ဘဂၤလားေဒ့ရွ္မွာ လယ္သမားေတြကို ကူညီမယ္

ကိုဗစ္ကပ္ေဘးက လယ္သမားေတြကိုလည္း အထိနာေစခဲ့
(Zawgyi)⤵⤵⤵
ဘဂၤလား ေဒ့ရွ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလ အတြင္း လယ္သမားေတြကို အတိုးသက္သက္သာသာနဲ႔ ေခ်းဖို႔ ေဒၚလာ သန္း၅၉၀ အပါအဝင္ ေျမၾသဇာ ေဒၚလာ သန္းတစ္ေထာင့္တရာ ဖိုး ေထာက္ပံ့ေပးမယ္လို႔ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာက ေၾကညာလိုက္ပါတယ္။

ေဘးဒုကၡကပ္ဆိုးႀကီး လာေနပါၿပီ၊ ဒါကို ကြၽန္မတို႔ ရဲရဲဝံ့ဝံ့ ရင္ဆိုင္ရမွာပါ ၊ စိုက္ပ်ိဳးေရး က႑ကေန အဆင္ေျပ ေခ်ာေမြ႕စြာ သီးႏွံထုတ္လုပ္သြားႏိုင္ေအာင္ ကြၽန္မတို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားသြားမွာပါလို႔ မစၥက္ ဟာစီနာက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္မွာ အသြားအလာ ပိတ္ဆို႔ထားမႈကို ေနာက္ထပ္ ၁၁ ရက္ၾကာ လာမယ့္ ဧၿပီ ၂၅ ရက္ေန႔အထိ သက္တမ္း တိုးထားတာေၾကာင့္ ဆန္စပါး ၊ ငါးလုပ္ငန္း ၊ ႏို႔ထြက္လုပ္ငန္းနဲ႔ ဟင္းသီးဟင္း႐ြက္ ထုတ္လုပ္တဲ့ ယာသမားေတြ အႀကီးအက်ယ္ အခက္ေတြ႕ခဲ့ရပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
ဘင်္ဂလားဒေ့ရှ်မှာ လယ်သမားတွေကို ကူညီမယ်

ဘင်္ဂလား ဒေ့ရှ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အတွင်း လယ်သမားတွေကို အတိုးသက်သက်သာသာနဲ့ ချေးဖို့ ဒေါ်လာ သန်း၅၉၀ အပါအဝင် မြေသြဇာ ဒေါ်လာ သန်းတစ်ထောင့်တရာ ဖိုး ထောက်ပံ့ပေးမယ်လို့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ကြေညာလိုက်ပါတယ်။

ဘေးဒုက္ခကပ်ဆိုးကြီး လာနေပါပြီ၊ ဒါကို ကျွန်မတို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမှာပါ ၊ စိုက်ပျိုးရေး ကဏ္ဍကနေ အဆင်ပြေ ချောမွေ့စွာ သီးနှံထုတ်လုပ်သွားနိုင်အောင် ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါလို့ မစ္စက် ဟာစီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အသွားအလာ ပိတ်ဆို့ထားမှုကို နောက်ထပ် ၁၁ ရက်ကြာ လာမယ့် ဧပြီ ၂၅ ရက်နေ့အထိ သက်တမ်း တိုးထားတာကြောင့် ဆန်စပါး ၊ ငါးလုပ်ငန်း ၊ နို့ထွက်လုပ်ငန်းနဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်တဲ့ ယာသမားတွေ အကြီးအကျယ် အခက်တွေ့ခဲ့ရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52263211
ဘဂၤလားေဒ့ရွ္မွာ လယ္သမားေတြကို ကူညီမယ္ ဘဂၤလားေဒ့ရွ္မွာ လယ္သမားေတြကို ကူညီမယ္ Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.