နယူးေယာက္မွာ COVID-19 ကူးစက္ခံ ျမန္မာ-အေမရိကန္တခ်ိဳ႕ ေသဆံုး

နယူးေယာက္တြင္ COVID-19 မကူးစက္ႏုိင္ေရး ကာကြယ္ေရးဝတ္စုံ ဝတ္ဆင္ ေဈးဝယ္ထြက္သည့္ အမ်ဳိးသမီးတဦး။ (ဧၿပီ ၂၀၊ ၂၀၂၀)
(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုအတြင္း ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္သူအမ်ားဆုံးနဲ႔ ေသဆုံးမႈအမ်ားဆုံး ျဖစ္ေနတဲ့ နယူးေယာက္ၿမဳိ႕မွာ COVID-19 ကူးစက္ၿပီး ေသဆုံးသြားတဲ့ ျမန္မာလူမ်ဳိး အနည္းဆုံး ၁၇ ဦး ရွိေနၿပီလို႔ နယူးေယာက္ ျမန္မာအသိုင္းအဝိုင္းက ဗြီအုိေအကို ေျပာပါတယ္။ အျပည့္အစုံကို ကုိဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

နယူးေယာက္ျပည္နယ္ထဲက ၿမဳိ႕ေပါင္း ၆၀ ေက်ာ္ရွိတဲ့အထဲ စီးပြားေရးအခ်က္အခ်ာက်တဲ့ နယူးေယာက္ၿမဳိ႕မွာေတာ့ ေဆးပညာရွင္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြ ႀကဳိးစားလုပ္ေဆာင္ေနတဲ့ၾကားကပဲ ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈက အခုထိ သိသိသာသာ ေလ်ာ့က်သြားတာမ်ဳိး မရွိေသးသလို ေသာၾကာေန႔ တရက္တည္းမွာတင္ ေသဆုံးသူေပါင္း ၄၄၀ နီးပါး ရွိခဲ့တာပါ။

နယူးေယာက္ၿမဳိ႕က ေသဆုံးသြားသူေတြထဲမွာ ျမန္မာလူမ်ဳိးေတြလည္း ပါဝင္ၿပီး အခုခ်ိန္ထိ အနည္းဆုံး ၁၇ ဦး ရွိသြားၿပီလို႔ ေရာဂါကူးစက္ေနသူေတြကို လူမႈကူညီေရး လုပ္ေဆာင္ေနတဲ့ မထူးထူးက ေျပာပါတယ္။

“နယူးေယာက္မွာမွ Elmhurst မွာေနတဲ့လူေတြ၊ အဲဒီမွာ ေဆး႐ုံတက္တဲ့လူေတြက အမ်ားဆုံးျဖစ္ေနတယ္။ ျမန္မာေတြထဲမွာဆုိလည္း အဲဒီမွာေနတဲ့လူေတြက အမ်ားဆုံးျဖစ္ၿပီး ေသဆုံးတာလည္း အဲဒီနားကလူေတြပဲ အမ်ားဆုံး ျဖစ္ေနပါတယ္။ တေန႔က သတင္းထဲမွာ ေတြ႔လုိက္ရတာေတာ့ ၁၇ ေယာက္ေလာက္ရွိမယ္။ ဒါေပမယ့္ ျမန္မာအသုိင္းအဝုိင္းကလည္း တတ္ႏုိင္သေလာက္ အကုန္လုံး ဝုိင္းၿပီး ကူညီေပးေနပါတယ္။”

နယူးေယာက္ၿမဳိ႕က ေသဆုံးသူ ျမန္မာအမ်ားစုဟာ Queens County မွာရွိတဲ့ Elmhurst အရပ္မွာ ေနထိုင္ၾကသူေတြျဖစ္ၿပီး လူေနထူထပ္တဲ့ ေနရာလည္း ျဖစ္တာေၾကာင့္ ကူးစက္မႈႏႈန္း ပိုမ်ားေနရတာ ျဖစ္တယ္လို႔ နယူးေယာက္ၿမဳိ႕က COVID-19 ကူးစက္ေရာဂါ ကုသေရး ဆရာဝန္ ေဒါက္တာ ေဇယ်ာသက္က ေျပာပါတယ္။

