ကိုဗစ္-၁၉ ကေလးလူနာ ၄ ဦးမွာ ၃ဦး ပိုးမေတြ႕ေတာ့၊ အငယ္ဆုံး ၁ႏွစ္၆လ ကေလးငယ္ကိုပိုးအေျဖစစ္ထား

 ျမန္မာမွာ ပိုးေတြ႕လူနာ ၁၅၀ ရွိၿပီ
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံက ကိုဗစ္-၁၉ ပိုးေတြ႕ ကေလးလူနာ ၄ ဦးအနက္ ၃ဦးကိုထပ္မံစစ္ေဆးရာမွာ ပိုးမေတြ႕(နဂၢတစ္) အေျဖထြက္ၿပီးျဖစ္ကာ အငယ္ဆုံးကေလးငယ္ တစ္ႏွစ္ေျခာက္လ ကိုလည္း ဒီကေန႔ ဧၿပီ ၂၉ ရက္ေန႔မွာ ပိုးအေျဖ ထပ္စစ္ထားၿပီျဖစ္တယ္လို႔ ေဝဘာဂီအထူးကုေဆး႐ုံမွာကေလးငယ္ေတြကို ၾကည့္ရႈကုသေပးေနတဲ့ ကေလးအထူးဆရာဝန္ေဒါက္တာ ခင္ခင္ထားက ဘီဘီစီကိုေျပာပါတယ္။

ဒီထဲကမွ အင္းစိန္နဲ႔ ေပါက္ေခါင္းက ကေလးငယ္ ၂ဦးမွာ ပိုးမေတြ႕အေျဖ (နဂၢတစ္) ၂ႀကိမ္စီ ထြက္ၿပီးၿပီလို႔လည္း သိရပါတယ္။

' ' ေပါက္ေခါင္းက ကေလးအႀကီးကေတာ့ နဂၢတစ္ တစ္ႀကိမ္ထြက္ၿပီးၿပီ။ ေနာက္တစ္ႀကိမ္ထပ္စစ္ထားတယ္။ အခုအငယ္ဆုံးကေလးငယ္ကိုလည္း ဒီေန႔စစ္ထားတယ္။ တကယ္လို႔ နဂၢတစ္ ဆိုရင္ေနာက္ ၄၈ နာရီအတြင္း တေခါက္ထပ္စစ္မွာေပါ့။ ကေလးအားလုံးကေတာ့ အေျခအေနေကာင္းပါတယ္။ ေနလည္းေကာင္းၾကတယ္''လို႔ ေဒါက္တာခင္ခင္ထားက ေျပာျပပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ပထမဆုံးပိုးေတြ႕လူနာကို ေမ ၂၃ မွာေတြ႕ရွိခဲ့ၿပီးေနာက္ အသက္အငယ္ဆုံး ကေလးလူနာအျဖစ္ ၁ႏွစ္၆လ ကေလးငယ္မွာ ပိုးကူးစက္ခံထားရေၾကာင္းကို ဧၿပီ ၁၉ ရက္ေန႔မွာ စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

' ' ပုံမွန္ေတာ့ နဂၢတစ္ ၂ႀကိမ္စစ္ထြက္ၿပီးရင္ ေဆး႐ုံကေပးဆင္းၿပီး facility quarantine (ေစာင့္ၾကည့္စင္တာ)မွာထားၿပီး ၂ပတ္ထပ္ေစာင့္ၾကည့္တာေပါ့ေလ။ ဒါေပမယ့္ ကေလးေတြက်ေတာ့ သူတို႔ခ်ည္းပဲထားမရေတာ့ မိဘနဲ႔အတူထားရတာ။ အင္းစိန္က ကေလးငယ္ဆိုလည္း သူ႔အေဖက နဂၢတစ္မထြက္ေသးေတာ့ ေဆး႐ုံကဆင္းမရေသးဘူးေပါ့''လို႔ ကေလးငယ္ေတြေဆး႐ုံမဆင္းႏိုင္ေသးတဲ့အေျခအေနကို ေဒါက္တာခင္ခင္ထားကရွင္းျပပါတယ္။

အလားတူ ေပါက္ေခါင္းက ကေလးငယ္ေတြရဲ႕မိခင္ျဖစ္သူ လူနာအမွတ္၁၅ မွာလည္း ပိုးမေတြ႕ေၾကာင္း အေျဖ ၂ခါထြက္ၿပီးေပမယ့္လည္း ကေလးငယ္ ၂ဦးလုံး မကင္းရွင္းေသးတဲ့အတြက္ ကေလးငယ္ေတြနဲ႔အတူ ေဆး႐ုံမဆင္းႏိုင္ေသးဘူးလို႔ သိရပါတယ္။

ဧၿပီ ၂၉ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာ ၁၅၀ ဦးအထိရွိလာၿပီျဖစ္ၿပီး ပိုးေတြ႕လူနာေတြအနက္ ၁၆ ဦးမွာ ပိုးမေတြ႕ရွိေတာ့ေၾကာင္း အေျဖထြက္ထားၿပီးျဖစ္တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကလေးလူနာ ၄ ဦးမှာ ၃ဦး ပိုးမတွေ့တော့၊ အငယ်ဆုံး ၁နှစ်၆လ ကလေးငယ်ကိုပိုးအဖြေစစ်ထား

