တ႐ုတ္ႏိုင္ငံတြင္း အာဖရိကတိုက္သားေတြကို ခြဲျခားဆက္ဆံခံရတယ္လို႔ သံအမတ္ႀကီးေတြ ေျပာ

တ႐ုတ္ႏုိင္ငံ Guangzhou ၿမိဳ႕ရွိ အာဖရိကတုိက္သားမ်ား ဆုံစည္းသြားလာေလ့ရွိသည့္ ေနရာတခု။ (မတ္ ၂၊ ၂၀၁၈)
(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ တေက်ာ့ျပန္ ျဖစ္လာတာကို တားဆီးႏုိင္ဖုိ႔ တ႐ုတ္အစိုးရက လုပ္ေဆာင္ေနခ်ိန္မွာ အာဖရိကတုိက္သားေတြအေပၚ သူတုိ႔အဆိုအားျဖင့္ ခြဲျခားဆက္ဆံမႈ လုပ္ေနတယ္လို႔ တ႐ုတ္ႏိုင္ငံဆိုင္ရာ အာဖရိက သံအမတ္ႀကီးေတြက သူတို႔ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြဆီ ေပးပို႔တဲ့စာမွာ ေရးသားလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံေတာင္ပိုင္း အထူးသျဖင့္ Guangzhou ၿမဳိ႕မွာေနတဲ့ အာဖရိက တုိက္သားေတြကို ေဒသခံေတြက မေတာ္မေရာ္ဆက္ဆံတာ အေႏွာင့္အယွက္ေပးတာ လုုပ္ေနၾကတယ္ဆိုတဲ့ သူတို႔စုိးရိမ္မႈကို တ႐ုတ္အစိုးရက ေျဖရွင္းေပးဖုိ႔ အာဖရိကႏိုင္ငံ အေတာ္မ်ားမ်ားက သီးျခားစီ ေတာင္းဆိုေနၾကတာပါ။

တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမဳိ႕မွာ ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ၿပီဆုိေပမယ့္ ႏိုင္ငံျခားက ဝင္လာသူေတြကတဆင့္ ျဖစ္လာမယ့္ ကူးစက္မႈအသစ္ေတြကို တ႐ုတ္အစိုးရက စိုးရိမ္ေနၿပီး ႏိုင္ငံျခားသားေတြ တုိင္းျပည္ထဲ ဝင္လာတာကို တင္းက်ပ္စြာ စိစစ္ေနတာပါ။ ဒါေပမယ့္ ခြဲျခားဆက္ဆံမႈ ဘာမွမရွိဘူးလို႔ တ႐ုတ္ဘက္က ျငင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပုိင္းကဆိုရင္ Guangzhou ၿမဳိ႕မွာေနတဲ့ အာဖရိကလူမ်ဳိးေတြကို အိမ္ရွင္ေတြက သူတို႔တိုက္ခန္းေတြကေန ျပန္ႏွင္ထုတ္ေနပါတယ္။ ကို႐ုိနာဗိုင္းရပ္စ္ ရွိမရွိ အႀကိမ္ႀကိမ္ စစ္ေဆးခံရေပမယ့္ ရလဒ္ကိုေတာ့ ဘာမွ ျပန္မေျပာဘဲ လူေတြၾကားမွာ ဝိုင္းက်ဥ္တာ၊ ခြဲျခားဆက္ဆံတာေတြ လုပ္ေနတယ္လို႔ ေဒသဆိုင္ရာ သတင္းေတြနဲ႔ ဆိုရွယ္မီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။

အခုလို ရြံရွာ ေရွာင္က်ဥ္မႈနဲ႔ ခြဲျခားဆက္ဆံမႈေတြဟာ အာဖရိကတုိက္သားေတြေၾကာင့္ ဒီကူးစက္ေရာဂါ ပ်ံ႕ႏွံ႔ရတယ္ဆိုတဲ့ လြဲမွားစြာ အထင္ေရာက္ေစတယ္လို႔လည္း ေဖာ္ျပပါတယ္။

တ႐ုတ္အစိုးရအေနနဲ႔ အာဖရိက လူမ်ဳိးေတြအေပၚ အတင္းအဓမၼ စစ္ေဆးတာ Quarantine လုပ္ထားတာနဲ႔ အျခား အရွက္ရဖြယ္ လုပ္ေဆာင္ခ်က္ေတြကို ခ်က္ခ်င္းရပ္ဆိုင္းေပးရမယ္လို႔လည္း ေတာင္းဆုိထားပါတယ္။

