ကို႐ိုနာေၾကာင့္ ျဖစ္တဲ့ လူမႈေရး ျပႆနာေတြ

ဗဟန္းၿမိဳ႕နယ္ ေက်ာက္ေရတြင္းလမ္း ဝင္ထြက္သြားလာခြင့္ပိတ္ထား
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းပ္စ္ကူးစက္မႈေၾကာင့္ ျဖစ္တဲ့ လူမႈေရး ျပႆနာေတြ ျမန္မာႏိုင္ငံအတြင္းမွာ အခုရက္ပိုင္း စတင္ေတြ႕ႀကဳံလာရၿပီ ျဖစ္ပါ တယ္။

ဧၿပီလ၆ရက္ မြန္းလြဲပိုင္းက ရာအိမ္မႉးတစ္ဦးဟာ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္မွာကိုဗစ္-၁၉နဲ႔ ပတ္သက္ၿပီး တည္းခိုခန္းတစ္ခုကို သြားေရာက္ စစ္ေဆးခဲ့ပါတယ္။

အဲဒီေနာက္ စစ္ေဆးခဲ့တဲ့ ရာအိမ္မႉး ရဲ႕ ေနအိမ္ကို လူ ၃၀ ခန္႔ က ေရာက္လာ ၾကၿပီးဓားနဲ႔ဝိုင္း ခုတ္လို႔ တစ္ဦးေသဆုံးၿပီး ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

ဒါ့အျပင္ ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္ နတ္သံကြင္းေက်း႐ြာ အထက္တန္းေက်ာင္းကိုဗစ္-၁၉ ေစာင့္ၾကည့္ေရးစခန္းမွာလည္း ဧၿပီလ၆ ရက္ မြန္းလြဲပိုင္းက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းလြင္ (၅၄ ႏွစ္) နဲ႔ ေက်ာက္ႀကီးၿမိဳ႕နယ္မဲဆႏၵနယ္က ပဲခူးတိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဆန္းဦး (၅၀ ႏွစ္)တို႔ စကားမ်ားရန္ျဖစ္ရာကေန ဦးတင္ဆန္းဦးက တုတ္နဲ႔ ႐ိုက္လို႔ ဦးသန္းလြင္ ဦးေခါင္း‌ေပါက္ၿပဲဖူးေယာင္ဒဏ္ရာေတြရရွိ ခဲ့တယ္လို႔ ‌ရဲမွတ္တမ္းေတြအရ သိရပါတယ္။

ရန္ကုန္တိုင္း ေဒသႀကီးလႈိင္သာယာၿမိဳ႕နယ္ က စတိုးဆိုင္တစ္ခု မွာလည္း မ်က္ႏွာဖုံးစြပ္ထားသူေတြက ဝင္ေရာက္ လုယက္မႈေတြျဖစ္ပြားခဲ့ပါေသးတယ္။

လူဦးေရ ၈ သန္းေက်ာ္ေနထိုင္တဲ့ ရန္ကုန္မွာေတာ့ အစိုးရဖြဲ႕ ထားတဲ့ ၿမိဳ႕နယ္ အလိုက္ နဲ႔ ကိုဗစ္-၁၉ ကာကြယ္ ေရးေကာ္မတီေတြနဲ႔ ပူးတြဲေစာင့္ၾကည့္ၿပီး ဒီျပႆနာေတြ ေလ်ာ့က်လာေအာင္ လုပ္ဖို႔ ဧၿပီလ ၆ ရက္ေန႔က ေတြ႕ဆုံ ေဆြးေႏြးခဲ့တယ္လို႔ Synergy ဆိုတဲ့ လူမႈ သဟဇာတ ေဖာ္ေဆာင္ေရး အဖြဲ႕ကို တည္ေထာင္ လႈပ္ရွားသူ ကိုသက္ေဆြဝင္း က ဘီဘီစီကိုေျပာပါတယ္။
ရန္ကုန္ ၁၀၁ လမ္းလူနာရွင္အိမ္ကို စစ္ေဆးစဥ္
မႏၲေလးနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးေတြမွာ ဧၿပီ ၇ ရက္ ကစၿပီး အသြားအလာကန္႔သတ္လိုက္ၿပီးေတာ့ ရန္ကုန္မွာေတာ့ ဧၿပီ ၁၀ ရက္ေန႔က စမွာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး အသြားအလာကန႔္သတ္ထားတဲ့ သၾကၤန္ကာလ ႐ုံးပိတ္ရက္ရွည္ေတြအတြင္း ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို ဆန္၊ ဆီ အပါအဝင္ စားေသာက္ကုန္ငါးမ်ိဳး ေထာက္ပံ့မယ္လို႔ အစိုးရက ဧၿပီ ၅ ရက္ေန႔က သတင္းထုတ္ျပန္ပါတယ္။

