ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ အေမရိကန္နဲ႔ ဥေရာပမွာ အမ်ားစုေသဆုံး

အီတလီတြင္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရသည့္ လူနာအား ျပဳစုေနသည့္ က်န္မာေရးဝန္ထမ္းတဦး။ (ဧၿပီ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတ၀ွမ္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ဟာ အခုဆုိရင္ ၁.၂ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၆ ေသာင္းခဲြေက်ာ္ ရွိသြားၿပီျဖစ္ၿပီး ဒီထဲမွာ ဥေရာပနဲ႔ အေမရိကန္ႏုိင္ငံက ထိခုိက္ေသဆုံးမႈ အမ်ားဆုံးရွိခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံအေနနဲ႔ ေရွ႕လာမယ့္ သီတင္းပတ္ေတြဟာ အခက္အခဲဆုံးကာလေတြ ျဖစ္လိမ့္မယ္လို႔ သမၼတ Donald Trump က ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး စေနေန႔က ျပဳလုပ္တဲ့ ေန႔စဥ္သတင္းစာရွင္းလင္းပဲြအတြင္း ေျပာၾကားလိုက္ပါတယ္။

“ကံမေကာင္း အေၾကာင္းမလွစြာဘဲ ေသဆုံးမႈေတြ အမ်ားႀကီးရွိလာမွာပါ” လို႔ သမၼတ Trump က ေျပာသြားတာပါ။

အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါကူးစက္ခံရသူ အေရအတြက္ဟာ ၃ သိန္းေက်ာ္သြားခဲ့ၿပီး ေသဆုံးသူ ၈၁၀၀ ေက်ာ္ ရွိပါတယ္။ အဲဒီ ေသဆုံးသူေတြထဲက ၃၅၀၀ ေက်ာ္ကေတာ့ နယူးေယာက္ျပည္နယ္တခုတည္းက ျဖစ္ပါတယ္။

ဥေရာပဘက္က စပိန္ႏုိင္ငံမွာေတာ့ ေရာဂါကူးစက္ခံရသူ ၁ သိန္း ၃ ေသာင္းေက်ာ္သြားၿပီျဖစ္ၿပီး စပိန္ဟာ ဥေရာပမွာ အီတလီကိုေက်ာ္ၿပီး ေရာဂါကူးစက္ခံရသူ အမ်ားဆုံးရွိတဲ့ႏုိင္ငံ ျဖစ္လာပါတယ္။ ေသဆုံးသူ အေရအတြက္ေတာ့ ၁ ေသာင္း ၁ ေထာင္ေက်ာ္ရွိတယ္လိုု႔ ဆုိပါတယ္။

ဒါေၾကာင့္ ဧၿပီလ ၁၁ ရက္ေန႔အထိ တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ေနာက္ထပ္ ၁၅ ရက္ အျပင္မထြက္ဘဲ ထပ္ေနၾကဖို႔ကိစၥကို ထပ္တုိးသြားဖို႔ စပိန္အာဏာပိုင္ေတြဘက္က ျပင္ဆင္ေနပါတယ္။

အီတလီမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရတဲ့ က်န္းမာေရး၀န္ထမ္း ၁ ေသာင္း ၁ ေထာင္ေက်ာ္ရွိၿပီး ဆရာ၀န္ ၇၃ ေယာက္ ေသဆုံးခဲ့တယ္လို႔ အီတလီ အမ်ိဳးသားက်န္းမာေရးဌာနက ေျပာပါတယ္။

အီတလီမွာ စုစုေပါင္း ေရာဂါကူးစက္ခံရသူ ၁ သိန္း ၂ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ စုစုေပါင္း ၁ ေသာင္းခဲြေက်ာ္ ရွိပါတယ္။

