အိႏၵိယမွာ ကြာရန္တင္း ရက္တိုးမတိုး စဥ္းစားေန

 ျပည္နယ္တခ်ိဳ႕မွာေတာ့ ဧၿပီလကုန္အထိ ရက္တိုးသတ္မွတ္
အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ ခ်မွတ္ထားတဲ့ အသြားအလာ ကန္႔သတ္ခ်က္ေတြကို ရက္ထပ္တိုးမတိုး ဆိုတာနဲ႔ ပတ္သက္လို႔ ႏိုင္ငံတဝန္းက ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ေဆြးေႏြးေနပါတယ္။

မူလ သတ္မွတ္ထားတဲ့ ရက္က အဂၤါေန႔ဆို ျပည့္ပါေတာ့မယ္။ ဒါေပမဲ့ တခ်ိဳ႕ ျပည္နယ္ေတြက ရက္ထပ္တိုးဖို႔ တြန္းအားေပးေနၾကပါတယ္။

ပန္ဂ်ပ္နဲ႔ ၾသဒိႆ ျပည္နယ္တို႔မွာ အခုလကုန္အထိ ရက္ထပ္တိုးထားၿပီးပါၿပီ။

အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈ အေျခအေနက ျပည္နယ္တခုနဲ႔ တခု ကြာျခားပါတယ္။ တခ်ိဳ႕ျပည္နယ္ေတြမွာ ကန္႔သတ္မႈၾကားကပဲ ကူးစက္သူ ဦးေရ ထိုးတက္လာတာ ေတြ႕ရပါတယ္။

တစ္ႏိုင္ငံလုံးမွာ ကူးစက္သူ ခုႏွစ္ေထာင့္ငါးရာနီးပါးရွိၿပီး ၂၃၉ ေယာက္အသက္ဆုံးခဲ့ပါၿပီ။

BBC Burmese
---------------------------------------------------
 အိန္ဒိယမှာ ကွာရန်တင်း ရက်တိုးမတိုး စဉ်းစားနေ

အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ချမှတ်ထားတဲ့ အသွားအလာ ကန့်သတ်ချက်တွေကို ရက်ထပ်တိုးမတိုး ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတဝန်းက ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးနေပါတယ်။

မူလ သတ်မှတ်ထားတဲ့ ရက်က အင်္ဂါနေ့ဆို ပြည့်ပါတော့မယ်။ ဒါပေမဲ့ တချို့ ပြည်နယ်တွေက ရက်ထပ်တိုးဖို့ တွန်းအားပေးနေကြပါတယ်။

ပန်ဂျပ်နဲ့ သြဒိဿ ပြည်နယ်တို့မှာ အခုလကုန်အထိ ရက်ထပ်တိုးထားပြီးပါပြီ။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေက ပြည်နယ်တခုနဲ့ တခု ကွာခြားပါတယ်။ တချို့ပြည်နယ်တွေမှာ ကန့်သတ်မှုကြားကပဲ ကူးစက်သူ ဦးရေ ထိုးတက်လာတာ တွေ့ရပါတယ်။

တစ်နိုင်ငံလုံးမှာ ကူးစက်သူ ခုနှစ်ထောင့်ငါးရာနီးပါးရှိပြီး ၂၃၉ ယောက်အသက်ဆုံးခဲ့ပါပြီ။

BBC Burmese
https://www.bbc.com/burmese/burma-52256637
အိႏၵိယမွာ ကြာရန္တင္း ရက္တိုးမတိုး စဥ္းစားေန  အိႏၵိယမွာ ကြာရန္တင္း ရက္တိုးမတိုး စဥ္းစားေန Reviewed by THITHTOOLWIN on 06:13 Rating: 5
Powered by Blogger.