ဇနီးသည္ကတဆင့္ကူးစက္ခံရတဲ့ COVID-19 လူနာအမွတ္ ၁၇ ေပါက္ေခါင္းၿမိဳ႕နယ္ဒုအုပ္ခ်ဳပ္ေရးမႉးေသဆုံ

အတည္ျပဳလူနာျဖစ္တဲ့အတြက္ လူစုလူေဝးနဲ႔ အသုဘအခမ္းအနားလုပ္ခြင့္ျပဳမွာမဟုတ္ဘဲ ေဆး႐ုံကေန တိုက္႐ိုက္ပို႔ေဆာင္ေပးမွာျဖစ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူႏွစ္ဦး လူနာနံပါတ္ ၁၆ နဲ႔ ၁၇ တို႔ ေသဆုံးခဲ့ပါတယ္။ လူနာနံပါတ္ ၁၆ က အသက္ ၆၃ ႏွစ္အ႐ြယ္ ဆီးခ်ိဳေရာဂါအခံရွိသူ အမ်ိဳးသမီးျဖစ္ၿပီး ရန္ကုန္ ေဝဘာဂီ ေဆး႐ုံမွာ ေသဆုံးခဲ့ပါတယ္။ လူနာနံပါတ္ ၁၇ က လူနာနံပါတ္ ၁၅ ရဲ႕ ခင္ပြန္းျဖစ္သူ အသက္ ၄၇ ႏွစ္အ႐ြယ္ ေသြးတိုးအခံရွိသူ အမ်ိဳးသားျဖစ္ၿပီး ျပည္ေဆး႐ုံမွာ ေသဆုံးခဲ့ပါတယ္။

ျပည္ေဆး႐ုံႀကီး အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသေပးေနတဲ့ လူနာအမွတ္(၁၇)ဟာ ဒီကေန႔ ဧၿပီ ၈ရက္ေန႔ မနက္ ၃နာရီ မိနစ္ ၄၀ မွာ ေသဆုံးသြားခဲ့တယ္လို႔ ပဲခူးတိုင္းေဒသႀကီး က်န္းမာေရးဦးစီး ဌာန၊ တိုင္းဦးစီးမႉး ေဒါက္တာေအးၿငိမ္းက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

ေပါက္ေခါင္းၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး (လူနာအမွတ္ ၁၇ )ဟာ SOS ေဆးခန္းက သူနာျပဳ ဇနီးျဖစ္သူ လူနာ အမွတ္ ၁၅ ကေန ကူးစက္ခံခဲ့ရတာျဖစ္ၿပီး ဧၿပီ ၂ ရက္ေန႔မွာ ဓာတ္ခြဲအတည္ျပဳပိုးေတြ႕ လူနာအျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

" မနက္ ၃နာရီ၄၀ ေလာက္က အထူးၾကပ္မတ္ခန္းထဲမွာဆုံးသြားၿပီလို႔သိရတယ္။ မေန႔တေန႔ကထဲက အေျခအေနကေကာင္းလာလိုက္ ဆိုးလာလိုက္ျဖစ္ေနေတာ့ ရန္ကုန္ကလည္း အထူးၾကပ္မတ္ခန္းနဲ႔ ပတ္သက္ၿပီး ေမ့ေဆးပေရာ္ဖက္ဆာေတြလည္း ၃ေယာက္ေလာက္လာၿပီးအားျဖည့္ပါတယ္။ မေန႔က သက္သာလာၿပီး ည ၁နာရီေလာက္က်ေတာ့ ျပန္ေဖာက္လာတာ''လို႔ ေဒါက္တာေအးၿငိမ္းက ေျပာျပပါတယ္။


ေသဆုံးရတဲ့အေၾကာင္းအရင္း

လူနာ ေသဆုံးရတဲ့အေၾကာင္းအရင္းကေတာ့ COVID-19ေၾကာင့္လို႔ ေျပာလို႔ရႏိုင္တယ္လို႔လည္း ေဒါက္တာေအးၿငိမ္းက ေျပာျပပါတယ္။

' ' ကိုဗစ္ေၾကာင့္ အဆုတ္နဲ႔ႏွလုံးက အလုပ္မလုပ္ေတာ့တာေပါ့။ ေသြးဆိပ္တက္တာလည္းပါတယ္။ အတြင္းကလီစာေတြပုံမွန္အလုပ္မလုပ္ေတာ့ဘဲ အဆုတ္နဲ႔ႏွလုံးက ရပ္သြားတာေပါ့။''လို႔ လူနာအမွတ္ ၁၇ ေသဆုံးရတဲ့အေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီး ေဒါက္တာေအးၿငိမ္းကေျပာျပပါတယ္။

