မႏၲေလးေဆး႐ုံႀကီးက ေသဆုံး ကိုဗစ္ေစာင့္ၾကည့္ လူနာ ၄ ဦးမွာ ပိုးမေတြ႕


မႏၲေလး ေဆး႐ုံႀကီးမွာ ဧၿပီ ၂၄ ရက္က ကိုဗစ္ေစာင့္ၾကည့္လူနာ ခုနစ္ ဦး တစ္ရက္တည္း ေသဆုံးခဲ့တဲ့အနက္ ေလးဦးရဲ႕ ပိုးစစ္အေျဖေတြမွာ ပိုးမေတြ႕ရွိရဘဲ က်န္သုံးဦးအေျဖကို ေစာင့္ေနဆဲျဖစ္တယ္လို႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ စုစုေဒြးက ဘီဘီစီကို ေျပာပါတယ္။

က်န္သုံးဦးရဲ႕ အေျဖကို ဒီကေန႔ သို႔မဟုတ္ မနက္ျဖန္သိရမယ္လို႔ ေဒါက္တာ စုစုေဒြးက ေျပာပါတယ္။

"အခုေသဆုံးသူေတြက နဂိုတည္းက အခံေရာဂါေတြ ျပင္းထန္လို႔ သူတို႔ ေသဆုံးတာ ျဖစ္ပါတယ္"လို႔ ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။

အခုအခ်ိန္ထိ မႏၲေလး အေထြေထြေရာဂါကု ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာေတြထဲက ေသဆုံးသူ ၃၉ ေယာက္ ရွိခဲ့ၿပီး အဲဒီလူနာေတြမွာ ပိုးေတြ႕သူ တစ္ေယာက္မွ မရွိေသးဘူးလို႔လည္း ေဒါက္တာ စုစုေဒြးက ေျပာပါတယ္။

အခု ေသဆုံးခဲ့သူ ၇ ဦးဟာ နာတာရွည္ ေရာဂါရွိသူေတြ ျဖစ္ၿပီး သူတို႔ေရာက္လာခ်ိန္မွာ အဖ်ားရွိ၊ ေခ်ာင္းဆိုး၊ အသက္ရႉက်ပ္၊ ေမာပန္း စတဲ့ အေျခအေနေတြနဲ႔ ေရာက္လာခဲ့ၾကသူေတြ ျဖစ္လို႔ သူတို႔ကို ကိုဗစ္-၁၉ ေစာင့္ၾကည့္/သံသယလူနာေတြ အျဖစ္ထားၿပီး ကုသေပးခဲ့တယ္လို႔ ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။

ဒါ့အျပင္ သူတို႔က နာတာရွည္ေရာဂါေဝဒနာရွင္ေတြ ျဖစ္လို႔ သက္ဆိုင္ရာ အထူးကု ဆရာဝန္ႀကီးေတြက ကုသေပးခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီလူေတြထဲမွာ အသက္ရႉစက္ Ventilator ေပၚတင္ၿပီး ကုသရတဲ့သူ တစ္ေယာက္မွ မရွိဘူးလို႔ ဆိုပါတယ္။

မႏၲေလးေဆး႐ုံႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ သံသယရွိလူနာကို Fever Clinic ကတဆင့္ ရွာေဖြတာ ျဖစ္ပါတယ္။

မႏၲေလးေဆး႐ုံႀကီး Fever Clinic ကို ေရာက္လာသူေတြကို အဖ်ားစစ္၊ အဆုတ္နဲ႔ပတ္သက္တဲ့ လကၡဏာရွိရင္ စတဲ့ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီရင္ သံသယ၊ေစာင့္ၾကည့္လူနာလို႔ သတ္မွတ္ၿပီး ေစာင့္ၾကပ္ၾကည့္ရႈကုသေဆာင္ ( Isolation Ward) မွာ ထားရွိကုသေပးတယ္လို႔ ဆိုပါတယ္။

အဲဒီလူနာေတြကို အသက္ရႉစက္ Ventilator တင္ဖို႔ လိုအပ္ရင္ ကုသႏိုင္ဖို႔အတြက္ Fever Clinic မွာ အေရးေပၚတင္ဖို႔ ကုတင္သုံးလုံးနဲ႔ ေစာင့္ၾကပ္ၾကည့္ရႈကုသေဆာင္မွာ ကုတင္ ၁၀ လုံး စုစုေပါင္း ၁၃ လုံး ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

မႏၲေလးကန္ေတာ္နဒီေဆး႐ုံမွာေတာ့ ၁၀ လုံးျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

မႏၲေလးေဆး႐ုံႀကီး ကိုဗစ္-၁၉ ေစာင့္ၾကပ္ၾကည့္ရႈလူနာေဆာင္မွာ ကုတင္ ၁၂၀ ရွိၿပီး အခုလက္ရွိမွာ ေစာင့္ၾကည့္ ကုသေပးေနသူ ၇၁ ဦးရွိတယ္လို႔ ေဆး႐ုံအုပ္ႀကီးထံက သိရပါတယ္။

