ေဟာ့ကိုင္းဒိုး ကိုဗစ္သင္ခန္းစာ


(Zawgyi)⤵⤵⤵
ဂ်ပန္ႏိုင္ငံ ေဟာ့ကိုင္းဒိုးဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္၊ ရွာေဖြႏိုင္၊ ခြဲထုတ္ႏိုင္ၿပီး ေရာဂါကူးစက္သူ အေရအတြက္ကို အႀကီးအက်ယ္ ေလွ်ာ့ခ်ေပးႏိုင္ခဲ့တဲ့အတြက္ ေအာင္ျမင္တဲ့ဇာတ္လမ္းတပုဒ္အျဖစ္ လူေတြက ရႈျမင္ခဲ့ၾကပါတယ္။

ဒါေပမဲ့ အခုေတာ့ ေဟာ့ကိုင္းဒိုးမွာ ဒုတိယအေက်ာ့ ကူးစက္ျပန္႔ပြားမႈေတြ ျဖစ္လာတဲ့ အတြက္ လူေတြရဲ႕ အာ႐ုံစူးစိုက္စရာ ျဖစ္လာျပန္ပါၿပီ။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကုန္ပိုင္းတုန္းက ေဟာ့ကိုင္းဒိုးကို ကိုဗစ္-၁၉ ေၾကာင့္ အေရးေပၚအေျခအေန ေၾကညာခဲ့ရပါတယ္။ ဂ်ပန္မွာ ပထမဆုံး ေၾကညာခဲ့ရတဲ့ ကြၽန္းစုျဖစ္ပါတယ္။

ေက်ာင္းေတြပိတ္၊ လူစုလူေဝး တားျမစ္႐ုံမက လူေတြကို ကိုယ့္အိမ္ကိုယ္ ေနၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။နယ္ေျမအစိုးရအဖြဲ႕ေတြဟာ ဗိုင္းရပ္စ္ကို သဲႀကီးမဲႀကီး ေနာက္ေယာင္ခံခဲ့သလို၊ ပိုးေတြ႕သူနဲ႔ ထိေတြ႕ဆက္စပ္သူမွန္သမွ်ကို သီးျခားခြဲထုတ္ ေနထိုင္ေစခဲ့ပါတယ္။

ေဟာ့ကိုင္းဒိုးရဲ႕ ဗိုင္းရပ္စ္တိုက္ဖ်က္ေရး မူဝါဒဟာ အလုပ္ျဖစ္ခဲ့ပါတယ္။ မတ္လလယ္ေလာက္ေရာက္ေတာ့ အသစ္ကူးစက္မႈ အေရအတြက္ဟာ တရက္ကို ၁ ေယာက္ ၂ ေယာက္ေလာက္ အထိ သိသိသာသာ ထိုးက်သြားပါတယ္။

မတ္လ ၁၉ ရက္ေန႔မွာ အေရးေပၚအေျခအေန ျပန္႐ုပ္သိမ္းခဲ့ၿပီး ဧၿပီလဆန္းမွာ ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ အေရးေပၚအေျခအေန ႐ုပ္သိမ္းၿပီး ၂၆ ရက္အၾကာမွာ ဒုတိယအႀကိမ္ အေရးေပၚအေျခအေန ျပန္ေၾကညာလိုက္ရပါၿပီ။

ေအာင္ျမင္တဲ့ဇာတ္လမ္းတပုဒ္ျဖစ္ခဲ့ေပမယ့္

ၿပီးခဲ့တဲ့အပတ္က ဗိုင္းရပ္စ္အသစ္ကူးစက္ခံရသူ စုစုေပါင္း ၁၃၅ ေယာက္ ရွိခဲ့ပါတယ္။ ေဖေဖာ္ဝါရီလမွာ ပထမအေက်ာ့ ကူးစက္မႈျဖစ္တုန္းကလို ျပင္ပက ကူးစက္လာၾကတာေတြ မဟုတ္ပါဘူး။