ဝင္ေငြနည္းအိမ္ေထာင္စုေတြကို တစ္အိမ္ေထာင္ ဆန္ ၈ ျပည္၊ ဆီနဲ႔ ဆား ငါးဆယ္သား၊ ပဲ တစ္ပိႆာ၊ ၾကက္သြန္ တစ္ပိႆာတို႔ကို ဧၿပီ ၁၀ ရက္က စတင္ၿပီး အခမဲ့ ျဖန႔္ျဖဴးေထာက္ပံ့မယ္လို႔ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္တာဝန္ယူထားတဲ့ ကိုဗစ္၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အစိုးရက အခုလို လူထုကို စားစရာေထာက္ပံ့တာ ေကာင္းတဲ့ အစီစဥ္ ျဖစ္ေပမယ့္ လူမႈေရး ျပႆနာေတြကိုပါ စဥ္းစားဖို႔လို သလို ဒီ လူမႈေရး ျပႆနာေတြဟာ လုံၿခဳံေရး အျမင္တစ္ခုတည္းနဲ႔ ေျဖရွင္းလို႔ မရႏိုင္ဘူးလို႔ လည္း ကို သက္ေဆြဝင္းက ေျပာပါတယ္။
နတ္သံကြင္းေက်း႐ြာအထက္တန္းေက်ာင္း ကိုဗစ္-၁၉ ေစာင့္ၾကည့္ေရးစခန္းမွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အ႐ိုက္ခံရ
ဒီေရာဂါဟာ ျမန္မာႏိုင္ငံတြင္းကို ျပည္ပျပန္လာသူေတြကေန တဆင့္ ပ်ံ႕ႏွံ႔လာတာျဖစ္ၿပီးေတာ့ ျပည္ပက ျပန္လာသူေတြကို ရပ္႐ြာက သံသယနဲ႔ ေစာင့္ၾကည့္တာေတြ ရွိပါတယ္။

"ရန္ကုန္မွာ ႏိုင္ငံျခားျပန္ေတြကို ရပ္ကြက္အုပ္ခ်ဳပ္ေရးေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ မီးသတ္ေတြေရာ လူအုပ္လိုက္ ႀကီး ေဖ့ဘုတ္ ကေနတိုက္႐ိုက္ လႊင့္ၿပီး ဝရမ္းေျပးဖမ္းသလိုေတြ ေတြ႕ရတယ္။ ဒီေတာ့ ႐ုတ္႐ုတ္ သဲသဲ ျဖစ္ကုန္တာေပါ့။ ဒီလို အေျခအေနမွာ ေရာဂါကူးစက္ခံေနရတဲ့သူေတြကို ရပ္႐ြာက ေဖးမကူညီေပးၾကဖို႔အတြက္ အသိေပးေမတၱာရပ္ခံတာမ်ိဳး။ ေရာဂါကူးစက္ေနတယ္လို႔ မိမိကိုယ္ကိုယ္ သံသယရွိလာရင္ ေရွာင္ေျပးမေနဘဲ သက္ဆိုင္ရာ ေဒသႏၲရေဆးခန္းေတြကိုသြားျပခ်င္ေအာင္ အသိေပးတာမ်ိဳး ေရာဂါ positive ျဖစ္တဲ့သူေတြကို အားေပးႏွစ္သိမ့္တာမ်ိဳး စတာေတြကို အစိုးရအစီအစဥ္နဲ႔ ေဆာင္႐ြက္ဖို႔လိုတယ္ "လို႔ ကိုသက္ေဆြဝင္းက ေျပာပါတယ္။

