ကို႐ိုနာဗိုင္းရပ္စ္ - အသက္၅၀ ေက်ာ္အမ်ိဳးသားေတြအတြက္ အႏၲရာယ္ပိုႀကီးသလား။


(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြထဲမွာ အမ်ားစုကေတာ့ ေရာဂါလကၡဏာျပလာခ်ိန္ကေန တစ္ပတ္ေလာက္အတြင္း ျပန္သက္သာလာတတ္ၾကၿပီး ေဆးကုသခံဖို႔ေတာင္ မလိုတတ္ၾကပါဘူး။

ဒါေပမယ့္ တခ်ိဳ႕သူေတြကေတာ့ ေဆးကုသခံဖို႔ လိုကိုလိုပါတယ္။ ယူေကက ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ဆို အေရးေပၚအခန္းထဲေတာင္ ေရာက္သြားခဲ့ရပါတယ္။

အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာဂြၽန္ဆင္ဟာ လန္ဒန္က စိန္႔ေသာမတ္စ္ေဆး႐ုံမွာ တက္ၿပီး ကုသမႈခံခဲ့ရတာပါ။

သူ႔ကို ေအာက္စီဂ်င္ေပးခဲ့ရေပမယ့္ သိပ္ဆိုးတဲ့ ေဝဒနာရွင္ေတြလို အသက္ရႉစက္ေတာ့ မတင္ခဲ့ရပါဘူး။

အခုေတာ့ သူေဆး႐ုံကဆင္းလို႔ ဝန္ႀကီးခ်ဳပ္ရဲ႕ နယ္က ေနအိမ္မွာ အနားယူေနပါတယ္။

ပိုးကူးရင္ ဘယ္လိုလူေတြက ပိုခံရတတ္လဲ။

တခ်ိဳ႕သူေတြက ေရာဂါလကၡဏာပိုျပင္းျပင္းထန္ထန္ ခံစားရတတ္ၾကပါတယ္။အဲဒီထဲမွာ နဂိုေရာဂါအခံရွိရွိမရွိရွိ အသက္ ၇၀ ေက်ာ္တဲ့သူေတြက ပိုအႏၲရာယ္ရွိၾကပါတယ္။ ၿပီးေတာ့ ႏွလုံးေရာဂါလိုမ်ိဳး နဂိုေရာဂါအခံ ရွိသူေတြကေတာ့ ဘယ္အသက္အ႐ြယ္ပဲျဖစ္ျဖစ္ အႏၲရာယ္ရွိႏိုင္ပါတယ္။ ပိုးကူးရင္ ပိုျပင္းထန္တဲ့ ေဝဒနာ ခံစားရႏိုင္ပါတယ္။

ယူေကမွာဆို ကို႐ိုနာဗိုင္းရပ္စ္သာ ကူးခံရရင္ အသက္အႏၲရာယ္အထိ ရွိႏိုင္တဲ့ နဂိုေရာဂါအခံရွိသူေတြက တစ္သန္းခြဲေလာက္ ရွိေနပါတယ္။အဲဒီလူေတြထဲမွာ ကင္ဆာေရာဂါေၾကာင့္ ဓာတ္ကင္ကုသမႈ ခံယူေနရသူေတြလည္း ပါပါတယ္။ ဒါေၾကာင့္ သူတို႔ ပိုးကူးမခံရေအာင္ အိမ္ထဲက လုံးဝ မထြက္ၾကဖို႔ မွာၾကားထားရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးခံရသူေတြကို ၾကည့္ရင္ အေတာ္မ်ားမ်ားကလည္း အသက္ ၅၀ ေက်ာ္ ၆၀ ေက်ာ္အမ်ိဳးသားေတြ ျဖစ္ေနတတ္တာကို ေတြ႕ရျပန္ပါတယ္။ ဒီအုပ္စုကို အႏၲရာယ္ရွိႏိုင္တဲ့ အုပ္စုလို႔ မသတ္မွတ္ထားေပမယ့္ ဗိုင္းရပ္စ္ကူးခံရသူေတြကို ၾကည့္ရင္ ဒီအုပ္စုက လူေတြက ရာခိုင္ႏႈန္း အေတာ္မ်ားမ်ား ပါေနပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းရင္းက သိပ္ေတာ့မရွင္းပါဘူး။ ပိုးကူးခံရသူေတြထဲမွာ ဒီ အသက္အ႐ြယ္ေတြက လူေတြမ်ားတာနဲ႔ ဒီအသက္အ႐ြယ္က လူေတြ ပို ပိုးကူးခံရတယ္ဆိုၿပီး တစ္ထစ္ခ်ေတာ့ ေျပာလို႔ မရေလာက္ေသးပါဘူး။