ေသဆုံးသူဟာ ေရာဂါအတည္ျပဳလူနာတစ္ဦးျဖစ္တဲ့အတြက္ အသုဘအခမ္းအနားကို လူစုလူေဝးနဲ႔ ခ်ခြင့္ မျပဳဘဲ ေဆး႐ုံကေနသာ တိုက္႐ိုက္ပို႔ေဆာင္မွာျဖစ္ၿပီး PPE ေရာဂါကာကြယ္ေရး ဝတ္စုံေတြဝတ္ဆင္ၿပီး အသုဘအခမ္းအနားကို ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ပထမဆုံးအေနနဲ႔ မိသားစု ၄ ဦးလုံး ပိုးကူးစက္ခံရသူ မိသားစုလည္းျဖစ္ခဲ့

လူနာအမွတ္ ၁၇ ရဲ႕ မိသားစုဝင္ေတြရဲ႕က်န္းမာေရးအေျခအေန

လူနာအမွတ္ ၁၇ နဲ႔အတူ အသက္၈ ႏွစ္အ႐ြယ္သမီး၊ အသက္၁၀ ႏွစ္အ႐ြယ္သားျဖစ္သူနဲ႔ အသက္ ၁၈ ႏွစ္ တူမျဖစ္သူတို႔လည္း COVID-19 ပိုးေတြ႕လူနာေတြအျဖစ္ ျပည္ေဆး႐ုံမွာ တက္ေရာက္ကုသေနရ တာျဖစ္ ပါတယ္။

'' ကေလးေတြကေတာ့ အခုထိ က်န္းမာေရးေကာင္းၾကပါတယ္။ ဧၿပီ ၂ရက္ေန႔မွာတက္တာဆိုေတာ့ ၁၀ရက္ေန႔ေလာက္မွာေတာ့ သူတို႔ကို ျပန္ၿပီးတစ္ခါထပ္စစ္ဖို႔ရွိတယ္။ ၃ေယာက္လုံးတကယ္လို႔ နဂၢတစ္ျဖစ္တယ္ဆိုရင္ေတာ့ ၂ရက္ျခားၿပီးထပ္စစ္မွာေပါ့။ မႏၲေလးကလူနာလိုေပါ့။ အဲလိုအေျခအေနမ်ိဳးရေအာင္ေစာင့္ရမွာေပါ့''လု႔ိ ပဲခူးတိုင္း က်န္းမာေရးဦးစီးဌာန တိုင္းဦးစီးမႉးျဖစ္သူ ေဒါက္တာေအးၿငိမ္းကရွင္းျပပါတယ္။

ျပည္ေဆး႐ုံမွာတက္ေရာက္ကုသေနတဲ့ မိသားစုဝင္ ၃ဦးလုံးက်န္းမာေရးေကာင္းမြန္ေနေပမယ့္ မိခင္ျဖစ္သူ လူနာ အမွတ္ ၁၅ ဟာက်န္းမာေရးအေျခအေနမသက္သာေသးတဲ့အတြက္ ရန္ကုန္ၿမိဳ႕ ေဝဘာဂီေဆး႐ုံႀကီး အထူးၾကပ္မတ္ကုသေဆာင္မွာပဲ ကုသမႈခံယူေနရဆဲျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ထားခ်က္ေတြအရသိရပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ၂၂ဦးနဲ႔ ေသဆုံးသူ ၃ ဦးရွိလာၿပီျဖစ္ပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
ဇနီးသည်ကတဆင့်ကူးစက်ခံရတဲ့ COVID-19 လူနာအမှတ် ၁၇ ပေါက်ခေါင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးသေဆုံး

မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦး လူနာနံပါတ် ၁၆ နဲ့ ၁၇ တို့ သေဆုံးခဲ့ပါတယ်။ လူနာနံပါတ် ၁၆ က အသက် ၆၃ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးဖြစ်ပြီး ရန်ကုန် ဝေဘာဂီ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ လူနာနံပါတ် ၁၇ က လူနာနံပါတ် ၁၅ ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၇ နှစ်အရွယ် သွေးတိုးအခံရှိသူ အမျိုးသားဖြစ်ပြီး ပြည်ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

ပြည်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတဲ့ လူနာအမှတ်(၁၇)ဟာ ဒီကနေ့ ဧပြီ ၈ရက်နေ့ မနက် ၃နာရီ မိနစ် ၄၀ မှာ သေဆုံးသွားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာအေးငြိမ်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး (လူနာအမှတ် ၁၇ )ဟာ SOS ဆေးခန်းက သူနာပြု ဇနီးဖြစ်သူ လူနာ အမှတ် ၁၅ ကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး ဧပြီ ၂ ရက်နေ့မှာ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

