ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္ ၃ ဦးထပ္တိုး


(Zawgyi/Unicode)

ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနက ဒီကေန႔ ဧၿပီလ ၁၇ ရက္ေန႔အတြက္ စစ္ေဆးခဲ့တဲ့ထဲမွာ COVID-19 ေရာဂါပိုးကူးစက္ေနသူ ေနာက္ထပ္ ၃ ေယာက္ကို ေတြ႔႐ွိပါတယ္။

ပထမအသုတ္ စစ္ေဆးတဲ့ ၉၃ ေယာက္ထဲမွာ အင္းစိန္ အေထြေထြေရာဂါကုေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာ ၁ ေယာက္၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာ ၁ ေယာက္၊ ကေလးၿမိဳ႕မွာ အသြားအလာ ကန႔္သတ္ထားသူ ၁ ေယာက္ စုစုေပါင္း ၃ ေယာက္မွာ COVID-19 ေရာဂါပိုး ကူးစက္ေနေၾကာင္း ေတြ႔႐ွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးကူးစက္သူ စုစုေပါင္း ၈၈ ဦး ရွိသြားၿပီျဖစ္ၿပီး အဲဒီထဲက ၂ ေယာက္ ျပန္ေကာင္းသြားၿပီးေတာ့ ၄ ဦး ေသဆံုးထားပါတယ္။

ဒီကေန႔ ပထမအသုတ္ စစ္ေဆးခဲ့တဲ့ ၉၃ ေယာက္ထဲက က်န္တဲ့ လူ အေယာက္ ၉၀ မွာေတာ့ ေရာဂါပိုး မေတြ႔ဘူးလို႔လည္း က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ နောက်ထပ် ၃ ဦးထပ်တိုး

ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့အတွက် စစ်ဆေးခဲ့တဲ့ထဲမှာ COVID-19 ရောဂါပိုးကူးစက်နေသူ နောက်ထပ် ၃ ယောက်ကို တွေ့ရှိပါတယ်။

ပထမအသုတ် စစ်ဆေးတဲ့ ၉၃ ယောက်ထဲမှာ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ယောက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ယောက်၊ ကလေးမြို့မှာ အသွားအလာ ကန့်သတ်ထားသူ ၁ ယောက် စုစုပေါင်း ၃ ယောက်မှာ COVID-19 ရောဂါပိုး ကူးစက်နေကြောင်း တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်သူ စုစုပေါင်း ၈၈ ဦး ရှိသွားပြီဖြစ်ပြီး အဲဒီထဲက ၂ ယောက် ပြန်ကောင်းသွားပြီးတော့ ၄ ဦး သေဆုံးထားပါတယ်။

ဒီကနေ့ ပထမအသုတ် စစ်ဆေးခဲ့တဲ့ ၉၃ ယောက်ထဲက ကျန်တဲ့ လူ အယောက် ၉၀ မှာတော့ ရောဂါပိုး မတွေ့ဘူးလို့လည်း ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5376519.html
ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္ ၃ ဦးထပ္တိုး  ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္ ၃ ဦးထပ္တိုး Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.