အခုကူးစက္သူေတြဟာ ႏိုင္ငံျခားသား မဟုတ္ၾကသလို၊ တလအတြင္းမွာ ႏိုင္ငံျခားခရီးထြက္ဖူးသူေတြလည္း မဟုတ္ၾကပါဘူး။

ေဟာ့ကိုင္းဒိုးျဖစ္ရပ္ကဘာသင္ခန္းစာရပါသလဲ

ပထမသင္ခန္းစာကေတာ့ ျမန္ျမန္ဆန္ဆန္ အေရးယူေဆာင္႐ြက္ရင္ ေစာေစာစီးစီးထိန္းခ်ဳပ္ႏိုင္တယ္ ဆိုတာပါပဲ။

“အပိုင္းေလးေတြခြဲၿပီး ကိုင္တြယ္ထိန္းခ်ဳပ္တာဟာ ေရာဂါကူးစက္မႈကိုေနာက္ေယာင္ခံဖို႔၊ သီးျခားခြဲထုတ္ဖို႔အတြက္ လြယ္ကူပါတယ္” လို႔လန္ဒန္ ကင္းေကာလိပ္က ပါေမာကၡ ကန္ဂ်ိရွီဘူယက ေျပာပါတယ္။

အပိုင္းခြဲ ထိန္းခ်ဳပ္တဲ့ဗ်ဴဟာဟာ ေဟာ့ကိုင္းဒိုးမွာ ေအာင္ျမင္ခဲ့ပါတယ္။ ဂ်ပန္ဟာ ကပ္ေဘးကေန ေစာေစာစီးစီး နာလန္ထလာခဲ့တဲ့ ႏိုင္ငံတႏိုင္ငံပါ။ သူ႔နည္းသူ႔ဟန္နဲ႔ ေဆာင္႐ြက္ခဲ့ရာမွာ ေအာင္ျမင္မႈရခဲ့တဲ့ ဇာတ္လမ္းတပုဒ္ပါ။
ဂ်ပန္နည္းဗ်ဴဟာဟာ ပထမအေက်ာ့မွာေအာင္ျမင္ခဲ့ေပမယ့္ ဒုတိယအေက်ာ့မွာ အခက္ေတြ႕
ေဟာ့ကိုင္းဒိုးမွာ ကိုင္တြယ္ေဆာင္႐ြက္ခဲ့ပုံဟာ ေတာင္ကိုရီးယား ေဒဂူးၿမိဳ႕မွာ ကိုင္တြယ္ေဆာင္႐ြက္ပုံနဲ႔ ခပ္ဆင္ဆင္တူပါတယ္။

ေတာင္ကိုရီးယားမွာ ေရာဂါစၿပီးသယ္လာတဲ့ ဘာသာေရးအစုအဖြဲ႕ဝင္ေတြေနာက္ကို သဲႀကီးမဲႀကီး ေနာက္ေယာင္ခံခဲ့ပါတယ္။ ကူးစက္သူမွန္သမွ် သီးျခားခြဲထုတ္တဲ့နည္းနဲ႔ ေရာဂါကူးစက္မႈကို ႏွိမ္နင္းခဲ့ပါတယ္။

ေဟာ့ကိုင္းဒိုး ဒုတိယသင္ခန္းစာကေတာ့ သိပ္အားတက္စရာမဟုတ္ပါဘူး။

ေဒဂူးမွာက ပိုးရွိသူေတြကို ရွာေဖြခြဲထုတ္ၿပီးတဲ့ေနာက္မွာ ရွာေဖြမႈေတြကို အႀကီးအက်ယ္ ဆက္လုပ္ခဲ့ပါတယ္။ ပမာဏ အေျမာက္အျမား စမ္းသပ္စစ္ေဆးတဲ့နည္းကို အသုံးျပဳၿပီး ကပ္ေဘးကိုထိန္းခ်ဳပ္ခဲ့ပါတယ္။ ဒီေနရာမွာေတာ့ ဂ်ပန္လုပ္ရပ္က ေတာင္ကိုရီးယားနဲ႔ ဆန္႔က်င္ဘက္ပါ။