အသက္ႀကီးတဲ့ အမ်ိဳးသားေတြ ဘာေၾကာင့္ ျဖစ္တာလဲ။

အသက္ႀကီးသူေတြမွာ ေရာဂါလကၡဏာပိုဆိုးတတ္
ပညာရွင္ေတြက အတိအက် အေျဖမေပးႏိုင္ေသးပါဘူး။

ယူေကက အေရးေပၚခန္းေတြထဲ ေရာက္လာၾကသူေတြထဲက အျပင္းအထန္ နာမက်န္းျဖစ္ေနသူေတြကို ေလ့လာၾကည့္ထားတဲ့ စာရင္းအရ သူတို႔ရဲ႕ ပ်မ္းမွ်အသက္ဟာ ၆၀ ျဖစ္ပါတယ္။ အမ်ားစုက အမ်ိဳးသားေတြျဖစ္ေနၿပီး သူတို႔မွာ အရင္ကတည္းက ႏွလုံးေရာဂါလို၊ အဝလြန္တာလို ေနာက္ခံက်န္းမာေရး ျပႆနာေတြ ရွိထားသူေတြ ျဖစ္ၾကပါတယ္။

မတ္လကုန္အထိ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ေသဆုံးခဲ့ရသူ ၆၄၇ ေယာက္ကို ေလ့လာၾကည့္တဲ့အခါ သူတို႔ထဲက ၄၄ ေယာက္က အသက္ ၄၅ ႏွစ္က ၆၅ ႏွစ္အတြင္း ရွိသူေတြ ျဖစ္ၿပီး သူတို႔က ေသဆုံးသူ စုစုေပါင္းရဲ႕ ၇ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။

အမ်ိဳးသားေရာ အမ်ိဳးသမီးေတြမွာပါ အသက္ႀကီးသူေတြ ေသဆုံးမႈႏႈန္းပိုမ်ားတာေတြ႕ရေပမယ့္ ဘယ္အသက္အ႐ြယ္မွာမဆို အမ်ိဳးသားေတြ ေသဆုံးမႈက ပိုမ်ားတာကိုလည္း ေတြ႕ရပါတယ္။

ဗိုင္းရပ္စ္ပိုးကို စတင္ေတြ႕ခဲ့ရတဲ့ တ႐ုတ္ျပည္ကအခ်က္အလက္ေတြအရလည္း အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ကူးစက္ခံရရင္ ေသဆုံးတဲ့ႏႈန္း ပိုမ်ားတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း ကြၽမ္းက်င္သူေတြကေတာ့ အႏၲရာယ္ပိုမ်ားတယ္ဆိုတဲ့ ကိစၥဟာ အမ်ိဳးသား၊ အမ်ိဳးသမီးကြဲျပားတာထက္ ေဆးလိပ္ေသာက္တာလို တျခားအမူအက်င့္ေတြေၾကာင့္လည္း ျဖစ္ႏိုင္တာကို ထည့္တြက္ဖို႔လိုတယ္လို႔ ဆိုၾကပါတယ္။

