ငွက္ဖ်ားေရာဂါ ကုသေဆး အိႏၵိယက အေမရိကန္ကို ေရာင္းမည္


(Zawgyi / Unicode)

ငွက္ဖ်ားေရာဂါ ကုသရာမွာ အသုံးျပဳတဲ့ Hydroxychloroquine (HCQ) ေဆးျပား သန္း ၂၀၀ ကို ဧၿပီလထဲမွာ ထုတ္လုပ္သြားမယ္လို႔ အိႏၵိယ ထိပ္တန္း ေဆးထုတ္လုပ္ေရး ကုမၸဏီတခုက စေနေန႔က ေျပာပါတယ္။

အိႏၵိယႏုိင္ငံက ကမၻာေပၚမွာ Hydroxychloroquine အမ်ားဆုံး ထုတ္လုပ္တင္ပို႔ေနတဲ့ႏုိင္ငံ ျဖစ္ပါတယ္။

လက္ရွိ ကမၻာနဲ႔အဝွမ္း ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ COVID-19 ေရာဂါ ကူးစက္ခံရသူ လူနာေတြကို ကုသရာမွာ ဆရာဝန္ေတြနဲ႔ ေဆးဝါးကၽြမ္းက်င္သူေတြက Hydroxychloroquine ကို ပုံမွန္အသုံးျပဳလာတဲ့အတြက္ ေမၽွာ္မွန္းမထားေလာက္ေအာင္ ဝယ္လိုအား မ်ားလာတာပါ။

ျပည္တြင္းအတြက္ Hydroxychloroquine ေဆး အလုံအေလာက္ရွိသလို ဒီေဆးကို လိုအပ္ေနတဲ့ တကမၻာလုံးအတြက္လည္း လူသားခ်င္းစာနာမႈအရ အပိုေဆာင္း ထုတ္လုပ္ထားတာေၾကာင့္ တင္ပို႔ေပးသြားႏုိင္လိမ့္မယ္လို႔ အိႏၵိယ ထိပ္တန္း ေဆးကုမၸဏီ Zydus Cadila ရဲ႕ ဥကၠ႒ Pankaj Patel က ေျပာပါတယ္။

အိႏၵိယက ျပည္ပႏုိင္ငံေတြကို Hydroxychloroquine ေဆး တင္ပို႔ခြင့္ကို ၿပီးခဲ့တဲ့ မတ္လအတြင္း ကန္႔သတ္ခဲ့တာပါ။

COVID-19 ေရာဂါပိုးကို Hydroxychloroquine နဲ႔ ကုသေပ်ာက္ကင္းႏုိင္ေျခ ရွိတယ္လို႔ တြက္ဆၿပီး အေမရိကန္သမၼတ Donald Trump က ေဆးဝါးတင္ပို႔ေရာင္းခ်မႈ ကန္႔သတ္ခ်က္ ေျဖေလွ်ာ့ဖို႔ အိႏၵိယကို တိုက္တြန္းခဲ့ပါတယ္။ အခုေတာ့ အိႏၵိယႏုိင္ငံအေနနဲ႔ ဒီေဆးဝါးေတြကို အေမရိကန္ကို စတင္ ေပးပို႔ေတာ့မွာပါ။

စေနေန႔ ေန႔ခင္းပိုင္းအထိ အေမရိကန္ႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူေပါင္း ၅ သိန္းေက်ာ္နဲ႔ ေသဆုံးသူ ၂၀၀၀၀ ေက်ာ္ ရွိေနပါတယ္။

VOA Burmese News
-------------------------------

(Unicode)

ငှက်ဖျားရောဂါ ကုသဆေး အိန္ဒိယက အမေရိကန်ကို ရောင်းမည်

ငှက်ဖျားရောဂါ ကုသရာမှာ အသုံးပြုတဲ့ Hydroxychloroquine (HCQ) ဆေးပြား သန်း ၂၀၀ ကို ဧပြီလထဲမှာ ထုတ်လုပ်သွားမယ်လို့ အိန္ဒိယ ထိပ်တန်း ဆေးထုတ်လုပ်ရေး ကုမ္ပဏီတခုက စနေနေ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ Hydroxychloroquine အများဆုံး ထုတ်လုပ်တင်ပို့နေတဲ့နိုင်ငံ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာနဲ့အဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ရောဂါ ကူးစက်ခံရသူ လူနာတွေကို ကုသရာမှာ ဆရာဝန်တွေနဲ့ ဆေးဝါးကျွမ်းကျင်သူတွေက Hydroxychloroquine ကို ပုံမှန်အသုံးပြုလာတဲ့အတွက် မျှော်မှန်းမထားလောက်အောင် ဝယ်လိုအား များလာတာပါ။

ပြည်တွင်းအတွက် Hydroxychloroquine ဆေး အလုံအလောက်ရှိသလို ဒီဆေးကို လိုအပ်နေတဲ့ တကမ္ဘာလုံးအတွက်လည်း လူသားချင်းစာနာမှုအရ အပိုဆောင်း ထုတ်လုပ်ထားတာကြောင့် တင်ပို့ပေးသွားနိုင်လိမ့်မယ်လို့ အိန္ဒိယ ထိပ်တန်း ဆေးကုမ္ပဏီ Zydus Cadila ရဲ့ ဥက္ကဋ္ဌ Pankaj Patel က ပြောပါတယ်။

အိန္ဒိယက ပြည်ပနိုင်ငံတွေကို Hydroxychloroquine ဆေး တင်ပို့ခွင့်ကို ပြီးခဲ့တဲ့ မတ်လအတွင်း ကန့်သတ်ခဲ့တာပါ။

COVID-19 ရောဂါပိုးကို Hydroxychloroquine နဲ့ ကုသပျောက်ကင်းနိုင်ခြေ ရှိတယ်လို့ တွက်ဆပြီး အမေရိကန်သမ္မတ Donald Trump က ဆေးဝါးတင်ပို့ရောင်းချမှု ကန့်သတ်ချက် ဖြေလျှော့ဖို့ အိန္ဒိယကို တိုက်တွန်းခဲ့ပါတယ်။ အခုတော့ အိန္ဒိယနိုင်ငံအနေနဲ့ ဒီဆေးဝါးတွေကို အမေရိကန်ကို စတင် ပေးပို့တော့မှာပါ။

စနေနေ့ နေ့ခင်းပိုင်းအထိ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၅ သိန်းကျော်နဲ့ သေဆုံးသူ ၂၀၀၀၀ ကျော် ရှိနေပါတယ်။

VOA Burmese News
https://burmese.voanews.com/a/india-will-sell-…/5368779.html
ငွက္ဖ်ားေရာဂါ ကုသေဆး အိႏၵိယက အေမရိကန္ကို ေရာင္းမည္ ငွက္ဖ်ားေရာဂါ ကုသေဆး အိႏၵိယက အေမရိကန္ကို ေရာင္းမည္ Reviewed by THITHTOOLWIN on 06:13 Rating: 5
Powered by Blogger.