အခုဆိုရင္ဂ်ပန္မွာ ကို႐ိုနာဗိုင္းရပ္စ္စေတြ႕တာ ၃ လေက်ာ္ၾကာပါၿပီ။ ဒါေတာင္မွ စမ္းသပ္စစ္ေဆးတဲ့ပမာဏက သိပ္နည္းလြန္းလွပါေသးတယ္။

ေစာေစာပိုင္းတုန္းကဆိုရင္ အႀကီးအက်ယ္ ေရာဂါရွာေဖြစစ္ေဆးတာဟာ ေငြကုန္လူပန္း လုပ္ရပ္ပဲလို႔ေတာင္ ပစ္ပစ္ခါခါ ေျပာခဲ့ေသးတာပါ။ ဒါေပမယ့္ အခုေတာ့ ေလသံနည္းနည္း ေလွ်ာ့လာပါၿပီ။ စမ္းသပ္မႈေတြ တိုးလုပ္မယ္လို႔ ေျပာလာပါၿပီ။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးေနဆဲျဖစ္ပါတယ္။

ပထမေတာ့ ဂ်ပန္က်န္းမာေရးဝန္ႀကီးဌာနက ဘာကိုစိုးရိမ္သလဲဆိုရင္ ေဆး႐ုံေပၚမွာေရာဂါလကၡဏာ နည္းနည္းေလာက္ပဲျပတဲ့လူေတြနဲ႔ ျပည့္သြားမွာကိုစိုးရိမ္ပါတယ္။

ေနာက္တခ်က္က အေျမာက္အျမား စစ္ေဆးမယ္ဆိုရင္ ေဆးစစ္တဲ့အလုပ္ကို ဗဟိုအဆင့္ကကိုင္တြယ္႐ုံနဲ႔ မလုံေလာက္ဘဲ နယ္ေျမအဆင့္ က်န္းမာေရးဌာနေတြက လုပ္မွရမွာပါ။

နယ္ေျမက်န္းမာေရးဌာနေတြမွာက အေျမာက္အျမား ေဆးစစ္တာေတြကို လုပ္ဖို႔ ဝန္ထမ္းနဲ႔ပစၥည္းကိရိယာ မလုံေလာက္ပါဘူး။ က်န္းမာေရးဌာနရဲ႕ အေရးေပၚတယ္လီဖုန္းလိုင္းေတြဟာလည္း အၿမဲတမ္း လိုင္းက်ပ္ေနပါတယ္။ ဆရာဝန္နဲ႔ ေတြ႕ခြင့္ရဖို႔ေတာင္ အင္မတန္ ခက္ခဲပါတယ္။

ဒါ့ေၾကာင့္ ဂ်ပန္ရဲ႕ ကို႐ိုနာတိုက္ဖ်က္ေရး ဗ်ဴဟာဟာ အေျမာက္အျမား ေဆးစစ္တဲ့နည္းအေပၚ အေျခခံမထားဘူး။ ဆိုးက်ိဳးကဘာလဲဆိုေတာ့ ဗိုင္းရပ္ဟာ ျပည္သူလူထုအၾကားမွာ ဘယ္သို႔ဘယ္ပုံ ကူးစက္ပ်ံ႕ႏွံ႔ေ႐ြ႕လ်ားသြားသလဲဆိုတာကို စီမံခန္႔ခြဲသူေတြက မသိႏိုင္ၾကေတာ့တာပါပဲလို႔ ပါေမာကၡရွီဘူယက ဆိုပါတယ္။

“ေရာဂါေဘးႀကီးရဲ႕ ေပါက္ကြဲထြက္လုလု အလယ္ပိုင္းကာလကို ကြၽန္ေတာ္တို႔ ျဖတ္သန္းေနရပါတယ္” လို႔လည္း သူက ေျပာပါတယ္။

