တရားေဟာဆရာတခ်ိဳ႕ကို ကို႐ိုနာကာလ လူစုလူေဝးလုပ္မႈနဲ႔ အေရးယူ


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တားဆီးထိန္းခ်ဳပ္ေရးကာလ ၫြန္ၾကားခ်က္ေတြကို လိုက္နာမႈမရွိတာေၾကာင့္ ရန္ကုန္က သင္းအုပ္ဆရာ၊ အမႈေတာ္ေဆာင္နဲ႔ တရားေဟာဆရာေတြ အပါအဝင္ ေလးဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ ဒီေန႔ အမႈဖြင့္လိုက္ပါတယ္။

အစိုးရ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာဘဲ ေရာဂါကူးစက္ေစႏိုင္တဲ့ လူစုလူေဝး လုပ္ေဆာင္ခဲ့တယ္ဆိုၿပီး သင္းအုပ္ဆရာ ဦးေစာကြယ္ဝါး၊ အမႈေတာ္ေဆာင္ ဦးေစာေရဂန္ဒီ၊ တရားေဟာဆရာ ဦးေစာေဒးဗစ္လားနဲ႔ ဦးေဝထြန္း(နဝရက္ေတးသံသြင္း) တို႔ကို သက္ဆိုင္ရာ ၿမိဳ႕မရဲစခန္းေတြက အမႈဖြင့္ တရားစြဲလိုက္တယ္လို႔ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

“ဟုတ္ပါတယ္။ ကြၽန္မတို႔ မရမ္းကုန္း ရဲစခန္းကေနၿပီးေတာ့ သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးဥပေဒနဲ႔ တရားစြဲထားပါတယ္။ ၿမိဳ႕နယ္အလိုက္ ကြၽန္မတို႔စြဲရတာေပါ့။ သက္ဆိုင္ရာၿမိဳ႕နယ္ကေန စြဲတာပါ”

သင္းအုပ္ဆရာ ဦးေစာကြယ္ဝါး၊ အမႈေတာ္ေဆာင္ ဦးေစာေရဂန္ဒီတို႔ကို အင္းစိန္ၿမိဳ႕မရဲစခန္းက အမႈအမွတ္ (ပ)၇၀၆/၂၀၂၀/၂၀၁၃ နဲ႔ အမႈဖြင့္ခဲ့တာျဖစ္ၿပီး တရားေဟာဆရာ ဦးေစာေဒးဗစ္လားနဲ႔ ဦးေဝထြန္း (နဝရက္ေတးသံသြင္း)တို႔ကို မရမ္းကုန္းၿမိဳ႕မရဲစခန္းက အမႈအမွတ္ (ပ)၅၈၃/၂၀၂၀ နဲ႔ အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။

ေရာဂါကူးစက္ေစႏိုင္တဲ့ လူစုလူေဝး လုပ္ေဆာင္ခဲ့မႈေၾကာင့္ အမႈဖြင့္ထားခံသူ ေလးဦးဟာ လက္ရွိ ေရာဂါပိုး ကူးစက္ခံေနရတာေၾကာင့္ ေဝဘာဂီေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရပါတယ္။

သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၃၀ (က) ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း တရား႐ုံးက ဆုံးျဖတ္ရင္ ဒဏ္ေငြျဖစ္ေစ၊ အမ်ားဆုံး ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ ျပစ္ဒဏ္ ႏွစ္ခုလုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ဧၿပီလ ၁၂ ရက္ေန႔က ေတြ႕ရွိတဲ့ လူနာေတြထဲက ငါးဦးဟာ ႏိုင္ငံျခားသားေတြ ပါဝင္တဲ့ ဘာသာေရး အခမ္းအနားကို တက္ေရာက္ခဲ့တယ္လို႔ က်န္းမာေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ကူးစက္ခံရသူတခ်ိဳ႕ဟာ မၾကာေသးခင္က  နာမည္ႀကီး အဆိုေတာ္ မ်ိဳးႀကီးနဲ႔ ေတြ႕ဆုံခဲ့ဖူးတယ္ ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္ကေတာ့ က်န္းမာေရးဌာနက ဒီကေန႔ မနက္ပိုင္း ထုတ္ျပန္တဲ့ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အတည္ျပဳ လူနာစာရင္းထဲမွာ သူ႔ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ နာမည္ႀကီး အဆိုေတာ္နဲ႔ သူ႔ဇနီးတို႔ ပါဝင္တယ္လို႔ ေျပာပါတယ္။

