ျပည္ပကျပန္လာသူေတြကို သီးသန႔္ေစာင့္ၾကည့္ရာမွာ စည္းကမ္းမလိုက္နာသူေတြကို အမႈဖြင့္

 ျပည္ေတာ္ျပန္လာသူေတြထဲမွာ ႏွစ္ပတ္ၾကာသီးသန႔္ေစာင့္ၾကည့္မႈစည္းကမ္းကို ခ်ိဳးေဖာက္တာေတြရွိေနတာပါ။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ျပည္ပကျပန္လာသူေတြကို ၁၄ ရက္ၾကာ သီးသန႔္ခြဲျခားေစာင့္ၾကည့္တဲ့အခါမွာ စည္းကမ္းမလိုက္နာသူေတြကို အမႈဖြင့္အေရးယူတာ ေတြ ျပဳလုပ္ခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ပဲခူးတိုင္း သနပ္ပင္ၿမိဳ႕နယ္နဲ႔ သာယာဝတီၿမိဳ႕နယ္တို႔မွာ အဲဒီလို စည္းကမ္းမလိုက္နာသူေတြကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ အမႈဖြင့္ထားတာျဖစ္ပါတယ္။

သနပ္ပင္၊ ဆယ္ဧကေက်း႐ြာက မူလတန္းေက်ာင္းတစ္ေက်ာင္းမွာ ေနရပ္ကို ျပန္ေရာက္လာသူ ၁၃ ဦးကိုသီးသန႔္ခြဲျခားေစာင့္ၾကည့္ခဲ့ၿပီး အဲဒီထဲက အမ်ိဳးသား ၃ ဦးရဲ႕ အေဆာင္ကို ဦးေလးေတာ္စပ္သူက အရက္မူးၿပီး ေရာက္လာတယ္လို႔ ထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္။

သူဟာ အေဆာင္အခန္းတံခါးကို ကန္ဖြင့္ၿပီး ဝင္ေရာက္ ဆဲဆိုခဲ့တာေၾကာင့္ ဧၿပီ ၃ ရက္ညေနပိုင္းမွာ ဖမ္းဆီးထားၿပီး အမႈဖြင့္စစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

သာယာဝတီက အထက္တန္းေက်ာင္းတစ္ေက်ာင္းမွာ ဖြင့္လွစ္ထားတဲ့ ျပည္ပက ျပန္လာသူေတြကို ေစာင့္ၾကည့္တဲ့ ျပည္သူလူထုအေျချပဳကန႔္သတ္စခန္း ၁ မွာလည္း ထိုင္းက ျပန္လာတဲ့သူတစ္ဦးဟာ အရက္ေသာက္စားမူးယစ္ၿပီး သူ႔ကိုေစာင့္ၾကည့္လူနာအျဖစ္ ထားရွိတာကိုမေက်နပ္တဲ့အတြက္ အလႉရွင္ေတြ ေကြၽးေမြးတဲ့ ထမင္းဟင္းေတြကို လႊင့္ပစ္တာ၊ ဆဲဆိုတာေတြလုပ္ခဲ့လို႔ ဖမ္းဆီးၿပီး အမႈဖြင့္အေရးယူထားတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း စစ္ကိုင္းတိုင္းတမူးၿမိဳ႕နယ္အတြင္း လူစုလူေဝးမလုပ္ရဘူးဆိုတဲ့ ေဒသႏၲရအမိန႔္ကိုမလိုက္နာဘဲ မဂၤလာပြဲျပဳလုပ္ခဲ့တဲ့ သတို႔သားကို ေထာင္ ၆ လနဲ႔ ဒဏ္ေငြ ၁၀ သိန္းေပးေဆာင္ဖို႔ တမူးၿမိဳ႕နယ္တရား႐ုံးက ဧၿပီ ၃ ရက္က အမိန႔္ခ်ခဲ့ပါတယ္။

အဲဒီသတိုးသားဟာအေမရိကန္ႏိုင္ငံသား ခံယူထားသူျဖစ္ၿပီး မတ္ ၂၈ ရက္ေန႔က ခမိတ္ေက်း႐ြာအုပ္စုထဲမွာ မဂၤလာပြဲျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ တမူးၿမိဳ႕နယ္ ျပန္ၾကားေရး႐ုံးက ထုတ္ျပန္ထားပါတယ္။

သူဟာ မဂၤလာပြဲျပဳလုပ္ခဲ့တဲ့အတြက္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၃၀ (က) အရ ေထာင္ ၆ လနဲ႔ လဝက ဥပေဒအရ က်ပ္ ၁၀ သိန္းေပးေဆာင္ရမွာျဖစ္ပါတယ္။ က်ပ္ ၁၀ သိန္းမေပးေဆာင္ႏိုင္ရင္ ေထာင္ေျခာက္လ က်ခံရမွာျဖစ္ၿပီး သူက ဒဏ္ေငြ ေပးေဆာင္ခဲ့ပါတယ္။

သတိုးသားရဲ႕ဖခင္ကိုလည္း အေမရိကန္ႏိုင္ငံသား သားျဖစ္သူ ေနအိမ္မွာ တည္းခိုေနထိုင္တာကို သတင္းပို႔ဖို႔ ပ်က္ကြက္တယ္ဆိုၿပီး ဒဏ္ေငြ ၁၀ သိန္းေပးေဆာင္ဖို႔ အမိန႔္ခ်ခဲ့ပါတယ္။