“ေဟာ့ကိုင္းဒိုးက ေပးတဲ့သင္ခန္းစာက ဘာလဲဆိုေတာ့ ပထမအေက်ာ့မွာေရာဂါကို ေအာင္ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္ႏိုင္ခဲ့ရင္ေတာင္ စမ္းသပ္စစ္ေဆးမႈေတြအမ်ားအျပား မလုပ္ခဲ့ရင္ ေရရွည္မွာ သီးျခားခြဲထုတ္မႈေတြ ေရာဂါထိန္းခ်ဳပ္ဟန္႔တားမႈေတြ လုပ္ဖို႔ခက္ခဲတယ္ဆိုတဲ့ သင္ခန္းစာပါပဲ။ စမ္းသပ္စစ္ေဆးမႈေတြ အမ်ားအျပား လုပ္မထားခဲ့ေတာ့ ရပ္ကြက္ထဲမွာ ကူးတာနဲ႔ ေဆး႐ုံက ကူးတာကို ခြဲျခားဖို႔ ခက္လာပါတယ္။ ဘယ္ရပ္ကြက္၊ ဘယ္ၿမိဳ႕နယ္က ကူးစက္တာမ်ားတယ္ ဆိုတာကို တိတိက်က်ေျပာဖို႔ ခက္လာပါတယ္” လို႔လည္း သူကေထာက္ျပပါတယ္။

ခရီးရွည္ခ်ီတက္ပြဲ

တတိယသင္ခန္းစာအေနနဲ႔ သိလိုက္ရတဲ့အခ်က္က ရင္ဆိုင္ေက်ာ္လႊားရမယ့္ကာလဟာ လူေတြမွန္းထားတာထက္ ပိုၾကာမယ္ဆိုတဲ့အခ်က္ပါပဲ။

ေဟာ့ကိုင္းဒိုးမွာ ခုဆိုရင္ အစစအရာရာ ျပန္တင္းက်ပ္ ကန္႔သတ္လိုက္ပါၿပီ။ ဂ်ပန္စတိုင္ ပိတ္ဆို႔မႈက တျခားေနရာေတြမွာထက္ေတာ့ ေပ်ာ့ေပ်ာင္းပါတယ္။ လူေတာ္ေတာ္မ်ားမ်ား အလုပ္သြားေနဆဲပါ။ ေက်ာင္းေတြကေတာ့ ပိတ္ထားပါၿပီ။ ေစ်းဆိုင္ေတြ၊ အရက္ဘားေတြေတာင္ ဖြင့္ထားဆဲပါ။

ဒါေပမဲ့ အေမရိကန္၊ ဥေရာပနဲ႔ အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားကိုေတာ့ ခရီးမသြားရဆိုၿပီး အဝင္ေရာအထြက္ပါ ပိတ္ထားပါတယ္။

ခ်ိတို႔စ္က လူတေယာက္က သူ႔ဘားကို အတင္းအပိတ္ခိုင္းခံရၿပီး အလုပ္သမားေတြကို အလုပ္ျဖဳတ္လိုက္ရတယ္လို႔ ေျပာေပမယ့္ ေျမာက္ပိုင္းၿမိဳ႕ေတြျဖစ္တဲ့ အဆာဟိကာဝါ၊ နာအိုကီတာမူရတို႔မွာေတာ့ ဘားေတြဖြင့္ထားဆဲပါ။ ဒါေပမယ့္ ေဖာက္သည္ကေတာ့ မလာသေလာက္ ျဖစ္သြားပါၿပီ။

“တညမွ တေယာက္၊ႏွစ္ေယာက္ပဲ လာပါေတာ့တယ္”လို႔ ဘားပိုင္ရွင္တေယာက္က ေျပာျပပါတယ္။ အရင္ကဆိုရင္ တ႐ုတ္နဲ႔ အေရွ႕ေတာင္အာရွက ခရီးသည္ေတြကို ျမင္ေနက်ပါ။ အခုေတာ့ တေယာက္မွ မေတြ႕ရေတာ့ပါဘူး။ လမ္းေပၚမွာ ႏိုင္ငံျခား ဘာသာစကားေျပာတာေတာင္ မၾကားရေတာ့သေလာက္ပါပဲ။ ခရီးသြားလုပ္ငန္းဟာ ေတာ္ေတာ္႐ုန္းကန္ေနရတဲ့အေနအထားပါပဲလို႔လည္း ဆိုပါတယ္။