“က်ေနာ္သိတဲ့ အပုိင္းကဆုိ ၅ ေယာက္ေလာက္ရွိပါၿပီ ဆုံးပါးသြားတာ။ အကုန္လုံးကေတာ့ Elmhust လုိ႔ေခၚတဲ့ ရပ္ကြက္အပုိင္းက။ အဲဒီေနရာကလည္း လူဦးေရ အရမ္းထူထပ္တယ္၊ လူမ်ဳိးေပါင္းစုံ ေနၾကတယ္။ ျမန္မာေတြတင္ မကဘူး၊ ဥေရာပတုိက္သား အနည္းအက်ဥ္း ရွိသလုိ Latin America ကလူေတြလည္း အမ်ားစုေနပါတယ္။ ေနာက္ ဘဂၤလားေဒ့ရွ္တို႔ နီေပါတုိ႔ အဲဒီကလူေတြလည္း ေပါင္းၿပီးေတာ့ ေနၾကတယ္။ ဆုိေတာ့ Elmhust အရပ္က လူဦးေရ အရမ္းထူထပ္တယ္။ ေနာက္တခုက အိမ္တအိမ္မွာ ျမန္မာအမ်ားစုေနတဲ့ Building တခုရွိတယ္၊ အဲဒီ Building မွာ က်ေနာ္သိသေလာက္ အေယာက္ ၂၀ ေလာက္ ကူးၾကတယ္လုိ႔ ေျပာတယ္။”

နယူးေယာက္က ေသဆုံးသြားတဲ့ ျမန္မာေတြထဲက တခ်ဳိ႕ဟာ ေနာက္ဆုံးအခ်ိန္ေရာက္မွ ေဆး႐ုံကိုေရာက္သြားတဲ့ အျဖစ္မ်ဳိးနဲ႔ ႀကဳံခဲ့ရတယ္လို႔ COVID-19 နဲ႔ ေသဆုံးသြားတဲ့ အသက္ ၅၀ ေက်ာ္အရြယ္ အမ်ဳိးသားတဦးရဲ႕ မိတ္ေဆြ မစႏၵာက ေျပာပါတယ္။

“သူက COVID နဲ႔ ဆုံးသြားတာ။ ဒီမွာက ေျမေအာက္ရထား စီးေနရေတာ့ Public Transportation က ကူးႏုိင္ေျခ အမ်ားဆုံးေပါ့။ အိမ္မွာပဲ ေနမေကာင္းတာ တပတ္ေလာက္ေတာ့ ရွိၿပီတဲ့၊ အဖ်ားေတြတက္ ေခ်ာင္းေတြဆုိးေပါ့။ စစ္ၾကည့္လိုက္ေတာ့ COVID ဆုိေတာ့ ဆရာဝန္က Malaria ေဆး ထပ္ေပးေတာ့ အဲဒါေသာက္ၿပီး ႏွစ္ရက္မွာ အသက္႐ွဴက်ပ္ၿပီးေတာ့ ျဖစ္သြားတာ။ သူက Elmhust မွာေနေတာ့ 911 ေခၚရင္ သူတို႔က အနီးဆုံးေဆး႐ုံ Elmhust ကုိ ပုိ႔ေပးလုိက္တာေပါ့။ ဒါေပမယ့္လည္း ေရာက္တဲ့အခ်ိန္က ေတာ္ေတာ္ေနာက္က်သြားၿပီဆုိေတာ့ ေအာက္ဆီဂ်င္ေတြ အရမ္းက်သြားၿပီး ႏွလုံးကလည္း Ambulance ေပၚမွာတင္ ရပ္သြားတာ။”

