ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြကို ျပန္ေခၚဖို႔ အစိုးရ ျပင္ဆင္

COVID-19 ေၾကာင့္ အေရးေပၚအေျခအေန ေၾကညာထားသည့္ ဂ်ပန္ႏုိင္ငံတြင္ ႏွာေခါင္းစည္းတပ္ သြားလာေနၾကသူမ်ား။ (ဧၿပီ ၂၀၊ ၂၀၂၀)
(Zawgyi / Unicode)

ေတာင္ကိုရီးယားႏုိင္ငံနဲ႔ ဂ်ပန္ႏုိင္ငံ စတဲ့ အာရွႏိုင္ငံတခ်ိဳ႕ကေန ျမန္မာႏုိင္ငံကို ျပန္လိုသူေတြအတြက္ သက္ဆိုင္ရာသံ႐ုံးေတြက ေလေၾကာင္းလိုင္းေတြ စီစဥ္ေပးေနပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ဧၿပီလ ၂၅ ရက္ေန႔ စေနေန႔ကစၿပီး ဂ်ပန္ႏုိင္ငံ၊ ေတာင္ကိုရီးယားႏုိင္ငံ စတဲ့ အာရွႏုိင္ငံတခ်ိဳ႕က အေျခစိုက္ ျမန္မာသံ႐ုံးေတြကေန ျမန္မာျပည္ျပန္လိုသူ ျမန္မာႏုိင္ငံသားေတြ အျမန္ဆံုးဆက္သြယ္ၾကဖို႔ ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္ေနၾကတာပါ။

ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ပြားခ်ိန္ ကမာၻတဝွမ္း ႏုိင္ငံတကာ ခရီးသြားလာခြင့္ေတြကို ပိတ္ပင္လိုက္ခ်ိန္ ႏိုင္ငံရပ္ျခားေတြမွာ ေသာင္တင္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ အပါအဝင္ ျမန္မာျပည္ကို အၿပီးျပန္လိုတဲ့ ႏိုင္ငံသားေတြ ေနရပ္ျပန္ေရး (Relief Flight) လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီ ေလေၾကာင္းအစီအစဥ္ေတြနဲ႔ ျပန္လည္ေခၚေဆာင္ဖို႔ ျမန္မာအစိုးရ ညႊန္ၾကားခ်က္နဲ႔ သက္ဆိုင္ရာ ျမန္မာသံ႐ုံးေတြက စီစဥ္ေနတာျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ေနထိုင္ဖို႔ အခက္အခဲျဖစ္ၿပီး ျမန္မာႏုိင္ငံကို မျဖစ္မေန အၿပီးျပန္လည္ထြက္ခြာမယ့္ သူေတြအတြက္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ဆက္သြယ္ေရးနဲ႔ ပို႔ေဆာင္ေရးဝန္ႀကီးဌာနရဲ႕ ညႇိႏိႈင္းခ်က္ေတြအရ (Relief Flight) လူသားခ်င္းစာနာမႈဆုိင္ရာ ခရီးစဥ္ေတြကို လာမယ့္ေမလထဲ ျပန္ႏုိင္ဖုိ႔ စီစဥ္ေနပါတယ္။

