ကပ္ေရာဂါေဘး ကာလႀကီးမွာ စည္းလံုးညီညြတ္ၾကဖို႔ ကက္သလစ္ ရဟန္းမင္းအမတ္ တိုက္တြန္း

ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး Charles Bo.
(Zawgyi / Unicode)

ကမၻာမွာ COVID-19 ကပ္ေဘးေရာဂါႀကီး ရင္ဆိုင္ေနခ်ိန္ကာလ ေမွ်ာ္လင့္ခ်က္ထားၾကဖို႔နဲ႔ ေသြးစည္းညီညြတ္ၾကဖို႔ ကက္သလစ္အသင္းေတာ္ရဲ႕ ရန္ကုန္သာသနာပိုင္ ကာဒီနယ္လ္ Charles Bo က တိုက္တြန္းလို္က္ပါတယ္။

ဧၿပီလ ၁၂ ရက္ေန႔ ရန္ကုန္ စိန္႔ေမရီ ကက္သလက္ ခရစ္ယာန္ဘုရားရွစ္ခိုးေက်ာင္းမွာ ျပဳလုပ္တဲ့ အီစတာပဲြေတာ္အတြက္ ဗီြဒီယိုမိန္႔ခြန္း တိုက္႐ုိက္ထုတ္လႊင့္ခ်က္မွာ ကမၻာမွာ လူေပါင္း သန္းနဲ႔ခ်ီ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံေနရၿပီး အဲဒီထဲမွာ အီတလီႏုိင္ငံက ႐ုိမန္ကက္သလစ္ဘုန္းေတာ္ႀကီး အနည္းဆံုး အပါး ၆၀ ေက်ာ္ အဲဒီေရာဂါေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ကာဒီနယ္လ္ Charles Bo က အခုလို ေျပာၾကားခဲ့ပါတယ္။

"အီတလီႏိုင္ငံမွာဆိုရင္ ဘုန္းေတာ္ႀကီး ၆၃ ပါး အနည္းဆံုး ပ်ံလြန္ေတာ္မူၿပီး ေရာဂါခံစားေနရသူေတြကို အနီးကပ္ျပဳစုတဲ့ ဆရာ၀န္ ၂၀ ေက်ာ္ဟာလည္း ေသဆံုးခဲ့ရၿပီ။"

ဒါ့အျပင္ ကိုဗစ္ေရာဂါေၾကာင့္ ေ၀ဒနာ အျပင္းအထန္ ခံစားေနရတဲ့ လူေထာင္ေပါင္းမ်ားစြာအတြက္လည္း အစဥ္မျပတ္ ဆုေတာင္းေပးေနေၾကာင္းလည္း ကာဒီနယ္လ္ Bo က ေျပာပါတယ္။

COVID-19 ေရာဂါကူးစက္မႈ ကာကြယ္ေရးအတြက္ လူအခ်င္းခ်င္း အနီးကပ္ ထိေတြ႔မႈမလုပ္ဖို႔၊ ဘာသာေရးနဲ႔ အျခား လူမႈေရးဆိုင္ရာ လူစုလူေ၀းနဲ႔ ျပဳလုပ္မႈေတြ တားျမစ္ထားတာေၾကာင့္ ခရစ္ယာန္ဘုရားေက်ာင္းေတြ ပိတ္ထားရတဲ့ အေျခအေနအတြက္လည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ ကာဒီနယ္လ္ Charles Bo က မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

မျမင္ႏိုင္တဲ့ ကို႐ုိနာဗိုင္းရပ္စ္ဟာ လူသားေတြကို သင္ခန္းစာေပးခဲ့တယ္လုိ႔လည္း သူက ဆိုပါတယ္။ လက္နက္၊ စစ္အင္အားေတြ ႀကီးမားတဲ့ ကမၻာ့အင္အားႀကီး ႏိုင္ငံေတြမွာေတာင္ COVID-19 ေရာဂါကပ္ေဘးကို ဒူးေထာက္ အ႐ႈံးေပးခဲ့ရတယ္လို႔ ကာဒီနယ္လ္ Charles Bo က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ လူ႔အသက္ကို ကယ္တင္ႏိုင္တဲ့ ဆရာ၀န္ဦးေရထက္ လူ႔အသက္ကို သတ္ႏိုင္တဲ့ စစ္သားအေရအတြက္က မ်ားေနတဲ့အခ်က္ကို စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ ေတြ႔ရွိရတယ္လို႔ ကာဒီနယ္လ္ Charles Bo က ေထာက္ျပခဲ့ပါတယ္။

