ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္း ထိခိုက္မႈရွိလာ


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရတဲ့ လူဦးေရ တေန႔တျခားတိုးလာေနပါတယ္။ ဒီလိုတိုးလာတာ နဲ႔အတူ အိမ္ထဲမွာပဲေနၾကဖို႔ ၫႊန္ၾကားခ်က္ေတြေၾကာင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြမွာလည္း ထိခိုက္ လာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အႏၲရာယ္ရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ရန္ကုန္ၿမိဳ႕က လူဦးေရ ၁.၈ သန္း ေန႔စဥ္ အသုံးျပဳေနတဲ့ YBS ယာဥ္လိုင္းမွာပါ ႐ိုက္ခက္မႈေတြ ရွိလာပါတယ္။

လက္ရွိအခ်ိန္မွာ ရန္ကုန္ၿမိဳ႕တြင္း ခရီးသြားျပည္သူေတြ YBS ယာဥ္လိုင္း စီးနင္းမႈ ၉၀ ရာခိုင္ႏႈန္း က်ဆင္း သြားတာေၾကာင့္ အခုရက္ပိုင္းတြင္း YBS ယာဥ္လိုင္းတခ်ိဳ႕ ကားလိုင္းရပ္နားရမယ့္ အေျခအေနကို ေရာက္လာ ေနပါတယ္။

ေန႔စဥ္ ကားထြက္တဲ့စရိတ္နဲ႔ ယာဥ္ေမာင္းလုပ္အားခေတာင္ မရေတာ့ဘူးလို႔ Power Eleven ကုမၸဏီရဲ႕ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ကိုတ႐ုတ္ေလး က ေျပာပါတယ္။

“ဒီလုပ္ငန္းေတြက ဝင္ေငြအေပၚမွာမွီၿပီး လုပ္ရတဲ့အခါက်ေတာ့ ဝင္ေငြမရွိေတာ့ ဝန္ထမ္းစရိတ္ေတြကလည္း မေပးႏိုင္ၾကေတာ့ဘူး။ ေနာက္ၿပီး ကားေတြထြက္ရင္ ေန႔စဥ္ကုန္က်စရိတ္ေတြရွိတယ္။ အဲဒါေတြေပးဖို႔ကို ေငြကမဝင္ ေတာ့တာ။ ဒီေတာ့ အလုပ္ေတြ ေတာ္ေတာ္မ်ားမ်ား ရပ္သြားၾကတာပါ။ ပုဂၢလိကတစ္ဦးခ်င္းပို င္တဲ့ကားေတြကေတာ့ ၿပီးခဲ့တဲ့ ရက္အေတာ္မ်ားမ်ားကတည္းက ဝင္ေငြမရလို႔ ရပ္သြားၾကၿပီ။ လက္ရွိက ဘတ္စ္ကား ကုမၸဏီေတြေလာက္ပဲ ေတာင့္ခံေနၾကတာ။ အဲဒီအေျခအေနကေန တခ်ိဳ႕ယာဥ္လိုင္းေတြ ရပ္လာၾကတာ"

အေျခအေနအရ စားဝတ္ေနရအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကို အန္တုၿပီး အျပင္ထြက္ သြားလာေနရတဲ့ ခရီးသည္ေတြအတြက္ ရသေလာက္ေတာင့္ခံၿပီး ယာဥ္လိုင္း ေျပးဆြဲေပးသြားမယ္လို႔ ကို တ႐ုတ္ေလးက ဆိုပါတယ္။

YBS ယာဥ္လိုင္းေတြ ဆက္လည္ပတ္ႏိုင္ေအာင္ အစိုးရအေနနဲ႔ စက္သုံးဆီ CNG ေတြကို လက္တေလာကာလမွာ ေထာက္ပံ့ေပးဖို႔ လိုတယ္လို႔ ကိုတ႐ုတ္ေလးက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕တြင္း ခရီးသည္ ပို႔ေဆာင္ေရးလုပ္ငန္း တည္ေထာင္ထားတဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ Omni Focus ကုမၸဏီကလည္း ခရီးသည္ က်ဆင္းသြားတာအပါအဝင္ တျခားအေျခအေနေတြေၾကာင့္ ယာဥ္ေမာင္းေတြကို လခစားအျဖစ္ကေန နစ္နာေၾကးေပးၿပီး ဧၿပီလ ၁ ရက္ေန႔ကစၿပီး ရပ္နားလိုက္ပါတယ္။