အသစ္ထုတ္ျပန္ထားတဲ့ အေရးေပၚအေျခအေနဟာ ဂ်ပန္ေတြက ေ႐ႊသီတင္းပတ္လို႔ နာမည္ေပးထားတဲ့ အားလပ္ရက္ရာသီအစ ေမလ ၆ ရက္ေန႔မွာ ကုန္ဆုံးမွာပါ။
ကမာၻလွည့္ခရီးသည္ေတြကို ဆြဲေဆာင္ႏိုင္တဲ့ ဂ်ပန္ႏွင္းေလွ်ာစီး အားကစား
ဒါေပမဲ့ ေအာက္ေျခ ေဒသႏၲရအရာရွိတေယာက္ကေတာ့ ဒီတခါပိတ္ဆို႔မႈဟာ ၾကာခ်င္ၾကာႏိုင္တယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔လည္း တျခားမွာလိုပဲ လုပ္ၾကရေတာ့မယ္လို႔ ထင္ပါတယ္။ရည္မွန္းခ်က္က လူလူခ်င္း ထိေတြ႕မႈ နည္းေရး၊ ဗိုင္းရပ္စ္ျပန္႔ပြားမႈကို ဟန္႔တားေရးပဲ ျဖစ္ရမွာပါ” လို႔သူက ဆိုပါတယ္။

ဒါဆိုဘယ္ေလာက္ေတာင္ၾကာမွာပါလဲ။

“ကာကြယ္ေဆးေတြ႕တဲ့အထိျဖစ္ပါလိမ့္မယ္။” လို႔သူကဆိုပါတယ္။

BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
ဟော့ကိုင်းဒိုး ကိုဗစ်သင်ခန်းစာ

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်၊ ရှာဖွေနိုင်၊ ခွဲထုတ်နိုင်ပြီး ရောဂါကူးစက်သူ အရေအတွက်ကို အကြီးအကျယ် လျှော့ချပေးနိုင်ခဲ့တဲ့အတွက် အောင်မြင်တဲ့ဇာတ်လမ်းတပုဒ်အဖြစ် လူတွေက ရှုမြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုတော့ ဟော့ကိုင်းဒိုးမှာ ဒုတိယအကျော့ ကူးစက်ပြန့်ပွားမှုတွေ ဖြစ်လာတဲ့ အတွက် လူတွေရဲ့ အာရုံစူးစိုက်စရာ ဖြစ်လာပြန်ပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ဟော့ကိုင်းဒိုးကို ကိုဗစ်-၁၉ ကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ ဂျပန်မှာ ပထမဆုံး ကြေညာခဲ့ရတဲ့ ကျွန်းစုဖြစ်ပါတယ်။

ကျောင်းတွေပိတ်၊ လူစုလူဝေး တားမြစ်ရုံမက လူတွေကို ကိုယ့်အိမ်ကိုယ် နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။နယ်မြေအစိုးရအဖွဲ့တွေဟာ ဗိုင်းရပ်စ်ကို သဲကြီးမဲကြီး နောက်ယောင်ခံခဲ့သလို၊ ပိုးတွေ့သူနဲ့ ထိတွေ့ဆက်စပ်သူမှန်သမျှကို သီးခြားခွဲထုတ် နေထိုင်စေခဲ့ပါတယ်။

ဟော့ကိုင်းဒိုးရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး မူဝါဒဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ မတ်လလယ်လောက်ရောက်တော့ အသစ်ကူးစက်မှု အရေအတွက်ဟာ တရက်ကို ၁ ယောက် ၂ ယောက်လောက် အထိ သိသိသာသာ ထိုးကျသွားပါတယ်။

မတ်လ ၁၉ ရက်နေ့မှာ အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းခဲ့ပြီး ဧပြီလဆန်းမှာ ကျောင်းတွေ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ၂၆ ရက်အကြာမှာ ဒုတိယအကြိမ် အရေးပေါ်အခြေအနေ ပြန်ကြေညာလိုက်ရပါပြီ။

