COVID-19 နဲ႔ပတ္သက္တဲ့အခ်က္ေတြ ကန္ ကုိ ထိန္ခ်န္ထားခဲ့တာမရွိေၾကာင္း WHO ေျပာ


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ အေရးကို အစကတည္းက သတိေပးခဲ႔ေၾကာင္းနဲ႔ အေမရိကန္ ျပည္ေထာင္စုကို ထိန္ခ်န္ထားခဲ႔တာ မရွိေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO က တနလာၤေန႔မွာ ခုခံ ေျပာဆိုပါတယ္။ တရုတ္ႏုိင္ငံမွာ COVID-19 စတင္ ပ်ံ႔ႏွံ႔ ကူးစက္မႈကို WHO ဘက္က ေလွ်ာ့ေပါ့ ထိန္ခ်န္ခဲ႔တယ္လို႔ အေမရိကန္ အစိုးရက စြပ္စြဲထားတာပါ။ ကုလသမဂၢ အဖြဲ႔အစည္းအေနနဲ႔ လိ်ဳ႕၀ွက္ထားတာ မရွိဘူးလို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာဆိုလုိက္ပါတယ္။

" WHO အဖြဲ႔ႀကီးရဲ႕ COVID-19 တံု႔ျပန္ကိုင္တြယ္ေရးမွာ အေမရိကန္ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရး ဗဟိုဌာန CDC က ၀န္ထမ္း ၁၅ ဦးပါ၀င္ေၾကာင္း၊ အေမရိကန္ CDC က ၀န္ထမ္းေတြ ရွိေနတာဟာ ဆိုရင္ အစကတည္းက အေမရိကန္ မသိေအာင္ ထိန္ခ်န္ထားတာ မရွိဘူးဆိုတာကို ျပသတာ ျဖစ္ေၾကာင္း၊ အေမရိကန္ CDC တခုတည္းတင္ မဟုတ္ဘဲ တျခား ဘယ္သူ႔ကိုမွ သတင္းအခ်က္ အလက္ လွ်ိဳ႕၀ွက္ထားတာ မရွိေၾကာင္း " WHO အဖြဲ႔ အႀကီးအကဲက ေျပာဆိုခဲ႔တာပါ။

အေမရိကန္က WHO အဖြဲ႔ႀကီး အတြက္ ရန္ပံုေငြ အမ်ားဆံုး ထည့္၀င္ေနတာပါ။ ဒါေပမယ့္ WHO ဟာ ကိုရိုနာဗိုင္းရပ္စ္ ပ်႔ံႏွံ႔မႈကို ဖံုးကြယ္ခဲ႔တယ္၊ စီမံခန္႔ခြဲမႈ မွားယြင္းခဲ႔တယ္လို႔ စြပ္စြဲၿပီး အေမရိကန္ သမၼတ Donald Trump က WHO ကို ထည့္၀င္မယ့္ ရန္ပံုေငြကို ထိန္းခ်ဳပ္ထားပါတယ္။

ၿပီးခဲ႔တဲ႔ႏွစ္ေႏွာင္းပိုင္း တရုတ္ႏုိင္ငံ ၀ူဟန္က စခဲ႔တဲ႔ ကိုရိုနာဗိုင္းရပ္စ္က ကမၻာတလႊား လူေပါင္း ၂ ဒသမ ၄ သန္းကို ကူးစက္ထားၿပီး လူေပါင္း ၁၆၅,၀၀၀ ေက်ာ္ ေသဆံုးခဲ႔ရၿပီး ျဖစ္ပါတယ္။ ဗိုင္းရပ္ ကူးစက္မႈ အမ်ားဆံုး၊ ေသဆံုးမႈ အမ်ားဆံုး ျဖစ္ေနတဲ႔ အေမရိကန္ ျပည္ေထာင္စုမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၄၀,၀၀၀ ေက်ာ္ ရွိၿပီး ဒီကပ္ေရာဂါေဘးကို ကိုင္တြယ္ေဆာင္ရြက္မႈနဲ႔ ပတ္သက္ၿပီး သမၼတ Trump ေ၀ဖန္ခံေနရတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------

COVID-19 နဲ့ပတ်သက်တဲ့အချက်တွေ ကန် ကို ထိန်ချန်ထားခဲ့တာမရှိကြောင်း WHO ပြော

(Unicode)

ကိုရိုနာဗိုင်းရပ်စ် အရေးကို အစကတည်းက သတိပေးခဲ့ကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုကို ထိန်ချန်ထားခဲ့တာ မရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ ခုခံ ပြောဆိုပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 စတင် ပျံ့နှံ့ ကူးစက်မှုကို WHO ဘက်က လျှော့ပေါ့ ထိန်ချန်ခဲ့တယ်လို့ အမေရိကန် အစိုးရက စွပ်စွဲထားတာပါ။ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ လျို့ဝှက်ထားတာ မရှိဘူးလို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောဆိုလိုက်ပါတယ်။

" WHO အဖွဲ့ကြီးရဲ့ COVID-19 တုံ့ပြန်ကိုင်တွယ်ရေးမှာ အမေရိကန် ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန CDC က ဝန်ထမ်း ၁၅ ဦးပါဝင်ကြောင်း၊ အမေရိကန် CDC က ဝန်ထမ်းတွေ ရှိနေတာဟာ ဆိုရင် အစကတည်းက အမေရိကန် မသိအောင် ထိန်ချန်ထားတာ မရှိဘူးဆိုတာကို ပြသတာ ဖြစ်ကြောင်း၊ အမေရိကန် CDC တခုတည်းတင် မဟုတ်ဘဲ တခြား ဘယ်သူ့ကိုမှ သတင်းအချက် အလက် လျှို့ဝှက်ထားတာ မရှိကြောင်း " WHO အဖွဲ့ အကြီးအကဲက ပြောဆိုခဲ့တာပါ။

အမေရိကန်က WHO အဖွဲ့ကြီး အတွက် ရန်ပုံငွေ အများဆုံး ထည့်ဝင်နေတာပါ။ ဒါပေမယ့် WHO ဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ဖုံးကွယ်ခဲ့တယ်၊ စီမံခန့်ခွဲမှု မှားယွင်းခဲ့တယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ Donald Trump က WHO ကို ထည့်ဝင်မယ့် ရန်ပုံငွေကို ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတလွှား လူပေါင်း ၂ ဒသမ ၄ သန်းကို ကူးစက်ထားပြီး လူပေါင်း ၁၆၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဗိုင်းရပ် ကူးစက်မှု အများဆုံး၊ သေဆုံးမှု အများဆုံး ဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀,၀၀၀ ကျော် ရှိပြီး ဒီကပ်ရောဂါဘေးကို ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး သမ္မတ Trump ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-who-/5382556.html
COVID-19 နဲ႔ပတ္သက္တဲ့အခ်က္ေတြ ကန္ ကုိ ထိန္ခ်န္ထားခဲ့တာမရွိေၾကာင္း WHO ေျပာ COVID-19 နဲ႔ပတ္သက္တဲ့အခ်က္ေတြ ကန္ ကုိ ထိန္ခ်န္ထားခဲ့တာမရွိေၾကာင္း WHO ေျပာ Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.