ၿဗိတိန္ႏုိင္ငံမွာေတာ့ စေနေန႔ ေနာက္ထပ္ ေရာဂါကူးစက္ ၇၀၈ ေယာက္ ရွိတဲ့အတြက္ အခုဆုိရင္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၄၃၀၀ ေက်ာ္ရွိသြားၿပီး ဗုိင္းရပ္စ္ကူးစက္မႈ အႏၱရာယ္ကို ထိန္းခ်ဳပ္ႏုိင္ဖို႔ ႀကိဳးပမ္းတဲ့ အစီအစဥ္တရပ္အေနနဲ႔ အက်ဥ္းသားေထာင္နဲ႔ခ်ီၿပီး လႊတ္ေပးသြားမယ္လို႔ ၿဗိတိန္တရားေရးဌာနက မေန႔က ေၾကညာပါတယ္။

ျပင္သစ္မွာေတာ့ ေရာဂါကူးစက္ခံရသူ ၈ ေသာင္း ၃ ေထာင္ေက်ာ္နဲ႔ ေသဆုံးသူ ၆၅၀၀ ေက်ာ္ ရွိပါတယ္။

-------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နဲ့ ဥရောပမှာ အများစုသေဆုံး

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၁.၂ သန်းကျော်နဲ့ သေဆုံးသူ ၆ သောင်းခွဲကျော် ရှိသွားပြီဖြစ်ပြီး ဒီထဲမှာ ဥရောပနဲ့ အမေရိကန်နိုင်ငံက ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ရှေ့လာမယ့် သီတင်းပတ်တွေဟာ အခက်အခဲဆုံးကာလတွေ ဖြစ်လိမ့်မယ်လို့ သမ္မတ Donald Trump က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စနေနေ့က ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“ကံမကောင်း အကြောင်းမလှစွာဘဲ သေဆုံးမှုတွေ အများကြီးရှိလာမှာပါ” လို့ သမ္မတ Trump က ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၃ သိန်းကျော်သွားခဲ့ပြီး သေဆုံးသူ ၈၁၀၀ ကျော် ရှိပါတယ်။ အဲဒီ သေဆုံးသူတွေထဲက ၃၅၀၀ ကျော်ကတော့ နယူးယောက်ပြည်နယ်တခုတည်းက ဖြစ်ပါတယ်။

ဥရောပဘက်က စပိန်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁ သိန်း ၃ သောင်းကျော်သွားပြီဖြစ်ပြီး စပိန်ဟာ ဥရောပမှာ အီတလီကိုကျော်ပြီး ရောဂါကူးစက်ခံရသူ အများဆုံးရှိတဲ့နိုင်ငံ ဖြစ်လာပါတယ်။ သေဆုံးသူ အရေအတွက်တော့ ၁ သောင်း ၁ ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဧပြီလ ၁၁ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ နောက်ထပ် ၁၅ ရက် အပြင်မထွက်ဘဲ ထပ်နေကြဖို့ကိစ္စကို ထပ်တိုးသွားဖို့ စပိန်အာဏာပိုင်တွေဘက်က ပြင်ဆင်နေပါတယ်။

အီတလီမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁ သောင်း ၁ ထောင်ကျော်ရှိပြီး ဆရာဝန် ၇၃ ယောက် သေဆုံးခဲ့တယ်လို့ အီတလီ အမျိုးသားကျန်းမာရေးဌာနက ပြောပါတယ်။

အီတလီမှာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၁ သောင်းခွဲကျော် ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ စနေနေ့ နောက်ထပ် ရောဂါကူးစက် ၇၀၈ ယောက် ရှိတဲ့အတွက် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃၀၀ ကျော်ရှိသွားပြီး ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်တရပ်အနေနဲ့ အကျဉ်းသားထောင်နဲ့ချီပြီး လွှတ်ပေးသွားမယ်လို့ ဗြိတိန်တရားရေးဌာနက မနေ့က ကြေညာပါတယ်။

ပြင်သစ်မှာတော့ ရောဂါကူးစက်ခံရသူ ၈ သောင်း ၃ ထောင်ကျော်နဲ့ သေဆုံးသူ ၆၅၀၀ ကျော် ရှိပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/coronavirus-us-europe/5360839.html
ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ အေမရိကန္နဲ႔ ဥေရာပမွာ အမ်ားစုေသဆုံး ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ အေမရိကန္နဲ႔ ဥေရာပမွာ အမ်ားစုေသဆုံး Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.