“ဗဟန္းၿမိဳ႕နယ္ထဲမွာရွိတဲ့ ပုလဲကြန္ဒို B ေဆာင္မွာေနတဲ့ အဆိုေတာ္အမ်ိဳးသားနဲ႔ သူ႔ရဲ႕ဇနီးဟာ ၁၄ ရက္ေန႔ မနက္ ၁၂ နာရီ ၁၅ နာရီမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေၾကညာလိုက္တဲ့ Positive လူနာထဲမွာ ကြၽန္ေတာ္တို႔ ဗဟန္းက ႏွစ္ဦးပါလာတာပါ။ သူေနတဲ့ ပုလဲကြန္ဒို B ေဆာင္မွာ အခန္း ၈၂ ရွိပါတယ္။ အဲဒီ ၈၂ ခန္းလုံး Lock Down လုပ္ထားပါတယ္။”

ေဒသႏၲရအမိန႔္ေတြ ထုတ္ျပန္ထားေပမယ့္ ရန္ကုန္က ၿမိဳ႕နယ္တခ်ိဳ႕က ေဈးေတြ၊ လမ္းမေတြေပၚမွာ လူစုလူေဝးမႈတခ်ိဳ႕ ဆက္ရွိေနတာကို ၿပီးခဲ့တဲ့ ရက္ပိုင္းက  ေတြ႕ရပါတယ္။

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္က ေဒသခံတခ်ိဳ႕ တားျမစ္မိန႔္ မလိုက္နာတဲ့အတြက္ သတိေပး ဟန႔္တားေနရတယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ေျပာပါတယ္။

“အဓိကကေတာ့ လမ္းမႀကီး ၂ လမ္းေပါ့။ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ျမန္မာ့ဂုဏ္ရည္လမ္း၊ ေနာက္ အာသား လမ္းမႀကီးေပါ့။ ကြၽန္ေတာ္တို႔ ဒီႏွစ္ရက္အတြင္း ရွင္းတဲ့အခါ ျမန္မာ့ဂုဏ္ရည္လမ္းကေတာ့ နည္းနည္း ေလ်ာ့သြားတယ္။ သို႔ေသာ္လည္း အာသားလမ္းႀကီး ေရတြင္းကုန္းရပ္ကြက္၊ သေျပကုန္ရပ္ကြက္ အဲဒီ လမ္းမႀကီးေပၚမွာေတာ့ လူေတြက အေၾကာင္းမဲ့ မတ္တပ္ရပ္ေနတာေတြ၊ အုပ္စုဖြဲ႕ၿပီး စကားေျပာေနတာေတြ ေတာ္ေတာ္မ်ားမ်ား ေတြ႕လို႔ ကြၽန္ေတာ္တို႔ မေန႔ကကတည္းက သတိေပးရွင္းေနရတယ္”

ရန္ကုန္ၿမိဳ႕မွာ ကူးစက္မႈႏႈန္းေတြ ျမင့္တက္လာတာေၾကာင့္ မိသားစုဝင္ေတြ ကူးစက္ႏိုင္ေၾကာင္း၊ အိမ္ထဲမွာပဲ ေနသင့္ေၾကာင္း သတိေပးခဲ့ၿပီး  ဒီေန႔မွာလည္း အဲဒီလမ္းေတြကို သြားေရာက္စစ္ေဆးရဦးမယ္လို႔ ဦးလွေဌးက ေျပာပါတယ္။

ဧၿပီလ ၂ ရက္ေန႔ ရက္စြဲနဲ႔ ရန္ကုန္တိုင္း Covid 19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး ခ႐ိုင္ၿမိဳ႕နယ္အဆင့္ လုပ္ငန္းေကာ္မတီေတြက သၾကၤန္႐ုံးပိတ္ရက္ ဧၿပီလ ၁၀ ရက္ေန႔က ၁၉ ရက္ေန႔အထိ က်န္းမာေရးကိစၥ၊ အစားအေသာက္ ဝယ္ယူတာေတြက လြဲၿပီး အျပင္မထြက္ၾကဖို႔ ထုတ္ျပန္ထားပါတယ္။