နစ္နာေၾကးမယူဘဲ ယာဥ္ေမာင္းအေနနဲ႔ ဆက္လုပ္လိုသူေတြကိုေတာ့ ေကာ္မရွင္စားအေနနဲ႔ ဆက္ခန႔္ထားမယ္လို႔ Omni Focus တာဝန္ရွိသူက Myanmar Now သတင္းဌာနကို ေျပာထားပါတယ္။

ခရီးသည္ နည္းပါးသြားတာေၾကာင့္ ယာဥ္ေမာင္းေတြကို ထုတ္ပယ္လိုက္သလို Omni Focus ကုမၸဏီက ေျပးဆြဲေနတဲ့ ယာဥ္လိုင္း ၉ လိုင္းကိုလည္း ရပ္နားသြားမယ္လို႔ ဆိုပါတယ္။

Omni Focus ကုမၸဏီက  ေျပးဆြဲေနတဲ့ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ရန္ကုန္ဘူတာႀကီးကို ေျပးဆြဲ ေနတဲ့ယာဥ္လိုင္းကိုလည္း ရပ္နားထားပါတယ္။ ဒါေၾကာင့္ Omni Focus က ယာဥ္ေမာင္း ၃၀၀ ေက်ာ္ဟာ အလုပ္ ရပ္နားခံရႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရတာပါ။ အဲဒီထဲက လုပ္သက္ ၃ လ ျပည့္ၿပီးတဲ့ ယာဥ္ေမာင္းေတြကို နစ္နာေၾကးေပးမယ္လို႔ ကုမၸဏီက ေျပာထားေၾကာင္း Myanmar Now သတင္းမွာ ေရးသားထားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ YBS ယာဥ္လိုင္းေတြ ရပ္တန႔္သြားတာေတြ ရွိသလို စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕က အထက္ ပိုင္းေဒသကို ခ်င္းတြင္းျမစ္အတြင္း ေျပးဆြဲေနတဲ့ အျမန္ေရယာဥ္ေတြအားလုံး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ေျပးဆြဲမႈေတြကို ယာယီရပ္နားထားပါတယ္။

ေရယာဥ္ပိုင္ရွင္ေတြက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေျပးဆြဲမႈကို ရပ္နားထားလိုတယ္ဆိုၿပီး စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရကို လက္မွတ္ထိုး စာတင္ခဲ့ၾကတာပါ။

ဧၿပီလ ၁ ရက္ေန႔ကစၿပီး လာမယ့္ ဧၿပီလ ၂၂ ရက္ထိ ယာယီ ရပ္နားလိုက္တာလို႔ မုံ႐ြာၿမိဳ႕ အေျခစိုက္ ေငြဇင္ဦး အျမန္ေရယာဥ္အသင္း တာဝန္ခံ ဦးေသာင္းၫႊန႔္က ေျပာပါတယ္။

“ဗိုင္းရပ္စ္ပိုးေၾကာင္ေပါ့။ အေျခအေနအရ ခရီးသြားျပည္သူေတြ သြားလာမႈနည္းတဲ့အတြက္ မေျပးေတာ့ပါဘူး ဆိုၿပီး အသင္းအားလုံးက ရပ္နားပါ့မယ္ဆိုၿပီး စာေတြတင္လိုက္ပါတယ္။"

အျမန္ေရယာဥ္ေတြ ယာယီရပ္နားထားတယ္ဆိုေပမယ့္ အထက္ပိုင္းေဒသမွာရွိတဲ့ ခရီးသြားျပည္သူေတြ သြားလာေရး အဆင္ေျပေအာင္ ပုံမွန္ေဈးႏႈန္းနဲ႔ တစ္ေန႔ကို အျမန္ေရယာဥ္ တစ္စီးထြက္ႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ ဦးေသာင္းၫႊန႔္ ကဆိုပါတယ္။

