မင္းရာဇာနဲ႔ ဇနီးျဖစ္သူဖမ္းမိထားေၾကာင္း DKBA က အတည္ျပဳ


(Zawgyi)⤵⤵⤵
အိမ္အကူအမ်ိဳးသမီးငယ္တစ္ဉီးကို အက္ဆစ္နဲ႔ပက္တာ၊ ဓားနဲ႔ထိုးတာ၊ တူနဲ႔႐ိုက္တာစတဲ့ ကိုယ္ထိလက္ေရာက္ ေစာ္ကားမႈေတြ လုပ္ခဲ့တယ္ဆိုၿပီး အမႈဖြင့္ခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာနဲ႔ ဇနီးျဖစ္သူတို႔ကို ျမဝတီၿမိဳ႕နယ္ ေက်ာက္ခက္ ေက်း႐ြာမွာ ဧၿပီလ ၉ ရက္ေန႔ညက ဖမ္းမိတယ္လို႔ DABK ႐ုံးက ဆက္သြယ္ေရးတာဝန္ခံ ဗိုလ္ႀကီးေစာေက်ာ္သန္းေဌးက ဘီဘီစီကိုေျပာပါတယ္။

"အခုဖမ္းထားတာက မင္းရာဇာရယ္၊ သူ႔မိန္းမရယ္၊ သူ႔တပည့္ရယ္ ပါ "လို႔လည္း သူကေျပာပါတယ္။

သူတို႔ကို ျမ၀တီ ရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြဆီကို တရားဝင္ လႊဲေျပာင္း ေပးအပ္ဖို႔ ေဆာင္႐ႊက္ေနၿပီး မၾကာမီ လႊဲေျပာင္းေပးဖို႔ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္းရာဇာ၊သူ႔အမ်ိဳးသမီးနဲ႔ ေယာကၡမတို႔ဟာ အိမ္အကူ အမ်ိဳးသမီးငယ္ကို ကိုယ္ထိလက္ေရာက္ ေစာ္ကားမႈေတြ လုပ္ခဲ့တယ္ဆိုၿပီး ေ႐ႊပါက္ကံၿမိဳနယ္ ရဲစခန္းမွာ အမႈဖြင့္ခံထားခဲ့ရပါတယ္။

အိမ္အကူ အမ်ိဳးသမီးငယ္ဟာ အသက္မျပည့္ေသးသူျဖစ္သလို အိမ္ရွင္ သ႐ုပ္ေဆာင္မင္းရာဇာ က လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့တာေတြရွိတယ္ ဆိုၿပီး ေတာ့လည္း မိန္းကေလးရဲ႕ မိသားစုဝင္ေတြက ဘီဘီစီကို ေျပာပါတယ္။

လက္ရွိ အခ်ိန္မွာ အဲ့ဒီ့အမ်ိဳးသမီးငယ္ဟာ လိင္အဂၤါမွာ ထိခိုက္မႈ အျပင္းအထန္ ခံေနရၿပီး ေျမာက္ဥကၠလာပေဆး႐ုံမွာ တင္ထားရပါတယ္။

အဲ့ဒီေနာက္မွာ စြပ္စြဲခံထားရတဲ့ သ႐ုပ္ေဆာင္မင္းရာဇာနဲ႔ ဇနီး ျဖစ္သူတို႔ဟာ တိမ္းေရွာင္ေနခဲ့တာလည္းျဖစ္ပါတယ္။

ေ႐ႊေပါကၠံရဲစခန္းက ဒီအမႈနဲ႔ပတ္သက္ၿပီး တာေမြၿမိဳ႕နယ္၊ေက်ာက္ေျမာင္းရပ္ကြက္၊ေဇာတိကလမ္းေန ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းရာဇာ၊ ဇနီးျဖစ္သူ မဖူးငုံပြင့္၊နဲ႔ ဦးေမာင္ေမာင္ေအးတို႔ကို ပုဒ္မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို႔နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ ရဲတပ္ဖြဲ႕မွတ္တမ္းေတြအရ သိရပါတယ္။

BBC Burmese
----------------------------------------------
(Unicode)⤵⤵⤵

မင်းရာဇာနဲ့ ဇနီးဖြစ်သူဖမ်းမိထားကြောင်း DKBA က အတည်ပြု

အိမ်အကူအမျိုးသမီးငယ်တစ်ဉီးကို အက်ဆစ်နဲ့ပက်တာ၊ ဓားနဲ့ထိုးတာ၊ တူနဲ့ရိုက်တာစတဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုပြီး အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့ကို မြဝတီမြို့နယ် ကျောက်ခက် ကျေးရွာမှာ ဧပြီလ ၉ ရက်နေ့ညက ဖမ်းမိတယ်လို့ DABK ရုံးက ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်ကြီးစောကျော်သန်းဌေးက ဘီဘီစီကိုပြောပါတယ်။

"အခုဖမ်းထားတာက မင်းရာဇာရယ်၊ သူ့မိန်းမရယ်၊ သူ့တပည့်ရယ် ပါ "လို့လည်း သူကပြောပါတယ်။

သူတို့ကို မြဝတီ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဆီကို တရားဝင် လွှဲပြောင်း ပေးအပ်ဖို့ ဆောင်ရွှက်နေပြီး မကြာမီ လွှဲပြောင်းပေးဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ၊သူ့အမျိုးသမီးနဲ့ ယောက္ခမတို့ဟာ အိမ်အကူ အမျိုးသမီးငယ်ကို ကိုယ်ထိလက်ရောက် စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ရွှေပါက်ကံမြိုနယ် ရဲစခန်းမှာ အမှုဖွင့်ခံထားခဲ့ရပါတယ်။

အိမ်အကူ အမျိုးသမီးငယ်ဟာ အသက်မပြည့်သေးသူဖြစ်သလို အိမ်ရှင် သရုပ်ဆောင်မင်းရာဇာ က လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တာတွေရှိတယ် ဆိုပြီး တော့လည်း မိန်းကလေးရဲ့ မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အချိန်မှာ အဲ့ဒီ့အမျိုးသမီးငယ်ဟာ လိင်အင်္ဂါမှာ ထိခိုက်မှု အပြင်းအထန် ခံနေရပြီး မြောက်ဥက္ကလာပဆေးရုံမှာ တင်ထားရပါတယ်။

အဲ့ဒီနောက်မှာ စွပ်စွဲခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီး ဖြစ်သူတို့ဟာ တိမ်းရှောင်နေခဲ့တာလည်းဖြစ်ပါတယ်။

ရွှေပေါက္ကံရဲစခန်းက ဒီအမှုနဲ့ပတ်သက်ပြီး တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဇောတိကလမ်းနေ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်၊နဲ့ ဦးမောင်မောင်အေးတို့ကို ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52232303
မင္းရာဇာနဲ႔ ဇနီးျဖစ္သူဖမ္းမိထားေၾကာင္း DKBA က အတည္ျပဳ မင္းရာဇာနဲ႔ ဇနီးျဖစ္သူဖမ္းမိထားေၾကာင္း DKBA က အတည္ျပဳ Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.