ျပည္ေထာင္စု လႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး ျပန္လည္ က်င္းပရန္ ေခၚယူ

ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးအားက်င္းပေနစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေနျပည္ေတာ္၊ ဧၿပီ ၂၆ ရက္ (ဆင္ဟြာ)

    ဒုတိယ အႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝးအား ျမန္မာ သကၠရာဇ္ ၁၃၈၂ ခုႏွစ္ ကဆုန္လျပည့္ေက်ာ္ ၁၂ ရက္၊ ၂၀၂၀ ျပည့္ႏွစ္ ေမ ၁၈ ရက္ မြန္းလြဲ ၁ း ၃၀ နာရီတြင္ က်င္းပရန္ ေခၚယူျခင္း အေၾကာင္းၾကားစာကို ျပည္ေထာင္စု လႊတ္ေတာ္႐ုံးက ေၾကညာခ်က္အမွတ္ (၂/ ၂၀၂၀)၊ ဧၿပီ ၂၆ ရက္ ေန႔စြဲျဖင့္ ထုတ္ျပန္လိုက္သည္။

အဆိုပါ ျပည္ေထာင္စု လႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ အစည္းအေဝးကို မူလက ဧၿပီ ၂၇ ရက္ တြင္ ျပန္လည္ စတင္ရန္ လ်ာထားခဲ့ေသာ္လည္း COVID-19 ေၾကာင့္ ယခုကဲ့သို႔ ေမ ၁၈ ရက္ သို႔ေ႐ႊ ့ဆိုင္းခဲ့ေၾကာင္း၊ ျပန္လည္ စတင္မည့္ အစည္းအေဝးအတြက္ COVID-19 ကာကြယ္ တားဆီးေရး ဆိုင္ရာ ေဆာင္႐ြက္သင့္သည့္ အစီအစဥ္မ်ားကို သက္ဆိုင္ရာ က်န္းမာေရးႏွင့္ အား ကစား ဝန္ႀကီးဌာန၊ ပို ့ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန စသည့္ သက္ဆိုင္ရာ ဝန္ႀကီး ဌာနမ်ားႏွင့္ ယခု လမကုန္မီ သုံးရက္အတြင္း အေသးစိတ္ ညႇိႏႈိင္း ေဆာင္႐ြက္သြားမည္ ျဖစ္ ေၾကာင္း၊ အစည္းအေဝး ခန္းမအတြင္း၌ video conferencing ျဖင့္ ေဆြးေႏြးႏိုင္မည္ မဟုတ္ေသာ္ လည္း COVID-19 ကာကြယ္ေရးအတြက္ အဆင္ေျပမည့္ နည္းလမ္းမ်ားကို ညႇိႏႈိင္း ရွာေဖြသြား မည္ ျဖစ္ေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္စိုးက ဆင္ဟြာ သတင္း ဌာနသို႔ ယေန႔ မြန္းလြဲပိုင္း တြင္ ဖုန္းျဖင့္ ေျဖၾကားခဲ့သည္။

ထို႔အျပင္ ၎က “လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေနတဲ့ ၿမိဳ႕မွာ သူတို႔ဒီကို ထြက္မလာခင္ တည္းက သူတို႔ကိုက်န္းမာေရး ေဆးစစ္တာ၊ အဲဒီကေန ေနျပည္ေတာ္ကို လာဖို႔ခရီးလမ္း ေၾကာင္းေတြ စီစဥ္ေပးတာကအစ ႀကိဳတင္ ေဆာင္႐ြက္ရမွာပါ၊ အခု ေလာေလာဆယ္ အေသးစိတ္ အစီအစဥ္ မရေသးေပမယ့္ ဒါေတြကို ဒီ သုံးရက္အတြင္း သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔အေသးစိတ္ ညႇိႏႈိင္း ေဆာင္႐ြက္သြားမွာပါ” ဟု ေျဖၾကားခဲ့သည္။

(Xinhua)
------------------------------------------
(Unicode)⤵⤵⤵
ပြည်ထောင်စု လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပြန်လည် ကျင်းပရန် ခေါ်ယူ

    နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

    ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအား မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်၊ ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက် မွန်းလွဲ ၁ း ၃၀ နာရီတွင် ကျင်းပရန် ခေါ်ယူခြင်း အကြောင်းကြားစာကို ပြည်ထောင်စု လွှတ်တော်ရုံးက ကြေညာချက်အမှတ် (၂/ ၂၀၂၀)၊ ဧပြီ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော် (၁၆)ကြိမ်မြောက် အစည်းအဝေးကို မူလက ဧပြီ ၂၇ ရက် တွင် ပြန်လည် စတင်ရန် လျာထားခဲ့သော်လည်း COVID-19 ကြောင့် ယခုကဲ့သို့ မေ ၁၈ ရက် သို့ရွှေ့ဆိုင်းခဲ့ကြောင်း၊ ပြန်လည် စတင်မည့် အစည်းအဝေးအတွက် COVID-19 ကာကွယ် တားဆီးရေး ဆိုင်ရာ ဆောင်ရွက်သင့်သည့် အစီအစဉ်များကို သက်ဆိုင်ရာ ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ယခု လမကုန်မီ သုံးရက်အတွင်း အသေးစိတ် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ အစည်းအဝေး ခန်းမအတွင်း၌ video conferencing ဖြင့် ဆွေးနွေးနိုင်မည် မဟုတ်သော် လည်း COVID-19 ကာကွယ်ရေးအတွက် အဆင်ပြေမည့် နည်းလမ်းများကို ညှိနှိုင်း ရှာဖွေသွား မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ဆင်ဟွာ သတင်း ဌာနသို့ ယနေ့ မွန်းလွဲပိုင်း တွင် ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ထို့အပြင် ၎င်းက “လွှတ်တော်ကိုယ်စားလှယ်တွေ နေတဲ့ မြို့မှာ သူတို့ဒီကို ထွက်မလာခင် တည်းက သူတို့ကိုကျန်းမာရေး ဆေးစစ်တာ၊ အဲဒီကနေ နေပြည်တော်ကို လာဖို့ခရီးလမ်း ကြောင်းတွေ စီစဉ်ပေးတာကအစ ကြိုတင် ဆောင်ရွက်ရမှာပါ၊ အခု လောလောဆယ် အသေးစိတ် အစီအစဉ် မရသေးပေမယ့် ဒါတွေကို ဒီ သုံးရက်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့အသေးစိတ် ညှိနှိုင်း ဆောင်ရွက်သွားမှာပါ” ဟု ဖြေကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com/myanmar/politics-law-military/27309-2020-04-26-08-14-27
ျပည္ေထာင္စု လႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး ျပန္လည္ က်င္းပရန္ ေခၚယူ ျပည္ေထာင္စု လႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး ျပန္လည္ က်င္းပရန္ ေခၚယူ Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.