ေတာင္တရုတ္ပင္လယ္ျပင္အတြင္း ကန္ နဲ႔ တရုတ္အၾကား စစ္ေရးတင္းမာေန

ေတာင္တရုတ္ပင္လယ္ျပင္မွာ ခုတ္ေမာင္းေနတဲ့ ပဲ့ထိန္ ဒုံးပ်ံ တပ္ဆင္ထားတဲ့ ဖ်က္သေဘၤာ USS BARRY
(Zawgyi/Unicode)

တ႐ုတ္ စစ္သေဘၤာနဲ႔ စစ္ေလယာဥ္ေတြက ေတာင္တ႐ုတ္ ပင္လယ္ထဲ ခုတ္ေမာင္းေနတဲ့ အေမရိကန္ စစ္သဘၤာ တစ္စင္း ေနာက္ကို ေျခရာခံ ေစာင့္ၾကည္ လိုက္ပါၿပီး ေမာင္းထုတ္ပစ္ခဲ့တယ္လို႔ တ႐ုတ္ အာဏာပိုင္ေတြက တ႐ုတ္ လူမႈ မီဒီယာကတစ္ဆင့္ အဂၤါေန႔က ေျပာပါတယ္။

အေမရိကန္ ေရတပ္ တာဝန္ ရွိသူေတြကေတာ့ ပဲ့ထိန္ ဒုံးပ်ံ တပ္ဆင္ထားတဲ့ ဖ်က္သေဘၤာ USS BARRY ဟာ ဗီယက္နမ္ နိုင္ငံ ကမ္းလြန္ ကၽြန္းတန္းေတြအနီး လြတ္လပ္စြာ ေရေၾကာင္း သြားလာေရး စစ္ဆင္ေရး (FONOP) ကို လုပ္ေဆာင္ခဲ့ေၾကာင္း USNI NEWSကို အတည္ျပဳေျပာၾကားထားပါတယ္။

အေမရိကန္ ဘက္က အခုလို ရန္စတဲ့လုပ္ရပ္ဟာ တ႐ုတ္နိုင္ငံရဲ့ အခ်ဳပ္အျခာ အာဏာကို ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္တာ ျဖစ္ၿပီး ေဒသ တြင္း လုံျခဳံေရးကို အႏၲရာယ္ျဖစ္ေစသလို မမွန္းဆနိုင္တဲ့ အျဖစ္ကိုလည္း အလြယ္ေလး ေရာက္သြားေစနိုင္တယ္လို႔ တ႐ုတ္ ေတာင္ပိုင္း စစ္ေျမျပင္ တပ္မႉးရဲ့ ေျပာခြင့္ရ Li Huamin က ေျပာတယ္လို႔လည္း South China Morning Post သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖ်က္သေဘၤာ BARRY ရဲ့ လြတ္လပ္စြာ ေရေၾကာင္း သြားလာေရး စစ္ဆင္ေရး (FONOP) လုပ္ေဆာင္ခ်က္ဟာ နိုင္ငံတကာက ကပ္ေရာဂါ ကို တိုက္ဖ်က္ေနတဲ့ လက္ရွိ အေျခအေနနဲ႔ ဆန္႔က်င့္ေနတယ္လို႔လည္း ဆိုပါတယ္။

ကမၻာ့ ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္ကို အခြင့္ေကာင္းယူၿပီး အျငင္းပြား ေတာင္တ႐ုတ္ ပင္လယ္ထဲ စစ္ေရး အရ ပို ၿပီး ထိန္းခ်ဳပ္နိုင္ဖို႔ ႀကိဳးစားေနၾကတယ္လို႔ အေမရိကန္နဲ႔တ႐ုတ္တို႔အၾကား အျပန္အလွန္ စြပ္စြဲေနခဲ့ၾကပါတယ္။

အေမရိကန္ သေဘၤာ BARRY ကို ေမာင္းထုတ္ခဲ့တယ္လို႔ တ႐ုတ္ စစ္တပ္က ေျပာေပမဲ့ အေမရိကန္ ေရတပ္ အရာရွိ တစ္ဦးကေတာ့ BARRY ဟာ စီစဥ္ထားတဲ့အတိုင္း စစ္ဆင္ေရးကို ၿပီးဆုံးေအာင္ လုပ္ခဲ့ေၾကာင္းနဲ႔ တ႐ုတ္စစ္တပ္ ေလယာဥ္ေတြ ဘက္ကေန အႏၲရာယ္ ရွိေလာက္တဲ့ အျပဳအမူမ်ိဳး လုပ္ေဆာင္ခဲ့တာ မရွိဘူးလို႔USNI NEWS ကို ေျပာပါတယ္။

ဂ်ပန္ အေျခစိုက္ အေမရိကန္ ေရတပ္စခန္းကလာတဲ့ ဖ်က္ သေဘၤာ BARRY ဟာ ဒီလထဲ ထိုင္ဝမ္ ေရလက္ၾကားကို ႏွစ္ႀကိမ္ ျဖတ္ေမာင္း ထားၿပီး ျဖစ္သလို အဲဒီတုန္းကလည္း တ႐ုတ္ဘက္က အလားတူပဲ တုံ႔ျပန္ခဲ့ပါေသးတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
................