" မနက် ၃နာရီ၄၀ လောက်က အထူးကြပ်မတ်ခန်းထဲမှာဆုံးသွားပြီလို့သိရတယ်။ မနေ့တနေ့ကထဲက အခြေအနေကကောင်းလာလိုက် ဆိုးလာလိုက်ဖြစ်နေတော့ ရန်ကုန်ကလည်း အထူးကြပ်မတ်ခန်းနဲ့ ပတ်သက်ပြီး မေ့ဆေးပရော်ဖက်ဆာတွေလည်း ၃ယောက်လောက်လာပြီးအားဖြည့်ပါတယ်။ မနေ့က သက်သာလာပြီး ည ၁နာရီလောက်ကျတော့ ပြန်ဖောက်လာတာ''လို့ ဒေါက်တာအေးငြိမ်းက ပြောပြပါတယ်။

သေဆုံးရတဲ့အကြောင်းအရင်း

လူနာ သေဆုံးရတဲ့အကြောင်းအရင်းကတော့ COVID-19ကြောင့်လို့ ပြောလို့ရနိုင်တယ်လို့လည်း ဒေါက်တာအေးငြိမ်းက ပြောပြပါတယ်။

' ' ကိုဗစ်ကြောင့် အဆုတ်နဲ့နှလုံးက အလုပ်မလုပ်တော့တာပေါ့။ သွေးဆိပ်တက်တာလည်းပါတယ်။ အတွင်းကလီစာတွေပုံမှန်အလုပ်မလုပ်တော့ဘဲ အဆုတ်နဲ့နှလုံးက ရပ်သွားတာပေါ့။''လို့ လူနာအမှတ် ၁၇ သေဆုံးရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒေါက်တာအေးငြိမ်းကပြောပြပါတယ်။

သေဆုံးသူဟာ ရောဂါအတည်ပြုလူနာတစ်ဦးဖြစ်တဲ့အတွက် အသုဘအခမ်းအနားကို လူစုလူဝေးနဲ့ ချခွင့် မပြုဘဲ ဆေးရုံကနေသာ တိုက်ရိုက်ပို့ဆောင်မှာဖြစ်ပြီး PPE ရောဂါကာကွယ်ရေး ဝတ်စုံတွေဝတ်ဆင်ပြီး အသုဘအခမ်းအနားကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လူနာအမှတ် ၁၇ ရဲ့ မိသားစုဝင်တွေရဲ့ကျန်းမာရေးအခြေအနေ

လူနာအမှတ် ၁၇ နဲ့အတူ အသက်၈ နှစ်အရွယ်သမီး၊ အသက်၁၀ နှစ်အရွယ်သားဖြစ်သူနဲ့ အသက် ၁၈ နှစ် တူမဖြစ်သူတို့လည်း COVID-19 ပိုးတွေ့လူနာတွေအဖြစ် ပြည်ဆေးရုံမှာ တက်ရောက်ကုသနေရ တာဖြစ် ပါတယ်။

'' ကလေးတွေကတော့ အခုထိ ကျန်းမာရေးကောင်းကြပါတယ်။ ဧပြီ ၂ရက်နေ့မှာတက်တာဆိုတော့ ၁၀ရက်နေ့လောက်မှာတော့ သူတို့ကို ပြန်ပြီးတစ်ခါထပ်စစ်ဖို့ရှိတယ်။ ၃ယောက်လုံးတကယ်လို့ နဂ္ဂတစ်ဖြစ်တယ်ဆိုရင်တော့ ၂ရက်ခြားပြီးထပ်စစ်မှာပေါ့။ မန္တလေးကလူနာလိုပေါ့။ အဲလိုအခြေအနေမျိုးရအောင်စောင့်ရမှာပေါ့''လု့ိ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဖြစ်သူ ဒေါက်တာအေးငြိမ်းကရှင်းပြပါတယ်။

ပြည်ဆေးရုံမှာတက်ရောက်ကုသနေတဲ့ မိသားစုဝင် ၃ဦးလုံးကျန်းမာရေးကောင်းမွန်နေပေမယ့် မိခင်ဖြစ်သူ လူနာ အမှတ် ၁၅ ဟာကျန်းမာရေးအခြေအနေမသက်သာသေးတဲ့အတွက် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာပဲ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်တွေအရသိရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၂ဦးနဲ့ သေဆုံးသူ ၃ ဦးရှိလာပြီဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52198361
ဇနီးသည္ကတဆင့္ကူးစက္ခံရတဲ့ COVID-19 လူနာအမွတ္ ၁၇ ေပါက္ေခါင္းၿမိဳ႕နယ္ဒုအုပ္ခ်ဳပ္ေရးမႉးေသဆုံ ဇနီးသည္ကတဆင့္ကူးစက္ခံရတဲ့ COVID-19 လူနာအမွတ္ ၁၇ ေပါက္ေခါင္းၿမိဳ႕နယ္ဒုအုပ္ခ်ဳပ္ေရးမႉးေသဆုံ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.