မႏၲေလးေဆး႐ုံႀကီးမွာ ကိုဗစ္-၁၉ ေစာင့္ၾကည့္လူနာအျဖစ္ ကုသေပးခဲ့သူ ၃၀၀ ေက်ာ္နဲ႔ ေဆး႐ုံဆင္းသြားသူ ၁၇၀ ေက်ာ္ ရွိၿပီလို႔လည္း ေျပာပါတယ္။

BBC Burmese
-------------------------------------------
မန္တလေးဆေးရုံကြီးက သေဆုံး ကိုဗစ်စောင့်ကြည့် လူနာ ၄ ဦးမှာ ပိုးမတွေ့


မန္တလေး ဆေးရုံကြီးမှာ ဧပြီ ၂၄ ရက်က ကိုဗစ်စောင့်ကြည့်လူနာ ခုနစ် ဦး တစ်ရက်တည်း သေဆုံးခဲ့တဲ့အနက် လေးဦးရဲ့ ပိုးစစ်အဖြေတွေမှာ ပိုးမတွေ့ရှိရဘဲ ကျန်သုံးဦးအဖြေကို စောင့်နေဆဲဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ဘီဘီစီကို ပြောပါတယ်။

ကျန်သုံးဦးရဲ့ အဖြေကို ဒီကနေ့ သို့မဟုတ် မနက်ဖြန်သိရမယ်လို့ ဒေါက်တာ စုစုဒွေးက ပြောပါတယ်။

"အခုသေဆုံးသူတွေက နဂိုတည်းက အခံရောဂါတွေ ပြင်းထန်လို့ သူတို့ သေဆုံးတာ ဖြစ်ပါတယ်"လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

အခုအချိန်ထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ စောင့်ကြည့်လူနာတွေထဲက သေဆုံးသူ ၃၉ ယောက် ရှိခဲ့ပြီး အဲဒီလူနာတွေမှာ ပိုးတွေ့သူ တစ်ယောက်မှ မရှိသေးဘူးလို့လည်း ဒေါက်တာ စုစုဒွေးက ပြောပါတယ်။

အခု သေဆုံးခဲ့သူ ၇ ဦးဟာ နာတာရှည် ရောဂါရှိသူတွေ ဖြစ်ပြီး သူတို့ရောက်လာချိန်မှာ အဖျားရှိ၊ ချောင်းဆိုး၊ အသက်ရှူကျပ်၊ မောပန်း စတဲ့ အခြေအနေတွေနဲ့ ရောက်လာခဲ့ကြသူတွေ ဖြစ်လို့ သူတို့ကို ကိုဗစ်-၁၉ စောင့်ကြည့်/သံသယလူနာတွေ အဖြစ်ထားပြီး ကုသပေးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဒါ့အပြင် သူတို့က နာတာရှည်ရောဂါဝေဒနာရှင်တွေ ဖြစ်လို့ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးတွေက ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေထဲမှာ အသက်ရှူစက် Ventilator ပေါ်တင်ပြီး ကုသရတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ဆိုပါတယ်။

မန္တလေးဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သံသယရှိလူနာကို Fever Clinic ကတဆင့် ရှာဖွေတာ ဖြစ်ပါတယ်။

မန္တလေးဆေးရုံကြီး Fever Clinic ကို ရောက်လာသူတွေကို အဖျားစစ်၊ အဆုတ်နဲ့ပတ်သက်တဲ့ လက္ခဏာရှိရင် စတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် သံသယ၊စောင့်ကြည့်လူနာလို့ သတ်မှတ်ပြီး စောင့်ကြပ်ကြည့်ရှုကုသဆောင် ( Isolation Ward) မှာ ထားရှိကုသပေးတယ်လို့ ဆိုပါတယ်။

အဲဒီလူနာတွေကို အသက်ရှူစက် Ventilator တင်ဖို့ လိုအပ်ရင် ကုသနိုင်ဖို့အတွက် Fever Clinic မှာ အရေးပေါ်တင်ဖို့ ကုတင်သုံးလုံးနဲ့ စောင့်ကြပ်ကြည့်ရှုကုသဆောင်မှာ ကုတင် ၁၀ လုံး စုစုပေါင်း ၁၃ လုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မန္တလေးကန်တော်နဒီဆေးရုံမှာတော့ ၁၀ လုံးပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မန္တလေးဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုလူနာဆောင်မှာ ကုတင် ၁၂၀ ရှိပြီး အခုလက်ရှိမှာ စောင့်ကြည့် ကုသပေးနေသူ ၇၁ ဦးရှိတယ်လို့ ဆေးရုံအုပ်ကြီးထံက သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာအဖြစ် ကုသပေးခဲ့သူ ၃၀၀ ကျော်နဲ့ ဆေးရုံဆင်းသွားသူ ၁၇၀ ကျော် ရှိပြီလို့လည်း ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52425651
မႏၲေလးေဆး႐ုံႀကီးက ေသဆုံး ကိုဗစ္ေစာင့္ၾကည့္ လူနာ ၄ ဦးမွာ ပိုးမေတြ႕ မႏၲေလးေဆး႐ုံႀကီးက ေသဆုံး ကိုဗစ္ေစာင့္ၾကည့္ လူနာ ၄ ဦးမွာ ပိုးမေတြ႕ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.