ဧၿပီလအတြက္ လွ်ပ္စစ္မီတာခ ေလွ်ာ့ခ်ေပးမႈကို တနသၤာရီေဒသခံတို႔လည္း ရရွိလို


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္တဲ့ကာလ အလုပ္အကိုင္ပ်က္ၿပီး ဝင္ေငြထိခိုက္တဲ့ အေျခအေနေၾကာင့္ အစိုးရက ဧၿပီလအတြင္း ဓာတ္အားသုံးစြဲမႈ ယူနစ္ ၁၅၀ ကို အခမဲ့ သုံးခြင့္ျပဳေၾကာင္း ေၾကညာရာမွာ ပုဂၢလိက လွ်ပ္စစ္ဓာတ္ အားကိုသာ အားကိုးေနရတဲ့ တနသၤာရီတိုင္း ၿမိဳ႕နယ္အမ်ားအျပားကေတာ့ ဒီအခြင့္အေရးရဖို႔ မေသခ်ာဘူးလို႔ ေျပာၾကပါတယ္။

တနသၤာရီတိုင္းက ထားဝယ္၊ ၿမိတ္၊ ေကာ့ေသာင္း စတဲ့ၿမိဳ႕ေတြမွာ ပုဂၢလိကကုမၸဏီေတြ ဝန္ေဆာင္မႈေပးတဲ့ လွ်ပ္စစ္ဓာတ္အားကိုပဲ ေဈးႀကီးႀကီးေပးၿပီး သုံးစြဲေနရတာေၾကာင့္ တနသၤာရီတိုင္းအတြင္းက ျပည္သူေတြ အတြက္လည္း ပါဝင္ေစခ်င္ေနၾကတာျဖစ္ပါတယ္။

ထားဝယ္ခ႐ိုင္မွာ ဓာတ္အားခ တစ္ယူနစ္ကို က်ပ္ ၃၀၀ ဝန္းက်င္၊  ၿမိတ္နဲ႔ ေကာ့ေသာင္း ခ႐ိုင္ေတြမွာ တစ္ယူနစ္ကို က်ပ္ေလးရာေက်ာ္ ေပးသြင္းၿပီး သုံးစြဲေနရတာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္၊ ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ျပည္သူေတြ၊ ဘာသာေရး အဖြဲ႕အစည္းေတြနဲ႔ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းေတြအတြက္ ဒီလအတြင္း အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓာတ္ အားသုံးစြဲမႈ ၁၅၀ ယူနစ္ေအာက္ကို အခမဲ့ေပးသြားမယ္လို႔ ဧၿပီလ ၆ ရက္ေန႔ ညေနပိုင္းမွာ ေၾကညာထားပါတယ္။

ဒီထုတ္ျပန္ခ်က္ဟာ ပုဂၢလိကလွ်ပ္စစ္မီးကို သုံးစြဲေနရတဲ့ ျမန္မာျပည္ေတာင္းပိုင္းအတြက္လည္း အက်ဳံးဝင္သင့္ တယ္လို႔ ထားဝယ္ၿမိဳ႕ခံ ဦးသန္းဝင္းက ေျပာပါတယ္။

“အဲဒီထုတ္ျပန္ခ်က္ကို ႀကိဳဆိုရမွာပဲ။ ကြၽန္ေတာ္တို႔ တနသၤာရီတိုင္းအတြက္ဆိုရင္ ဒါဟာ ေမွ်ာ္လင့္စရာမရွိဘူး။ ဘာလို႔လဲဆိုေတာ့ ပုဂၢလိကက ေပးေနတာျဖစ္လို႔။ တကယ္တမ္းက်ေတာ့ အဲဒီထုတ္ျပန္ခ်က္က တစ္ႏိုင္လုံး ထုတ္ျပန္လိုက္တာေလ။ ဒါေပမဲ့ ႏိုင္ငံထဲမွာ လွ်ပ္စစ္ေဈးႀကီးႀကီးေပးသုံးေနရသူေတြကို ကိုယ္ခ်င္းစာေပးဖို႔ ေျပာခ်င္ပါတယ္”