ဒါ့အျပင္ ဧၿပီ ၄ ရက္ ညေနပိုင္းက ႀကိဳ႕ပင္ေကာက္ၿမိဳ႕က တည္းခိုခန္းမန္ေနဂ်ာ အမ်ိဳးသားတစ္ဦးမွာ ကိုဗစ္-၁၉ သံသယရွိတယ္လို႔ သတင္းအရ ရပ္ကြက္တာဝန္ရွိသူေတြ ပါဝင္တဲ့ ပူးေပါင္း အဖြဲ႕ဝင္ေတြက သြားေရာက္စစ္ေဆး ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး လူသတ္မႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ၁၄ ရက္ေစာင့္ၾကည့္တာ မခံခ်င္လို႔ ျပည္ပက ျပန္လာသူတခ်ိဳ႕ ကလည္း ေရွာင္ေျပးတာေတြလည္း ရွိပါတယ္။
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္နဲ႔ အရပ္ဖက္ အဖြဲ႕စည္းေတြေဆြးေႏြး
ဧၿပီ လ ၆ ရက္ေန႔ တုန္းက ႏိုင္ငံေရးအင္အားစုေတြရယ္၊ အရပ္ဘက္အဖြဲ႕အစည္းေတြရယ္ ဆရာဝန္ေတြရယ္ စုေပါင္းထားတဲ့ community response to covid-19 အဖြဲ႕ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္နဲ႔ သုံးနာရီၾကာေလာက္ ေဆြးေႏြးခဲ့ၾကပါတယ္။

အလုပ္သမားအေရး၊ ကြာရန္တင္းစင္တာေတြအေရး၊ ရပ္႐ြာအတြင္းက အေျခအေနေတြ စတာေတြကို ဝိုင္းဝန္းေဆြးေႏြးျဖစ္ၾကတယ္လို႔လည္း တက္ေရာက္ခဲ့သူေတြကေျပာပါတယ္။

လူေတြက စားစရာ မရွိ၊ အလုပ္ ကမရွိ ျဖစ္ေနေတာ့ ေဒါသထြက္ေန ၾကတယ္။ အဲဒီေတာ့ ဒီေရာဂါ ေၾကာင့္ ျဖစ္တာပဲ ဆိုၿပီးေရာဂါ ရွိတဲ့ သူေတြ၊ မိသားစုေတြ အေပၚ ေဒါသက ပုံက်တာေတြျဖစ္လာႏိုင္တယ္ လို႔ အရပ္ ဖက္လူ႔ အဖြဲ႕ စည္းေတြကေျပာပါတယ္။

ဒီျပႆနာဟာ လုံၿခဳံေရးအျမင္နဲ႔ ၾကည့္ရမွာမဟုတ္ဘဲနဲ႔ လူမႈေရးအျမင္နဲ႔ ၾကည့္ရမယ့္ ျပႆနာျဖစ္တာေၾကာင့္ အကယ္၍ outbreak ျဖစ္လာခဲ့မယ္ဆိုရင္ ပဋိပကၡေတြ အနည္းဆုံးျဖစ္ၿပီး ထိန္းသိမ္းႏိုင္ေအာင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြနဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြ ထိေတြ႕ ပူးေပါင္းေဆာင္႐ြက္တာမ်ိဳး၊ လူမႈေရးပဋိပကၡေတြကို ေျဖရွင္းဖို႔အတြက္ ႀကိဳတင္စီစဥ္တာမ်ိဳး လုပ္ေဆာင္ဖို႔လိုတယ္လို႔လည္းကိုသက္ေဆြဝင္း ကေျပာပါတယ္။

ရန္ကုန္မွာ ေတာ့ အသြား အလာ ကန္႔သတ္မႈေတြ စတင္မယ့္ ဧၿပီ ၁၀ ရက္ ေနာက္ပိုင္း အခုလို ျပႆနာေတြ ပိုမ်ားလာႏိုင္ၿပီး ဒါေတြေလ်ာ့နည္းလာေအာင္ အစိုးရက လူေတြကို သတင္းအခ်က္အလက္ေတြ ပိုေပးဖို႔လိုတယ္လို႔လည္း အရပ္ဘက္ လူ႔အဖြဲ႕ စည္းေတြက ေျပာပါတယ္။