နယူးေယာက္ျပည္နယ္တခုလုံးမွာ COVID-19 ရွိမရွိ စစ္ေဆးၿပီးသူေပါင္း ၇၈၀,၀၀၀ ေလာက္ရွိတဲ့အထဲ ၂၈၀,၀၀၀ ေက်ာ္မွာ ေရာဂါကူးစက္ခံထားရၿပီး ခုခ်ိန္ထိ ေသဆုံးသြားသူ ၁၆,၆၀၀ ဝန္းက်င္ ရွိေနပါတယ္။ အဲဒီထဲကမွ နယူးေယာက္ တၿမဳိ႕တည္းမွာတင္ ေသဆုံးသူ ၁၁,၈၀၀ ေက်ာ္ ရွိေနၿပီလို႔ နယူးေယာက္ျပည္နယ္ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ကိုဉာဏ္ဝင္းေအာင္  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------

(Unicode)

နယူးယောက်မှာ COVID-19 ကူးစက်ခံ မြန်မာ-အမေရိကန်တချို့ သေဆုံး

အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအများဆုံးနဲ့သေဆုံးမှုအများဆုံး ဖြစ်နေတဲ့ နယူးယောက်မြို့မှာ COVID-19 ကူးစက်ပြီး သေဆုံးသွားတဲ့ မြန်မာလူမျိုး အနည်းဆုံး ၁၇ ဦး ရှိနေပြီလို့ နယူးယောက် မြန်မာအသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နယူးယောက်ပြည်နယ်ထဲက မြို့ပေါင်း ၆၀ ကျော်ရှိတဲ့အထဲ စီးပွားရေးအချက်အချာကျတဲ့ နယူးယောက်မြို့မှာတော့ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကြိုးစားလုပ်ဆောင်နေတဲ့ကြားကပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက အခုထိ သိသိသာသာ လျော့ကျသွားတာမျိုး မရှိသေးသလိုသောကြာနေ့ တရက်တည်းမှာတင် သေဆုံးသူပေါင်း ၄၄၀ နီးပါး ရှိခဲ့တာပါ။

နယူးယောက်မြို့က သေဆုံးသွားသူတွေထဲမှာ မြန်မာလူမျိုးတွေလည်း ပါဝင်ပြီး အခုချိန်ထိ အနည်းဆုံး ၁၇ ဦး ရှိသွားပြီလို့ ရောဂါကူးစက်နေသူတွေကို လူမှုကူညီရေး လုပ်ဆောင်နေတဲ့ မထူးထူးက ပြောပါတယ်။

“နယူးယောက်မှာမှ Elmhurst မှာနေတဲ့လူတွေ၊ အဲဒီမှာ ဆေးရုံတက်တဲ့လူတွေက အများဆုံးဖြစ်နေတယ်။ မြန်မာတွေထဲမှာဆိုလည်း အဲဒီမှာနေတဲ့လူတွေက အများဆုံးဖြစ်ပြီး သေဆုံးတာလည်း အဲဒီနားကလူတွေပဲ အများဆုံး ဖြစ်နေပါတယ်။ တနေ့က သတင်းထဲမှာ တွေ့လိုက်ရတာတော့ ၁၇ ယောက်လောက်ရှိမယ်။ ဒါပေမယ့် မြန်မာအသိုင်းအဝိုင်းကလည်း တတ်နိုင်သလောက် အကုန်လုံး ဝိုင်းပြီး ကူညီပေးနေပါတယ်။”

နယူးယောက်မြို့က သေဆုံးသူ မြန်မာအများစုဟာ Queens County မှာရှိတဲ့ Elmhurst အရပ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး လူနေထူထပ်တဲ့ နေရာလည်း ဖြစ်တာကြောင့် ကူးစက်မှုနှုန်း ပိုများနေရတာ ဖြစ်တယ်လို့ နယူးယောက်မြို့က COVID-19 ကူးစက်ရောဂါ ကုသရေး ဆရာဝန် ဒေါက်တာ ဇေယျာသက်က ပြောပါတယ်။