အခုလို ကမၻာ့ကပ္ေဘးေရာဂါႀကီးကို လူသားခ်င္းစာနာမႈ၊ ကူညီ႐ုိင္းပင္းမႈေတြနဲ႔ စည္းစည္းလံုးလံုး ကာကြယ္ႏိုင္ဖို႔ သူ႔ရဲ႕မိန္႔ခြန္းမွာ တိုက္တြန္းသြားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------

(Unicode)

ကပ်ရောဂါဘေး ကာလကြီးမှာ စည်းလုံးညီညွတ်ကြဖို့ ကက်သလစ် ရဟန်းမင်းအမတ် တိုက်တွန်း

ကမ္ဘာမှာ COVID-19 ကပ်ဘေးရောဂါကြီး ရင်ဆိုင်နေချိန်ကာလ မျှော်လင့်ချက်ထားကြဖို့နဲ့ သွေးစည်းညီညွတ်ကြဖို့ ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်သာသနာပိုင် ကာဒီနယ်လ် Charles Bo က တိုက်တွန်းလိုက်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့ ရန်ကုန် စိန့်မေရီ ကက်သလက် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းမှာ ပြုလုပ်တဲ့ အီစတာပွဲတော်အတွက် ဗွီဒီယိုမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ကမ္ဘာမှာ လူပေါင်း သန်းနဲ့ချီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး အဲဒီထဲမှာ အီတလီနိုင်ငံက ရိုမန်ကက်သလစ်ဘုန်းတော်ကြီး အနည်းဆုံး အပါး ၆၀ ကျော် အဲဒီရောဂါကြောင့် ပျံလွန်တော်မူခဲ့ကြောင်း ကာဒီနယ်လ် Charles Bo က အခုလို ပြောကြားခဲ့ပါတယ်။

"အီတလီနိုင်ငံမှာဆိုရင် ဘုန်းတော်ကြီး ၆၃ ပါး အနည်းဆုံး ပျံလွန်တော်မူပြီး ရောဂါခံစားနေရသူတွေကို အနီးကပ်ပြုစုတဲ့ ဆရာဝန် ၂၀ ကျော်ဟာလည်း သေဆုံးခဲ့ရပြီ။"

ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် ဝေဒနာ အပြင်းအထန် ခံစားနေရတဲ့ လူထောင်ပေါင်းများစွာအတွက်လည်း အစဉ်မပြတ် ဆုတောင်းပေးနေကြောင်းလည်း ကာဒီနယ်လ် Bo က ပြောပါတယ်။

COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် လူအချင်းချင်း အနီးကပ် ထိတွေ့မှုမလုပ်ဖို့၊ ဘာသာရေးနဲ့ အခြား လူမှုရေးဆိုင်ရာ လူစုလူဝေးနဲ့ ပြုလုပ်မှုတွေ တားမြစ်ထားတာကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ ပိတ်ထားရတဲ့ အခြေအနေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ကာဒီနယ်လ် Charles Bo က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မမြင်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူသားတွေကို သင်ခန်းစာပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ လက်နက်၊ စစ်အင်အားတွေ ကြီးမားတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေမှာတောင် COVID-19 ရောဂါကပ်ဘေးကို ဒူးထောက် အရှုံးပေးခဲ့ရတယ်လို့ ကာဒီနယ်လ် Charles Bo က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံအတော်များများမှာ လူ့အသက်ကို ကယ်တင်နိုင်တဲ့ ဆရာဝန်ဦးရေထက် လူ့အသက်ကို သတ်နိုင်တဲ့ စစ်သားအရေအတွက်က များနေတဲ့အချက်ကို စိတ်မကောင်းခြင်းများစွာနဲ့ တွေ့ရှိရတယ်လို့ ကာဒီနယ်လ် Charles Bo က ထောက်ပြခဲ့ပါတယ်။

အခုလို ကမ္ဘာ့ကပ်ဘေးရောဂါကြီးကို လူသားချင်းစာနာမှု၊ ကူညီရိုင်းပင်းမှုတွေနဲ့ စည်းစည်းလုံးလုံး ကာကွယ်နိုင်ဖို့ သူ့ရဲ့မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-charles-…/5369417.html
ကပ္ေရာဂါေဘး ကာလႀကီးမွာ စည္းလံုးညီညြတ္ၾကဖို႔ ကက္သလစ္ ရဟန္းမင္းအမတ္ တိုက္တြန္း ကပ္ေရာဂါေဘး ကာလႀကီးမွာ စည္းလံုးညီညြတ္ၾကဖို႔ ကက္သလစ္ ရဟန္းမင္းအမတ္ တိုက္တြန္း Reviewed by THITHTOOLWIN on 09:20 Rating: 5
Powered by Blogger.