(Zawgyi)⤵⤵⤵
နေပြည်တော်ကောင်စီနယ်မြေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ၁၄ ရက် စောင့်ကြည့်ခံရသူ ၅၀ ကျော်ကို ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဒီကနေ့ နေရပ်ပြန်ခွင့်ပြုလိုက်ပါပြီ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ပက ပြန်လာသူတွေအနေနဲ့ စောင့်ကြည့်ကာလ ၁၄ ရက် ကျော်သွားပေမယ့် မပေါ့လျော့ဘဲ သတိနဲ့ နေထိုင်ဖို့ ညွှန်ကြားထားပါတယ်။
နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှုးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သူ တစ်ထောင်ကျော်ထဲက ပထမအသုတ်ကို ဒီနေ့ ပြန်ပို့တာဖြစ်တယ်လို့ ပြောပါတယ်။
"ဒီနေ့ ပထမဆုံး ၁၄ ရက်ပြည်တဲ့ ဒက္ခိဏသီရိမှာ ၂၀၊ ပုဗ္ဗသီရိမှာ ၂၇ ဦး၊ ဇေယျာသီရိမှာ ၁၀ ဦး ခု စပြီးတော့ မိဘတွေ အိမ်ကို ပြန်လွှတ်တာပေါ့။ အားလုံးလဲ ဝမ်းသာကြမယ်လို့ ထင်ပါတယ်။ နေပြည်တော်မှာလည်း စောင့်ကြပ်ကြည့်ရှုခြင်းကို ပထမဆုံးစပြီးတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် ကျတော်တို့လည်း အင်မတန် ဝမ်းသာပါတယ်။ ပြီးရင် သူ့ အခြေအနေနဲ့ အချိန်နဲ့ ပြန်လွှတ်လို့ရှိရင်တော့ ပြည်သူတွေမှာ စိတ်ချမ်းသာ လက်ချမ်းသာရှိမယ်လို့ ထင်ပါတယ်။"
အခုပြန်ပို့တဲ့ ၂၇ ဦးဟာ ပုဗ္ဗသီရီမြို့နယ် ကုတင် ၅၀ ဆေးရုံမှာ စောင့်ကြည့်နေရတဲ့ ၅၅ ဦးထဲက ပထမအသုတ် ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဒီနေ့မှာ နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် ကုတင် ၅၀  ဆေးရုံနဲ့ ဇေယျာသီရိမြို့နယ် ကုတင် ၅၀ ဆေးရုံတွေက ကိုရိုနာဗိုင်းရပ်စ် ၁၄ ရက်ကြာ စောင့်ကြည့်ခံရသူတွေကိုလည်း ပြန်ပို့ပေးခဲ့ပါတယ်။
ပြည်တော်ပြန်တွေထဲက တစ်ဦးဖြစ်တဲ့၊ နေပြည်တော် ဥတ္တရသီရီမြို့နယ် တောင်ညိုကျေးရွာက မဒါလီဝင်းစုက ကျန်းမာရေးအတွက် အစိုးရက  ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို အားလုံးလိုက်နာကြဖို့ တိုက်တွန်းပါတယ်။
"ဒီမှာ စာရေးသောက်ရေး၊ နေရေး၊ အကုန်လုံး ဆရာ၊ ဆရာမတွေက အကုန်လုံးက တာဝန်ယူပြီးတော့ အစစ အရာရာ အဆင်ပြေမူရှိပါတယ်။ နေရေးထိုင်ရေးမှာလည်း သန့်ရှင်းမူအားလုံးရှိပါတယ်။ ပြည်သူတွေကိုလဲ ဘယ်လိုပြောချင်လဲဆိုတော့ ကိုယ့်ရဲ့ကျန်းမာရေးအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့အတိုင်း နှာခေါင်းစည်း မျက်နှာဖုံးတပ်ရမယ်။ လက်ဆေးရမယ်။ သုံးပေအကွာနေမယ်၊ Saty Home နေခြင်းအားဖြင့် အားလုံးရဲ့ ကျန်းမာရေးကို ကာကွယ်ရာလည်း ကျရောက်တယ်။ မိမိကိုယ်ကိုရဲ့ အသက်ကိုလည်း လုံခြုံမူရှိတယ်ပေါ့နော်။ အဲလိုမျိုးလေးနေပြီးတော့ နိုင်ငံအတွက်ကို တစ်ဖက်တစ်လမ်းက ကူညီပါလို့ ပြောလိုပါတယ်ရှင့်။"
စောင့်ကြည့်ခံရသူတွေကို ကူညီပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက သူတို့အားလုံး နေအိမ်ကို ပြန်ရောက်ရင်၊ ကျန်းမာရေးအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကင်းရှင်းကြောင်း ဆရာဝန်တွေရဲ့ ထောက်ခံချက်ပါဝင်တဲ့ စာရွက်စာတမ်းတွေကို ပေးအပ်ခဲ့ပါတယ်။