ရန္ကုန္မွာ ေနထိုင္တဲ့ ေဒါက္တာဥကၠာၾကည္ဝင္းကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ၿမိဳ႕ေနျပည္သူေတြ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ အစိုးရက ၫႊန္ၾကားခ်က္ကို အမ်ားျပည္သူသိရွိေအာင္ အသိပညာေပး ေဆာင္႐ြက္ထားတာဟာ လက္ရွိပုံစံနဲ႔ လုံေလာက္တယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ရပ္ကြက္ေတြမွာလည္း အသံခ်ဲ႕စက္နဲ႔ လိုက္ၿပီး အသိပညာ ေပးေနတာလည္း ရွိပါတယ္။ ၿပီးေတာ့ လမ္းဆုံလမ္းခြေတြမွာ ပိုစတာေတြ၊ ဘုတ္ေတြနဲ႔ အသိေပးေနၾကတာဆိုေတာ့ တကယ္တမ္း လိုက္နာခ်င္တဲ့သူအတြက္ကေတာ့ လုံေလာက္တယ္လို႔ ထင္ပါတယ္။ ဒါက ကြၽန္ေတာ္ ရန္ကုန္မွာ ေနတဲ့သူေတြ အတြက္ ေျပာတာပါ။ နယ္မွာေတာ့ ဘယ္အတိုင္းအတာနဲ႔ လုပ္ေနတယ္ဆိုတာ မသိေတာ့ ကြၽန္ေတာ္လည္း ေသခ်ာမေျပာႏိုင္ဘူး။”

ျမန္မာႏိုင္ငံမွာ ဧၿပီလ ၁၄ ရက္ေန႔ မနက္ပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ အတည္ျပဳလူနာ ၆၂ ဦးရွိၿပီး ေသဆုံးသူ ေလးဦးနဲ႔ ျပန္လည္ေကာင္းမြန္လာသူ ႏွစ္ဦး ရွိပါတယ္။ ပိုးေတြ႕အတည္ျပဳလူနာ ၆၂ ဦးထဲက ၄၉ ဦးဟာ ရန္ကုန္တိုင္းက ျဖစ္ပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
-----------------------------------------
(Unicode)⤵⤵⤵
တရားဟောဆရာတချို့ကို ကိုရိုနာကာလ လူစုလူဝေးလုပ်မှုနဲ့ အရေးယူ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်ရေးကာလ ညွန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် ရန်ကုန်က သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေ အပါအဝင် လေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

အစိုးရ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ ရောဂါကူးစက်စေနိုင်တဲ့ လူစုလူဝေး လုပ်ဆောင်ခဲ့တယ်ဆိုပြီး သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့ ဦးဝေထွန်း(နဝရက်တေးသံသွင်း) တို့ကို သက်ဆိုင်ရာ မြို့မရဲစခန်းတွေက အမှုဖွင့် တရားစွဲလိုက်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

“ဟုတ်ပါတယ်။ ကျွန်မတို့ မရမ်းကုန်း ရဲစခန်းကနေပြီးတော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေနဲ့ တရားစွဲထားပါတယ်။ မြို့နယ်အလိုက် ကျွန်မတို့စွဲရတာပေါ့။ သက်ဆိုင်ရာမြို့နယ်ကနေ စွဲတာပါ”

သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်းက အမှုအမှတ် (ပ)၇၀၆/၂၀၂၀/၂၀၁၃ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့ ဦးဝေထွန်း (နဝရက်တေးသံသွင်း)တို့ကို မရမ်းကုန်းမြို့မရဲစခန်းက အမှုအမှတ် (ပ)၅၈၃/၂၀၂၀ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ရောဂါကူးစက်စေနိုင်တဲ့ လူစုလူဝေး လုပ်ဆောင်ခဲ့မှုကြောင့် အမှုဖွင့်ထားခံသူ လေးဦးဟာ လက်ရှိ ရောဂါပိုး ကူးစက်ခံနေရတာကြောင့် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် ဒဏ်ငွေဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဧပြီလ ၁၂ ရက်နေ့က တွေ့ရှိတဲ့ လူနာတွေထဲက ငါးဦးဟာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကူးစက်ခံရသူတချို့ဟာ မကြာသေးခင်က  နာမည်ကြီး အဆိုတော် မျိုးကြီးနဲ့ တွေ့ဆုံခဲ့ဖူးတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကတော့ ကျန်းမာရေးဌာနက ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြု လူနာစာရင်းထဲမှာ သူ့မြို့နယ်မှာ နေထိုင်တဲ့ နာမည်ကြီး အဆိုတော်နဲ့ သူ့ဇနီးတို့ ပါဝင်တယ်လို့ ပြောပါတယ်။

“ဗဟန်းမြို့နယ်ထဲမှာရှိတဲ့ ပုလဲကွန်ဒို B ဆောင်မှာနေတဲ့ အဆိုတော်အမျိုးသားနဲ့ သူ့ရဲ့ဇနီးဟာ ၁၄ ရက်နေ့ မနက် ၁၂ နာရီ ၁၅ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်တဲ့ Positive လူနာထဲမှာ ကျွန်တော်တို့ ဗဟန်းက နှစ်ဦးပါလာတာပါ။ သူနေတဲ့ ပုလဲကွန်ဒို B ဆောင်မှာ အခန်း ၈၂ ရှိပါတယ်။ အဲဒီ ၈၂ ခန်းလုံး Lock Down လုပ်ထားပါတယ်။”

ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပေမယ့် ရန်ကုန်က မြို့နယ်တချို့က ဈေးတွေ၊ လမ်းမတွေပေါ်မှာ လူစုလူဝေးမှုတချို့ ဆက်ရှိနေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက  တွေ့ရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က ဒေသခံတချို့ တားမြစ်မိန့် မလိုက်နာတဲ့အတွက် သတိပေး ဟန့်တားနေရတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

“အဓိကကတော့ လမ်းမကြီး ၂ လမ်းပေါ့။ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း၊ နောက် အာသား လမ်းမကြီးပေါ့။ ကျွန်တော်တို့ ဒီနှစ်ရက်အတွင်း ရှင်းတဲ့အခါ မြန်မာ့ဂုဏ်ရည်လမ်းကတော့ နည်းနည်း လျော့သွားတယ်။ သို့သော်လည်း အာသားလမ်းကြီး ရေတွင်းကုန်းရပ်ကွက်၊ သပြေကုန်ရပ်ကွက် အဲဒီ လမ်းမကြီးပေါ်မှာတော့ လူတွေက အကြောင်းမဲ့ မတ်တပ်ရပ်နေတာတွေ၊ အုပ်စုဖွဲ့ပြီး စကားပြောနေတာတွေ တော်တော်များများ တွေ့လို့ ကျွန်တော်တို့ မနေ့ကကတည်းက သတိပေးရှင်းနေရတယ်”

ရန်ကုန်မြို့မှာ ကူးစက်မှုနှုန်းတွေ မြင့်တက်လာတာကြောင့် မိသားစုဝင်တွေ ကူးစက်နိုင်ကြောင်း၊ အိမ်ထဲမှာပဲ နေသင့်ကြောင်း သတိပေးခဲ့ပြီး  ဒီနေ့မှာလည်း အဲဒီလမ်းတွေကို သွားရောက်စစ်ဆေးရဦးမယ်လို့ ဦးလှဌေးက ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်း Covid 19 ကာကွယ် ထိန်းချုပ် ကုသရေး ခရိုင်မြို့နယ်အဆင့် လုပ်ငန်းကော်မတီတွေက သင်္ကြန်ရုံးပိတ်ရက် ဧပြီလ ၁၀ ရက်နေ့က ၁၉ ရက်နေ့အထိ ကျန်းမာရေးကိစ္စ၊ အစားအသောက် ဝယ်ယူတာတွေက လွဲပြီး အပြင်မထွက်ကြဖို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာ နေထိုင်တဲ့ ဒေါက်တာဥက္ကာကြည်ဝင်းကတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မြို့နေပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားချက်ကို အများပြည်သူသိရှိအောင် အသိပညာပေး ဆောင်ရွက်ထားတာဟာ လက်ရှိပုံစံနဲ့ လုံလောက်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ရပ်ကွက်တွေမှာလည်း အသံချဲ့စက်နဲ့ လိုက်ပြီး အသိပညာ ပေးနေတာလည်း ရှိပါတယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာ ပိုစတာတွေ၊ ဘုတ်တွေနဲ့ အသိပေးနေကြတာဆိုတော့ တကယ်တမ်း လိုက်နာချင်တဲ့သူအတွက်ကတော့ လုံလောက်တယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော် ရန်ကုန်မှာ နေတဲ့သူတွေ အတွက် ပြောတာပါ။ နယ်မှာတော့ ဘယ်အတိုင်းအတာနဲ့ လုပ်နေတယ်ဆိုတာ မသိတော့ ကျွန်တော်လည်း သေချာမပြောနိုင်ဘူး။”

မြန်မာနိုင်ငံမှာ ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ အတည်ပြုလူနာ ၆၂ ဦးရှိပြီး သေဆုံးသူ လေးဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ နှစ်ဦး ရှိပါတယ်။ ပိုးတွေ့အတည်ပြုလူနာ ၆၂ ဦးထဲက ၄၉ ဦးဟာ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/news/four-pastors-are-charged-with-mob-violence-04142020083141.html
တရားေဟာဆရာတခ်ိဳ႕ကို ကို႐ိုနာကာလ လူစုလူေဝးလုပ္မႈနဲ႔ အေရးယူ တရားေဟာဆရာတခ်ိဳ႕ကို ကို႐ိုနာကာလ လူစုလူေဝးလုပ္မႈနဲ႔ အေရးယူ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.