ေနာ္တင္ဟမ္တကၠသိုလ္က ေမာ္လီက်ဴးေဆးပညာပါေမာကၡ အီယန္ေဟာလ္ကလည္း အမ်ိဳးသားေတြမွာ ပိုအႏၲရာယ္မ်ားတယ္ဆိုတာကို အခုေလာက္နဲ႔ လက္မခံႏိုင္ဘူးလို႔ ဆိုပါတယ္။ တျခားမသိေသးတဲ့၊ ထည့္မတြက္ရေသးတဲ့ အေၾကာင္းရင္းေတြ ရွိႏိုင္မယ္လို႔ သူက ယူဆပါတယ္။

ႏွလုံး၊ ေသြးတိုးနဲ႔ အဆုတ္နာေရာဂါေတြကေတာ့ အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားတယ္ဆိုတာကို ေဆးသိပၸံက လက္ခံထားၿပီးသားပါ။

မ်ိဳးဗီဇနဲ႔ လိင္ပိုင္းဆိုင္ရာ ေဟာ္မုန္းေတြကလည္း အေၾကာင္းရင္းေတြျဖစ္ႏိုင္တယ္လို႔ တခ်ိဳ႕ပညာရွင္ေတြက ဆိုပါတယ္။

အမ်ိဳးသမီးေတြက ခံႏိုင္ရည္ပိုျမင့္သလား။

လူ႔ခႏၶာကိုယ္တြင္းက ေရာဂါကို ခုခံႏိုင္စြမ္းအားပညာရွင္ ေအာက္စဖို႔တကၠသိုလ္က ပါေမာကၡဖိလစ္ဂိုးလ္ဒါးက "ေယာက္်ားနဲ႔ မိန္းမအၾကား ေရာဂါကို ခုခံႏိုင္စြမ္းအားစနစ္ရွိၾကပုံ မတူၾကဘူးဆိုတာကို အမ်ားက လက္ခံလာၾကပါၿပီ၊ ဒါေတြက ကူးစက္ေရာဂါကို တုံ႔ျပန္ၾကပုံေတြမွာ ရလဒ္အရ အမ်ားႀကီး သက္ေရာက္မႈ ရွိပါတယ္လို႔ ဆိုပါတယ္။"

"ကိုယ့္သက္တမ္းတေလွ်ာက္ ထိုးခဲ့တဲ့ ကာကြယ္ေဆးေတြကို တုံ႔ျပန္ပုံ၊ ေရာဂါကူးစက္ခံရမႈကို တုံ႔ျပန္ပုံေတြမွာ အမ်ိဳးသမီးေတြရဲ႕ ခုံခံစြမ္းအားစနစ္က ပိုျမင့္တယ္၊ ပိုလည္း ထိေရာက္ေလ့ရွိပါတယ္။

"ဒါကလည္း အမ်ိဳးသမီးေတြမွာ X ခ႐ိုမိုဆုန္းႏွစ္ခုပါလို႔ ျဖစ္ႏိုင္ပါတယ္။ အမ်ိဳးသားေတြမွာက X ခ႐ိုမိုဆုန္း တစ္ခုနဲ႔ Y ခ႐ိုမိုဆုန္းတစ္ခုစီပဲ ပါၾကပါတယ္။

"ေရာဂါကို ခုခံႏိုင္တဲ့ အေရးပါတဲ့ မ်ိဳးဗီဇ တခ်ိဳ႕က X ခ႐ိုမိုဆုန္းမွာ ေတြ႕ရတတ္လို႔ ျဖစ္တယ္" လို႔ ပါေမာကၡဂိုးလ္ဒါးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အသက္ဆုံးၾကရတာလား။

