ျမန္မာက ကန္ႏုိင္ငံသားေတြ ေဒသႏၲရၫႊန္ၾကားခ်က္ လိုက္နာဖို႔ သံ႐ံုး ႏိႈးေဆာ္

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ေတြ႔ရတဲ့ ႏိုင္ငံျခားသားတခ်ိဳ႕ (ဇန္န၀ါရီ ၃၁၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ႏွစ္သစ္ကူးသႀကၤန္႐ံုး ပိတ္ရက္နဲ႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရရဲ႕ အိမ္မွာေနၾကဖို႔ ၫႊန္ၾကားခ်က္အရ ဧၿပီလ ၁၀ ကေန ဧၿပီ ၁၉ ရက္ေန႔အထိ အေမရိကန္သံ႐ံုးကို ပိတ္ထားမယ္လို႔ ရန္ကုန္အေမရိကန္သံ႐ံုးက အသိေပးခ်က္ ထုတ္ျပန္ပါတယ္။

ဧၿပီ ၁၀ ရက္ကေန ၁၉ ရက္အတြင္း ျမန္မာႏိုင္ငံထဲမွာ ႐ွိေနတဲ့ အစားေသာက္နဲ႔ ေဆးဝါးဝယ္ဖုိ႔ကလဲြလို႔ ျပည္သူေတြကို အိမ္ျပင္မထြက္ၾကဖို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ၫႊန္ၾကားခ်က္ထုတ္ျပန္ထားတယ္လို႔ အေမရိကန္ႏိုင္ငံသားေတြအတြက္ ထုတ္ျပန္တဲ့ သံ႐ံုးေၾကညာခ်က္မွာ အသိေပးထားပါတယ္။

သံ႐ံုးထုတ္ျပန္ခ်က္က ရည္ၫႊန္းထားတဲ့ ရန္ကုန္တိုင္းေဒသႀကီးအစိုးရရဲ႕ ၫႊန္ၾကားခ်က္ဆိုတာကိုေတာ့ အမ်ားျပည္သူ သိရွိေအာင္ ထုတ္ျပန္တာ မဟုတ္ဘဲ သက္ဆိုင္ရာ ၿမိဳ႕နယ္၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးပိုင္းေတြဆီ ေပးပို႔တဲ့ ၫႊန္ၾကားခ်က္တခုကပဲ ဆိုရွယ္မီဒီယာေတြေပၚမွာ ျပန္႔ေနတာပါ။

အိမ္ျပင္မထြက္ၾကဖို႔ ဆိုတာကလည္း ပန္ၾကားခ်က္သေဘာပဲျဖစ္ၿပီး အမိန္႔ထုတ္ျပန္ တာမဟုတ္တာေၾကာင့္ တဦးခ်င္းအေနနဲ႔ အိမ္ျပင္ထြက္သြားလာတာမ်ဳိးေတြကို အေရးယူမယ့္ဆိုတဲ့သေဘာမ်ဳိး မပါပါဘူး။ ဒါေပမဲ့လည္း ၿမိဳ႕နယ္အလိုက္မွာ ရပ္ကြက္ေတြထဲ လိုက္ၿပီးေၾကညာတာမွာေတာ့ လူစုလူေဝး ပြဲလမ္းသဘင္ေတြမလုပ္ဖို႔ တားျမစ္ထားသလို တဦးခ်င္း မလိုအပ္ဘဲအျပင္မထြက္ဖို႔လည္း ပန္ၾကားထားပါတယ္။

တားျမစ္ခ်က္ကို ခ်ဳိးေဖာက္တယ္ဆိုရင္ ေဒသႏၲရဥပေဒအရ အေရးယူမယ္လို႔ ရပ္ကြက္ေတြထဲ လိုက္ေၾကညာတဲ့အခါ ေျပာထားပါတယ္။

အေမရိကန္သံ႐ံုး ထုတ္ျပန္ခ်က္ထဲမွာေတာ့ ရပ္ကြက္၊ ၿမိဳ႕နယ္ အဆင့္အထိ အပါအဝင္ ျမန္မာႏိုင္ငံတဝန္းက ျပည္နယ္နဲ႔တိုင္းေတြမွာလည္း COVID-19 ကပ္ေရာဂါပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ဖုိ႔ သက္ဆိုင္ရာေဒသအလိုက္ အသြားအလာ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ေနတယ္လို႔ အသိေပးပါတယ္။

သက္ဆိုင္ရာ ေဒသရဲ႕ ထုတ္ျပန္ခ်က္ ၫႊန္ၾကားခ်က္ေတြ သိရဖို႔ ကိုယ္ေနတဲ့ ဟုိတယ္၊ အိမ္ငွား၊ ရပ္ကြက္၊ ၿမိဳ႕နယ္ အာဏာပိုင္ေတြကို ဆက္သြယ္ေမးဖို႔လည္း အႀကံျပဳထားပါတယ္။

ျမန္မာႏိုင္ငံကေန ထြက္ခြာလိုတဲ့ အေမရိကန္ႏိုင္ငံသားေတြ ျပန္ႏိုင္ဖုိ႔ စီစဥ္ေပးတဲ့ ေလယာဥ္ခရီးစဥ္ေတြမွာ ခံုေနရာေတြ ႐ွိေနေသးတဲ့အတြက္ အဲဒီေလေၾကာင္းလိုင္းေတြနဲ႔ တိုက္႐ိုက္ဆက္သြယ္ၾကဖို႔လည္း အေလးအနက္ တိုက္တြန္းပါတယ္။