တောင်တရုတ်ပင်လယ်ပြင်အတွင်း ကန် နဲ့ တရုတ်အကြား စစ်ရေးတင်းမာနေ

(Unicode)

တရုတ် စစ်သင်္ဘောနဲ့ စစ်လေယာဉ်တွေက တောင်တရုတ် ပင်လယ်ထဲ ခုတ်မောင်းနေတဲ့ အမေရိကန် စစ်သင်္ဘာ တစ်စင်း နောက်ကို ခြေရာခံ စောင့်ကြည် လိုက်ပါပြီး မောင်းထုတ်ပစ်ခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက တရုတ် လူမှု မီဒီယာကတစ်ဆင့် အင်္ဂါနေ့က ပြောပါတယ်။

အမေရိကန် ရေတပ် တာဝန် ရှိသူတွေကတော့ ပဲ့ထိန် ဒုံးပျံ တပ်ဆင်ထားတဲ့ ဖျက်သင်္ဘော USS BARRY ဟာ ဗီယက်နမ် နိုင်ငံ ကမ်းလွန် ကျွန်းတန်းတွေအနီး လွတ်လပ်စွာ ရေကြောင်း သွားလာရေး စစ်ဆင်ရေး (FONOP) ကို လုပ်ဆောင်ခဲ့ကြောင်း USNI NEWSကို အတည်ပြုပြောကြားထားပါတယ်။

အမေရိကန် ဘက်က အခုလို ရန်စတဲ့လုပ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဆိုးဆိုးရွားရွား ချိုးဖောက်တာ ဖြစ်ပြီး ဒေသ တွင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေသလို မမှန်းဆနိုင်တဲ့ အဖြစ်ကိုလည်း အလွယ်လေး ရောက်သွားစေနိုင်တယ်လို့ တရုတ် တောင်ပိုင်း စစ်မြေပြင် တပ်မှူးရဲ့ ပြောခွင့်ရ Li Huamin က ပြောတယ်လို့လည်း South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။

ဖျက်သင်္ဘော BARRY ရဲ့ လွတ်လပ်စွာ ရေကြောင်း သွားလာရေး စစ်ဆင်ရေး (FONOP) လုပ်ဆောင်ချက်ဟာ နိုင်ငံတကာက ကပ်ရောဂါ ကို တိုက်ဖျက်နေတဲ့ လက်ရှိ အခြေအနေနဲ့ ဆန့်ကျင့်နေတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေချိန်ကို အခွင့်ကောင်းယူပြီး အငြင်းပွား တောင်တရုတ် ပင်လယ်ထဲ စစ်ရေး အရ ပို ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ အမေရိကန်နဲ့တရုတ်တို့အကြား အပြန်အလှန် စွပ်စွဲနေခဲ့ကြပါတယ်။

အမေရိကန် သင်္ဘော BARRY ကို မောင်းထုတ်ခဲ့တယ်လို့ တရုတ် စစ်တပ်က ပြောပေမဲ့ အမေရိကန် ရေတပ် အရာရှိ တစ်ဦးကတော့ BARRY ဟာ စီစဉ်ထားတဲ့အတိုင်း စစ်ဆင်ရေးကို ပြီးဆုံးအောင် လုပ်ခဲ့ကြောင်းနဲ့ တရုတ်စစ်တပ် လေယာဉ်တွေ ဘက်ကနေ အန္တရာယ် ရှိလောက်တဲ့ အပြုအမူမျိုး လုပ်ဆောင်ခဲ့တာ မရှိဘူးလို့USNI NEWS ကို ပြောပါတယ်။

ဂျပန် အခြေစိုက် အမေရိကန် ရေတပ်စခန်းကလာတဲ့ ဖျက် သင်္ဘော BARRY ဟာ ဒီလထဲ ထိုင်ဝမ် ရေလက်ကြားကို နှစ်ကြိမ် ဖြတ်မောင်း ထားပြီး ဖြစ်သလို အဲဒီတုန်းကလည်း တရုတ်ဘက်က အလားတူပဲ တုံ့ပြန်ခဲ့ပါသေးတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/south-china-sea-uss-barry-and-china-/5397980.html
ေတာင္တရုတ္ပင္လယ္ျပင္အတြင္း ကန္ နဲ႔ တရုတ္အၾကား စစ္ေရးတင္းမာေန ေတာင္တရုတ္ပင္လယ္ျပင္အတြင္း ကန္ နဲ႔ တရုတ္အၾကား စစ္ေရးတင္းမာေန Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.