ၿမိတ္ခ႐ိုင္ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္းက ဦးေအာင္ႏိုင္ဦးက တနသၤာရီတိုင္း ေဒသခံေတြလည္း ဒီလိုအခြင့္အေရးမ်ိဳး ရသင့္တယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔လည္း ႏိုင္ငံတစ္ခုရဲ႕ အစိတ္အပိုင္းျဖစ္တဲ့အတြက္ မီတာခ တစ္ယူနစ္ ၁၅၀ ေအာက္ အားလုံး အခမဲ့ေပးမယ္ဆိုတဲ့ အခြင့္အေရးမ်ိဳးကို ကြၽန္ေတာ္တို႔လည္း လိုခ်င္ပါတယ္။ တနသၤာရီတိုင္းမွာ အဲဒီလို ခံစားခြင့္ရဖို႔က မေသခ်ာဘူး။ ဒါေပမဲ့ အစိုးရအေနနဲ႔ အေကာင္းဆုံး ေစ့စပ္ညႇိႏႈိင္းေဆြးေႏြးေပးႏိုင္ၿပီးေတာ့ ေက်ာ္လႊားႏိုင္ရင္ တိုင္းေဒသႀကီးအစိုးရကို ဂုဏ္ယူေၾကာင္း ျပည္သူတစ္ေယာက္အေနနဲ႔ ေျပာမွာပါ”

ပုဂၢလိက မီးလင္းေရးလုပ္ငန္းရွင္ေတြနဲ႔ တိုင္းအစိုးရ ေတြ႕ဆုံညႇိႏႈိင္းၿပီး တုံ႔ျပန္လိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္လို႔ တနသၤာရီတိုင္း လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ေျပာပါတယ္။

“ျပႆနာက ပုဂၢလိက မီးလင္းေရးအစီအစဥ္ေတြျဖစ္တဲ့အခါက်ေတာ့ အစိုးရအေနနဲ႔ ပုဂၢလိက မီးလင္းေရး လုပ္ငန္းေတြနဲ႔ ေတြ႕ဆုံၿပီး မီတာခေလ်ာ့နည္းေရး ျပည္ေထာင္စုနယ္ေျမေတြမွာလို မဟုတ္ေတာင္မွ ေဈးေလွ်ာ့တာ၊ ကုန္က်စရိတ္ကို အစိုးရဘက္က က်ခံတာတို႔ တစ္ခုခု တုံ႔ျပန္လို႔ ရႏိုင္တယ္လို႔ ထင္ပါတယ္။ တုံ႔ျပန္မယ္လို႔လည္း ယုံၾကည္ပါတယ္။ ေလာေလာဆယ္ အေသးစိတ္ကိုေတာ့ မသိေသးဘူး။ ျဖစ္ေအာင္ေတာ့ လႊတ္ေတာ္ အပိုင္းကေနလည္း အစိုးရကို တိုက္တြန္းသြားပါမယ္”

တနသၤာရီတိုင္း လွ်ပ္စစ္ဝန္ႀကီး ဦးေအာင္သူရကေတာ့ ေဒသခံေတြရဲ႕ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး တိတိက်က် တုံ႔ျပန္ဖို႔ အေျခအေန မေပးေသးဘူးလို႔ ေျပာပါတယ္။

“ဒါကိုေတာ့ ေလာေလာဆယ္ မေျပာႏိုင္ေသးဘူး။ ဝန္ႀကီးခ်ဳပ္ ေနျပည္ေတာ္က ျပန္လာမွပဲ ေျပာလို႔ရမွာ။ ေျပာပိုင္ခြင့္လည္း မရွိေသးဘူး။ အဲဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ ဝန္ႀကီးခ်ဳပ္ျပန္လာမွပဲ ကြၽန္ေတာ္တို႔ တစ္ခုခု ထုတ္ျပန္ေပးမယ္”

သဘာဝဓာတ္ေငြ႕ထြက္တဲ့ ကမ္း႐ိုးတမ္းတိုင္းျဖစ္တဲ့ တနသၤာရီတိုင္းေဒသႀကီးဟာ မဟာဓာတ္အားလိုင္း မရရွိေသးဘဲ ျပည္ေထာင္စုအစိုးရကေပးတဲ့ သဘာဝဓာတ္ေငြ႕လည္း ပမာဏ အမ်ားအျပား မရတာေၾကာင့္ ဓာတ္အားလုံေလာက္ျခင္း မရွိပါဘူး။