ဒါေၾကာင့္ ေတာင္ကိုရီးယားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြထဲက အလည္အပတ္နဲ႔ ေခတၱမပါ အၿပီးျပန္လိုသူေတြအေနနဲ႔ ဧၿပီလ ၂၇ ရက္ေန႔ ေနာက္ဆံုးထားၿပီး ႏိုင္ငံကူးလက္မွတ္ေတြ ကိုရီးယားက ထုတ္ေပးထားတဲ့ ေနထိုင္ခြင့္ကတ္ေတြနဲ႔အတူ သံ႐ုံးကထုတ္ျပန္ထားတဲ့ လုိအပ္တဲ့ အခ်က္အလက္ေတြကို သံ႐ုံးကို အမီေပးပို႔ၾကဖို႔ ေတာင္ကိုရီးယားႏုိင္ငံ ဆိုးလ္ၿမိဳ႕ေတာ္အေျခစိုက္ ျမန္မာသံ႐ံုးက အလုပ္သမားသံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“အဓိကကေတာ့ အရင္တုန္းကလည္း က်ေနာ့္ဆီကို အၿပီးျပန္လိုတဲ့သူေတြ သတင္းပို႔ထားတာေတြ ရွိပါတယ္။ ရက္အတိအက်ကိုေတာ့ ထြက္မယ့္ရက္ကိုေတာ့ စာရင္းေကာက္ၿပီးသြားရင္ ဦးေရေပၚမူတည္ၿပီး ေၾကညာေပးမွာပါ။ ေလာေလာဆယ္မွာေတာ့ လိုက္ပါမယ့္သူစာရင္း ယူေနပါတယ္။ ေခတၱျပန္မယ့္သူေတြ မဟုတ္ဘဲ အၿပီးျပန္မယ့္သူေတြကိုပဲ အထူးဦးစားေပး စာရင္းေပးပို႔ပါဆိုၿပီး က်ေနာ္တို႔ ေၾကညာလိုက္တာပါ။ ဆိုေတာ့ သူတို႔အေနနဲ႔ ဘာေတြ လိုက္နာေဆာင္ရြက္ရမလဲဆိုရင္ က်ေနာ္တို႔သံ႐ုံးက သတ္မွတ္ထားတဲ့ အခ်က္အလက္ေတြေပါ့ေနာ္ ပတ္စ္ပို႔မိတၱဴ၊ ဒီႏိုင္ငံက ထုတ္ေပးထားတဲ့ ႏုိင္ငံျခားသားလက္မွတ္ အိုင္ဒီမိတၱဴ၊ ျပန္လိုတဲ့အေၾကာင္းရင္းနဲ႔ ကိုရီးယားမွာ ဆက္သြယ္ရမယ့္ဖုန္းနံပါတ္၊ တခ်ိဳ႕ ေလယာဥ္လက္မွတ္ ဝယ္ၿပီးသားရွိရင္လည္း လက္မွတ္ကို ဓာတ္ပံု႐ုိက္ ပုိ႔ေပးရမယ္၊ ၿပီးေတာ့မွ ေလေၾကာင္းလိုင္းနဲ႔ ခ်ိတ္ဆက္ၿပီး သူတို႔ ဆက္လုပ္ရပါမယ္။”

ေတာင္ကိုရီးယားကေန ျပန္လာမယ့္သူေတြအတြက္ကေတာ့ ျမန္မာအျပည္ျပည္ဆုိင္ရာ ေလေၾကာင္းလိုင္း (MAI) နဲ႔ စီစဥ္တာျဖစ္ၿပီး ေလယာဥ္လက္မွတ္ ဝယ္ယူခ်ိန္နဲ႔ ခန္႔မွန္းေျခ ေမလဆန္းကစလို႔ ေလယာဥ္ထြက္ခြာမယ့္ ရက္ေတြကို ထပ္ေၾကညာမွာျဖစ္တယ္လို႔ သံ႐ုံးတာဝန္ရွိသူက ေျပာပါတယ္။

ဒီအစီအစဥ္ကေတာ့ ဒီကပ္ေရာဂါ ျဖစ္ေနတဲ့ကာလ ျပည္ပႏုိင္ငံေတြကို ေရာက္ရွိေနၿပီး အမွန္တကယ္ကို အခက္ခဲျဖစ္ေနတဲ့ ျမန္မာႏုိင္ငံသားေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ ေထာက္ထားေသာအားျဖင့္ ကူညီေပးေနတာျဖစ္လို႔ သက္ဆိုင္ရာသံ႐ုံးေတြကို အျမန္ဆံုး ဆက္သြယ္ၾကဖို႔ကိုလည္း အလုပ္သမား သံအရာရွိက တုိက္တြန္းပါတယ္။

