တားျမစ္မိန႔္ေၾကာင့္ မႏၲေလးက အေျခခံလူတန္းစားေတြအတြက္ က်ပ္တစ္ဘီလ်ံ ေထာက္ပံ့မယ္

မႏၲေလးမွာ သီးသန႔္ခြဲျခားေစာင့္ၾကည့္သူ ေလးေထာင္ေက်ာ္ရွိပါတယ္။
(Zawgyi)⤵⤵⤵
မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ခရီးသြားလာခြင့္အပါအဝင္ အဝင္အထြက္ေတြကို ဧၿပီ ၇ ရက္ကစၿပီး တားျမစ္ကန႔္သတ္မွာျဖစ္ပါတယ္။

အဲဒီလို ကန႔္သတ္တဲ့အခါမွာ အေျခခံလူတန္းစားေတြကိုမထိခိုက္ေစဖို႔ က်ပ္ တစ္ဘီလ်ံ အသုံးျပဳသြားမယ္လို႔ မႏၲေလးတိုင္း ေခတၱ ဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ဘီဘီစီကို ေျပာပါတယ္။

" ဝင္ေငြနည္းပါးတဲ့ ႏိုင္ငံသားေတြအတြက္ အစိုးရက အေျခခံစားေသာက္ကုန္ေတြေထာက္ပံ့ႏိုင္ေအာင္ ႀကိဳးပမ္းစီစဥ္ထားပါတယ္။ အဲဒီအတြက္ တိုင္းေဒသႀကီးရန္ပုံေငြက တစ္ဘီလ်ံ မတည္သုံးစြဲဖို႔၊ တစ္ခါ အလႉရွင္မ်ားကိုလည္း ဖိတ္ေခၚထားပါတယ္" လို႔ ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ရွင္းျပပါတယ္။

အဲဒီလိုေထာက္ပံ့ႏိုင္ဖို႔ မႏၲေလးတိုင္းအတြင္းက အေျခခံလူတန္းစားေတြကို စာရင္းဇယားေကာက္ယူထားရွိၿပီးျဖစ္ၿပီး သူတို႔ကို စားေရရိကၡာမ်ားေပးပို႔ရာမွာ ရာဂါပိုးမပ်ံ႕ႏွံ႔တဲ့နည္းေတြနဲ႔ ျဖန႔္ျဖဴးေပးဖို႔ကိုပါ တစ္ပါတည္း စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ အဲဒီလိုစီစဥ္ရာမွာ မိသားစုတစ္စုအတြက္ အိတ္ငယ္ေလးေတြနဲ႔ ဖန္တီးထုပ္ပိုးၿပီး တစ္ခါတည္း ျဖန႔္ျဖဴးေပးဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံအတြင္း ကူးစက္မႈ local transmission ကို အထူး ဂ႐ုစိုက္ဖို႔ လိုအပ္လာလို႔ မႏၲေလးမွာ အသြားအလာ ထပ္မံ တင္းၾကပ္မယ္လို႔ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ကေျပာၿပီးေနာက္ ဧၿပီ ၄ ရက္ေန႔မွာ တရားဝင္ သတင္းထုတ္ျပန္ခဲ့တာပါ။

ဧၿပီ ၇ ရက္ အဂၤါေန႔က စၿပီး ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္း ကိုႏွစ္ပတ္ ရပ္နားမွာျဖစ္ၿပီး စားေသာက္ကုန္ နဲ႔ ေဆးဝါးမျပတ္လပ္ဖို႔ ကုန္စည္ပို႔ေဆာင္ ေရးလုပ္ငန္းကိုေတာ့ ဆက္လက္ခြင့္ျပဳထားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ မရွိမျဖစ္လိုအပ္တဲ့ စားေသာက္ကုန္နဲ႔ေဆး၊ ေဆးပစၥည္း ထုတ္လုပ္ျဖန႔္ျဖဴးတဲ့ လုပ္ငန္းနဲ႔ စက္႐ုံေတြကလြဲၿပီး က်န္လုပ္ငန္းေတြ ပိတ္ထားမွာ ျဖစ္ပါတယ္။

မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ တစ္ဦးနဲ႔ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ခံရသူ ေလးေထာင္ေက်ာ္ ရွိေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52162594
----------
(Unicode)⤵⤵⤵
မန္တလေးမှာ သီးသန့်ခွဲခြားစောင့်ကြည့်သူ လေးထောင်ကျော်ရှိပါတယ်။

(၁) တားမြစ်မိန့်ကြောင့် မန္တလေးက အခြေခံလူတန်းစားတွေအတွက် ကျပ်တစ်ဘီလျံ ထောက်ပံ့မယ်

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားလာခွင့်အပါအဝင် အဝင်အထွက်တွေကို ဧပြီ ၇ ရက်ကစပြီး တားမြစ်ကန့်သတ်မှာဖြစ်ပါတယ်။

အဲဒီလို ကန့်သတ်တဲ့အခါမှာ အခြေခံလူတန်းစားတွေကိုမထိခိုက်စေဖို့ ကျပ် တစ်ဘီလျံ အသုံးပြုသွားမယ်လို့ မန္တလေးတိုင်း ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဘီဘီစီကို ပြောပါတယ်။

" ဝင်ငွေနည်းပါးတဲ့ နိုင်ငံသားတွေအတွက် အစိုးရက အခြေခံစားသောက်ကုန်တွေထောက်ပံ့နိုင်အောင် ကြိုးပမ်းစီစဉ်ထားပါတယ်။ အဲဒီအတွက် တိုင်းဒေသကြီးရန်ပုံငွေက တစ်ဘီလျံ မတည်သုံးစွဲဖို့၊ တစ်ခါ အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားပါတယ်" လို့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ရှင်းပြပါတယ်။

အဲဒီလိုထောက်ပံ့နိုင်ဖို့ မန္တလေးတိုင်းအတွင်းက အခြေခံလူတန်းစားတွေကို စာရင်းဇယားကောက်ယူထားရှိပြီးဖြစ်ပြီး သူတို့ကို စားရေရိက္ခာများပေးပို့ရာမှာ ရာဂါပိုးမပျံ့နှံ့တဲ့နည်းတွေနဲ့ ဖြန့်ဖြူးပေးဖို့ကိုပါ တစ်ပါတည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလိုစီစဉ်ရာမှာ မိသားစုတစ်စုအတွက် အိတ်ငယ်လေးတွေနဲ့ ဖန်တီးထုပ်ပိုးပြီး တစ်ခါတည်း ဖြန့်ဖြူးပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ကူးစက်မှု local transmission ကို အထူး ဂရုစိုက်ဖို့ လိုအပ်လာလို့ မန္တလေးမှာ အသွားအလာ ထပ်မံ တင်းကြပ်မယ်လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောပြီးနောက် ဧပြီ ၄ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။

ဧပြီ ၇ ရက် အင်္ဂါနေ့က စပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ကိုနှစ်ပတ် ရပ်နားမှာဖြစ်ပြီး စားသောက်ကုန် နဲ့ ဆေးဝါးမပြတ်လပ်ဖို့ ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းကိုတော့ ဆက်လက်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်နဲ့ဆေး၊ ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းနဲ့ စက်ရုံတွေကလွဲပြီး ကျန်လုပ်ငန်းတွေ ပိတ်ထားမှာ ဖြစ်ပါတယ်။

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ လေးထောင်ကျော် ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52162594
တားျမစ္မိန႔္ေၾကာင့္ မႏၲေလးက အေျခခံလူတန္းစားေတြအတြက္ က်ပ္တစ္ဘီလ်ံ ေထာက္ပံ့မယ္ တားျမစ္မိန႔္ေၾကာင့္ မႏၲေလးက အေျခခံလူတန္းစားေတြအတြက္ က်ပ္တစ္ဘီလ်ံ ေထာက္ပံ့မယ္ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.