ေဒသ အာဏာပိုင္ နဲ႔ ရပ္႐ြာအဖြဲ႕ အစည္းေတြက လိုအပ္တာထက္ပိုၿပီး အလြန္အကြၽံ ကန္႔သတ္မႈေတြ လုပ္လာရင္ေတာ့ အခ်င္းခ်င္းပဋိပကၡေတြ ျဖစ္လာႏိုင္ၿပီး ဒါေတြကို ေလ်ာ့က်လာေအာင္ အစိုးရကထိန္းဖို႔လိုတယ္လို႔လည္း ကိုသက္ေဆြဝင္းက ေျပာပါတယ္။

အိမ္နီးခ်င္းႏိုင္ငံမွာ ျဖစ္ေနတဲ့ ေရာဂါလာၿပီး စစ္ေဆးသူေတြကို လူအုပ္က ႐ိုက္ႏွက္တာေတြဟာ ေအာက္ေျခလူထုက အစိုးရလုပ္ေနတာေတြကို သေဘာမေပါက္လို႔ ျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

အစိုးရက အခုလို ေရာဂါ ထိန္းခ်ဳပ္မႈေတြ အတြက္ ကန္႔သတ္မႈေတြ လုပ္ရ တာကို လူေတြပိုၿပီး သေဘာေပါက္ လက္ခံလာဖို႔ လိုသလို ျပႆနာေတြ မျဖစ္ေအာင္ ေလွ်ာ့ခ်ဖို႔ အတြက္ အရပ္ဘက္ အဖြဲ႕စည္းေတြ ရပ္႐ြာ အေျချပဳအဖြဲ႕ေတြက ပူးေပါင္းဖို႔လိုတယ္လို႔လည္း သူကေျပာပါတယ္။

BBC Burmese
-----------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် ဖြစ်တဲ့ လူမှုရေး ပြဿနာတွေ

ကိုရိုနာဗိုင်းပ်စ်ကူးစက်မှုကြောင့် ဖြစ်တဲ့ လူမှုရေး ပြဿနာတွေ မြန်မာနိုင်ငံအတွင်းမှာ အခုရက်ပိုင်း စတင်တွေ့ကြုံလာရပြီ ဖြစ်ပါ တယ်။

ဧပြီလ၆ရက် မွန်းလွဲပိုင်းက ရာအိမ်မှူးတစ်ဦးဟာ ကြို့ပင်ကောက်မြို့နယ်မှာကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး တည်းခိုခန်းတစ်ခုကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် စစ်ဆေးခဲ့တဲ့ ရာအိမ်မှူး ရဲ့ နေအိမ်ကို လူ ၃၀ ခန့် က ရောက်လာ ကြပြီးဓားနဲ့ဝိုင်း ခုတ်လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာ အထက်တန်းကျောင်းကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းမှာလည်း ဧပြီလ၆ ရက် မွန်းလွဲပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင် (၅၄ နှစ်) နဲ့ ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်က ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး (၅၀ နှစ်)တို့ စကားများရန်ဖြစ်ရာကနေ ဦးတင်ဆန်းဦးက တုတ်နဲ့ ရိုက်လို့ ဦးသန်းလွင် ဦးခေါင်း‌ပေါက်ပြဲဖူးယောင်ဒဏ်ရာတွေရရှိ ခဲ့တယ်လို့ ‌ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးလှိုင်သာယာမြို့နယ် က စတိုးဆိုင်တစ်ခု မှာလည်း မျက်နှာဖုံးစွပ်ထားသူတွေက ဝင်ရောက် လုယက်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