ပုဗ္ဗသီရီမြို့နယ်၊ ကန်ဇွန်းအင်း ကျေးရွာမှာနေထိုင်တဲ့ တရုတ်နိုင်ငံက ပြန်လာသူ ဦးစိုးလှိုင်ကတော့ ပြည်ပက ပြန်လာသူတွေအနေနဲ့ စိုးရိမ်မူမထားပဲ  ကိုယ့်အသိစိတ်နဲ့ကိုယ် ကျန်းမာရေး အစစ်ခံဖို့ အကြံပြုပါတယ်။
"ကျတော်တို့လို ပြင်ပ ပြည်ပကိုထွက်ပြီး ပြန်လာတဲ့အခါမှာ အခုလို ကျန်းမာရေးဌာနတွေကို စစ်ဆေးဖို့၊ ကျတော်တို့ အနေအထားကတော့ ကိုယ်ဘာဖြစ်တယ်ဆိုတာ မသိဘူးလေ။ ဆရာ ဆရာမတွေမှ သိမှာလေ။ အားလုံး စစ်ဆေးခံကြဖို့ မငြင်းဆန်ကြဖို့ ပြောချင်ပါတယ်။"
ဒီနေ့ ပုဗ္ဗသီရီမြို့နယ် ၊ ကုတင် ၅၀ ဆေးရုံကနေ အိမ်ပြန်ကြသူတွေထဲမှာ နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ကန်ဇွန်းအင်း ကျေးရွာက ၁၃ ဦး၊  ဖြုတ်ကုန်းကျေးရွာက သုံးဦး၊ ဥယျာဉ်ကျေးရွာက နှစ်ဦး ပါဝင်ပါတယ်။
သူတို့အားလုံးဟာ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က မြန်မာနိုင်ငံကို ပြန်လာသူတွေ ဖြစ်ပါတယ်။
ပုဗ္ဗသီရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ၁၄ ရက်စောင့်ကြည့်ပြီး နေအိမ်ပြန်တဲ့သူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို သူတို့ကို ပေးပြီးဖြစ်တယ်လို့ ပြောပါတယ်။
"သူတို့ကို သီးသန့် ဆရာတွေ၊ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်ကိုပေးလိုက်ပါတယ် ခင်ဗျ။ ရွာတွေမှာလည်း ခုန စောင့်ကြည့်အဖွဲ့တွေ ၁၄ ရက်ပြည့်လို့ ရွာကနေပြီးတော့ စောင့်ကြည့်အဖွဲ့တွေကလည်း ၁၄ ရက်ပြည့်လို့ အဆင်ပြေသွားကြပါပြီဗျ။"
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တော်ပြန်တွေအနေနဲ့ ၁၄ ရက် စောင့်ကြည့်ကာ ကျော်လွန်သွားပေမယ့် မပေါ့လျော့ဘဲ သတိနဲ့ နေထိုင်ဖို့၊ အိမ်ပြန်ရောက်ပြီးမှ ရောဂါလက္ခဏာပြလာရင်  မကြောက်ရွံ့ပဲ ကျန်းမာရေးဝန်ထမ်းတွေကို သတင်းပို့ဖို့ ဒီကနေ့ မကွေးတိုင်း က ကိုရိုနာ ထိန်းချုပ်ကာကွယ် ကုသရေး တာဝန်ရှိသူတွေနဲ့  ရုပ်သံစကားဝိုင်းမှာ သတိပေးသွားပါတယ်။
နေပြည်တော် အစိုးရဆေးရုံတွေနဲ့ စည်ပင်ဧည့်ရိပ်သာမှာရှိတဲ့ ၁၄ ရက်စောင့်ကြည့်ခံရသူတွေကို နေပြည်တော် ကိုရိုနာဗိုင်းရပ်စ် Covid 19 လူမူကူညီရေးအသင်းနဲ့ အလှူရှင်တွေက နေ့စဉ် စားဝတ်နေရေးအတွက် လှူဒါန်းနေတာ ဖြစ်ပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ၅၅ ဦးကို ပုဗ္ဗသီရီမြို့နယ် ၊ ကုတင် ၅၀ ဆေးရုံမှာ စောင့်ကြည့် စစ်ဆေးမူတွေ ပြုလုပ်နေပြီး၊ ကျန်းမာရေးကောင်းမွန်သူတွေကို နောက်ရက်တွေမှာလည်း အသီးသီး ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ ၊ အစိုးရဆေးရုံ သုံးခုနဲ့ နေပြည်တော်က တပ်မတော် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေး စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ စောင့်ကြည့်ခံရသူ တစ်ထောင်ကျော် ရှိနေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ၁၄ ရက် စောင့်ကြည့်ခံရသူ ၅၀ ကျော်ကို ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဒီကနေ့နေရပ်ပြန်ခွင့်ပြုလိုက်ပါပြီ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ပက ပြန်လာသူတွေအနေနဲ့ စောင့်ကြည့်ကာလ ၁၄ ရက် ကျော်သွားပေမယ့် မပေါ့လျော့ဘဲ သတိနဲ့ နေထိုင်ဖို့ ညွှန်ကြားထားပါတယ်။
နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှုးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သူ တစ်ထောင်ကျော်ထဲက ပထမအသုတ်ကို ဒီနေ့ ပြန်ပို့တာဖြစ်တယ်လို့ ပြောပါတယ်။
"ဒီနေ့ ပထမဆုံး ၁၄ ရက်ပြည်တဲ့ ဒက္ခိဏသီရိမှာ ၂၀၊ ပုဗ္ဗသီရိမှာ ၂၇ ဦး၊ ဇေယျာသီရိမှာ ၁၀ ဦး ခု စပြီးတော့ မိဘတွေ အိမ်ကို ပြန်လွှတ်တာပေါ့။ အားလုံးလဲ ဝမ်းသာကြမယ်လို့ ထင်ပါတယ်။ နေပြည်တော်မှာလည်း စောင့်ကြပ်ကြည့်ရှုခြင်းကို ပထမဆုံးစပြီးတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် ကျတော်တို့လည်း အင်မတန် ဝမ်းသာပါတယ်။ ပြီးရင် သူ့ အခြေအနေနဲ့ အချိန်နဲ့ ပြန်လွှတ်လို့ရှိရင်တော့ ပြည်သူတွေမှာ စိတ်ချမ်းသာ လက်ချမ်းသာရှိမယ်လို့ ထင်ပါတယ်။"
အခုပြန်ပို့တဲ့ ၂၇ ဦးဟာ ပုဗ္ဗသီရီမြို့နယ် ကုတင် ၅၀ ဆေးရုံမှာ စောင့်ကြည့်နေရတဲ့ ၅၅ ဦးထဲက ပထမအသုတ်ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဒီနေ့မှာ နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် ကုတင် ၅၀  ဆေးရုံနဲ့ ဇေယျာသီရိမြို့နယ် ကုတင် ၅၀ ဆေးရုံတွေက ကိုရိုနာဗိုင်းရပ်စ် ၁၄ ရက်ကြာ စောင့်ကြည့်ခံရသူတွေကိုလည်း ပြန်ပို့ပေးခဲ့ပါတယ်။
ပြည်တော်ပြန်တွေထဲက တစ်ဦးဖြစ်တဲ့၊ နေပြည်တော် ဥတ္တရသီရီမြို့နယ် တောင်ညိုကျေးရွာက မဒါလီဝင်းစုက ကျန်းမာရေးအတွက် အစိုးရက  ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို အားလုံးလိုက်နာကြဖို့ တိုက်တွန်းပါတယ်။
"ဒီမှာ စာရေးသောက်ရေး၊ နေရေး၊ အကုန်လုံး ဆရာ၊ ဆရာမတွေက အကုန်လုံးက တာဝန်ယူပြီးတော့ အစစ အရာရာ အဆင်ပြေမူရှိပါတယ်။ နေရေးထိုင်ရေးမှာလည်း သန့်ရှင်းမူအားလုံးရှိပါတယ်။ ပြည်သူတွေကိုလဲ ဘယ်လိုပြောချင်လဲဆိုတော့ ကိုယ့်ရဲ့ကျန်းမာရေးအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့အတိုင်း နှာခေါင်းစည်း မျက်နှာဖုံးတပ်ရမယ်။ လက်ဆေးရမယ်။ သုံးပေအကွာနေမယ်၊ Saty Home နေခြင်းအားဖြင့် အားလုံးရဲ့ကျန်းမာရေးကို ကာကွယ်ရာလည်း ကျရောက်တယ်။ မိမိကိုယ်ကိုရဲ့ အသက်ကိုလည်း လုံခြုံမူရှိတယ်ပေါ့နော်။ အဲလိုမျိုးလေးနေပြီးတော့ နိုင်ငံအတွက်ကို တစ်ဖက်တစ်လမ်းက ကူညီပါလို့ ပြောလိုပါတယ်ရှင့်။"
စောင့်ကြည့်ခံရသူတွေကို ကူညီပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက သူတို့အားလုံး နေအိမ်ကို ပြန်ရောက်ရင်၊ ကျန်းမာရေးအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကင်းရှင်းကြောင်း ဆရာဝန်တွေရဲ့ ထောက်ခံချက်ပါဝင်တဲ့ စာရွက်စာတမ်းတွေကို ပေးအပ်ခဲ့ပါတယ်။