ခ်င္းတြင္းျမစ္အတြင္း မုံ႐ြာ - ဟုမၼလင္း ေျပးဆြဲေနတဲ့ အျမန္ေရယာဥ္ေတြဟာ အစီးေရ ၁၂၀ ေက်ာ္ရွိပါတယ္။ ေန႔စဥ္ အျမန္ေရယာဥ္ ၇ စီးခန႔္ နဲ႔ ခရီးသည္ ၄၀၀ ေက်ာ္ကို တင္ေဆာင္ ေျပးဆြဲေပးေနတာျဖစ္ပါတယ္။

လတ္တေလာမွာ ခရီးသြားလာမႈနည္းပါးတာေၾကာင့္ ရန္ကုန္ဘူတာႀကီးက ေန႔စဥ္ အျမန္ရထား ခုႏွစ္စင္းနဲ႔ ခရီးေဝးေျပးဆြဲေပးေနတဲ့ ရထားေတြက လူစီးတြဲေလ်ာ့သြားမႈေတြနဲ႔ ေျပးဆြဲေနတဲ့  ရထားစီးေရေလ်ာ့ခ်မႈေတြ လုပ္ေနရတယ္လို႔  ျမန္မာ့မီးရထား စီးပြာေရးဌာန အေထြေထြမန္ေနဂ်ာ ဦးညိဳဦး ကေျပာပါတယ္။

“ရထားေတြက သုံးစီးေလာက္ေျပးတဲ့ေနရာေတြမွာ ႏွစ္စီးေလာက္ပဲ ေျပးေတာ့တယ္။ တခ်ိဳ႕ရထားေတြ ျဖတ္ထား တာရွိပါတယ္ ။ ေနျပည္ေတာ္နဲ႔ မႏၲေလးေျပးေနတဲ့ ၂၅၊ ၂၆ ဆို ကြၽန္ေတာ္တို႔ျဖတ္ထားတယ္။ မႏၲေလးနဲ႔ မုံ႐ြာ ေျပးတဲ့ရထားလည္းျဖတ္ထားတယ္။ မႏၲေလးနဲ႔ ေကာလင္းေျပးတဲ့ရထားျဖတ္ထားတယ္။ အေျခအေနအေပၚ မူတည္ၿပီး ရထား ရွစ္စင္းေလာက္ ျဖတ္ထားတယ္။ မႏၲေလးနဲ႔ လားရႈိးေျပးတဲ့ ရထားေတြဆို ရက္ျခားေျပးေပး တယ္။ တခ်ိဳ႕ရထားေတြဆို ခုံမဲ့ လုံးဝမေရာင္းေတာ့ဘူး"

ျမန္မာျပည္မွာ လာမယ့္ သီတင္းပတ္အတြင္း ကို႐ိုနာေရာဂါ ကူးစက္မႈ အေျခအေနပိုဆိုးလာႏိုင္တာေၾကာင့္ ဒီေရာဂါကို ကာကြယ္ဖို႔အတြက္ ျပည္သူေတြ အေရးႀကီးကိစၥမရွိဘဲ ခရီးမသြားဖို႔နဲ႔ ေနအိမ္က အျပင္မထြက္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese

------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ထိခိုက်မှုရှိလာ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့ လူဦးရေ တနေ့တခြားတိုးလာနေပါတယ်။ ဒီလိုတိုးလာတာ နဲ့အတူ အိမ်ထဲမှာပဲနေကြဖို့ ညွှန်ကြားချက်တွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း ထိခိုက် လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ရဲ့ အကျိုးသက်ရောက်မှုဟာ ရန်ကုန်မြို့က လူဦးရေ ၁.၈ သန်း နေ့စဉ် အသုံးပြုနေတဲ့ YBS ယာဉ်လိုင်းမှာပါ ရိုက်ခက်မှုတွေ ရှိလာပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေ YBS ယာဉ်လိုင်း စီးနင်းမှု ၉၀ ရာခိုင်နှုန်း ကျဆင်း သွားတာကြောင့် အခုရက်ပိုင်းတွင်း YBS ယာဉ်လိုင်းတချို့ ကားလိုင်းရပ်နားရမယ့် အခြေအနေကို ရောက်လာ နေပါတယ်။

နေ့စဉ် ကားထွက်တဲ့စရိတ်နဲ့ ယာဉ်မောင်းလုပ်အားခတောင် မရတော့ဘူးလို့ Power Eleven ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေး က ပြောပါတယ်။