လူဦးရေ ၈ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မှာတော့ အစိုးရဖွဲ့ ထားတဲ့ မြို့နယ် အလိုက် နဲ့ ကိုဗစ်-၁၉ ကာကွယ် ရေးကော်မတီတွေနဲ့ ပူးတွဲစောင့်ကြည့်ပြီး ဒီပြဿနာတွေ လျော့ကျလာအောင် လုပ်ဖို့ ဧပြီလ ၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ Synergy ဆိုတဲ့ လူမှု သဟဇာတ ဖော်ဆောင်ရေး အဖွဲ့ကို တည်ထောင် လှုပ်ရှားသူ ကိုသက်ဆွေဝင်း က ဘီဘီစီကိုပြောပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ဧပြီ ၇ ရက် ကစပြီး အသွားအလာကန့်သတ်လိုက်ပြီးတော့ ရန်ကုန်မှာတော့ ဧပြီ ၁၀ ရက်နေ့က စမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်ထားတဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်တွေအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ငါးမျိုး ထောက်ပံ့မယ်လို့ အစိုးရက ဧပြီ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဝင်ငွေနည်းအိမ်ထောင်စုတွေကို တစ်အိမ်ထောင် ဆန် ၈ ပြည်၊ ဆီနဲ့ ဆား ငါးဆယ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာတို့ကို ဧပြီ ၁၀ ရက်က စတင်ပြီး အခမဲ့ ဖြန့်ဖြူးထောက်ပံ့မယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစိုးရက အခုလို လူထုကို စားစရာထောက်ပံ့တာ ကောင်းတဲ့ အစီစဉ် ဖြစ်ပေမယ့် လူမှုရေး ပြဿနာတွေကိုပါ စဉ်းစားဖို့လို သလို ဒီ လူမှုရေး ပြဿနာတွေဟာ လုံခြုံရေး အမြင်တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ လည်း ကို သက်ဆွေဝင်းက ပြောပါတယ်။

ဒီရောဂါဟာ မြန်မာနိုင်ငံတွင်းကို ပြည်ပပြန်လာသူတွေကနေ တဆင့် ပျံ့နှံ့လာတာဖြစ်ပြီးတော့ ပြည်ပက ပြန်လာသူတွေကို ရပ်ရွာက သံသယနဲ့ စောင့်ကြည့်တာတွေ ရှိပါတယ်။

"ရန်ကုန်မှာ နိုင်ငံခြားပြန်တွေကို ရပ်ကွက်အုပ်ချုပ်ရေးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မီးသတ်တွေရော လူအုပ်လိုက် ကြီး ဖေ့ဘုတ် ကနေတိုက်ရိုက် လွှင့်ပြီး ဝရမ်းပြေးဖမ်းသလိုတွေ တွေ့ရတယ်။ ဒီတော့ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်တာပေါ့။ ဒီလို အခြေအနေမှာ ရောဂါကူးစက်ခံနေရတဲ့သူတွေကို ရပ်ရွာက ဖေးမကူညီပေးကြဖို့အတွက် အသိပေးမေတ္တာရပ်ခံတာမျိုး။ ရောဂါကူးစက်နေတယ်လို့ မိမိကိုယ်ကိုယ် သံသယရှိလာရင် ရှောင်ပြေးမနေဘဲ သက်ဆိုင်ရာ ဒေသန္တရဆေးခန်းတွေကိုသွားပြချင်အောင် အသိပေးတာမျိုး ရောဂါ positive ဖြစ်တဲ့သူတွေကို အားပေးနှစ်သိမ့်တာမျိုး စတာတွေကို အစိုးရအစီအစဉ်နဲ့ ဆောင်ရွက်ဖို့လိုတယ် "လို့ ကိုသက်ဆွေဝင်းက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၄ ရက် ညနေပိုင်းက ကြို့ပင်ကောက်မြို့က တည်းခိုခန်းမန်နေဂျာ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ သံသယရှိတယ်လို့ သတင်းအရ ရပ်ကွက်တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဝင်တွေက သွားရောက်စစ်ဆေး ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၁၄ ရက်စောင့်ကြည့်တာ မခံချင်လို့ ပြည်ပက ပြန်လာသူတချို့ ကလည်း ရှောင်ပြေးတာတွေလည်း ရှိပါတယ်။

ဧပြီ လ ၆ ရက်နေ့ တုန်းက နိုင်ငံရေးအင်အားစုတွေရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ် ဆရာဝန်တွေရယ် စုပေါင်းထားတဲ့ community response to covid-19 အဖွဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ သုံးနာရီကြာလောက် ဆွေးနွေးခဲ့ကြပါတယ်။

