာကေတဆေးခန်းကိုလည်း အကြောင်းကြားမှာပါ။ စဖျားတည်းက သီးသန့်နေခဲ့တဲ့အတွက် ကျွန်တော်နဲ့ ထိတွေ့မိသူအများကြီးမရှိပါဘူး" လု့ိ နီတာကပြောပါတယ်။

တကယ်တော့ အဲဒီတရားပွဲကို လူနှစ်ထောင်လောက်နဲ့ မူလက ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် အစိုးရက မတ် ၁၃ ရက်နေ့မှာ လူစုလူဝေးမလုပ်ဖို့ ညွှန်ကြားလိုက်တဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းပြီး နေအိမ်မှာပဲ တရားဟောပြောချက်တွေကို တစ်ကမ္ဘာလုံးက ဘာသာဝင်တွေ နာယူနိုင်အောင် အပြင်ပရိသတ်မပါဘဲ လူ ၂၀ လောက်နဲ့ လိုက်ဖ်လွှင့်ခဲ့တာဖြစ်တယ်လို့ နီတာက ရှင်းပြပါတယ်။

လူနာနံပါတ် ၂၆ နဲ့ ဘယ်လိုဆက်စပ်သလဲ

လူနာနံပါတ် ၂၆ ဟာ လှိုင်သာယာမြို့နယ်က အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ခရီးသွားရာဇဝင်မရှိထားဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ခင်ပွန်းသည်ဟာ စင်ကာပူက ပြန်လာသူ (လူနာနံပါတ် ၂၄) နဲ့ ထိတွေ့မှုရှိခဲ့သူဖြစ်ပြီး နေမကောင်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ပြန်လည်ကောင်းမွန်သွားတယ်လို့ လှိုင်သာယာပြည်သူ့ဆေးရုံက တာဝန်ရှိသူတွေက ဆိုပါတယ်။

လူနာနံပါတ် ၂၆ ကတော့ သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိပြီး ယခုအခါ ဝေဘာဂီဆေးရုံရဲ့ အထူးကြပ်မတ်ကုသခန်းထဲမှာ ထားရှိ ကုသပေးနေရပေမယ့် ကျန်းမာရေးအခြေအနေ တည်ငြိမ်တယ်လို့ အဲဒီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဘီဘီစီကိုပြောပါတယ်။

အင်းစိန်က အတည်ပြုလူနာတွေနဲ့ ဘယ်လိုဆက်စပ်လဲ

အင်းစိန်တစ်မြို့နယ်ထဲမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၄ ဦးထိ ရှိလာပါတယ်။

အဲဒီထဲက ၁၁ ယောက်ဟာ ဘာသာရေးအခမ်းအနားတက်ရောက်သူတွေနဲ့ ဆက်စပ်နေပါတယ်။

အရှေ့ကြို့ကုန်းရပ်ကွက်မှာရှိတဲ့ ကျမ်းစာသင်ကျောင်းက လူနာနံပါတ် ၃၄၊ ၃၅၊ ၃၆ ၊ ၃၇ တို့ဟာ တစ်အိမ်တည်းအတူနေသူတွေဖြစ်ပြီး သူတို့အားလုံးဟာ ဧပြီ ၈ ရက်နေ့မှာ စတင်ဖျားနာလာလို့ အင်းစိန်ဆေးရုံကိုသွားပြရာကနေ အားလုံး ကိုဗစ်အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိထားပါတယ်။

လူနာနံပါတ် ၄၁ ဟာလည်း သူတို့နဲ့ နီးစပ်သူတွေဖြစ်ပြီး ဧပြီ ၆ ရက်မှာစတင်ဖျားနာပြီးတဲ့နောက် ဧပြီ ၁၂ ရက်မှာ အင်းစိန်ဆေးရုံကို ပြသခဲ့ပြီးတဲ့နောက် ကိုဗစ်အတည်ပြုလူနာအဖြစ် တွေ့ရှိထားပါတယ်။

ဒီငါးဦးလုံးကနေ ဆက်လက်ထိတွေ့မိသူ စုစုပေါင်း ၈ ဦး ထပ်ရှိခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီရှစ်ဦးကတော့ လူနာနံပါတ် ၅၄၊ ၅၅၊ ၅၆၊ ၅၇၊၅၈၊ ၅၉၊ ၆၀ နဲ့ ၆၁ တို့ ဖြစ်ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးဟာ ဒီရှစ်ဦးထဲမှာ ပါဝင်နေပါတယ်။

မြန်မာမှာ ဧပြီ ၁၄ ရက် ညနေပိုင်းအထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂ ဦးရှိပြီး လေးဦးသေဆုံး၊ ၂ ဦး ပိုးမတွေ့ဖြစ်ပါတယ်။ ကျန်သူတွေထဲက ၄၉ ဦးကို ဝေဘာဂီဆေးရုံကြီးမှာ ကုသမှုပေးနေပါတယ်။

အဲဒီနောက် တီးတိန်မှာ သုံးဦး၊ လားရှိုး၊မော်လမြိုင်၊ မကွေး၊ တောင်ကြီးတို့မှာ တစ်ဦးစီ ကုသပေးနေပါတယ်။

လူနာ ၆၂ ဦးမှာ အသက်အငယ်ဆုံးက အင်းစိန်က ခုနစ်နှစ်အရွယ် သမီးငယ်ဖြစ်ပြီး သူဟာ သင်းအုပ်ဆရာရဲ့ သမီးလို့လည်း သိရပါတယ်။ လူနာ ၆၂ ဦးထဲမှာ အသက် ၁၀ နှစ်အရွယ်နဲ့ ၈ နှစ်အရွယ် ကလေးနှစ်ဦး ရှိပြီးဖြစ်လို့ လူနာနံပါတ် ၅၄ နဲ့ဆို ကလေးသုံးဦးထိရှိလာပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52260146
လူနာ ၂၄ နဲ႔ ထိေတြ႕မိသူ စုစုေပါင္း အတည္ျပဳလူနာ ၁၇ ဦးထိ ရွိ လူနာ ၂၄ နဲ႔ ထိေတြ႕မိသူ စုစုေပါင္း အတည္ျပဳလူနာ ၁၇ ဦးထိ ရွိ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.