“ဒီလုပ်ငန်းတွေက ဝင်ငွေအပေါ်မှာမှီပြီး လုပ်ရတဲ့အခါကျတော့ ဝင်ငွေမရှိတော့ ဝန်ထမ်းစရိတ်တွေကလည်း မပေးနိုင်ကြတော့ဘူး။ နောက်ပြီး ကားတွေထွက်ရင် နေ့စဉ်ကုန်ကျစရိတ်တွေရှိတယ်။ အဲဒါတွေပေးဖို့ကို ငွေကမဝင် တော့တာ။ ဒီတော့ အလုပ်တွေ တော်တော်များများ ရပ်သွားကြတာပါ။ ပုဂ္ဂလိကတစ်ဦးချင်းပို င်တဲ့ကားတွေကတော့ ပြီးခဲ့တဲ့ ရက်အတော်များများကတည်းက ဝင်ငွေမရလို့ ရပ်သွားကြပြီ။ လက်ရှိက ဘတ်စ်ကား ကုမ္ပဏီတွေလောက်ပဲ တောင့်ခံနေကြတာ။ အဲဒီအခြေအနေကနေ တချို့ယာဉ်လိုင်းတွေ ရပ်လာကြတာ"

အခြေအနေအရ စားဝတ်နေရအတွက် ကိုရိုနာဗိုင်းရပ်စ်ကို အန်တုပြီး အပြင်ထွက် သွားလာနေရတဲ့ ခရီးသည်တွေအတွက် ရသလောက်တောင့်ခံပြီး ယာဉ်လိုင်း ပြေးဆွဲပေးသွားမယ်လို့ ကို တရုတ်လေးက ဆိုပါတယ်။

YBS ယာဉ်လိုင်းတွေ ဆက်လည်ပတ်နိုင်အောင် အစိုးရအနေနဲ့ စက်သုံးဆီ CNG တွေကို လက်တလောကာလမှာ ထောက်ပံ့ပေးဖို့ လိုတယ်လို့ ကိုတရုတ်လေးက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Omni Focus ကုမ္ပဏီကလည်း ခရီးသည် ကျဆင်းသွားတာအပါအဝင် တခြားအခြေအနေတွေကြောင့် ယာဉ်မောင်းတွေကို လခစားအဖြစ်ကနေ နစ်နာကြေးပေးပြီး ဧပြီလ ၁ ရက်နေ့ကစပြီး ရပ်နားလိုက်ပါတယ်။

နစ်နာကြေးမယူဘဲ ယာဉ်မောင်းအနေနဲ့ ဆက်လုပ်လိုသူတွေကိုတော့ ကော်မရှင်စားအနေနဲ့ ဆက်ခန့်ထားမယ်လို့ Omni Focus တာဝန်ရှိသူက Myanmar Now သတင်းဌာနကို ပြောထားပါတယ်။

ခရီးသည် နည်းပါးသွားတာကြောင့် ယာဉ်မောင်းတွေကို ထုတ်ပယ်လိုက်သလို Omni Focus ကုမ္ပဏီက ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၉ လိုင်းကိုလည်း ရပ်နားသွားမယ်လို့ ဆိုပါတယ်။

Omni Focus ကုမ္ပဏီက  ပြေးဆွဲနေတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရန်ကုန်ဘူတာကြီးကို ပြေးဆွဲ နေတဲ့ယာဉ်လိုင်းကိုလည်း ရပ်နားထားပါတယ်။ ဒါကြောင့် Omni Focus က ယာဉ်မောင်း ၃၀၀ ကျော်ဟာ အလုပ် ရပ်နားခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒီထဲက လုပ်သက် ၃ လ ပြည့်ပြီးတဲ့ ယာဉ်မောင်းတွေကို နစ်နာကြေးပေးမယ်လို့ ကုမ္ပဏီက ပြောထားကြောင်း Myanmar Now သတင်းမှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းတွေ ရပ်တန့်သွားတာတွေ ရှိသလို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က အထက် ပိုင်းဒေသကို ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေအားလုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြေးဆွဲမှုတွေကို ယာယီရပ်နားထားပါတယ်။

ရေယာဉ်ပိုင်ရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြေးဆွဲမှုကို ရပ်နားထားလိုတယ်ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို လက်မှတ်ထိုး စာတင်ခဲ့ကြတာပါ။