အလုပ်သမားအရေး၊ ကွာရန်တင်းစင်တာတွေအရေး၊ ရပ်ရွာအတွင်းက အခြေအနေတွေ စတာတွေကို ဝိုင်းဝန်းဆွေးနွေးဖြစ်ကြတယ်လို့လည်း တက်ရောက်ခဲ့သူတွေကပြောပါတယ်။

လူတွေက စားစရာ မရှိ၊ အလုပ် ကမရှိ ဖြစ်နေတော့ ဒေါသထွက်နေ ကြတယ်။ အဲဒီတော့ ဒီရောဂါ ကြောင့် ဖြစ်တာပဲ ဆိုပြီးရောဂါ ရှိတဲ့ သူတွေ၊ မိသားစုတွေ အပေါ် ဒေါသက ပုံကျတာတွေဖြစ်လာနိုင်တယ် လို့ အရပ် ဖက်လူ့ အဖွဲ့ စည်းတွေကပြောပါတယ်။

ဒီပြဿနာဟာ လုံခြုံရေးအမြင်နဲ့ ကြည့်ရမှာမဟုတ်ဘဲနဲ့ လူမှုရေးအမြင်နဲ့ ကြည့်ရမယ့် ပြဿနာဖြစ်တာကြောင့် အကယ်၍ outbreak ဖြစ်လာခဲ့မယ်ဆိုရင် ပဋိပက္ခတွေ အနည်းဆုံးဖြစ်ပြီး ထိန်းသိမ်းနိုင်အောင် ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ထိတွေ့ ပူးပေါင်းဆောင်ရွက်တာမျိုး၊ လူမှုရေးပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ကြိုတင်စီစဉ်တာမျိုး လုပ်ဆောင်ဖို့လိုတယ်လို့လည်းကိုသက်ဆွေဝင်း ကပြောပါတယ်။

ရန်ကုန်မှာ တော့ အသွား အလာ ကန့်သတ်မှုတွေ စတင်မယ့် ဧပြီ ၁၀ ရက် နောက်ပိုင်း အခုလို ပြဿနာတွေ ပိုများလာနိုင်ပြီး ဒါတွေလျော့နည်းလာအောင် အစိုးရက လူတွေကို သတင်းအချက်အလက်တွေ ပိုပေးဖို့လိုတယ်လို့လည်း အရပ်ဘက် လူ့အဖွဲ့ စည်းတွေက ပြောပါတယ်။

ဒေသ အာဏာပိုင် နဲ့ ရပ်ရွာအဖွဲ့ အစည်းတွေက လိုအပ်တာထက်ပိုပြီး အလွန်အကျွံ ကန့်သတ်မှုတွေ လုပ်လာရင်တော့ အချင်းချင်းပဋိပက္ခတွေ ဖြစ်လာနိုင်ပြီး ဒါတွေကို လျော့ကျလာအောင် အစိုးရကထိန်းဖို့လိုတယ်လို့လည်း ကိုသက်ဆွေဝင်းက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါလာပြီး စစ်ဆေးသူတွေကို လူအုပ်က ရိုက်နှက်တာတွေဟာ အောက်ခြေလူထုက အစိုးရလုပ်နေတာတွေကို သဘောမပေါက်လို့ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အစိုးရက အခုလို ရောဂါ ထိန်းချုပ်မှုတွေ အတွက် ကန့်သတ်မှုတွေ လုပ်ရ တာကို လူတွေပိုပြီး သဘောပေါက် လက်ခံလာဖို့ လိုသလို ပြဿနာတွေ မဖြစ်အောင် လျှော့ချဖို့ အတွက် အရပ်ဘက် အဖွဲ့စည်းတွေ ရပ်ရွာ အခြေပြုအဖွဲ့တွေက ပူးပေါင်းဖို့လိုတယ်လို့လည်း သူကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52202348
ကို႐ိုနာေၾကာင့္ ျဖစ္တဲ့ လူမႈေရး ျပႆနာေတြ ကို႐ိုနာေၾကာင့္ ျဖစ္တဲ့ လူမႈေရး ျပႆနာေတြ Reviewed by THITHTOOLWIN on 04:24 Rating: 5
Powered by Blogger.