အောင်မြင်တဲ့ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့ပေမယ့်

ပြီးခဲ့တဲ့အပတ်က ဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ စုစုပေါင်း ၁၃၅ ယောက် ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ပထမအကျော့ ကူးစက်မှုဖြစ်တုန်းကလို ပြင်ပက ကူးစက်လာကြတာတွေ မဟုတ်ပါဘူး။

အခုကူးစက်သူတွေဟာ နိုင်ငံခြားသား မဟုတ်ကြသလို၊ တလအတွင်းမှာ နိုင်ငံခြားခရီးထွက်ဖူးသူတွေလည်း မဟုတ်ကြပါဘူး။
ဟော့ကိုင်းဒိုးဖြစ်ရပ်ကဘာသင်ခန်းစာရပါသလဲ

ပထမသင်ခန်းစာကတော့ မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ရင် စောစောစီးစီးထိန်းချုပ်နိုင်တယ် ဆိုတာပါပဲ။

“အပိုင်းလေးတွေခွဲပြီး ကိုင်တွယ်ထိန်းချုပ်တာဟာ ရောဂါကူးစက်မှုကိုနောက်ယောင်ခံဖို့၊ သီးခြားခွဲထုတ်ဖို့အတွက် လွယ်ကူပါတယ်” လို့လန်ဒန် ကင်းကောလိပ်က ပါမောက္ခ ကန်ဂျိရှီဘူယက ပြောပါတယ်။

အပိုင်းခွဲ ထိန်းချုပ်တဲ့ဗျူဟာဟာ ဟော့ကိုင်းဒိုးမှာ အောင်မြင်ခဲ့ပါတယ်။ ဂျပန်ဟာ ကပ်ဘေးကနေ စောစောစီးစီး နာလန်ထလာခဲ့တဲ့ နိုင်ငံတနိုင်ငံပါ။ သူ့နည်းသူ့ဟန်နဲ့ ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုရခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါ။

ဟော့ကိုင်းဒိုးမှာ ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံဟာ တောင်ကိုရီးယား ဒေဂူးမြို့မှာ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ခပ်ဆင်ဆင်တူပါတယ်။

တောင်ကိုရီးယားမှာ ရောဂါစပြီးသယ်လာတဲ့ ဘာသာရေးအစုအဖွဲ့ဝင်တွေနောက်ကို သဲကြီးမဲကြီး နောက်ယောင်ခံခဲ့ပါတယ်။ ကူးစက်သူမှန်သမျှ သီးခြားခွဲထုတ်တဲ့နည်းနဲ့ ရောဂါကူးစက်မှုကို နှိမ်နင်းခဲ့ပါတယ်။

ဟော့ကိုင်းဒိုး ဒုတိယသင်ခန်းစာကတော့ သိပ်အားတက်စရာမဟုတ်ပါဘူး။

ဒေဂူးမှာက ပိုးရှိသူတွေကို ရှာဖွေခွဲထုတ်ပြီးတဲ့နောက်မှာ ရှာဖွေမှုတွေကို အကြီးအကျယ် ဆက်လုပ်ခဲ့ပါတယ်။ ပမာဏ အမြောက်အမြား စမ်းသပ်စစ်ဆေးတဲ့နည်းကို အသုံးပြုပြီး ကပ်ဘေးကိုထိန်းချုပ်ခဲ့ပါတယ်။ ဒီနေရာမှာတော့ ဂျပန်လုပ်ရပ်က တောင်ကိုရီးယားနဲ့ ဆန့်ကျင်ဘက်ပါ။

အခုဆိုရင်ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်စတွေ့တာ ၃ လကျော်ကြာပါပြီ။ ဒါတောင်မှ စမ်းသပ်စစ်ဆေးတဲ့ပမာဏက သိပ်နည်းလွန်းလှပါသေးတယ်။