ယူေကမွာေတာ့ ႏွစ္စဥ္ လူ ေျခာက္သိန္းေလာက္ ေသဆုံးၾကပါတယ္။ နဂိုေရာဂါအခံရွိၾကသူေတြနဲ႔ အသက္အ႐ြယ္ႀကီးရင့္သူေတြက ေသဆုံးမႈႏႈန္းပိုမ်ားပါတယ္။ သူတို႔ေတြကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရရင္လည္း အႏၲရာယ္ ပိုရွိႏိုင္ပါတယ္။

ကိန္းဘရစ္တကၠသိုလ္က ပါေမာကၡ ဆာေဒးဗစ္စပီးဂဲလ္ေဟာလတာက လာမယ့္ႏွစ္မွာ အသက္၈၀ ေက်ာ္ေတြထဲက ၁၀ ရာခိုင္ႏႈန္းနီးပါး ေသဆုံးလိမ့္မယ္လို႔ ဆိုပါတယ္။ သူတို႔ကို ကို႐ိုနာကူးစက္ခံရင္ ေသဆုံးႏိုင္တဲ့ ႏႈန္းကလည္း ဒီေလာက္ပဲ ရွိတယ္လို႔ သူက ဆိုပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုကာကြယ္ႏိုင္မလဲ။

က်န္းမာႀကံ့ခိုင္ေနႏိုင္ေအာင္ ႀကိဳးစားရပါမယ္။ ေလ့က်င့္ခန္းလုပ္ပါ။ အာဟာရရွိၿပီး မွ်တတဲ့ အစားအစာကို စားပါ။

ေဆးလိပ္ေသာက္တတ္သူဆိုရင္ေတာ့ အခုအခ်ိန္ဟာ ျဖတ္ဖို႔ အခ်ိန္ပါပဲ။

အမ်ိဳးသားေတြက အမ်ိဳးသမီးေတြ ထက္ပိုၿပီး -

    ေဆးလိပ္ေသာက္တတ္တယ္၊ တစ္ေန႔တာ စီးကရက္ေသာက္တဲ့ အေရအတြက္ပိုမ်ားတယ္။ လက္နဲ႔ လိပ္ၿပီး ေသာက္ရတဲ့ ေဆးလိပ္လည္းပိုေသာက္တယ္။
    ဆားပါတဲ့ အစားအစာပိုစားတယ္၊ အငံေတြ စားတယ္။
    အသားစိမ္းေတြ အသားေတြ စားတာပိုမ်ားတယ္။
    သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္စားတာ နည္းတယ္။
    အရက္ပိုေသာက္တယ္၊ ပိုၿပီးလည္း အႏၲရာယ္ရွိေလာက္တဲ့ ပမာဏကို ေသာက္တတ္တယ္။

 ေရာဂါလကၡဏာမ်ား

ကာကြယ္ရန္ နည္းလမ္းမ်ား 

BBC Burmese
https://www.bbc.com/burmese/world-52284441
------------
(Unicode)⤵⤵⤵

ကိုရိုနာဗိုင်းရပ်စ် - အသက်၅၀ ကျော်အမျိုးသားတွေအတွက် အန္တရာယ်ပိုကြီးသလား။
မီရှဲလ်ရောဘတ် ဘီဘီစီအွန်လိုင်း ကျန်းမာရေးသတင်းအယ်ဒီတာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ အများစုကတော့ ရောဂါလက္ခဏာပြလာချိန်ကနေ တစ်ပတ်လောက်အတွင်း ပြန်သက်သာလာတတ်ကြပြီး ဆေးကုသခံဖို့တောင် မလိုတတ်ကြပါဘူး။

ဒါပေမယ့် တချို့သူတွေကတော့ ဆေးကုသခံဖို့ လိုကိုလိုပါတယ်။ ယူကေက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဆို အရေးပေါ်အခန်းထဲတောင် ရောက်သွားခဲ့ရပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဂျွန်ဆင်ဟာ လန်ဒန်က စိန့်သောမတ်စ်ဆေးရုံမှာ တက်ပြီး ကုသမှုခံခဲ့ရတာပါ။