မြန်မာနိုင်ငံက ကိုဗစ်-၁၉ ပိုးတွေ့ ကလေးလူနာ ၄ ဦးအနက် ၃ဦးကိုထပ်မံစစ်ဆေးရာမှာ ပိုးမတွေ့(နဂ္ဂတစ်) အဖြေထွက်ပြီးဖြစ်ကာ အငယ်ဆုံးကလေးငယ် တစ်နှစ်ခြောက်လ ကိုလည်း ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ ပိုးအဖြေ ထပ်စစ်ထားပြီဖြစ်တယ်လို့ ဝေဘာဂီအထူးကုဆေးရုံမှာကလေးငယ်တွေကို ကြည့်ရှုကုသပေးနေတဲ့ ကလေးအထူးဆရာဝန်ဒေါက်တာ ခင်ခင်ထားက ဘီဘီစီကိုပြောပါတယ်။

ဒီထဲကမှ အင်းစိန်နဲ့ ပေါက်ခေါင်းက ကလေးငယ် ၂ဦးမှာ ပိုးမတွေ့အဖြေ (နဂ္ဂတစ်) ၂ကြိမ်စီ ထွက်ပြီးပြီလို့လည်း သိရပါတယ်။

' ' ပေါက်ခေါင်းက ကလေးအကြီးကတော့ နဂ္ဂတစ် တစ်ကြိမ်ထွက်ပြီးပြီ။ နောက်တစ်ကြိမ်ထပ်စစ်ထားတယ်။ အခုအငယ်ဆုံးကလေးငယ်ကိုလည်း ဒီနေ့စစ်ထားတယ်။ တကယ်လို့ နဂ္ဂတစ် ဆိုရင်နောက် ၄၈ နာရီအတွင်း တခေါက်ထပ်စစ်မှာပေါ့။ ကလေးအားလုံးကတော့ အခြေအနေကောင်းပါတယ်။ နေလည်းကောင်းကြတယ်''လို့ ဒေါက်တာခင်ခင်ထားက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပထမဆုံးပိုးတွေ့လူနာကို မေ ၂၃ မှာတွေ့ရှိခဲ့ပြီးနောက် အသက်အငယ်ဆုံး ကလေးလူနာအဖြစ် ၁နှစ်၆လ ကလေးငယ်မှာ ပိုးကူးစက်ခံထားရကြောင်းကို ဧပြီ ၁၉ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

' ' ပုံမှန်တော့ နဂ္ဂတစ် ၂ကြိမ်စစ်ထွက်ပြီးရင် ဆေးရုံကပေးဆင်းပြီး facility quarantine (စောင့်ကြည့်စင်တာ)မှာထားပြီး ၂ပတ်ထပ်စောင့်ကြည့်တာပေါ့လေ။ ဒါပေမယ့် ကလေးတွေကျတော့ သူတို့ချည်းပဲထားမရတော့ မိဘနဲ့အတူထားရတာ။ အင်းစိန်က ကလေးငယ်ဆိုလည်း သူ့အဖေက နဂ္ဂတစ်မထွက်သေးတော့ ဆေးရုံကဆင်းမရသေးဘူးပေါ့''လို့ ကလေးငယ်တွေဆေးရုံမဆင်းနိုင်သေးတဲ့အခြေအနေကို ဒေါက်တာခင်ခင်ထားကရှင်းပြပါတယ်။

အလားတူ ပေါက်ခေါင်းက ကလေးငယ်တွေရဲ့မိခင်ဖြစ်သူ လူနာအမှတ်၁၅ မှာလည်း ပိုးမတွေ့ကြောင်း အဖြေ ၂ခါထွက်ပြီးပေမယ့်လည်း ကလေးငယ် ၂ဦးလုံး မကင်းရှင်းသေးတဲ့အတွက် ကလေးငယ်တွေနဲ့အတူ ဆေးရုံမဆင်းနိုင်သေးဘူးလို့ သိရပါတယ်။

ဧပြီ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၅၀ ဦးအထိရှိလာပြီဖြစ်ပြီး ပိုးတွေ့လူနာတွေအနက် ၁၆ ဦးမှာ ပိုးမတွေ့ရှိတော့ကြောင်း အဖြေထွက်ထားပြီးဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52467715
ကိုဗစ္-၁၉ ကေလးလူနာ ၄ ဦးမွာ ၃ဦး ပိုးမေတြ႕ေတာ့၊ အငယ္ဆုံး ၁ႏွစ္၆လ ကေလးငယ္ကိုပိုးအေျဖစစ္ထား ကိုဗစ္-၁၉ ကေလးလူနာ ၄ ဦးမွာ ၃ဦး ပိုးမေတြ႕ေတာ့၊ အငယ္ဆုံး ၁ႏွစ္၆လ ကေလးငယ္ကိုပိုးအေျဖစစ္ထား Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.