“ဒီတနလၤာေန႔ ေနာက္ဆံုးထားၿပီးေတာ့ က်ေနာ္တို႔သံ႐ုံးကို ပို႔ေပးရပါမယ္။ က်ေနာ့္ဆီ အလုပ္သမားသံအရာရွိဆီ ပို႔ေပးထားတာေတြလည္း ရွိပါတယ္။ က်ေနာ္တို႔က စာခ်ဳပ္သက္တမ္းျပည့္သူေတြ သက္တိုးတမ္းၿပီး အျပင္မွာေနတဲ့သူေတြ စသျဖင့္ ေသခ်ာစိစစ္ၿပီး က်ေနာ္တို႔ စီစဥ္ေပးလုိက္မွာပါ။ ေလာေလာဆယ္ က်ေနာ္တို႔ ျပန္ဖို႔အစီအစဥ္ စႏုိင္မယ့္ေန႔ကေတာ့ ေမလ ၃ ရက္ေန႔ေပါ့။ ၃ ရက္ေန႔မွာ စၿပီးထြက္ႏုိင္ေအာင္ေတာ့ က်ေနာ္တို႔ ႀကိဳးစားၾကည့္မယ္ခင္ဗ်။ ေလေၾကာင္းခရီးကိုလည္း တေၾကာင္းျဖစ္ျဖစ္ ႏွစ္ေၾကာင္းျဖစ္ျဖစ္ အဆင္ေျပသလို စီစဥ္ေပးပါမယ္။”

ဂ်ပန္ႏုိင္ငံမွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြနဲ႔ မိသားစုေတြ၊ ျမန္မာႏုိင္ငံကို ျပန္ႏိုင္ေရးအတြက္ကိုလည္း ျမန္မာအစိုးရအေနနဲ႔ စီစဥ္ေဆာင္ရြက္ေနတဲ့ အေၾကာင္းနဲ႔ ဧၿပီလ ၂၈ ရက္ေန႔ ေနာက္ဆံုးထား အခ်က္အလက္ေတြ ပို႔ေပးဖို႔႔ တုိက်ိိဳၿမိဳ႕ ျမန္မာသံ႐ုံးက စေနေန႔မွာ ေၾကညာလိုက္ပါတယ္။ အခက္အခဲေတြနဲ႔ ေသာင္တင္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြကို ေမလ ပထမပတ္အတြင္းမွာ All Nippon Airways (ANA) နဲ႔ ညႇိႏိႈင္းၿပီး လူသားခ်င္းစာနာမႈ အကူအညီေလယာဥ္ (Relief Flight) နဲ႔ ျပန္လည္ေခၚေဆာင္သြားဖို႔ စီစဥ္ေနတာပါ။

ဂ်ပန္ကေန ထြက္ခြာမယ့္ရက္ အတိအက်ကိုေတာ့ ေလေၾကာင္းလိုင္းနဲ႔ ညႇိႏႈိင္းၿပီးတဲ့အခါမွာ ထုတ္ျပန္မယ္လို႔ ေျပာထားပါတယ္။ ဂ်ပန္မွာေတာ့ အထူးသျဖင့္ မိသားစုဝင္ေတြနဲ႔ အလည္အပတ္ေရာက္လာသူေတြ အဓိက ျပန္ၾကဖို႔ျဖစ္တယ္လို႔ ဂ်ပန္-ျမန္မာအသင္းက ဦးေဇာ္မင္းခိုင္က သူသိထားသမွ် ေျပာျပပါတယ္။

“ဒီမွာက လုပ္ငန္းခြင္ထဲ လာတဲ့သူေတြကေတာ့ ျပန္ခ်င္တာက ဒီေလာက္ ဆႏၵသိပ္မရွိပါဘူး။ အဓိကကေတာ့ သူတို႔နဲ႔ပတ္သက္တဲ့ မိဘေတြ၊ မိသားစုေတြ၊ မွီခိုေတြနဲ႔ေပါ့၊ တခ်ိဳ႕ကလည္း ျပန္ဖို႔လည္းအခ်ိန္တန္ၿပီ၊ ျပန္ဖို႔လည္း အခက္အခဲ ျဖစ္ေနတာေပါ့။ သံ႐ုံးကေတာ့ တရားဝင္လာတဲ့သူ၊ ပတ္စ္ပို႔ျပႏိုင္တဲ့သူဆိုၿပီး ေရးထားေတာ့ေလ တရားဝင္လာေနတဲ့သူေတြနဲ႔ ပိုသက္ဆိုင္မယ္။ ဒီမွာကလည္း အခုေခတ္က တရားမဝင္ေနတဲ့သူကလည္း သိပ္ၿပီးမရွိေတာ့ဘူး။ မိသားစုေတြနဲ႔ အလည္လာရင္း ေသာင္တင္ေနတဲ့သူေတြ အမ်ားစု ျပန္ၾကဖို႔ျဖစ္တယ္။ ေလယာဥ္လက္မွတ္ရဖို႔နဲ႔ ျပန္လိုသူေတြ ေတာ္ေတာ္မ်ားမ်ားရွိတယ္။”