သူ့ကို အောက်စီဂျင်ပေးခဲ့ရပေမယ့် သိပ်ဆိုးတဲ့ ဝေဒနာရှင်တွေလို အသက်ရှူစက်တော့ မတင်ခဲ့ရပါဘူး။

အခုတော့ သူဆေးရုံကဆင်းလို့ ဝန်ကြီးချုပ်ရဲ့ နယ်က နေအိမ်မှာ အနားယူနေပါတယ်။

ပိုးကူးရင် ဘယ်လိုလူတွေက ပိုခံရတတ်လဲ။

တချို့သူတွေက ရောဂါလက္ခဏာပိုပြင်းပြင်းထန်ထန် ခံစားရတတ်ကြပါတယ်။အဲဒီထဲမှာ နဂိုရောဂါအခံရှိရှိမရှိရှိ အသက် ၇၀ ကျော်တဲ့သူတွေက ပိုအန္တရာယ်ရှိကြပါတယ်။ ပြီးတော့ နှလုံးရောဂါလိုမျိုး နဂိုရောဂါအခံ ရှိသူတွေကတော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အန္တရာယ်ရှိနိုင်ပါတယ်။ ပိုးကူးရင် ပိုပြင်းထန်တဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။

ယူကေမှာဆို ကိုရိုနာဗိုင်းရပ်စ်သာ ကူးခံရရင် အသက်အန္တရာယ်အထိ ရှိနိုင်တဲ့ နဂိုရောဂါအခံရှိသူတွေက တစ်သန်းခွဲလောက် ရှိနေပါတယ်။အဲဒီလူတွေထဲမှာ ကင်ဆာရောဂါကြောင့် ဓာတ်ကင်ကုသမှု ခံယူနေရသူတွေလည်း ပါပါတယ်။ ဒါကြောင့် သူတို့ ပိုးကူးမခံရအောင် အိမ်ထဲက လုံးဝ မထွက်ကြဖို့ မှာကြားထားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူတွေကို ကြည့်ရင် အတော်များများကလည်း အသက် ၅၀ ကျော် ၆၀ ကျော်အမျိုးသားတွေ ဖြစ်နေတတ်တာကို တွေ့ရပြန်ပါတယ်။ ဒီအုပ်စုကို အန္တရာယ်ရှိနိုင်တဲ့ အုပ်စုလို့ မသတ်မှတ်ထားပေမယ့် ဗိုင်းရပ်စ်ကူးခံရသူတွေကို ကြည့်ရင် ဒီအုပ်စုက လူတွေက ရာခိုင်နှုန်း အတော်များများ ပါနေပါတယ်။ ဒါပေမယ့် ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းက သိပ်တော့မရှင်းပါဘူး။ ပိုးကူးခံရသူတွေထဲမှာ ဒီ အသက်အရွယ်တွေက လူတွေများတာနဲ့ ဒီအသက်အရွယ်က လူတွေ ပို ပိုးကူးခံရတယ်ဆိုပြီး တစ်ထစ်ချတော့ ပြောလို့ မရလောက်သေးပါဘူး။

အသက်ကြီးတဲ့ အမျိုးသားတွေ ဘာကြောင့် ဖြစ်တာလဲ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အသက်ကြီးသူတွေမှာ ရောဂါလက္ခဏာပိုဆိုးတတ်

ပညာရှင်တွေက အတိအကျ အဖြေမပေးနိုင်သေးပါဘူး။

ယူကေက အရေးပေါ်ခန်းတွေထဲ ရောက်လာကြသူတွေထဲက အပြင်းအထန် နာမကျန်းဖြစ်နေသူတွေကို လေ့လာကြည့်ထားတဲ့ စာရင်းအရ သူတို့ရဲ့ ပျမ်းမျှအသက်ဟာ ၆၀ ဖြစ်ပါတယ်။ အများစုက အမျိုးသားတွေဖြစ်နေပြီး သူတို့မှာ အရင်ကတည်းက နှလုံးရောဂါလို၊ အဝလွန်တာလို နောက်ခံကျန်းမာရေး ပြဿနာတွေ ရှိထားသူတွေ ဖြစ်ကြပါတယ်။