ပုဗ္ဗသီရီမြို့နယ်၊ ကန်ဇွန်းအင်း ကျေးရွာမှာနေထိုင်တဲ့ တရုတ်နိုင်ငံက ပြန်လာသူ ဦးစိုးလှိုင်ကတော့ ပြည်ပက ပြန်လာသူတွေအနေနဲ့ စိုးရိမ်မူမထားပဲ  ကိုယ့်အသိစိတ်နဲ့ကိုယ် ကျန်းမာရေး အစစ်ခံဖို့ အကြံပြုပါတယ်။
"ကျတော်တို့လို ပြင်ပ ပြည်ပကိုထွက်ပြီး ပြန်လာတဲ့အခါမှာ အခုလို ကျန်းမာရေးဌာနတွေကို စစ်ဆေးဖို့၊ ကျတော်တို့ အနေအထားကတော့ ကိုယ်ဘာဖြစ်တယ်ဆိုတာ မသိဘူးလေ။ ဆရာ ဆရာမတွေမှ သိမှာလေ။ အားလုံး စစ်ဆေးခံကြဖို့ မငြင်းဆန်ကြဖို့ ပြောချင်ပါတယ်။"
ဒီနေ့ ပုဗ္ဗသီရီမြို့နယ် ၊ ကုတင် ၅၀ ဆေးရုံကနေ အိမ်ပြန်ကြသူတွေထဲမှာ နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ကန်ဇွန်းအင်း ကျေးရွာက ၁၃ ဦး၊  ဖြုတ်ကုန်းကျေးရွာက သုံးဦး၊ ဥယျာဉ်ကျေးရွာက နှစ်ဦး ပါဝင်ပါတယ်။
သူတို့အားလုံးဟာ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က မြန်မာနိုင်ငံကို ပြန်လာသူတွေ ဖြစ်ပါတယ်။
ပုဗ္ဗသီရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ၁၄ ရက်စောင့်ကြည့်ပြီး နေအိမ်ပြန်တဲ့သူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို သူတို့ကို ပေးပြီးဖြစ်တယ်လို့ ပြောပါတယ်။
"သူတို့ကို သီးသန့် ဆရာတွေ၊ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်ကိုပေးလိုက်ပါတယ် ခင်ဗျ။ ရွာတွေမှာလည်း ခုန စောင့်ကြည့်အဖွဲ့တွေ ၁၄ ရက်ပြည့်လို့ ရွာကနေပြီးတော့ စောင့်ကြည့်အဖွဲ့တွေကလည်း ၁၄ ရက်ပြည့်လို့ အဆင်ပြေသွားကြပါပြီဗျ။"
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တော်ပြန်တွေအနေနဲ့ ၁၄ ရက် စောင့်ကြည့်ကာ ကျော်လွန်သွားပေမယ့် မပေါ့လျော့ဘဲ သတိနဲ့ နေထိုင်ဖို့၊ အိမ်ပြန်ရောက်ပြီးမှ ရောဂါလက္ခဏာပြလာရင်  မကြောက်ရွံ့ပဲ ကျန်းမာရေးဝန်ထမ်းတွေကို သတင်းပို့ဖို့ ဒီကနေ့ မကွေးတိုင်း က ကိုရိုနာ ထိန်းချုပ်ကာကွယ် ကုသရေး တာဝန်ရှိသူတွေနဲ့  ရုပ်သံစကားဝိုင်းမှာ သတိပေးသွားပါတယ်။နေပြည်တော် အစိုးရဆေးရုံတွေနဲ့ စည်ပင်ဧည့်ရိပ်သာမှာရှိတဲ့ ၁၄ ရက်စောင့်ကြည့်ခံရသူတွေကို နေပြည်တော် ကိုရိုနာဗိုင်းရပ်စ် Covid 19 လူမူကူညီရေးအသင်းနဲ့ အလှူရှင်တွေက နေ့စဉ် စားဝတ်နေရေးအတွက် လှူဒါန်းနေတာ ဖြစ်ပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ၅၅ ဦးကို ပုဗ္ဗသီရီမြို့နယ် ၊ ကုတင် ၅၀ ဆေးရုံမှာ စောင့်ကြည့် စစ်ဆေးမူတွေ ပြုလုပ်နေပြီး၊ ကျန်းမာရေးကောင်းမွန်သူတွေကို နောက်ရက်တွေမှာလည်း အသီးသီး ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ ၊ အစိုးရဆေးရုံ သုံးခုနဲ့ နေပြည်တော်က တပ်မတော် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေး စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ စောင့်ကြည့်ခံရသူ တစ်ထောင်ကျော် ရှိနေပါတယ်။
သီဟထွန်း / RFA Burmese