“ကျနော်သိတဲ့ အပိုင်းကဆို ၅ ယောက်လောက်ရှိပါပြီ ဆုံးပါးသွားတာ။ အကုန်လုံးကတော့ Elmhust လို့ခေါ်တဲ့ ရပ်ကွက်အပိုင်းက။ အဲဒီနေရာကလည်း လူဦးရေ အရမ်းထူထပ်တယ်၊ လူမျိုးပေါင်းစုံ နေကြတယ်။ မြန်မာတွေတင် မကဘူး၊ ဥရောပတိုက်သား အနည်းအကျဉ်း ရှိသလို Latin America ကလူတွေလည်း အများစုနေပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ်တို့ နီပေါတို့ အဲဒီကလူတွေလည်း ပေါင်းပြီးတော့ နေကြတယ်။ ဆိုတော့ Elmhust အရပ်က လူဦးရေ အရမ်းထူထပ်တယ်။ နောက်တခုက အိမ်တအိမ်မှာ မြန်မာအများစုနေတဲ့ Building တခုရှိတယ်၊ အဲဒီ Building မှာ ကျနော်သိသလောက် အယောက် ၂၀ လောက် ကူးကြတယ်လို့ ပြောတယ်။”

နယူးယောက်က သေဆုံးသွားတဲ့ မြန်မာတွေထဲက တချို့ဟာနောက်ဆုံးအချိန်ရောက်မှ ဆေးရုံကိုရောက်သွားတဲ့ အဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ်လို့COVID-19 နဲ့ သေဆုံးသွားတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးရဲ့ မိတ်ဆွေ မစန္ဒာက ပြောပါတယ်။

“သူက COVID နဲ့ ဆုံးသွားတာ။ ဒီမှာက မြေအောက်ရထား စီးနေရတော့ Public Transportation က ကူးနိုင်ခြေ အများဆုံးပေါ့။ အိမ်မှာပဲ နေမကောင်းတာ တပတ်လောက်တော့ ရှိပြီတဲ့၊ အဖျားတွေတက် ချောင်းတွေဆိုးပေါ့။ စစ်ကြည့်လိုက်တော့ COVID ဆိုတော့ ဆရာဝန်က Malaria ဆေး ထပ်ပေးတော့ အဲဒါသောက်ပြီး နှစ်ရက်မှာ အသက်ရှူကျပ်ပြီးတော့ ဖြစ်သွားတာ။ သူက Elmhust မှာနေတော့ 911 ခေါ်ရင် သူတို့က အနီးဆုံးဆေးရုံ Elmhust ကို ပို့ပေးလိုက်တာပေါ့။ ဒါပေမယ့်လည်း ရောက်တဲ့အချိန်က တော်တော်နောက်ကျသွားပြီဆိုတော့ အောက်ဆီဂျင်တွေ အရမ်းကျသွားပြီး နှလုံးကလည်း Ambulance ပေါ်မှာတင် ရပ်သွားတာ။”

နယူးယောက်ပြည်နယ်တခုလုံးမှာ COVID-19 ရှိမရှိ စစ်ဆေးပြီးသူပေါင်း ၇၈၀,၀၀၀ လောက်ရှိတဲ့အထဲ ၂၈၀,၀၀၀ ကျော်မှာ ရောဂါကူးစက်ခံထားရပြီး ခုချိန်ထိ သေဆုံးသွားသူ ၁၆,၆၀၀ ဝန်းကျင် ရှိနေပါတယ်။ အဲဒီထဲကမှ နယူးယောက် တမြို့တည်းမှာတင် သေဆုံးသူ ၁၁,၈၀၀ ကျော် ရှိနေပြီလို့ နယူးယောက်ပြည်နယ် အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-citizens-in-new-york-covid19/5392365.html
နယူးေယာက္မွာ COVID-19 ကူးစက္ခံ ျမန္မာ-အေမရိကန္တခ်ိဳ႕ ေသဆံုး နယူးေယာက္မွာ COVID-19 ကူးစက္ခံ ျမန္မာ-အေမရိကန္တခ်ိဳ႕ ေသဆံုး Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.