COVID-19 ကာလ ဒုကၡသည္ အမ်ဳိးသမီးေတြ အၾကမ္းဖက္ခံရမွာ ကုလစုိးရိမ္

အီရတ္ႏိုင္ငံ Mosul ၿမိဳ႕ ရွိ Bardarash ဒုကၡသည္စခန္းက စစ္ေရွာင္ ဒုကၡသည္ အမ်ိဳးသမီးမ်ား (ေအာက္တိုဘာ ၁၇၊ ၂၀၁၉)

(Zawgyi/Unicode)

ကမာၻနဲ႔ အဝွမ္း COVID-19 ကပ္ေရာဂါက်ေရာက္ေနတဲ့ အခ်ိန္ ေနရပ္စြန္႔ခြါထြက္ေျပးေနရသူေတြနဲ႔ ႏိုင္ငံမဲ့ေနတဲ့ အမ်ိဳးသမီးေတြ အေနနဲ႔ လိင္ကြဲျပားမႈကို အေျခခံတဲ့ အၾကမ္းဖက္မႈေတြနဲ႔ ရင္ဆိုင္ရဖို႔ အေျခအေနပိုၿပီး ျမင့္မားတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) က ဒီကေန႔ ေျပာလိုက္ပါတယ္။

အခုလို အခ်ိန္မွာ ဒုကၡသည္ေတြ၊ ေနရပ္စြန္႔ခြါထြက္ေျပးေနရသူေတြ နဲ႔ ႏိုင္ငံမဲ့ေနတဲ့ အမ်ိဳးသမီးေတြနဲ႔ မိန္းမငယ္ေတြ မတရား ႏွိပ္စက္ညႇင္းပန္းမႈနဲ႔ အၾကမ္းဖက္မႈေတြ မႀကဳံေတြ႕ရေအာင္ အကာအကြယ္ေပးဖို႔ အေရးတႀကီးလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ဒုကၡသည္မ်ား အကာအကြယ္ေပးေရး ဆိုင္ရာ လက္ေထာက္ ေကာ္မရွင္နာမင္းႀကီး Gillian Triggs က ေျပာပါတယ္။

ကပ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ဖို႔ အသြားအလာပိတ္ပင္တားျမစ္တာ၊ quarantine ေစာင့္ၾကည့္ထားခံရတာ၊ အလုပ္ေတြပိတ္ထားတာ စတာေတြေၾကာင့္ စီးပြါးေရး က်ဆင္းလာတဲ့ အေျခအေနေတြက အမ်ိဳးသမီးေတြနဲ႔ မိန္းမငယ္ေလးေတြ အသက္ရွင္ရပ္တည္ေရးအတြက္ ျပည့္တန္ဆာ အျဖစ္လုပ္ကိုင္ရဖို႔ဖိအား ျဖစ္လာႏိုင္သလို အသက္မျပည့္ေသးပဲ အိမ္ေထာင္ျပဳဖို႔ မိသားစုေတြက တြန္းအားေပးတာ မ်ိဳးလည္းႀကဳံရႏိုင္တယ္လို႔ လက္ေထာက္ ေကာ္မရွင္နာမင္းႀကီး Triggs က ေျပာပါတယ္။

ဒါေၾကာင့္ ႏိုင္ငံေတြအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး အစီအစဥ္ေတြ ေရးဆြဲရာမွာ အၾကမ္းဖက္မႈေတြနဲ႔ ရင္ဆိုင္ရဖို႔ အခြင့္အလမ္းမ်ားတဲ့ ဒုကၡသည္အမ်ိဳးသမီးေတြအတြက္ ဉီးစားေပး ထည့္သြင္းစဥ္းစားဖို႔ ကုလသမဂၢ (UNHCR) က တိုက္တြန္းပါတယ္။ တခ်ိန္ထဲမွာပဲ က်ား၊ မ ခြဲျခားမႈေၾကာင့္ ျဖစ္ရတဲ့ အၾကမ္းဖက္မႈ ကေန လြတ္ေျမာက္လာသူေတြနဲ႔ ဒုကၡသည္အမ်ိဳးသမီးေတြအတြက္ (UNHCR) က အေရးေပၚ ေငြေၾကး ေထာက္ပံ့ေပးေနတာပါ၊

