ပု႑ားကြၽန္းက ဖမ္းဆီးသြားသူ ၃၃ ဦးကို တပ္မေတာ္က ျပန္လႊတ္


(Zawgyi)⤵⤵⤵
 ရခိုင္ျပည္နယ္ ပု႑ားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္႐ြာက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အပါအဝင္ လူ ၃၉ ေယာက္ကို တပ္မေတာ္ စစ္ေၾကာင္းတေၾကာင္းက မေန႔မနက္ပိုင္းက ဖမ္းဆီးသြားၿပီး ညပိုင္းမွာ ၃၃ ဦးကို ျပန္လႊတ္ေပးလိုက္ပါတယ္။

အခုလို ျပန္လြတ္လာတာကို ပုဏၰားကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းေမာင္က အတည္ျပဳပါတယ္။ ေက်း႐ြာသား ၈၀ ေလာက္ အုပ္ခ်ဳပ္ေရးမႉးအိမ္မွာ စုခိုင္းၿပီး အသက္ ၁၈ ႏွစ္ကေန ၅၅ ႏွစ္အၾကား အမ်ိဳးသားေတြကို ပုဏၰားကြၽန္းၿမိဳ႕ အမွတ္-၅၅၀ တပ္ရင္းကို ဖမ္းဆီးေခၚေဆာင္သြားတာလို႔ ႐ြာသားေတြက ေျပာပါတယ္။

ေက်ာက္ဆိပ္႐ြာကို အခုလ ၁၃ ရက္ေန႔ မနက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ လူ ၈ ဦး ေသဆုံးၿပီး ၁၃ ဦးဒဏ္ရာရခဲ့ပါတယ္။ လက္နက္ႀကီး တစ္လက္မွာ ၁၂၀ မမ၊ MK-2 ဆိုၿပီး ေရးထားတဲ့အတြက္ ျမန္မာ့တပ္မေတာ္က သုံးတဲ့ပစၥည္း ျဖစ္တာေၾကာင့္ တပ္မေတာ္က ပစ္ခတ္တာလို႔ ႐ြာသားေတြက ေျပာေပမယ့္ တပ္မေတာ္က ျငင္းဆိုထားပါတယ္။

RFA Burmese
--------------------------------------
(Unicode)⤵⤵⤵
ပုဏ္ဍားကျွန်းက ဖမ်းဆီးသွားသူ ၃၃ ဦးကို တပ်မတော်က ပြန်လွှတ်

 ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၃၉ ယောက်ကို တပ်မတော် စစ်ကြောင်းတကြောင်းက မနေ့မနက်ပိုင်းက ဖမ်းဆီးသွားပြီး ညပိုင်းမှာ ၃၃ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အခုလို ပြန်လွတ်လာတာကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က အတည်ပြုပါတယ်။ ကျေးရွာသား ၈၀ လောက် အုပ်ချုပ်ရေးမှူးအိမ်မှာ စုခိုင်းပြီး အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အကြား အမျိုးသားတွေကို ပုဏ္ဏားကျွန်းမြို့ အမှတ်-၅၅၀ တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရွာသားတွေက ပြောပါတယ်။

ကျောက်ဆိပ်ရွာကို အခုလ ၁၃ ရက်နေ့ မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် လူ ၈ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီး တစ်လက်မှာ ၁၂၀ မမ၊ MK-2 ဆိုပြီး ရေးထားတဲ့အတွက် မြန်မာ့တပ်မတော်က သုံးတဲ့ပစ္စည်း ဖြစ်တာကြောင့် တပ်မတော်က ပစ်ခတ်တာလို့ ရွာသားတွေက ပြောပေမယ့် တပ်မတော်က ငြင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပု႑ားကြၽန္းက ဖမ္းဆီးသြားသူ ၃၃ ဦးကို တပ္မေတာ္က ျပန္လႊတ္ ပု႑ားကြၽန္းက ဖမ္းဆီးသြားသူ ၃၃ ဦးကို တပ္မေတာ္က ျပန္လႊတ္ Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.