မတ်လကုန်အထိ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ရသူ ၆၄၇ ယောက်ကို လေ့လာကြည့်တဲ့အခါ သူတို့ထဲက ၄၄ ယောက်က အသက် ၄၅ နှစ်က ၆၅ နှစ်အတွင်း ရှိသူတွေ ဖြစ်ပြီး သူတို့က သေဆုံးသူ စုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အမျိုးသားရော အမျိုးသမီးတွေမှာပါ အသက်ကြီးသူတွေ သေဆုံးမှုနှုန်းပိုများတာတွေ့ရပေမယ့် ဘယ်အသက်အရွယ်မှာမဆို အမျိုးသားတွေ သေဆုံးမှုက ပိုများတာကိုလည်း တွေ့ရပါတယ်။

ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ခဲ့ရတဲ့ တရုတ်ပြည်ကအချက်အလက်တွေအရလည်း အမျိုးသားတွေက အမျိုးသမီးတွေထက် ကူးစက်ခံရရင် သေဆုံးတဲ့နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ အန္တရာယ်ပိုများတယ်ဆိုတဲ့ ကိစ္စဟာ အမျိုးသား၊ အမျိုးသမီးကွဲပြားတာထက် ဆေးလိပ်သောက်တာလို တခြားအမူအကျင့်တွေကြောင့်လည်း ဖြစ်နိုင်တာကို ထည့်တွက်ဖို့လိုတယ်လို့ ဆိုကြပါတယ်။

နော်တင်ဟမ်တက္ကသိုလ်က မော်လီကျူးဆေးပညာပါမောက္ခ အီယန်ဟောလ်ကလည်း အမျိုးသားတွေမှာ ပိုအန္တရာယ်များတယ်ဆိုတာကို အခုလောက်နဲ့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ တခြားမသိသေးတဲ့၊ ထည့်မတွက်ရသေးတဲ့ အကြောင်းရင်းတွေ ရှိနိုင်မယ်လို့ သူက ယူဆပါတယ်။

နှလုံး၊ သွေးတိုးနဲ့ အဆုတ်နာရောဂါတွေကတော့ အမျိုးသားတွေမှာ ပိုအဖြစ်များတယ်ဆိုတာကို ဆေးသိပ္ပံက လက်ခံထားပြီးသားပါ။

မျိုးဗီဇနဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကလည်း အကြောင်းရင်းတွေဖြစ်နိုင်တယ်လို့ တချို့ပညာရှင်တွေက ဆိုပါတယ်။

အမျိုးသမီးတွေက ခံနိုင်ရည်ပိုမြင့်သလား။

လူ့ခန္ဓာကိုယ်တွင်းက ရောဂါကို ခုခံနိုင်စွမ်းအားပညာရှင် အောက်စဖို့တက္ကသိုလ်က ပါမောက္ခဖိလစ်ဂိုးလ်ဒါးက "ယောက်ျားနဲ့ မိန်းမအကြား ရောဂါကို ခုခံနိုင်စွမ်းအားစနစ်ရှိကြပုံ မတူကြဘူးဆိုတာကို အများက လက်ခံလာကြပါပြီ၊ ဒါတွေက ကူးစက်ရောဂါကို တုံ့ပြန်ကြပုံတွေမှာ ရလဒ်အရ အများကြီး သက်ရောက်မှု ရှိပါတယ်လို့ ဆိုပါတယ်။"

