ဂ်ပန္နဲ႔ ၿဗိတိန္တုိ႔မွာ သြားမႈကန္႔သတ္ခ်က္ သက္တမ္းတုိး


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အသြားအလာပိတ္ပင္ထားတာေတြကို ႏိုင္ငံတခ်ိဳ႕က ျပန္ၿပီး ေျဖေလွ်ာ့ေပးဖုိ႔ စီစဥ္ေနၾကခ်ိန္မွာပဲ ဂ်ပန္နဲ႔ ၿဗိတိန္ႏိုင္ငံေတြက သူတုိ႔ ထုတ္ျပန္ထားတဲ့ ကန္႔သတ္ခ်က္ ေတြအတြက္ သက္တမ္း ထပ္တိုးလိုက္ၾကပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe က တႏိုင္ငံလံုး အတြက္ အေရးေပၚအေျခေနကို ေမလ ၆ ရက္ေန႔အထိ ဆက္ထားမွာ ျဖစ္ေၾကာင္း ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။ ကနဦးမွာ တိုက်ိဳနဲ႔ ဂ်ပန္ႏုိင္ငံရဲ႕ ျပည္နယ္ ၄၇ ခုထဲက ၆ ခု မွာ ဧၿပီလ ၇ ရက္ေန႔က စၿပီး တလၾကာ အေရးေပၚ အေျခေန ေၾကညာခဲ့တာပါ။

Johns Hopkins တကၠသိုလ္ရဲ႕ စစ္တမ္းေတြအရ ဂ်ပန္မွာ ၿပီးခဲ့တဲ့ လတုန္းက ဒီေရာဂါ အကူးစက္ခံရသူေပါင္း ၈၆၀၀ ေက်ာ္နဲ႔ တဟုန္ထိုး မ်ားလာတာ ေတြ႔ရပါတယ္။

ၿဗိတိန္ႏိုင္ငံမွာလည္း ဝန္ႀကီးခ်ဳပ္ Boris Johnson ဒီေရာဂါနဲ႔ ေဆးကုသမႈ ခံယူေနခ်ိန္မွာ ကိုယ္စား တာဝန္ယူေနတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab က ၾကာသပေတးေန႔မွာပဲ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အသြားအလာ ပိတ္ပင္ထားတာကို ေနာက္ထပ္ အနည္းဆံုး သီတင္း ၃ ပတ္ ထပ္ၿပီး တိုးလိုက္ေၾကာင္း ေၾကညာပါတယ္။

ၿဗိတိန္ႏိုင္ငံဟာ အေမရိကန္၊ အီတလီ၊ စပိန္နဲ႔ ျပင္သစ္ၿပီးရင္ ကမာၻမွာ ဒီေရာဂါနဲ႔ ေသဆံုးရသူ ပဥၥမေျမာက္ အမ်ားဆံုး ျဖစ္ေနတာပါ။

ဒီေရာဂါ ကူးစက္မႈေတြ ရပ္သြားေအာင္ လုပ္ေဆာင္ေနရင္းနဲ႔ ခ်မွတ္ထားတဲ့ ကန္႔သတ္ခ်က္ေတြကို ဘယ္လို ေျဖေလွ်ာ့ ေပးႏိုင္မယ္ ဆိုတာ နဲ႔ပတ္သက္ၿပီး လိုက္နာရမယ့္ အခ်က္အလက္ ေတြကို ေရွ႕သီတင္းပတ္ထဲမွာ ထုတ္ျပန္ေပးဖုိ႔ ရွိတယ္လို႔ WHO ကမာၻ႔ က်န္းမာေရး အဖြဲ႔ႀကီးက ၾကာသပေတးေန႔မွာ ေျပာပါတယ္။

ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူ တိုးလာေနသလို ေသဆံုးမႈလည္း တိုးလာေနခ်ိန္မွာပဲ ဥေရာပေဒသက ႏိုင္ငံအမ်ားအျပားက သူတို႔ႏိုင္ငံ ေတြမွာ ဒီေရာဂါနဲ႔ပတ္သက္ၿပီး တိုးတက္မႈ ရွိတဲ့ လကၡဏာေတြ ေတြ႔လာရတာေၾကာင့္ တေျဖးေျဖး စၿပီး ေျဖေလွ်ာ့ ေပးဖို႔ လုပ္ေနၿပီလို႔ ေျပာေနတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

ဂျပန်နဲ့ ဗြိတိန်တို့မှာ သွားမှုကန့်သတ်ချက် သက်တမ်းတိုး

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသွားအလာပိတ်ပင်ထားတာတွေကို နိုင်ငံတချို့က ပြန်ပြီး ဖြေလျှော့ပေးဖို့ စီစဉ်နေကြချိန်မှာပဲ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတွေက သူတို့ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက် တွေအတွက် သက်တမ်း ထပ်တိုးလိုက်ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တနိုင်ငံလုံး အတွက် အရေးပေါ်အခြေနေကို မေလ ၆ ရက်နေ့အထိ ဆက်ထားမှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ကနဦးမှာ တိုကျိုနဲ့ ဂျပန်နိုင်ငံရဲ့ ပြည်နယ် ၄၇ ခုထဲက ၆ ခု မှာ ဧပြီလ ၇ ရက်နေ့က စပြီး တလကြာ အရေးပေါ် အခြေနေ ကြေညာခဲ့တာပါ။

Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းတွေအရ ဂျပန်မှာ ပြီးခဲ့တဲ့ လတုန်းက ဒီရောဂါ အကူးစက်ခံရသူပေါင်း ၈၆၀၀ ကျော်နဲ့ တဟုန်ထိုး များလာတာ တွေ့ရပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း ဝန်ကြီးချုပ် Boris Johnson ဒီရောဂါနဲ့ ဆေးကုသမှု ခံယူနေချိန်မှာ ကိုယ်စား တာဝန်ယူနေတဲ့ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြာသပတေးနေ့မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ပင်ထားတာကို နောက်ထပ် အနည်းဆုံး သီတင်း ၃ ပတ် ထပ်ပြီး တိုးလိုက်ကြောင်း ကြေညာပါတယ်။

ဗြိတိန်နိုင်ငံဟာ အမေရိကန်၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်ပြီးရင် ကမ္ဘာမှာ ဒီရောဂါနဲ့ သေဆုံးရသူ ပဉ္စမမြောက် အများဆုံး ဖြစ်နေတာပါ။

ဒီရောဂါ ကူးစက်မှုတွေ ရပ်သွားအောင် လုပ်ဆောင်နေရင်းနဲ့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဘယ်လို ဖြေလျှော့ ပေးနိုင်မယ် ဆိုတာ နဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်အလက် တွေကို ရှေ့သီတင်းပတ်ထဲမှာ ထုတ်ပြန်ပေးဖို့ ရှိတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ တိုးလာနေသလို သေဆုံးမှုလည်း တိုးလာနေချိန်မှာပဲ ဥရောပဒေသက နိုင်ငံအများအပြားက သူတို့နိုင်ငံ တွေမှာ ဒီရောဂါနဲ့ပတ်သက်ပြီး တိုးတက်မှု ရှိတဲ့ လက္ခဏာတွေ တွေ့လာရတာကြောင့် တဖြေးဖြေး စပြီး ဖြေလျှော့ ပေးဖို့ လုပ်နေပြီလို့ ပြောနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/japan-and-uk-stay-home-order-/5375505.html
ဂ်ပန္နဲ႔ ၿဗိတိန္တုိ႔မွာ သြားမႈကန္႔သတ္ခ်က္ သက္တမ္းတုိး ဂ်ပန္နဲ႔ ၿဗိတိန္တုိ႔မွာ သြားမႈကန္႔သတ္ခ်က္ သက္တမ္းတုိး Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.