ဒ့ါအျပင္ အေရးေပၚ တုံ႔ျပန္ အကူအညီေပးေရး အပါအဝင္ က်ား၊မ ခြဲျခားမႈေၾကာင့္ျဖစ္တဲ့ အၾကမ္းဖက္မႈနဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ အႏၲရာယ္ ေလ်ာ့ပါးသြားေစေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္တာေတြ လုပ္ေနပါတယ္။

[Unicode Version]

COVID-19 ကာလ ဒုက္ခသည် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှာ ကုလစိုးရိမ်

ကမ္ဘာနဲ့ အဝှမ်း COVID-19 ကပ်ရောဂါကျရောက်နေတဲ့ အချိန် နေရပ်စွန့်ခွါထွက်ပြေးနေရသူတွေနဲ့ နိုင်ငံမဲ့နေတဲ့ အမျိုးသမီးတွေ အနေနဲ့ လိင်ကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရဖို့ အခြေအနေပိုပြီး မြင့်မားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ ပြောလိုက်ပါတယ်။

အခုလို အချိန်မှာ ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွါထွက်ပြေးနေရသူတွေ နဲ့ နိုင်ငံမဲ့နေတဲ့ အမျိုးသမီးတွေနဲ့ မိန်းမငယ်တွေ မတရား နှိပ်စက်ညှင်းပန်းမှုနဲ့ အကြမ်းဖက်မှုတွေ မကြုံတွေ့ရအောင် အကာအကွယ်ပေးဖို့ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဒုက္ခသည်များ အကာအကွယ်ပေးရေး ဆိုင်ရာ လက်ထောက် ကော်မရှင်နာမင်းကြီး Gillian Triggs က ပြောပါတယ်။

ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ အသွားအလာပိတ်ပင်တားမြစ်တာ၊ quarantine စောင့်ကြည့်ထားခံရတာ၊ အလုပ်တွေပိတ်ထားတာ စတာတွေကြောင့် စီးပွါးရေး ကျဆင်းလာတဲ့ အခြေအနေတွေက အမျိုးသမီးတွေနဲ့ မိန်းမငယ်လေးတွေ အသက်ရှင်ရပ်တည်ရေးအတွက် ပြည့်တန်ဆာ အဖြစ်လုပ်ကိုင်ရဖို့ဖိအား ဖြစ်လာနိုင်သလို အသက်မပြည့်သေးပဲ အိမ်ထောင်ပြုဖို့ မိသားစုတွေက တွန်းအားပေးတာ မျိုးလည်းကြုံရနိုင်တယ်လို့ လက်ထောက် ကော်မရှင်နာမင်းကြီး Triggs က ပြောပါတယ်။

ဒါကြောင့် နိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအစဉ်တွေ ရေးဆွဲရာမှာ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရဖို့ အခွင့်အလမ်းများတဲ့ ဒုက္ခသည်အမျိုးသမီးတွေအတွက် ဉီးစားပေး ထည့်သွင်းစဉ်းစားဖို့ ကုလသမဂ္ဂ (UNHCR) က တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ ကျား၊ မ ခွဲခြားမှုကြောင့် ဖြစ်ရတဲ့ အကြမ်းဖက်မှု ကနေ လွတ်မြောက်လာသူတွေနဲ့ ဒုက္ခသည်အမျိုးသမီးတွေအတွက် (UNHCR) က အရေးပေါ် ငွေကြေး ထောက်ပံ့ပေးနေတာပါ၊

ဒ့ါအပြင် အရေးပေါ် တုံ့ပြန် အကူအညီပေးရေး အပါအဝင် ကျား၊မ ခွဲခြားမှုကြောင့်ဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ် လျော့ပါးသွားစေရေးအတွက် ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်နေပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid-unhcr-women/5379593.html
COVID-19 ကာလ ဒုကၡသည္ အမ်ဳိးသမီးေတြ အၾကမ္းဖက္ခံရမွာ ကုလစုိးရိမ္ COVID-19 ကာလ ဒုကၡသည္ အမ်ဳိးသမီးေတြ အၾကမ္းဖက္ခံရမွာ ကုလစုိးရိမ္ Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.