ျမန္မာႏိုင္ငံကေန ျပန္လိုတဲ့ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ ေလာေလာဆယ္ ေတာင္ကိုရီးယားႏိုင္ငံ Seoul ၿမိဳ႕ေတာ္နဲ႔ ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕ေတာ္ေတြမွာ တေထာက္နားတဲ့ ေလယာဥ္ခရီးစဥ္ေတြနဲ႔ သြားသင့္တယ္လို႔လည္း အေမရိကန္သံ႐ံုးထုတ္ျပန္ခ်က္မွာ အႀကံျပဳထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------

[Unicode Version]

မြန်မာက ကန်နိုင်ငံသားတွေ ဒေသန္တရညွှန်ကြားချက် လိုက်နာဖို့ သံရုံး နှိုးဆော်

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးသင်္ကြန်ရုံး ပိတ်ရက်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အိမ်မှာနေကြဖို့ ညွှန်ကြားချက်အရ ဧပြီလ ၁၀ ကနေ ဧပြီ ၁၉ ရက်နေ့အထိ အမေရိကန်သံရုံးကို ပိတ်ထားမယ်လို့ ရန်ကုန်အမေရိကန်သံရုံးက အသိပေးချက် ထုတ်ပြန်ပါတယ်။

ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အစားသောက်နဲ့ ဆေးဝါးဝယ်ဖို့ကလွဲလို့ ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ အမေရိကန်နိုင်ငံသားတွေအတွက် ထုတ်ပြန်တဲ့ သံရုံးကြေညာချက်မှာ အသိပေးထားပါတယ်။

သံရုံးထုတ်ပြန်ချက်က ရည်ညွှန်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်ဆိုတာကိုတော့ အများပြည်သူ သိရှိအောင် ထုတ်ပြန်တာ မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းတွေဆီ ပေးပို့တဲ့ ညွှန်ကြားချက်တခုကပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန့်နေတာပါ။

အိမ်ပြင်မထွက်ကြဖို့ ဆိုတာကလည်း ပန်ကြားချက်သဘောပဲဖြစ်ပြီး အမိန့်ထုတ်ပြန် တာမဟုတ်တာကြောင့် တဦးချင်းအနေနဲ့ အိမ်ပြင်ထွက်သွားလာတာမျိုးတွေကို အရေးယူမယ့်ဆိုတဲ့သဘောမျိုး မပါပါဘူး။ ဒါပေမဲ့လည်း မြို့နယ်အလိုက်မှာ ရပ်ကွက်တွေထဲ လိုက်ပြီးကြေညာတာမှာတော့ လူစုလူဝေး ပွဲလမ်းသဘင်တွေမလုပ်ဖို့ တားမြစ်ထားသလို တဦးချင်း မလိုအပ်ဘဲအပြင်မထွက်ဖို့လည်း ပန်ကြားထားပါတယ်။

တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုရင် ဒေသန္တရဥပဒေအရ အရေးယူမယ်လို့ ရပ်ကွက်တွေထဲ လိုက်ကြေညာတဲ့အခါ ပြောထားပါတယ်။

အမေရိကန်သံရုံး ထုတ်ပြန်ချက်ထဲမှာတော့ ရပ်ကွက်၊ မြို့နယ် အဆင့်အထိ အပါအဝင် မြန်မာနိုင်ငံတဝန်းက ပြည်နယ်နဲ့တိုင်းတွေမှာလည်း COVID-19 ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ဖို့ သက်ဆိုင်ရာဒေသအလိုက် အသွားအလာ ကန့်သတ်ချက်တွေ ထုတ်ပြန်နေတယ်လို့ အသိပေးပါတယ်။

သက်ဆိုင်ရာ ဒေသရဲ့ ထုတ်ပြန်ချက် ညွှန်ကြားချက်တွေ သိရဖို့ ကိုယ်နေတဲ့ ဟိုတယ်၊ အိမ်ငှား၊ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေကို ဆက်သွယ်မေးဖို့လည်း အကြံပြုထားပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ခွာလိုတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်နိုင်ဖို့ စီစဉ်ပေးတဲ့ လေယာဉ်ခရီးစဉ်တွေမှာ ခုံနေရာတွေ ရှိနေသေးတဲ့အတွက် အဲဒီလေကြောင်းလိုင်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်ကြဖို့လည်း အလေးအနက် တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံကနေ ပြန်လိုတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လောလောဆယ် တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်နဲ့ ဂျပန်နိုင်ငံ Tokyo မြို့တော်တွေမှာ တထောက်နားတဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ သွားသင့်တယ်လို့လည်း အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanamr-us-embassy/5365780.html
ျမန္မာက ကန္ႏုိင္ငံသားေတြ ေဒသႏၲရၫႊန္ၾကားခ်က္ လိုက္နာဖို႔ သံ႐ံုး ႏိႈးေဆာ္ ျမန္မာက ကန္ႏုိင္ငံသားေတြ ေဒသႏၲရၫႊန္ၾကားခ်က္ လိုက္နာဖို႔ သံ႐ံုး ႏိႈးေဆာ္ Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.