စောစောပိုင်းတုန်းကဆိုရင် အကြီးအကျယ် ရောဂါရှာဖွေစစ်ဆေးတာဟာ ငွေကုန်လူပန်း လုပ်ရပ်ပဲလို့တောင် ပစ်ပစ်ခါခါ ပြောခဲ့သေးတာပါ။ ဒါပေမယ့် အခုတော့ လေသံနည်းနည်း လျှော့လာပါပြီ။ စမ်းသပ်မှုတွေ တိုးလုပ်မယ်လို့ ပြောလာပါပြီ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေဆဲဖြစ်ပါတယ်။

ပထမတော့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဘာကိုစိုးရိမ်သလဲဆိုရင် ဆေးရုံပေါ်မှာရောဂါလက္ခဏာ နည်းနည်းလောက်ပဲပြတဲ့လူတွေနဲ့ ပြည့်သွားမှာကိုစိုးရိမ်ပါတယ်။

နောက်တချက်က အမြောက်အမြား စစ်ဆေးမယ်ဆိုရင် ဆေးစစ်တဲ့အလုပ်ကို ဗဟိုအဆင့်ကကိုင်တွယ်ရုံနဲ့ မလုံလောက်ဘဲ နယ်မြေအဆင့် ကျန်းမာရေးဌာနတွေက လုပ်မှရမှာပါ။

နယ်မြေကျန်းမာရေးဌာနတွေမှာက အမြောက်အမြား ဆေးစစ်တာတွေကို လုပ်ဖို့ ဝန်ထမ်းနဲ့ပစ္စည်းကိရိယာ မလုံလောက်ပါဘူး။ ကျန်းမာရေးဌာနရဲ့ အရေးပေါ်တယ်လီဖုန်းလိုင်းတွေဟာလည်း အမြဲတမ်း လိုင်းကျပ်နေပါတယ်။ ဆရာဝန်နဲ့ တွေ့ခွင့်ရဖို့တောင် အင်မတန် ခက်ခဲပါတယ်။

ဒါ့ကြောင့် ဂျပန်ရဲ့ ကိုရိုနာတိုက်ဖျက်ရေး ဗျူဟာဟာ အမြောက်အမြား ဆေးစစ်တဲ့နည်းအပေါ် အခြေခံမထားဘူး။ ဆိုးကျိုးကဘာလဲဆိုတော့ ဗိုင်းရပ်ဟာ ပြည်သူလူထုအကြားမှာ ဘယ်သို့ဘယ်ပုံ ကူးစက်ပျံ့နှံ့ရွေ့လျားသွားသလဲဆိုတာကို စီမံခန့်ခွဲသူတွေက မသိနိုင်ကြတော့တာပါပဲလို့ ပါမောက္ခရှီဘူယက ဆိုပါတယ်။

“ရောဂါဘေးကြီးရဲ့ ပေါက်ကွဲထွက်လုလု အလယ်ပိုင်းကာလကို ကျွန်တော်တို့ ဖြတ်သန်းနေရပါတယ်” လို့လည်း သူက ပြောပါတယ်။

“ဟော့ကိုင်းဒိုးက ပေးတဲ့သင်ခန်းစာက ဘာလဲဆိုတော့ ပထမအကျော့မှာရောဂါကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ရင်တောင် စမ်းသပ်စစ်ဆေးမှုတွေအများအပြား မလုပ်ခဲ့ရင် ရေရှည်မှာ သီးခြားခွဲထုတ်မှုတွေ ရောဂါထိန်းချုပ်ဟန့်တားမှုတွေ လုပ်ဖို့ခက်ခဲတယ်ဆိုတဲ့ သင်ခန်းစာပါပဲ။ စမ်းသပ်စစ်ဆေးမှုတွေ အများအပြား လုပ်မထားခဲ့တော့ ရပ်ကွက်ထဲမှာ ကူးတာနဲ့ ဆေးရုံက ကူးတာကို ခွဲခြားဖို့ ခက်လာပါတယ်။ ဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်က ကူးစက်တာများတယ် ဆိုတာကို တိတိကျကျပြောဖို့ ခက်လာပါတယ်” လို့လည်း သူကထောက်ပြပါတယ်။