"ကိုယ့်သက်တမ်းတလျှောက် ထိုးခဲ့တဲ့ ကာကွယ်ဆေးတွေကို တုံ့ပြန်ပုံ၊ ရောဂါကူးစက်ခံရမှုကို တုံ့ပြန်ပုံတွေမှာ အမျိုးသမီးတွေရဲ့ ခုံခံစွမ်းအားစနစ်က ပိုမြင့်တယ်၊ ပိုလည်း ထိရောက်လေ့ရှိပါတယ်။

"ဒါကလည်း အမျိုးသမီးတွေမှာ X ခရိုမိုဆုန်းနှစ်ခုပါလို့ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာက X ခရိုမိုဆုန်း တစ်ခုနဲ့ Y ခရိုမိုဆုန်းတစ်ခုစီပဲ ပါကြပါတယ်။

"ရောဂါကို ခုခံနိုင်တဲ့ အရေးပါတဲ့ မျိုးဗီဇ တချို့က X ခရိုမိုဆုန်းမှာ တွေ့ရတတ်လို့ ဖြစ်တယ်" လို့ ပါမောက္ခဂိုးလ်ဒါးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးကြရတာလား။

ယူကေမှာတော့ နှစ်စဉ် လူ ခြောက်သိန်းလောက် သေဆုံးကြပါတယ်။ နဂိုရောဂါအခံရှိကြသူတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေက သေဆုံးမှုနှုန်းပိုများပါတယ်။ သူတို့တွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရင်လည်း အန္တရာယ် ပိုရှိနိုင်ပါတယ်။

ကိန်းဘရစ်တက္ကသိုလ်က ပါမောက္ခ ဆာဒေးဗစ်စပီးဂဲလ်ဟောလတာက လာမယ့်နှစ်မှာ အသက်၈၀ ကျော်တွေထဲက ၁၀ ရာခိုင်နှုန်းနီးပါး သေဆုံးလိမ့်မယ်လို့ ဆိုပါတယ်။ သူတို့ကို ကိုရိုနာကူးစက်ခံရင် သေဆုံးနိုင်တဲ့ နှုန်းကလည်း ဒီလောက်ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ။

ကျန်းမာကြံ့ခိုင်နေနိုင်အောင် ကြိုးစားရပါမယ်။ လေ့ကျင့်ခန်းလုပ်ပါ။ အာဟာရရှိပြီး မျှတတဲ့ အစားအစာကို စားပါ။

ဆေးလိပ်သောက်တတ်သူဆိုရင်တော့ အခုအချိန်ဟာ ဖြတ်ဖို့ အချိန်ပါပဲ။

အမျိုးသားတွေက အမျိုးသမီးတွေ ထက်ပိုပြီး -

    ဆေးလိပ်သောက်တတ်တယ်၊ တစ်နေ့တာ စီးကရက်သောက်တဲ့ အရေအတွက်ပိုများတယ်။ လက်နဲ့ လိပ်ပြီး သောက်ရတဲ့ ဆေးလိပ်လည်းပိုသောက်တယ်။
    ဆားပါတဲ့ အစားအစာပိုစားတယ်၊ အငံတွေ စားတယ်။
    အသားစိမ်းတွေ အသားတွေ စားတာပိုများတယ်။
    သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စားတာ နည်းတယ်။
    အရက်ပိုသောက်တယ်၊ ပိုပြီးလည်း အန္တရာယ်ရှိလောက်တဲ့ ပမာဏကို သောက်တတ်တယ်။

Image caption ရောဂါလက္ခဏာများ
Image caption ကာကွယ်ရန် နည်းလမ်းများ

BBC Burmese
https://www.bbc.com/burmese/world-52284441
ကို႐ိုနာဗိုင္းရပ္စ္ - အသက္၅၀ ေက်ာ္အမ်ိဳးသားေတြအတြက္ အႏၲရာယ္ပိုႀကီးသလား။ ကို႐ိုနာဗိုင္းရပ္စ္ - အသက္၅၀ ေက်ာ္အမ်ိဳးသားေတြအတြက္ အႏၲရာယ္ပိုႀကီးသလား။ Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.