ဒီလို လူသားခ်င္းစာနာမႈဆိုင္ရာ (Relief Flight) ေတြနဲ႔ ျပန္လာသူေတြ ျမန္မာႏုိင္ငံကို ေရာက္တဲ့အခါမွာလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတ္မွတ္ထားတဲ့အတုိင္း Facility Quarantine ၂၁ ရက္နဲ႔ ေနအိမ္မွာ သီးျခားခဲြေနထိုင္တဲ့ (Home Quarantine) ၇ ရက္ စုစုေပါင္း ၂၈ ရက္ သီးသန္႔ခဲြေနရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၂၃ ရက္ေန႔က က်င္းပတဲ့ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ အစည္းအေဝး ဆံုးျဖတ္ခ်က္အရ စင္ကာပူ၊ ဘန္ေကာက္နဲ႔ နယူးေဒလီၿမိဳ႕ေတြဆီကို သက္ဆုိင္ရာ ျမန္မာသံ႐ုံးေတြနဲ႔ ညႇိႏိႈင္းၿပီး Relief Flight ေတြ အျမန္ဆံုး ပ်ံသန္းေပးသြားမွာျဖစ္ေၾကာင္းနဲ႔ ခရီးသည္ေတြအေနနဲ႔ သက္ဆိုင္ရာ ျမန္မာသံ႐ုံးေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္ၾကဖို႔ကိုလည္း Myanmar National Airlines (MNA) ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းက ဧၿပီလ ၂၅ ရက္ေန႔ စေနေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------



(Unicode)

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အစိုးရ ပြင်ဆင်

တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံ စတဲ့ အာရှနိုင်ငံတချို့ကနေ မြန်မာနိုင်ငံကို ပြန်လိုသူတွေအတွက် သက်ဆိုင်ရာသံရုံးတွေက လေကြောင်းလိုင်းတွေ စီစဉ်ပေးနေပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဧပြီလ ၂၅ ရက်နေ့ စနေနေ့ကစပြီး ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ စတဲ့ အာရှနိုင်ငံတချို့က အခြေစိုက် မြန်မာသံရုံးတွေကနေ မြန်မာပြည်ပြန်လိုသူ မြန်မာနိုင်ငံသားတွေ အမြန်ဆုံးဆက်သွယ်ကြဖို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်နေကြတာပါ။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားချိန် ကမ္ဘာတဝှမ်း နိုင်ငံတကာ ခရီးသွားလာခွင့်တွေကို ပိတ်ပင်လိုက်ချိန် နိုင်ငံရပ်ခြားတွေမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် မြန်မာပြည်ကို အပြီးပြန်လိုတဲ့ နိုင်ငံသားတွေ နေရပ်ပြန်ရေး (Relief Flight) လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လေကြောင်းအစီအစဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ဖို့ မြန်မာအစိုးရ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေက စီစဉ်နေတာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ နေထိုင်ဖို့ အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံကို မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာမယ့် သူတွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ညှိနှိုင်းချက်တွေအရ (Relief Flight) လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်တွေကို လာမယ့်မေလထဲ ပြန်နိုင်ဖို့ စီစဉ်နေပါတယ်။

