ကြာရန္တင္းေရွာင္သူေတြ ေစာင့္ၾကည့္ဖို႔ အီလက္ထေရာနစ္လက္ပတ္ေတြ သုံးမယ္

 ေဟာင္ေကာင္မွာ ျပည္ပက ဝင္လာသူေတြကို အီလက္ထေရာနစ္ လက္ပတ္ဝတ္ေပး
(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယားႏိုင္ငံမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ သီးျခားခြဲျခားထားမႈေတြ အာဏာတည္ေစဖို႔ အီလက္ထေရာနစ္ လက္ပတ္ေတြကို သုံးဖို႔ အစီအစဥ္ရွိတယ္လို႔ အစိုးရက ေၾကညာလိုက္ပါတယ္။

ဘာေၾကာင့္လဲ ဆိုေတာ့ အိမ္ထဲမွာပဲ ေနၾကဖို႔ ၫႊန္ၾကားခံထားရတဲ့လူ ေျခာက္ေသာင္းထဲက တခ်ိဳ႕ဟာ သူတို႔လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ရာမွာ သုံးတဲ့ စမတ္ဖုန္းေတြကို ထားခဲ့ၿပီး အိမ္ျပင္ကို တိတ္တဆိတ္ ထြက္သြားၾကတာေတြ ရွိတဲ့ အတြက္ ျဖစ္တယ္လို႔ဆိုပါတယ္။

ဧၿပီလ ၁ ရက္ေန႔က စၿပီး ျပည္ပကေန ေတာင္ကိုရီးယားကို ဝင္လာသူေတြ အားလုံး ၁၄ ရက္ၾကာ သီးျခားခြဲျခား ေစာင့္ၾကည့္ခံၾကရတာျဖစ္ပါတယ္။

BBC Burmese
----------------------------------------------
(Unicode)⤵⤵⤵
ကွာရန်တင်းရှောင်သူတွေ စောင့်ကြည့်ဖို့ အီလက်ထရောနစ်လက်ပတ်တွေ သုံးမယ်

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ သီးခြားခွဲခြားထားမှုတွေ အာဏာတည်စေဖို့ အီလက်ထရောနစ် လက်ပတ်တွေကို သုံးဖို့ အစီအစဉ်ရှိတယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားခံထားရတဲ့လူ ခြောက်သောင်းထဲက တချို့ဟာ သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်ရာမှာ သုံးတဲ့ စမတ်ဖုန်းတွေကို ထားခဲ့ပြီး အိမ်ပြင်ကို တိတ်တဆိတ် ထွက်သွားကြတာတွေ ရှိတဲ့ အတွက် ဖြစ်တယ်လို့ဆိုပါတယ်။

ဧပြီလ ၁ ရက်နေ့က စပြီး ပြည်ပကနေ တောင်ကိုရီးယားကို ဝင်လာသူတွေ အားလုံး ၁၄ ရက်ကြာ သီးခြားခွဲခြား စောင့်ကြည့်ခံကြရတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52256637

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား