COVID-19 ေၾကာင့္ စီးပြားက်တဲ့အတြက္ ေရနံစိမ္းေစ်းေတြပါ သိသိသာသာထုိးက်


(Zawgyi/Unicode)

ကိုရုိနာကပ္ေရာဂါေၾကာင့္ ကမၻာ့စီးပြားေရး က်ဆင္း လာရၿပီးေလာင္စာဆီ မွာယူတင္သြင္းသူ မရွိတာေၾကာင့္ Texas ေရနံစိမ္းေစ်းကြက္ ၿပဳိလဲသြားရၿပီး လာမယ့္ ေမလအတြက္ ေရနံေစ်း ဟာ သုည ေဒၚလာေအာက္ ထိုးက်သြားပါတယ္။ လာမယ့္ လေတြအတြက္ စာခ်ဳပ္ ခ်ဳပ္ထားၿပီးသား ေစ်းႏႈန္းေတြလည္း သိသိသာသာ ထိုးက်ေနၿပီးဇြန္လအတြက္ သတ္မွတ္ေစ်းက ေရနံစိမ္း တေပပါကို (၂၂)ေဒၚလာ စြန္းစြန္းသာ ရွိပါတယ္။

ခုလို ကပ္ေရာဂါ ကာလအတြင္း ကမၻာ့စီးပြားေရးလမ္းေၾကာင္း ေနာက္ထပ္ဘယ္ကုိ ဦးတည္ ေရြ ႕ သြားမလဲဆိုတာ ရင္းႏွီးျမွဳပ္ႏွံသူေတြ ေစာင့္ၾကည့္ေနၾကတဲ့အတြက္ တနလၤာေန႔က ဥပေရာပမွာ ကုန္သြယ္ေရး က်ဆင္းခဲ့ပါတယ္။

တနလၤာ မြန္းလြဲပိုင္း မတိုင္ခင္ထိ ၿဗိတိန္၊ ျပင္သစ္ ဂ်ာမဏီ ႏိုင္ငံေတြက ေစ်းကြက္ အညႊန္းကိန္း ဟာ ၁% ေအာက္က်ဆင္းခဲ့ၿပီး ၊ ေစ်းကြက္အခ်ိန္ေစာတဲ့ အာရွရဲ႕ စုေပါင္း ရလဒ္ေတြ ေနာက္က ကပ္လုိက္ခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံမွာေတာ့ ေစ်းကြက္ပိတ္ခ်ိန္မွာ Nikke အညႊန္းကိန္းက ၁% ေအာက္က်ဆင္းခဲ့သလို ၊ ၾသစေၾတးလ်ား ႏိုင္ငံမွာလည္း S&P/ASX အညႊန္းကိန္း ေတြက ၂.၃% အထိက်ဆင္းခဲ့ပါတယ္။

ေဟာင္ေကာင္ေစ်းကြက္မွာေတာ့ Hang Seng အညႊန္းကိန္းဟာ ပုံေသႏႈန္းနဲ႔ အဆုံးသတ္ ခဲ့ၿပီး၊ ေတာင္ကိုရီးယားက KOSPI အညႊန္းကိန္းကေတာ့ ၁% နီးပါး ေစ်းက်ပါတယ္။ တရုတ္ႏိုင္ငံ ရွန္ဟိုင္းေစ်းကြက္မွာေတာ့ ၀.၅% ေစ်းအနည္းငယ္ တက္ပါတယ္။

ဒီအေတာတြင္း ေလာင္စာဆီ ေစ်း ဆက္တိုက္ က်ဆင္းေနၿပီး အေမရိကန္ Texas အေနာက္ဘက္ ေစ်းကြက္မွာေတာ့ ေရနံစိမ္း ေစ်းဟာ ၂၈% က်ဆင္းသြားၿပီး တစ္ေပပါကို (၁၃.၀၁) ေဒၚလာသာ ေစ်းေပါက္ပါတယ္။ ဒါဟာ ၁၉၉၉ ခုႏွစ္ ေနာက္ပိုင္း အဆိုးဆုံးအဆင့္ ျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ စံသတ္မွတ္တဲ့ Brent ေရနံစိမ္းေစ်း ကလည္း ၃.၇% ထိက်သြားၿပီ တေပပါကို (၂၇) ေဒၚလာသာ ရွိပါတယ္။

တနလၤာေန႔က အေမရိကန္ရဲ့ Wall Street စေတာ့ေစ်း မဖြင့္ခင္ နာရီပိုင္းအလိုထိ အေမရိကန္ ကုန္သြယ္ေရးဟာ ၁% ေအာက္ သိသိသာသာ က်ဆင္းခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