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက အလည်အပတ်နဲ့ ခေတ္တမပါ အပြီးပြန်လိုသူတွေအနေနဲ့ဧပြီလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံကူးလက်မှတ်တွေ ကိုရီးယားက ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ကတ်တွေနဲ့အတူ သံရုံးကထုတ်ပြန်ထားတဲ့ လိုအပ်တဲ့ အချက်အလက်တွေကို သံရုံးကို အမီပေးပို့ကြဖို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အဓိကကတော့ အရင်တုန်းကလည်း ကျနော့်ဆီကို အပြီးပြန်လိုတဲ့သူတွေ သတင်းပို့ထားတာတွေ ရှိပါတယ်။ ရက်အတိအကျကိုတော့ ထွက်မယ့်ရက်ကိုတော့ စာရင်းကောက်ပြီးသွားရင် ဦးရေပေါ်မူတည်ပြီး ကြေညာပေးမှာပါ။ လောလောဆယ်မှာတော့ လိုက်ပါမယ့်သူစာရင်း ယူနေပါတယ်။ ခေတ္တပြန်မယ့်သူတွေ မဟုတ်ဘဲ အပြီးပြန်မယ့်သူတွေကိုပဲ အထူးဦးစားပေး စာရင်းပေးပို့ပါဆိုပြီး ကျနော်တို့ ကြေညာလိုက်တာပါ။ ဆိုတော့ သူတို့အနေနဲ့ ဘာတွေ လိုက်နာဆောင်ရွက်ရမလဲဆိုရင် ကျနော်တို့သံရုံးက သတ်မှတ်ထားတဲ့ အချက်အလက်တွေပေါ့နော် ပတ်စ်ပို့မိတ္တူ၊ ဒီနိုင်ငံက ထုတ်ပေးထားတဲ့ နိုင်ငံခြားသားလက်မှတ် အိုင်ဒီမိတ္တူ၊ ပြန်လိုတဲ့အကြောင်းရင်းနဲ့ ကိုရီးယားမှာ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ တချို့ လေယာဉ်လက်မှတ် ဝယ်ပြီးသားရှိရင်လည်း လက်မှတ်ကို ဓာတ်ပုံရိုက် ပို့ပေးရမယ်၊ ပြီးတော့မှ လေကြောင်းလိုင်းနဲ့ ချိတ်ဆက်ပြီး သူတို့ ဆက်လုပ်ရပါမယ်။”

တောင်ကိုရီးယားကနေ ပြန်လာမယ့်သူတွေအတွက်ကတော့ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) နဲ့ စီစဉ်တာဖြစ်ပြီး လေယာဉ်လက်မှတ် ဝယ်ယူချိန်နဲ့ ခန့်မှန်းခြေ မေလဆန်းကစလို့ လေယာဉ်ထွက်ခွာမယ့် ရက်တွေကို ထပ်ကြေညာမှာဖြစ်တယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။

ဒီအစီအစဉ်ကတော့ ဒီကပ်ရောဂါ ဖြစ်နေတဲ့ကာလ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေပြီး အမှန်တကယ်ကို အခက်ခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ထားသောအားဖြင့် ကူညီပေးနေတာဖြစ်လို့ သက်ဆိုင်ရာသံရုံးတွေကို အမြန်ဆုံး ဆက်သွယ်ကြဖို့ကိုလည်း အလုပ်သမား သံအရာရှိက တိုက်တွန်းပါတယ်။

“ဒီတနင်္လာနေ့ နောက်ဆုံးထားပြီးတော့ ကျနော်တို့သံရုံးကို ပို့ပေးရပါမယ်။ ကျနော့်ဆီ အလုပ်သမားသံအရာရှိဆီ ပို့ပေးထားတာတွေလည်း ရှိပါတယ်။ ကျနော်တို့က စာချုပ်သက်တမ်းပြည့်သူတွေ သက်တိုးတမ်းပြီး အပြင်မှာနေတဲ့သူတွေ စသဖြင့် သေချာစိစစ်ပြီး ကျနော်တို့ စီစဉ်ပေးလိုက်မှာပါ။ လောလောဆယ် ကျနော်တို့ ပြန်ဖို့အစီအစဉ် စနိုင်မယ့်နေ့ကတော့ မေလ ၃ ရက်နေ့ပေါ့။ ၃ ရက်နေ့မှာ စပြီးထွက်နိုင်အောင်တော့ ကျနော်တို့ ကြိုးစားကြည့်မယ်ခင်ဗျ။ လေကြောင်းခရီးကိုလည်း တကြောင်းဖြစ်ဖြစ် နှစ်ကြောင်းဖြစ်ဖြစ် အဆင်ပြေသလို စီစဉ်ပေးပါမယ်။”

ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မိသားစုတွေ၊ မြန်မာနိုင်ငံကို ပြန်နိုင်ရေးအတွက်ကိုလည်း မြန်မာအစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား အချက်အလက်တွေ ပို့ပေးဖို့ တိုကျိုမြို့ မြန်မာသံရုံးက စနေနေ့မှာ ကြေညာလိုက်ပါတယ်။ အခက်အခဲတွေနဲ့ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို မေလ ပထမပတ်အတွင်းမှာ All Nippon Airways (ANA) နဲ့ ညှိနှိုင်းပြီး လူသားချင်းစာနာမှု အကူအညီလေယာဉ် (Relief Flight) နဲ့ ပြန်လည်ခေါ်ဆောင်သွားဖို့ စီစဉ်နေတာပါ။

ဂျပန်ကနေ ထွက်ခွာမယ့်ရက် အတိအကျကိုတော့ လေကြောင်းလိုင်းနဲ့ ညှိနှိုင်းပြီးတဲ့အခါမှာ ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။ ဂျပန်မှာတော့ အထူးသဖြင့် မိသားစုဝင်တွေနဲ့ အလည်အပတ်ရောက်လာသူတွေ အဓိက ပြန်ကြဖို့ဖြစ်တယ်လို့ ဂျပန်-မြန်မာအသင်းက ဦးဇော်မင်းခိုင်က သူသိထားသမျှ ပြောပြပါတယ်။

“ဒီမှာက လုပ်ငန်းခွင်ထဲ လာတဲ့သူတွေကတော့ ပြန်ချင်တာက ဒီလောက် ဆန္ဒသိပ်မရှိပါဘူး။ အဓိကကတော့ သူတို့နဲ့ပတ်သက်တဲ့ မိဘတွေ၊ မိသားစုတွေ၊ မှီခိုတွေနဲ့ပေါ့၊ တချို့ကလည်း ပြန်ဖို့လည်းအချိန်တန်ပြီ၊ ပြန်ဖို့လည်း အခက်အခဲ ဖြစ်နေတာပေါ့။ သံရုံးကတော့ တရားဝင်လာတဲ့သူ၊ ပတ်စ်ပို့ပြနိုင်တဲ့သူဆိုပြီး ရေးထားတော့လေ တရားဝင်လာနေတဲ့သူတွေနဲ့ ပိုသက်ဆိုင်မယ်။ ဒီမှာကလည်း အခုခေတ်က တရားမဝင်နေတဲ့သူကလည်း သိပ်ပြီးမရှိတော့ဘူး။ မိသားစုတွေနဲ့ အလည်လာရင်း သောင်တင်နေတဲ့သူတွေ အများစု ပြန်ကြဖို့ဖြစ်တယ်။ လေယာဉ်လက်မှတ်ရဖို့နဲ့ ပြန်လိုသူတွေ တော်တော်များများရှိတယ်။”

ဒီလို လူသားချင်းစာနာမှုဆိုင်ရာ (Relief Flight) တွေနဲ့ ပြန်လာသူတွေ မြန်မာနိုင်ငံကို ရောက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း Facility Quarantine ၂၁ ရက်နဲ့ နေအိမ်မှာ သီးခြားခွဲနေထိုင်တဲ့ (Home Quarantine) ၇ ရက် စုစုပေါင်း ၂၈ ရက် သီးသန့်ခွဲနေရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ကျင်းပတဲ့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ စင်ကာပူ၊ ဘန်ကောက်နဲ့ နယူးဒေလီမြို့တွေဆီကို သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ညှိနှိုင်းပြီးRelief Flight တွေ အမြန်ဆုံး ပျံသန်းပေးသွားမှာဖြစ်ကြောင်းနဲ့ ခရီးသည်တွေအနေနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ဆက်သွယ် ဆောင်ရွက်ကြဖို့ကိုလည်း Myanmar National Airlines (MNA) မြန်မာအမျိုးသားလေကြောင်းလိုင်းက ဧပြီလ ၂၅ ရက်နေ့ စနေနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-citizens-japan-korea-relief-flight/5392092.html
ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြကို ျပန္ေခၚဖို႔ အစိုးရ ျပင္ဆင္ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြကို ျပန္ေခၚဖို႔ အစိုးရ ျပင္ဆင္ Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.