သံအမတ္ႀကီးေတြရဲ႕စာကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ကိုေရာ အာဖရိကသမဂၢ ဥကၠ႒နဲ႔ ေတာင္အာဖရိကသမၼတအျပင္ အာဖရိကႏိုင္ငံေတြက ႏုိင္ငံျခားေရးဝန္ႀကီးေတြဆီကုိပါ ေပးပို႔ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------

(Unicode)

တရုတ်နိုင်ငံတွင်း အာဖရိကတိုက်သားတွေကို ခွဲခြားဆက်ဆံခံရတယ်လို့ သံအမတ်ကြီးတွေ ပြော

ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ဖြစ်လာတာကို တားဆီးနိုင်ဖို့ တရုတ်အစိုးရက လုပ်ဆောင်နေချိန်မှာ အာဖရိကတိုက်သားတွေအပေါ် သူတို့အဆိုအားဖြင့်ခွဲခြားဆက်ဆံမှု လုပ်နေတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ အာဖရိက သံအမတ်ကြီးတွေက သူတို့နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဆီ ပေးပို့တဲ့စာမှာရေးသားလိုက်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း အထူးသဖြင့် Guangzhou မြို့မှာနေတဲ့ အာဖရိက တိုက်သားတွေကို ဒေသခံတွေက မတော်မရော်ဆက်ဆံတာအနှောင့်အယှက်ပေးတာ လုပ်နေကြတယ်ဆိုတဲ့ သူတို့စိုးရိမ်မှုကို တရုတ်အစိုးရကဖြေရှင်းပေးဖို့ အာဖရိကနိုင်ငံ အတော်များများက သီးခြားစီတောင်းဆိုနေကြတာပါ။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကူးစက်မှု ထိန်းချုပ်နိုင်ပြီဆိုပေမယ့် နိုင်ငံခြားက ဝင်လာသူတွေကတဆင့် ဖြစ်လာမယ့် ကူးစက်မှုအသစ်တွေကို တရုတ်အစိုးရက စိုးရိမ်နေပြီး နိုင်ငံခြားသားတွေ တိုင်းပြည်ထဲ ဝင်လာတာကို တင်းကျပ်စွာ စိစစ်နေတာပါ။ ဒါပေမယ့် ခွဲခြားဆက်ဆံမှု ဘာမှမရှိဘူးလို့ တရုတ်ဘက်က ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် Guangzhou မြို့မှာနေတဲ့ အာဖရိကလူမျိုးတွေကိုအိမ်ရှင်တွေက သူတို့တိုက်ခန်းတွေကနေ ပြန်နှင်ထုတ်နေပါတယ်။ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အကြိမ်ကြိမ် စစ်ဆေးခံရပေမယ့် ရလဒ်ကိုတော့ ဘာမှ ပြန်မပြောဘဲ လူတွေကြားမှာ ဝိုင်းကျဉ်တာ၊ ခွဲခြားဆက်ဆံတာတွေ လုပ်နေတယ်လို့ ဒေသဆိုင်ရာ သတင်းတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာဖော်ပြကြပါတယ်။

အခုလို ရွံရှာ ရှောင်ကျဉ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေဟာ အာဖရိကတိုက်သားတွေကြောင့် ဒီကူးစက်ရောဂါ ပျံ့နှံ့ရတယ်ဆိုတဲ့ လွဲမှားစွာ အထင်ရောက်စေတယ်လို့လည်း ဖော်ပြပါတယ်။

တရုတ်အစိုးရအနေနဲ့ အာဖရိက လူမျိုးတွေအပေါ် အတင်းအဓမ္မ စစ်ဆေးတာ Quarantine လုပ်ထားတာနဲ့ အခြား အရှက်ရဖွယ် လုပ်ဆောင်ချက်တွေကိုချက်ချင်းရပ်ဆိုင်းပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။

သံအမတ်ကြီးတွေရဲ့စာကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကိုရော အာဖရိကသမဂ္ဂ ဥက္ကဋ္ဌနဲ့ တောင်အာဖရိကသမ္မတအပြင် အာဖရိကနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဆီကိုပါ ပေးပို့ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-china-af…/5369402.html
တ႐ုတ္ႏိုင္ငံတြင္း အာဖရိကတိုက္သားေတြကို ခြဲျခားဆက္ဆံခံရတယ္လို႔ သံအမတ္ႀကီးေတြ ေျပာ တ႐ုတ္ႏိုင္ငံတြင္း အာဖရိကတိုက္သားေတြကို ခြဲျခားဆက္ဆံခံရတယ္လို႔ သံအမတ္ႀကီးေတြ ေျပာ Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.