ခရီးရှည်ချီတက်ပွဲ

တတိယသင်ခန်းစာအနေနဲ့ သိလိုက်ရတဲ့အချက်က ရင်ဆိုင်ကျော်လွှားရမယ့်ကာလဟာ လူတွေမှန်းထားတာထက် ပိုကြာမယ်ဆိုတဲ့အချက်ပါပဲ။

ဟော့ကိုင်းဒိုးမှာ ခုဆိုရင် အစစအရာရာ ပြန်တင်းကျပ် ကန့်သတ်လိုက်ပါပြီ။ ဂျပန်စတိုင် ပိတ်ဆို့မှုက တခြားနေရာတွေမှာထက်တော့ ပျော့ပျောင်းပါတယ်။ လူတော်တော်များများ အလုပ်သွားနေဆဲပါ။ ကျောင်းတွေကတော့ ပိတ်ထားပါပြီ။ ဈေးဆိုင်တွေ၊ အရက်ဘားတွေတောင် ဖွင့်ထားဆဲပါ။

ဒါပေမဲ့ အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတော်တော်များများကိုတော့ ခရီးမသွားရဆိုပြီး အဝင်ရောအထွက်ပါ ပိတ်ထားပါတယ်။

ချိတို့စ်က လူတယောက်က သူ့ဘားကို အတင်းအပိတ်ခိုင်းခံရပြီး အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်ရတယ်လို့ ပြောပေမယ့် မြောက်ပိုင်းမြို့တွေဖြစ်တဲ့ အဆာဟိကာဝါ၊ နာအိုကီတာမူရတို့မှာတော့ ဘားတွေဖွင့်ထားဆဲပါ။ ဒါပေမယ့် ဖောက်သည်ကတော့ မလာသလောက် ဖြစ်သွားပါပြီ။

“တညမှ တယောက်၊နှစ်ယောက်ပဲ လာပါတော့တယ်”လို့ ဘားပိုင်ရှင်တယောက်က ပြောပြပါတယ်။ အရင်ကဆိုရင် တရုတ်နဲ့ အရှေ့တောင်အာရှက ခရီးသည်တွေကို မြင်နေကျပါ။ အခုတော့ တယောက်မှ မတွေ့ရတော့ပါဘူး။ လမ်းပေါ်မှာ နိုင်ငံခြား ဘာသာစကားပြောတာတောင် မကြားရတော့သလောက်ပါပဲ။ ခရီးသွားလုပ်ငန်းဟာ တော်တော်ရုန်းကန်နေရတဲ့အနေအထားပါပဲလို့လည်း ဆိုပါတယ်။

အသစ်ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေဟာ ဂျပန်တွေက ရွှေသီတင်းပတ်လို့ နာမည်ပေးထားတဲ့ အားလပ်ရက်ရာသီအစ မေလ ၆ ရက်နေ့မှာ ကုန်ဆုံးမှာပါ။

ဒါပေမဲ့ အောက်ခြေ ဒေသန္တရအရာရှိတယောက်ကတော့ ဒီတခါပိတ်ဆို့မှုဟာ ကြာချင်ကြာနိုင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လည်း တခြားမှာလိုပဲ လုပ်ကြရတော့မယ်လို့ ထင်ပါတယ်။ရည်မှန်းချက်က လူလူချင်း ထိတွေ့မှု နည်းရေး၊ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ဟန့်တားရေးပဲ ဖြစ်ရမှာပါ” လို့သူက ဆိုပါတယ်။

ဒါဆိုဘယ်လောက်တောင်ကြာမှာပါလဲ။

“ကာကွယ်ဆေးတွေ့တဲ့အထိဖြစ်ပါလိမ့်မယ်။” လို့သူကဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52312466   
ေဟာ့ကိုင္းဒိုး ကိုဗစ္သင္ခန္းစာ ေဟာ့ကိုင္းဒိုး ကိုဗစ္သင္ခန္းစာ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.