ဧပြီလ ၁ ရက်နေ့ကစပြီး လာမယ့် ဧပြီလ ၂၂ ရက်ထိ ယာယီ ရပ်နားလိုက်တာလို့ မုံရွာမြို့ အခြေစိုက် ငွေဇင်ဦး အမြန်ရေယာဉ်အသင်း တာဝန်ခံ ဦးသောင်းညွှန့်က ပြောပါတယ်။

“ဗိုင်းရပ်စ်ပိုးကြောင်ပေါ့။ အခြေအနေအရ ခရီးသွားပြည်သူတွေ သွားလာမှုနည်းတဲ့အတွက် မပြေးတော့ပါဘူး ဆိုပြီး အသင်းအားလုံးက ရပ်နားပါ့မယ်ဆိုပြီး စာတွေတင်လိုက်ပါတယ်။"

အမြန်ရေယာဉ်တွေ ယာယီရပ်နားထားတယ်ဆိုပေမယ့် အထက်ပိုင်းဒေသမှာရှိတဲ့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေအောင် ပုံမှန်ဈေးနှုန်းနဲ့ တစ်နေ့ကို အမြန်ရေယာဉ် တစ်စီးထွက်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဦးသောင်းညွှန့် ကဆိုပါတယ်။

ချင်းတွင်းမြစ်အတွင်း မုံရွာ - ဟုမ္မလင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေဟာ အစီးရေ ၁၂၀ ကျော်ရှိပါတယ်။ နေ့စဉ် အမြန်ရေယာဉ် ၇ စီးခန့် နဲ့ ခရီးသည် ၄၀၀ ကျော်ကို တင်ဆောင် ပြေးဆွဲပေးနေတာဖြစ်ပါတယ်။

လတ်တလောမှာ ခရီးသွားလာမှုနည်းပါးတာကြောင့် ရန်ကုန်ဘူတာကြီးက နေ့စဉ် အမြန်ရထား ခုနှစ်စင်းနဲ့ ခရီးဝေးပြေးဆွဲပေးနေတဲ့ ရထားတွေက လူစီးတွဲလျော့သွားမှုတွေနဲ့ ပြေးဆွဲနေတဲ့  ရထားစီးရေလျော့ချမှုတွေ လုပ်နေရတယ်လို့  မြန်မာ့မီးရထား စီးပွာရေးဌာန အထွေထွေမန်နေဂျာ ဦးညိုဦး ကပြောပါတယ်။

“ရထားတွေက သုံးစီးလောက်ပြေးတဲ့နေရာတွေမှာ နှစ်စီးလောက်ပဲ ပြေးတော့တယ်။ တချို့ရထားတွေ ဖြတ်ထား တာရှိပါတယ် ။ နေပြည်တော်နဲ့ မန္တလေးပြေးနေတဲ့ ၂၅၊ ၂၆ ဆို ကျွန်တော်တို့ဖြတ်ထားတယ်။ မန္တလေးနဲ့ မုံရွာ ပြေးတဲ့ရထားလည်းဖြတ်ထားတယ်။ မန္တလေးနဲ့ ကောလင်းပြေးတဲ့ရထားဖြတ်ထားတယ်။ အခြေအနေအပေါ် မူတည်ပြီး ရထား ရှစ်စင်းလောက် ဖြတ်ထားတယ်။ မန္တလေးနဲ့ လားရှိုးပြေးတဲ့ ရထားတွေဆို ရက်ခြားပြေးပေး တယ်။ တချို့ရထားတွေဆို ခုံမဲ့ လုံးဝမရောင်းတော့ဘူး"

မြန်မာပြည်မှာ လာမယ့် သီတင်းပတ်အတွင်း ကိုရိုနာရောဂါ ကူးစက်မှု အခြေအနေပိုဆိုးလာနိုင်တာကြောင့် ဒီရောဂါကို ကာကွယ်ဖို့အတွက် ပြည်သူတွေ အရေးကြီးကိစ္စမရှိဘဲ ခရီးမသွားဖို့နဲ့ နေအိမ်က အပြင်မထွက်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖြူဖြူခိုင် / RFA Burmese
https://www.rfa.org/burmese/program_2/corona-impact-trasportation-04032020044713.html
ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္း ထိခိုက္မႈရွိလာ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္း ထိခိုက္မႈရွိလာ Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.