ပုဂၢလိက ကုမၸဏီေတြရဲ႕ လွ်ပ္စစ္ဓာတ္အား တည္ၿငိမ္မႈ မရွိတာနဲ႔ ရင္ဆိုင္ေနရတဲ့ ထားဝယ္ခ႐ိုင္ေဒသခံေတြဟာ ၿပီးခဲ့တဲ့ႏွစ္ေတြက လွ်ပ္စစ္မီတာခ ေလွ်ာ့ခ်ေရး၊ ဆႏၵျပေတာင္းဆိုခဲ့ပါတယ္။

တနသၤာရီတိုင္းက ၿမိဳ႕အမ်ားအျပားမွာ ပုဂၢလိက မီးလင္းေရးကုမၸဏီေတြက ဂတ္စ္အင္ဂ်င္ေတြနဲ႔ လွ်ပ္စစ္ဓာတ္အား ဝန္ေဆာင္မႈ ေပးေနပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
-----------------------------------------
(Unicode)⤵⤵⤵
ဧပြီလအတွက် လျှပ်စစ်မီတာခ လျှော့ချပေးမှုကို တနင်္သာရီဒေသခံတို့လည်း ရရှိလို

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်တဲ့ကာလ အလုပ်အကိုင်ပျက်ပြီး ဝင်ငွေထိခိုက်တဲ့ အခြေအနေကြောင့် အစိုးရက ဧပြီလအတွင်း ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ ကို အခမဲ့ သုံးခွင့်ပြုကြောင်း ကြေညာရာမှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ် အားကိုသာ အားကိုးနေရတဲ့ တနင်္သာရီတိုင်း မြို့နယ်အများအပြားကတော့ ဒီအခွင့်အရေးရဖို့ မသေချာဘူးလို့ ပြောကြပါတယ်။

တနင်္သာရီတိုင်းက ထားဝယ်၊ မြိတ်၊ ကော့သောင်း စတဲ့မြို့တွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေ ဝန်ဆောင်မှုပေးတဲ့ လျှပ်စစ်ဓာတ်အားကိုပဲ ဈေးကြီးကြီးပေးပြီး သုံးစွဲနေရတာကြောင့် တနင်္သာရီတိုင်းအတွင်းက ပြည်သူတွေ အတွက်လည်း ပါဝင်စေချင်နေကြတာဖြစ်ပါတယ်။

ထားဝယ်ခရိုင်မှာ ဓာတ်အားခ တစ်ယူနစ်ကို ကျပ် ၃၀၀ ဝန်းကျင်၊  မြိတ်နဲ့ ကော့သောင်း ခရိုင်တွေမှာ တစ်ယူနစ်ကို ကျပ်လေးရာကျော် ပေးသွင်းပြီး သုံးစွဲနေရတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြည်သူတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက် ဒီလအတွင်း အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ် အားသုံးစွဲမှု ၁၅၀ ယူနစ်အောက်ကို အခမဲ့ပေးသွားမယ်လို့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှာ ကြေညာထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ပုဂ္ဂလိကလျှပ်စစ်မီးကို သုံးစွဲနေရတဲ့ မြန်မာပြည်တောင်းပိုင်းအတွက်လည်း အကျုံးဝင်သင့် တယ်လို့ ထားဝယ်မြို့ခံ ဦးသန်းဝင်းက ပြောပါတယ်။

“အဲဒီထုတ်ပြန်ချက်ကို ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ တနင်္သာရီတိုင်းအတွက်ဆိုရင် ဒါဟာ မျှော်လင့်စရာမရှိဘူး။ ဘာလို့လဲဆိုတော့ ပုဂ္ဂလိကက ပေးနေတာဖြစ်လို့။ တကယ်တမ်းကျတော့ အဲဒီထုတ်ပြန်ချက်က တစ်နိုင်လုံး ထုတ်ပြန်လိုက်တာလေ။ ဒါပေမဲ့ နိုင်ငံထဲမှာ လျှပ်စစ်ဈေးကြီးကြီးပေးသုံးနေရသူတွေကို ကိုယ်ချင်းစာပေးဖို့ ပြောချင်ပါတယ်”

မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးအောင်နိုင်ဦးက တနင်္သာရီတိုင်း ဒေသခံတွေလည်း ဒီလိုအခွင့်အရေးမျိုး ရသင့်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လည်း နိုင်ငံတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် မီတာခ တစ်ယူနစ် ၁၅၀ အောက် အားလုံး အခမဲ့ပေးမယ်ဆိုတဲ့ အခွင့်အရေးမျိုးကို ကျွန်တော်တို့လည်း လိုချင်ပါတယ်။ တနင်္သာရီတိုင်းမှာ အဲဒီလို ခံစားခွင့်ရဖို့က မသေချာဘူး။ ဒါပေမဲ့ အစိုးရအနေနဲ့ အကောင်းဆုံး စေ့စပ်ညှိနှိုင်းဆွေးနွေးပေးနိုင်ပြီးတော့ ကျော်လွှားနိုင်ရင် တိုင်းဒေသကြီးအစိုးရကို ဂုဏ်ယူကြောင်း ပြည်သူတစ်ယောက်အနေနဲ့ ပြောမှာပါ”

ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းရှင်တွေနဲ့ တိုင်းအစိုးရ တွေ့ဆုံညှိနှိုင်းပြီး တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

“ပြဿနာက ပုဂ္ဂလိက မီးလင်းရေးအစီအစဉ်တွေဖြစ်တဲ့အခါကျတော့ အစိုးရအနေနဲ့ ပုဂ္ဂလိက မီးလင်းရေး လုပ်ငန်းတွေနဲ့ တွေ့ဆုံပြီး မီတာခလျော့နည်းရေး ပြည်ထောင်စုနယ်မြေတွေမှာလို မဟုတ်တောင်မှ ဈေးလျှော့တာ၊ ကုန်ကျစရိတ်ကို အစိုးရဘက်က ကျခံတာတို့ တစ်ခုခု တုံ့ပြန်လို့ ရနိုင်တယ်လို့ ထင်ပါတယ်။ တုံ့ပြန်မယ်လို့လည်း ယုံကြည်ပါတယ်။ လောလောဆယ် အသေးစိတ်ကိုတော့ မသိသေးဘူး။ ဖြစ်အောင်တော့ လွှတ်တော် အပိုင်းကနေလည်း အစိုးရကို တိုက်တွန်းသွားပါမယ်”

တနင်္သာရီတိုင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရကတော့ ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တိတိကျကျ တုံ့ပြန်ဖို့ အခြေအနေ မပေးသေးဘူးလို့ ပြောပါတယ်။

“ဒါကိုတော့ လောလောဆယ် မပြောနိုင်သေးဘူး။ ဝန်ကြီးချုပ် နေပြည်တော်က ပြန်လာမှပဲ ပြောလို့ရမှာ။ ပြောပိုင်ခွင့်လည်း မရှိသေးဘူး။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်ပြန်လာမှပဲ ကျွန်တော်တို့ တစ်ခုခု ထုတ်ပြန်ပေးမယ်”

သဘာဝဓာတ်ငွေ့ထွက်တဲ့ ကမ်းရိုးတမ်းတိုင်းဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီးဟာ မဟာဓာတ်အားလိုင်း မရရှိသေးဘဲ ပြည်ထောင်စုအစိုးရကပေးတဲ့ သဘာဝဓာတ်ငွေ့လည်း ပမာဏ အများအပြား မရတာကြောင့် ဓာတ်အားလုံလောက်ခြင်း မရှိပါဘူး။

ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ လျှပ်စစ်ဓာတ်အား တည်ငြိမ်မှု မရှိတာနဲ့ ရင်ဆိုင်နေရတဲ့ ထားဝယ်ခရိုင်ဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ်တွေက လျှပ်စစ်မီတာခ လျှော့ချရေး၊ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တနင်္သာရီတိုင်းက မြို့အများအပြားမှာ ပုဂ္ဂလိက မီးလင်းရေးကုမ္ပဏီတွေက ဂတ်စ်အင်ဂျင်တွေနဲ့ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှု ပေးနေပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/news/electric-meter-bill-04082020041907.html
ဧၿပီလအတြက္ လွ်ပ္စစ္မီတာခ ေလွ်ာ့ခ်ေပးမႈကို တနသၤာရီေဒသခံတို႔လည္း ရရွိလို ဧၿပီလအတြက္ လွ်ပ္စစ္မီတာခ ေလွ်ာ့ခ်ေပးမႈကို တနသၤာရီေဒသခံတို႔လည္း ရရွိလို Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.