COVID-19 ကြောင့် စီးပွားကျတဲ့အတွက် ရေနံစိမ်းဈေးတွေပါ သိသိသာသာထိုးကျ

(Unicode)

ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်း လာရပြီးလောင်စာဆီ မှာယူတင်သွင်းသူ မရှိတာကြောင့် Texas ရေနံစိမ်းဈေးကွက် ပြိုလဲသွားရပြီး လာမယ့် မေလအတွက် ရေနံဈေး ဟာ သုည ဒေါ်လာအောက် ထိုးကျသွားပါတယ်။ လာမယ့် လတွေအတွက် စာချုပ် ချုပ်ထားပြီးသား ဈေးနှုန်းတွေလည်း သိသိသာသာ ထိုးကျနေပြီးဇွန်လအတွက် သတ်မှတ်ဈေးက ရေနံစိမ်း တပေပါကို (၂၂)ဒေါ်လာ စွန်းစွန်းသာ ရှိပါတယ်။

ခုလို ကပ်ရောဂါ ကာလအတွင်း ကမ္ဘာ့စီးပွားရေးလမ်းကြောင်း နောက်ထပ်ဘယ်ကို ဦးတည် ရွေ့ သွားမလဲဆိုတာ ရင်းနှီးမြှုပ်နှံသူတွေ စောင့်ကြည့်နေကြတဲ့အတွက် တနင်္လာနေ့က ဥပရောပမှာ ကုန်သွယ်ရေး ကျဆင်းခဲ့ပါတယ်။

တနင်္လာ မွန်းလွဲပိုင်း မတိုင်ခင်ထိ ဗြိတိန်၊ ပြင်သစ် ဂျာမဏီ နိုင်ငံတွေက ဈေးကွက် အညွှန်းကိန်း ဟာ ၁% အောက်ကျဆင်းခဲ့ပြီး ၊ ဈေးကွက်အချိန်စောတဲ့ အာရှရဲ့ စုပေါင်း ရလဒ်တွေ နောက်က ကပ်လိုက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဈေးကွက်ပိတ်ချိန်မှာ Nikke အညွှန်းကိန်းက ၁% အောက်ကျဆင်းခဲ့သလို ၊ သြစတြေးလျား နိုင်ငံမှာလည်း S&P/ASX အညွှန်းကိန်း တွေက ၂.၃% အထိကျဆင်းခဲ့ပါတယ်။

ဟောင်ကောင်ဈေးကွက်မှာတော့ Hang Seng အညွှန်းကိန်းဟာ ပုံသေနှုန်းနဲ့ အဆုံးသတ် ခဲ့ပြီး၊ တောင်ကိုရီးယားက KOSPI အညွှန်းကိန်းကတော့ ၁% နီးပါး ဈေးကျပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းဈေးကွက်မှာတော့ ဝ.၅% ဈေးအနည်းငယ် တက်ပါတယ်။

ဒီအတောတွင်း လောင်စာဆီ ဈေး ဆက်တိုက် ကျဆင်းနေပြီး အမေရိကန် Texas အနောက်ဘက် ဈေးကွက်မှာတော့ ရေနံစိမ်း ဈေးဟာ ၂၈% ကျဆင်းသွားပြီး တစ်ပေပါကို (၁၃.၀၁) ဒေါ်လာသာ ဈေးပေါက်ပါတယ်။ ဒါဟာ ၁၉၉၉ ခုနှစ် နောက်ပိုင်း အဆိုးဆုံးအဆင့် ဖြစ်ပါတယ်။ နိုင်ငံတကာမှာ စံသတ်မှတ်တဲ့ Brent ရေနံစိမ်းဈေး ကလည်း ၃.၇% ထိကျသွားပြီ တပေပါကို (၂၇) ဒေါ်လာသာ ရှိပါတယ်။

တနင်္လာနေ့က အမေရိကန်ရဲ့ Wall Street စတော့ဈေး မဖွင့်ခင် နာရီပိုင်းအလိုထိ အမေရိကန် ကုန်သွယ်ရေးဟာ ၁% အောက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-oil-/5382610.html
COVID-19 ေၾကာင့္ စီးပြားက်တဲ့အတြက္ ေရနံစိမ္းေစ်းေတြပါ သိသိသာသာထုိးက် COVID-19 ေၾကာင့္ စီးပြားက်တဲ့အတြက္ ေရနံစိမ္းေစ်းေတြပါ သိသိသာသာထုိးက် Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.