ဒါ့အျပင္ ဧရာဝတီတိုင္းဘက္မွာလည္း ျပည္ပက ျပန္လာသူေတြကို သီးသန႔္ခြဲျခားေစာင့္ၾကည့္တဲ့ေနရာကေန ထြက္ေျပးတဲ့အမ်ိဳးသားတစ္ဦးကို ဖမ္းမိခဲ့ၿပီး ေစာင့္ၾကည့္ကာလ ၂ ပတ္ျပည့္တာနဲ႔ ေထာင္သုံးလ က်ခံဖို႔ အာဏာပိုင္ေတြက အမိန႔္ခ်ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52162594
------------
(Unicode)⤵⤵⤵
ပြည်ပကပြန်လာသူတွေကို သီးသန့်စောင့်ကြည့်ရာမှာ စည်းကမ်းမလိုက်နာသူတွေကို အမှုဖွင့်

မြန်မာနိုင်ငံမှာ ပြည်ပကပြန်လာသူတွေကို ၁၄ ရက်ကြာ သီးသန့်ခွဲခြားစောင့်ကြည့်တဲ့အခါမှာ စည်းကမ်းမလိုက်နာသူတွေကို အမှုဖွင့်အရေးယူတာ တွေ ပြုလုပ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်နဲ့ သာယာဝတီမြို့နယ်တို့မှာ အဲဒီလို စည်းကမ်းမလိုက်နာသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

သနပ်ပင်၊ ဆယ်ဧကကျေးရွာက မူလတန်းကျောင်းတစ်ကျောင်းမှာ နေရပ်ကို ပြန်ရောက်လာသူ ၁၃ ဦးကိုသီးသန့်ခွဲခြားစောင့်ကြည့်ခဲ့ပြီး အဲဒီထဲက အမျိုးသား ၃ ဦးရဲ့ အဆောင်ကို ဦးလေးတော်စပ်သူက အရက်မူးပြီး ရောက်လာတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဓာတ်ပုံ မူပိုင် MOHF
Image caption ပြည်တော်ပြန်လာသူတွေထဲမှာ နှစ်ပတ်ကြာသီးသန့်စောင့်ကြည့်မှုစည်းကမ်းကို ချိုးဖောက်တာတွေရှိနေတာပါ။

သူဟာ အဆောင်အခန်းတံခါးကို ကန်ဖွင့်ပြီး ဝင်ရောက် ဆဲဆိုခဲ့တာကြောင့် ဧပြီ ၃ ရက်ညနေပိုင်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သာယာဝတီက အထက်တန်းကျောင်းတစ်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ပြည်ပက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ ပြည်သူလူထုအခြေပြုကန့်သတ်စခန်း ၁ မှာလည်း ထိုင်းက ပြန်လာတဲ့သူတစ်ဦးဟာ အရက်သောက်စားမူးယစ်ပြီး သူ့ကိုစောင့်ကြည့်လူနာအဖြစ် ထားရှိတာကိုမကျေနပ်တဲ့အတွက် အလှူရှင်တွေ ကျွေးမွေးတဲ့ ထမင်းဟင်းတွေကို လွှင့်ပစ်တာ၊ ဆဲဆိုတာတွေလုပ်ခဲ့လို့ ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းတမူးမြို့နယ်အတွင်း လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ ဒေသန္တရအမိန့်ကိုမလိုက်နာဘဲ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ သတို့သားကို ထောင် ၆ လနဲ့ ဒဏ်ငွေ ၁၀ သိန်းပေးဆောင်ဖို့ တမူးမြို့နယ်တရားရုံးက ဧပြီ ၃ ရက်က အမိန့်ချခဲ့ပါတယ်။

အဲဒီသတိုးသားဟာအမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး မတ် ၂၈ ရက်နေ့က ခမိတ်ကျေးရွာအုပ်စုထဲမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့ တမူးမြို့နယ် ပြန်ကြားရေးရုံးက ထုတ်ပြန်ထားပါတယ်။

သူဟာ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) အရ ထောင် ၆ လနဲ့ လဝက ဥပဒေအရ ကျပ် ၁၀ သိန်းပေးဆောင်ရမှာဖြစ်ပါတယ်။ ကျပ် ၁၀ သိန်းမပေးဆောင်နိုင်ရင် ထောင်ခြောက်လ ကျခံရမှာဖြစ်ပြီး သူက ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။

သတိုးသားရဲ့ဖခင်ကိုလည်း အမေရိကန်နိုင်ငံသား သားဖြစ်သူ နေအိမ်မှာ တည်းခိုနေထိုင်တာကို သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး ဒဏ်ငွေ ၁၀ သိန်းပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဘက်မှာလည်း ပြည်ပက ပြန်လာသူတွေကို သီးသန့်ခွဲခြားစောင့်ကြည့်တဲ့နေရာကနေ ထွက်ပြေးတဲ့အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ပြီး စောင့်ကြည့်ကာလ ၂ ပတ်ပြည့်တာနဲ့ ထောင်သုံးလ ကျခံဖို့ အာဏာပိုင်တွေက အမိန့်ချခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52162594
ျပည္ပကျပန္လာသူေတြကို သီးသန႔္ေစာင့္ၾကည့္ရာမွာ စည္းကမ္းမလိုက္နာသူေတြကို အမႈဖြင့္ ျပည္ပကျပန္လာသူေတြကို သီးသန႔္ေစာင့္ၾကည့္ရာမွာ စည္းကမ္းမလိုက္နာသူေတြကို အမႈဖြင့္ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.